Quantcast
Channel: ဧရာဝတီ
Viewing all 26733 articles
Browse latest View live

အက်စ်တိုးနီးယားမှာ ခရီးသွားလုပ်ငန်းများ စတင်တော့မည်

$
0
0
အက်စ်တိုးနီးယားနိုင်ငံဟာ ဥရောပမြောက်ပိုင်း ဘောလ်တစ်ဒေသမှာ တည်ရှိတဲ့ နိုင်ငံတနိုင်ငံပါ။ ဥရောပအပါအဝင် နိုင်ငံအများစုဟာ COVID-19 ကပ်ရောဆိုးကြီးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် မကြာခင်ကာလအတွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်တော့ပါမယ်။

ဥရောပမှာဆိုရင် အက်စ်တိုးနီးယားနိုင်ငံဟာလည်း နိုင်ငံတကာခရီးသွားတွေ လည်ပတ်လို့ ကောင်းတဲ့ နိုင်ငံပါ။ ဒါကြောင့်လည်း နိုင်ငံတကာခရီးသွားများစွာ အက်စ်တိုးနီးယားနိုင်ငံကို လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။

လက်ရှိအချိန်မှာတော့ အက်စ်တိုးနီးယားမှာ COVID-19 ကူးစက်ခံရသူ ၁၈၉၀ ယောက်ရှိပြီး သေဆုံးသူအရေအတွက် ၆၉ ယောက်ရှိပေမယ့် မကြာခင် ကာလအတွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်တော့မယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်းတွေ ပြန်စတင်တော့မှာ ဖြစ်ပေမယ့် အက်စ်တိုးနီးယားနိုင်ငံက ပြည်တွင်း ဝင်ရောက်ခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ရှိနေပါတယ်။

အက်စ်တိုးနီးယားနိုင်ငံက ပြည်ဝင်ခွင့် သတ်မှတ်ထားတဲ့ နိုင်ငံစာရင်းထဲမှာ ဥရောပနိုင်ငံတွေ အများဆုံး ပါဝင်ပါတယ်။ ပြည်ဝင်ခွင့်သတ်မှတ်ပေးထားတဲ့ နိုင်ငံတွေကတော့ သြတြေးရီးယား၊ ချက် သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ ဖင်လန်၊ လစ်သူရေးနီးယား၊ နော်ဝေ၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ ဆလိုဗက်ကီးယား၊ အိုက်စလန်၊ ဂရိ၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတို့ ဖြစ်ကြပါတယ်။ အခုဖော်ပြထားတဲ့ စာရင်းတွေထဲမှာ ပါဝင်တဲ့နိုင်ငံတွေဟာ Quarantine ၁၄ ရက် ဝင်စရာ မလိုဘူးလို့ သိရပါတယ်။

အက်စ်တိုးနီးယားမှာ Quarantine ၁၄ ရက် ဝင်ရမယ့် နိုင်ငံတွေကို သီးသန့် သတ်မှတ်ထားတာ ရှိပါသေးတယ်။ အဲဒီနိုင်ငံတွေကတော့ ဆွီဒင်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်၊ စပိန်၊ ဒိန်းမတ်၊ နယ်သာလန်၊ အီတလီနိုင်ငံတို့ ဖြစ်ပါတယ်။ ရုရှားနဲ့ ယူကရိန်းကိုတော့ ဇွန်လ ၁၅ ရက်နေ့အထိ ပြည်ဝင်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

Ref: timesofindia

You may also like these stories:

The post အက်စ်တိုးနီးယားမှာ ခရီးသွားလုပ်ငန်းများ စတင်တော့မည် appeared first on ဧရာဝတီ.


ရန်ကုန်တိုင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသည့် လုပ်သား ၄ သောင်းခန့် ရှိ

$
0
0

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရန် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်နေခြင်း ရှိ၊ မရှိကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှု ဆိုင်ရာ ပူးပေါင်း အဖွဲ့များသည် ဧပြီလ ၂၀ ရက်မှ စတင်၍ ပူးပေါင်း စစ်ဆေးနေသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ အပြီး၊ ယာယီ ပိတ်သိမ်းခြင်း၊ လုပ်သားအင်အား လျှော့ချ ခြင်းများ ပြုလုပ်မှုများလည်း ရှိရာ ယင်းအခြေအနေများ အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန တိုင်းဒေသကြီး စစ်ဆေးရေးမှူး ဦးကျော်ကျော်ထွန်းကို ဧရာဝတီ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ကိုဗစ်-၁၉ ကြောင့် အခုအချိန်ထိ စက်ရုံ အလုပ်ရုံတွေ ယာယီ၊ အပြီး ပိတ်လိုက်တာ၊ အင်အားလျှော့လိုက်တာ ဘယ်လောက် ရှိပြီလဲရှင့်။

ဖြေ။ ။ရန်ကုန်တိုင်း တခုလုံးမှာ စက်ရုံတွေ အပြီးပိတ်တယ်၊ အင်အားလျှော့လိုက်တာက အားလုံးပေါင်း စက်ရုံ ၁၅၀ ကျော်သွားပြီ။ အလုပ်လက်မဲ့ ဖြစ်တဲ့ လုပ်သားအင်အားက လေးသောင်းလောက်ရှိပြီ။ ဒါက ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကနေ မေလ ၂၂ ရက်နေ့ အထိ ဖြစ်ပါတယ်။

မေး။ ။ အဲဒီ စက်ရုံတွေက ဘာအကြောင်းပြချက်ကြောင့် ပိတ်တယ်လို့ ပြောကြပါလဲရှင့်။

ဖြေ။ ။ စက်ရုံပိတ်တယ်ဆိုရင် သူတို့က အကြောင်းကြားပါတယ်။ ဘာကြောင့်ပိတ်တယ်ဆိုတာ ကျနော်တို့က စစ်ဆေး ပိုင်ခွင့်မရှိဘူး။ ပိတ်ခြင်း၊ ဖွင့်ခြင်းလည်း ခွင့်ပြုလို့ မရဘူး။ အကြောင်းကြားလို့ပဲ ကျနော်တို့ ဌာနက ရတယ်။ ဥပမာ- သူက ကုန်ကြမ်းပြတ်လို့ ပိတ်တယ်၊ ကိုဗစ်ကြောင့် ဖြစ်တယ်ဆိုတာတော့ အကြောင်းပြချက်မှာ ပါတယ်။ ဘယ်နေ့ ဘယ်ရက် ပိတ်ပါ့မယ်ဆိုတာ ပါတယ်။ အဲဒီလိုဆိုရင် ကျနော်တို့ ဥပဒေအရ တော်လောက်ပြီ။ ပိတ်တာမှန်၊ မမှန် စစ်ဆေးဖို့ စစ်ဆေးပိုင်ခွင့်မရှိဘူး။ စက်ရုံ ပိတ်တာက ကုန်ကြမ်းပြတ်တာ ပါသလို အမှာစာ ပျက်တာတွေကြောင့်လည်း ပါတယ်။

မေး။ ။ပိတ်လိုက်တဲ့ စက်ရုံအလုပ်ရုံတွေက ဘယ်ကဏ္ဍတွေ အဓိကဖြစ်သလဲရှင့်။ လက်ခစားစနစ် (CMP) ဆိုရင် စက်ရုံ ဘယ်လောက်အထိ လက်ရှိမှာ ပိတ်သိမ်းသွားပါသလဲ။

ဖြေ။ ။အားလုံးပေါင်း စက်ရုံ ၁၅၀ ခန့်ရှိသွားပြီ။ အဲဒီမှာ CMP ကဏ္ဍကတော့ များတာပဲ။ကျန်တာတွေကတော့ ကဏ္ဍစုံ ပါတော့ ပါတယ်။ ဒါပေမယ့် CMP က ပိုများတယ်။ ဘာလို့လဲဆိုတော့ ကုန်ကြမ်းရဲ့ သဘောတရားက အလုပ်ရုံ တော်တော် များများက အထည်ချုပ်တွေ များတယ်။ ဒီအထည်ချုပ်တွေမှာလည်း တော်တော်များများက တရုတ်က ကုန်ကြမ်း ယူရ တယ်။

ဒါ့အပြင် အနောက် နိုင်ငံတွေကို ပို့တဲ့အခါမှာ အခုနောက်ပိုင်းက ဈေးကွက်ပျက်လို့ ပိတ်လိုက်ရတာတွေလည်း ရှိတယ်။ အော်ဒါ အမှာတွေ ပျက်လို့ပေါ့။ တချို့ဆိုရင် အိတ်စက်ရုံတွေ အင်္ဂလန် ကုန်အမှတ် တံဆိပ်တွေ၊ အီတလီက ထုတ်တဲ့ ကုန်အမှတ် တံဆိပ်တွေက ထုတ်လုပ်တဲ့ စက်ရုံတွေက မပိတ်တောင်မှ လုပ်သား အင်အား လျှော့တယ်။ အဲဒီတော့ ပထမ လူဦးရေ ခြောက်ထောင်လောက် လုပ်နေရတဲ့ စက်ရုံက တဝက်လောက် လျှော့ချရတဲ့ အနေအထားတွေ ရှိနေတယ်။

CMP ကဏ္ဍမှာ အိတ်ချုပ်၊ အထည်ချုပ်၊ ဖိနပ်ချုပ် လုပ်ငန်းတွေ ပါနေတယ်။ အစားအသောက် ကဏ္ဍကတော့ ပိတ်တာ နည်းပါတယ်။ စားသောက်ဆိုင်တွေက ဥပဒေအရ အကျူံးဝင်သော်လည်း ဖွင့်တဲ့အပိုင်းတွေ ရှိတယ်။ ဖွင့်တဲ့ အခါမှာလည်း ခုနက ဖွင့်ခွင့်၊ ပိတ်ခွင့်တို့ကျ ကျနော်တို့က လုပ်လို့ မရဘူး။

အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန တိုင်းဒေသကြီး စစ်ဆေးရေးမှူး ဦးကျော်ကျော်ထွန်း/မျိုးမင်းစိုး/ဧရာဝတီ

မေး။ ။ အခုလက်ရှိ ကိုဗစ်ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ အညီ ဖွင့်လှစ်ဖို့ စက်ရုံ၊ အလုပ်ရုံတွေ စစ်ဆေးနေတာ A အဆင့်၊ B အဆင့်၊ C အဆင့် စက်ရုံတွေက ဘယ်လောက်ရှိပါပြီလဲ။

ဖြေ။ ။ ပြန်ဖွင့်တာကတော့ A အဆင့်ရော၊ B အဆင့်ရောက စက်ရုံတွေ ပါတယ်။ A အဆင့်က လုံးဝဖွင့်တယ်။ B အဆင့်က ဖွင့်လို့ရတယ်။ စက်ရုံအလုပ်ရုံ စစ်ဆေးတဲ့ အရေအတွက်က A အဆင့်က စက်ရုံ ၁၆၀၀ လောက်နဲ့ B အဆင့်က ၃၅၀၀ လောက် ရှိတယ်။ နှစ်ခုစလုံးက လည်ပတ်ခွင့်ရှိတယ်လို့ သတ်မှတ်ထားတယ်။

စစ်ဆေးတာက ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့ စစ်ဆေးတာ ဖြစ်တယ်။ အဆင့်တွေကလည်း သူတို့ကနေ သတ်မှတ်ပြီးတော့ ကျနော်တို့က ထုတ်ပြန်ပေးရတဲ့ အပိုင်းဖြစ်တယ်။ ဘယ်လိုသတ်မှတ်လည်း ဆိုတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှု ရှိ၊ မရှိကို ဝန်ကြီးဌာနက ဆရာဝန်များကိုယ်တိုင် စစ်ဆေးပြီးတော့ သူတို့ကိုယ်တိုင် သတ်မှတ်ပေးတာ။

C အဆင့်ကတော့ နည်းပါတယ်။ စက်ရုံ ၁၀၀ ကျော်လောက်ရှိတယ်။

မေး။ ။စစ်ဆေးဖို့ ကျန်တဲ့ စက်ရုံတွေကိုရော အချိန် ဘယ်လောက် အတွင်း အပြီးသတ် စစ်ဆေးဖို့ ရှိပါသလဲ။

ဖြေ။ ။ကျနော်တို့ အခုဟာက ကျန်ခဲ့တဲ့ အနေအထားက စစ်တာတွေရော မေလ ၂၂ ရက်အထိ စစ်ပြီးသားတွေ ဖြစ်တယ်။ အခုခြောက်လပိုင်းမှာတော့ ထပ်မံစစ်ဆေးနိုင်တာ မရှိသေးဘူး။ စစ်ဆေးဖို့ တင်ပြထားတာ ရှိတယ်။ ဒီအပေါ်မှာ ထပ်မံ အဖွဲ့တွေ ဖွဲ့ပြီးတော့ မကြာခင်စစ်ဆေးဖို့တော့ တိုင်းဒေသကြီး အစိုးရရဲ့ လမ်းညွှန်မှုနဲ့ အညီ လုပ်ဆောင်သွား မှာ ဖြစ်ပါ တယ်။ ကျနော်တို့ လွန်ခဲ့တဲ့ ရက်ပိုင်းထဲက စစ်ဖို့ အစီအစဉ် ရှိပါတယ်။

သို့သော် အကြောင်းကြောင်းကြောင့် မစစ်နိုင် သေးတာပဲ ဖြစ်ပါတယ်။ တချို့ဌာနတွေက အဆင်သင့် မဖြစ်သေးလို့ စောင့်နေရတာဖြစ်တယ်။ စစ်ဆေးခံဖို့ အတွက် တင်ပြတဲ့ စက်ရုံကတော့ အမှန်အတိုင်းပြောရရင် နည်းသွားပြီ။ ဘာကြောင့်လည်း ဆိုတော့ ကျနော်တို့ စက်ရုံ တော်တော် များများက စစ်ဆေးပြီးသွားပြီ ဖြစ်တယ်။

အခု စစ်ဆေးဖို့ တင်ပြထားတာက အလုပ်ဌာနတွေပေ့ါ။ ဒါတွေက ကုမ္ပဏီတွေ ရှိတယ်။ တချို့ဆိုရင် သင်တန်းကျောင်း တွေ ဟိုတယ်တွေ ရှိပါတယ်။ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းလေးတွေ ရှိတယ်။ ဒါတွေက တချို့ကျတော့လည်း တိုက်ရိုက် စစ်ဆေးဖို့ ခက်တာ ရှိတယ်။ တချို့ကျတော့လည်း တခြားကို လွဲှပြောင်းပေးရတာလေးတွေ ရှိတယ်။ ဥပမာ စားသောက် ဆိုင်တွေပေါ့။ ဒါတွေဆိုင်ရင် သက်ဆိုင်ရာ ဌာနတွေကို လွဲှပြောင်းပေးရတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ ရန်ကုန်ုတိုင်း တတိုင်းလုံးမှာဆိုရင် စက်ရုံ အလုပ်ရုံပေါင်း ၆၆၀၀ ကျော်ရှိပါတယ်။

မေး။ ။ ဟိုတယ်တွေကို စစ်ဆေးဖို့ အပိုင်းကိုရော ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။စစ်ဆေးတဲ့ အပိုင်းမှာ ကျနော်တို့က ဟိုတယ်ပဲ စစ်စစ်၊ စက်ရုံပဲ စစ်စစ်၊ ဆိုင်ကိုပဲ စစ်စစ် အဓိက ညွှန်ကြားချက်က ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် ဖြစ်တယ်။ အဲဒီညွှန်ကြားချက်တွေနဲ့ စစ်တဲ့အခါမှာ သူ့ရဲ့ Checklist တွေနဲ့ စစ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ဟိုတယ်တွေ ဘယ်တော့ စစ်မယ်။ စားသောက်ဆိုင်တွေ ဘယ်တော့ စစ်မယ်ဆိုတာ မူတည်ပါတယ်။ ကျနော်တို့ အလုပ်သမား ဝန်ကြီးဌာနက အဲဒါကို လိုက်လုပ်ပေးတာပါ။ အဓိကဦးဆောင်တာကတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဦးဆောင်တာပါ။

အစစ်ဆေးခံဖို့ တင်ပြထားတဲ့ ဟိုတယ်က ဆယ်ဂဏန်းလောက်ရှိတယ် ထင်မယ်။ ကျနော်တို့ ဥပဒေအရ ဆိုင်များနဲ့ အလုပ်ဌာနများဆိုတဲ့ ဥပဒေရှိတယ်။ ဒီအောက်မှာတော့ ဟိုတယ်တွေ စားသောက်ဆိုင်တွေက အကျူံး ဝင်ပါတယ်။ ဒါပေမယ့် ဟိုတယ်ဘာညာ စစ်ဖို့ ကျတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် လိုပါတယ်။

ဟိုတယ်တွေက ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနအောက်မှာ အကျူံးဝင်တယ်။ ဒါပေမယ့် ပြဿနာဖြစ်ရင် ကျနော်တို့ ရှင်းတယ်။ ကျနော်တို့ ဥပဒေအောက်မှာ ပါတယ်။ ဟိုတယ်မှာ လုပ်တဲ့သူက အလုပ်သမား ဥပဒေအရ ခံစားခွင့်မရရင် ကျနော်တို့ဆီ လာတိုင်တယ်။ အဲဒါကိုပဲ ကျနော်တို့ စည်းကြပ်တာ။

ဟိုတယ်ဘယ်နှစ်လုံးရှိတယ် ဘာညာဆိုတာ ကျနော်တို့ စည်းကြပ်လို့ မရဘူး။ ကျနော်တို့က ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ အလုပ်သမား ဥပဒေကို စည်းကြပ်တာ ဖြစ်တယ်။ ဒါကြောင့် ပြောရခက်တာ။

ဆက်စပ်ဖတ်ရှုရန် –

ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်

မလေးရှား သံရုံးရှေ့  စွန့်ပစ်ခံရသည့် မြန်မာ လုပ်သားများကိစ္စ အရေးယူမည်

The post ရန်ကုန်တိုင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသည့် လုပ်သား ၄ သောင်းခန့် ရှိ appeared first on ဧရာဝတီ.

ထိုင်းမှာ အွန်လိုင်းသင်ကြားရေး မအောင်မြင်လို့ ပုံမှန်အတိုင်း သင်ကြားမည်

$
0
0

ထိုင်းနိုင်ငံအနေနဲ့ အွန်လိုင်းပညာသင်ကြားရေးစနစ်ကို စမ်းသပ်ခဲ့ပေမယ့် ကလေးအများစုအနေနဲ့ သင်ကြားနိုင်ခြင်း မရှိခဲ့ပါဘူး။ ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းပညာသင်ကြားရေး စနစ်ကို စမ်းသပ်ကြည့်တဲ့အခါ ကလေး ၆၀ ရာခိုင်နှုန်းနဲ့ ၇၀ ရာခိုင်နှုန်း ပညာမသင်ကြားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ထိုင်းနိုင်ငံပညာရေးဝန်ကြီးဖြစ်သူ Nataphol Teepsuwan က COVID-19 ကာလအတွင်းပြင်ဆင်ထားတဲ့ အွန်လိုင်းပညာသင်ကြားရေးစနစ်ကို ဆက်ပြီးကျင့်သုံးတော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ထိုင်းဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ပေမယ့် ဆင်းရဲနွမ်းပါးသူ အရေအတွက် မြင့်မားနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အွန်လိုင်းပညာသင်ကြားရေးစနစ်ကို ကျင့်သုံးဖို့ သုတေသန ပြုလုပ်ရာမှာ ကလေးအများစု အနေနဲ့ စမတ်ဖုန်း မသုံးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း အခန်းတခန်းကို ကလေး ၂၀ နဲ့ ၂၅ ယောက်အတွင်း ပညာသင်ကြားနိုင်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အခုလို ကလေးတွေ ပညာသင်ကြားနိုင်ဖို့စီစဉ်ပေးနေတဲ့အတွက်ကြောင့်လည်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ဖြစ်တဲ့ UNESCO ကလည်း ချီးကျူးလိုက်ပါတယ်။ ပညာရေးဝန်ကြီးဖြစ်သူ Mr.Nataphol ကလည်း ကလေးတွေအနေနဲ့ ကျောင်းပြန်တက်ကြတဲ့အခါ Mask ယူဆောင်လာရမယ်လို့ ညွှန်ကြားထားပါတယ်။ စာသင်ကျောင်းတွေအနေနဲ့ ကလေးတွေရဲ့ သန့်ရှင်းရေးနဲ့ ကျန်းမာရေးကို အထူး ဂရုစိုက်ပေးနိုင်ရမယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။

ဘန်ကောက်မြို့ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးဖြစ်တဲ့Sopon Pisuttiwong ကလည်း ထိုင်းနိုင်ငံရဲ့ ကျောင်းတွေကို ဇူလိုင်လ ၁ ရက်နေ့မှာဖွင့်ဖို့ ပြင်ဆင်ထားပြီး ဒိန်းမတ်နဲ့ ပြင်သစ်နိုင်ငံရဲ့ ကျောင်း ပညာသင်ကြားရေးစနစ်ကို လေ့လာနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ကလေးတွေအနေနဲ့ စာသင်ကြားတဲ့အခါမှာလည်း အနည်းဆုံး ၃ ပေ ခွာပြီး သင်ကြားနိုင်ဖို့ စီစဉ်ထားကြောင်း သူက ပြောပါတယ်။

ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာတော့ ကလေးတွေကို အုပ်စုလိုက် ကစားတာမျိုး ခွင့်ပြုမှာ မဟုတ်ဘဲ အနည်းအကျင်းကိုသာ ကစားခွင့်ပြုမယ်လို့ သိရပါတယ်။

ကျောင်းလာတက်တဲ့ ကလေးတွေအနေနဲ့လည်း တနာရီတကြိမ် လက်ဆေးရမှာ ဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ အတူတူထိုင်ပြီး စားသောက်ကြတာမျိုးကိုလည်း ခွင့်မပြုထားပါဘူး။ နေမကောင်းဖြစ်နေတဲ့ ကျောင်းသားကိုလည်း လာရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Ref: chiangraitimes

You may also like these stories:

အိန္ဒိယက ဆင်သေဆုံးမှုအပေါ် အနုပညာရှင်များ ပြစ်တင်ရှုတ်ချ

အင်ဒိုနီးရှားတွင် ဒီဇင်ဘာလအထိ ကျောင်းများ ဖွင့်နိုင်မည် မဟုတ်

ပေါက်ကွဲပစ္စည်း ထည့်ထားတဲ့ နာနတ်သီးကြောင့် ကိုယ်ဝန်ဆောင်ဆင် သေဆုံးခဲ့ရ

The post ထိုင်းမှာ အွန်လိုင်းသင်ကြားရေး မအောင်မြင်လို့ ပုံမှန်အတိုင်း သင်ကြားမည် appeared first on ဧရာဝတီ.

“ဝိုင်းစုခိုင်သိန်းနဲ့ မိန်းကလေးချင်း နမ်းတာ ပြဿနာ မရှိပါဘူး”လို့ လိမ္မော်သီး ပြော

$
0
0

ဝိုင်းစုခိုင်သိန်းရဲ့ Sunshine သီချင်း Music Video မှာ အဆိုတော် လိမ္မော်သီးနဲ့ မိန်းကလေးချင်း ကြိုက်နေတဲ့ ပုံစံ သရုပ်ဆောင်ထားပြီး အဲဒီသီချင်းအကြောင်း လိမ္မော်သီးက အခုလိုပဲ ပြောပါတယ်။

“မဝိုင်းစုနဲ့ ရိုက်ဖြစ်တာက မဝိုင်းစုနဲ့ ခင်နေတော့ သူက မိန်းကလေးချင်း ကြိုက်တဲ့သီချင်း ရိုက်ချင်တယ်။ နယ်မှာ သွားရိုက်မယ် အဆင်ပြေလား ပြောတော့ ရိုက်ပေးမယ်ဆိုပြီး ကလောမှာ သွားရိုက်ဖြစ်တာ။ ရိုက်ပြီး တလလောက်ကြာမှ ကိုဗစ်ကြောင့် သွားလို့ မရတော့ဘူး။ ပိတ်သွားတယ်။ ပေါ့ပေါ့ပါးပါးပဲ။ ညနေပိုင်း ၃၊ ၄ နာရီလောက်က စရိုက်တယ်။ အေးအေးဆေးဆေး ရိုက်ကြတာ။ အပျော်ခရီးသွားတဲ့ ပုံစံလေး ရိုက်ခဲ့တာ”

“ပါးနမ်းဆိုတော့လည်း နမ်းရတာပေ့ါ။ နှုတ်ခမ်း နမ်းဆိုတော့လည်း နမ်းရတာပေါ့။ မိန်းကလေးတွေပဲဆိုတော့ အရမ်းအခက်အခဲတော့ သိပ်မရှိဘူး။ ကိုယ်တွေကခင်နေတော့ မိန်းကလေးချင်း နမ်းလည်း သိပ်ပြဿနာ မရှိခဲ့ဘူး။ သရုပ်ဆောင်နေတာပဲဆိုတော့ ပျော်ပျော်ရွှင်ရွှင်ပဲ ရိုက်ခဲ့တာ။ ဒီသီချင်းလေးကို စိတ်ဝင်တစားနဲ့ ပရိသတ်တွေ အားပေးကြလို့ ကျေးဇူးတင်ပါတယ်။ ကြိုက်တဲ့သူ ရှိတယ်၊ မကြိုက်တဲ့သူ ရှိတယ်။ ဝေဖန်ပေးတာတွေလည်း ကျေးဇူးတင်ပါတယ်”လို့ လိမ္မော်သီးက ပြောပါတယ်။

LGBT (Lesbian, Gay, Bisexual, Transgender) တွေထဲမှာလည်း အောင်မြင်နေသူတွေ အများကြီးမို့ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်နေကြတာကို အားပေးတယ်လို့ လိမ္မော်သီးက ဆိုပါတယ်။

“ကျမတို့ကတော့ လူကို လူလို့ မြင်တယ်။ ဘယ်သူ့မှ ဖြူတာ၊ မည်းတာ၊ ပိုက်ဆံ ရှိတယ်၊ မရှိဘူး၊ ခွဲခြားဆက်ဆံတာ မရှိဘူး။ အဓိက လူတယောက်မှာ စိတ်ပဲ စိတ်ဓာတ်နဲ့ အကျင့်သေချာလေး ရွေးပေါင်းတာပဲရှိမယ်။ ကျန်တာ အာလုံးက လူထဲက လူပဲ။ LGBTတွေလည်း ကြိုးကြိုးစားစားးနဲ့ အောင်မြင်နေတဲ့ သူတွေ အများကြီးရှိတယ်။ အဓိက ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လောကကို ဘယ်လောက်အကျိုးပြုလဲ အဲ့ဒါ အရေးကြီးဆုံးပဲ။ ဘယ်သူ့မှ မထိခိုက်ဘူး”

“ကိုယ့်လမ်းကိုယ် လျှောက်နေတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်နေကြတာကိုတော့ ကျမက အားပေးတယ်။ လူတိုင်းကတော့ သဘာဝနဲ့ ဆန့်ကျင်တာမျိုး မဖြစ်ချင်ဘူး။ ဖြစ်ခဲ့ရင်လည်း သူတို့ကို သူတို့ လက်ခံနိုင်ဖို့ ကြိုးစားရတာ တကယ် ခက်ခဲတယ်။ ပြီးရင် မိသားစုက လက်ခံဖို့၊ ပတ်ဝန်းကျင်က လက်ခံဖို့ ကြိုးစားရတာ စိတ်ဓာတ် Strong ဖြစ်မှလေ။ အဲ့လိုကိုမှ ပေါ်ပေါ်ထင်ထင်နဲ့ နေနေတဲ့သူတွေကို အရမ်းချီးကျူးတယ်”လို့ လိမ္မော်သီးက ပြောပါတယ်။

လိမ္မော်သီးကတော့ ရော့ခ် သီချင်းတွေ သီဆိုတဲ့ အမျိုးသမီး ရော့ခ်အဆိုတော် တဦးပါ။ “လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ”၊ “လူမှန်” ၊ “ဒဏ်ရာနှလုံးသား” စတဲ့ တကိုယ်တော်အခွေများ ထွက်ရှိထားပြီး ဒီနှစ်ထဲမှာလည်း “အသက်ရှင်မယ့်သူ” ဆိုတဲ့ တကိုယ်တော်ခွေ ထွက်ရှိထားပါတယ်။

You may also like these stories:

တကိုယ်တော် အခွေမှာ ဇော်ဝင်းထွဋ်နဲ့ စုံတွဲသီချင်း သီဆိုမယ့် လိမ္မော်သီး

“ကမ္ဘာမြေငြိမ်းချမ်းပါစေ”သီချင်း နားထောင်ပြီး COVID-19 အတွက် လှူဒါန်းနိုင်

မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့သတင်း မဟုတ်ကြောင်း ငြင်းဆိုလိုက်တဲ့ ပိုပို

The post “ဝိုင်းစုခိုင်သိန်းနဲ့ မိန်းကလေးချင်း နမ်းတာ ပြဿနာ မရှိပါဘူး”လို့ လိမ္မော်သီး ပြော appeared first on ဧရာဝတီ.

တရုတ်ဖိအားမြင့်လာချိန် သင်္ဘောဖျက်ဒုံးများ ထိုင်ဝမ်ဝယ်မည်

$
0
0

ထိုင်ဝမ်၏ စစ်ရေးခေတ်မီရေး ကြိုးပမ်းမှု တစိတ်တပိုင်း အနေဖြင့် Boeing လုပ် မြေပြင်အခြေစိုက် Harpoon သင်္ဘောဖျက် ဒုံးကျည်များ ဝယ်ယူရန် စီစဉ်ထားကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ မြင့်တက်လာသော ခြိမ်းခြောက်မှုတခုကို ဖြေရှင်းရေးအတွက် အမေရိကန်ထံမှ ဝယ်ယူသည့် နောက်ဆုံးအသုတ်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အခြား နိုင်ငံအများစုကဲ့သို့ပင် ထိုင်ဝမ်နှင့် တရားဝင်သံတမန် ဆက်သွယ်မှု မရှိသော်လည်း ဒီမိုကရေစီ စနစ်ကျင့်သုံးသည့် ထိုင်ဝမ်ကျွန်းနိုင်ငံက မိမိကိုယ်ကို ကာကွယ်နိုင်ရေးအတွက် ကူညီရန် ဥပဒေ ပြဌာန်းထားသည်။

ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သော ထိုင်ဝမ်ကျွန်းကို ၎င်း၏ ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားသည့် တရုတ်နိုင်ငံက ထိုင်ဝမ်သို့ အမေရိကန်က လက်နက်ရောင်းချမှုကို ပုံမှန် ရှုတ်ချ ကန့်ကွက်ခဲ့သည်။

ပါလီမန်၌ မေးခွန်းများဖြေကြားရာတွင် ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Chang Che-ping က ထိုင်ဝမ်နိုင်ငံအနေဖြင့် ကမ်းရိုးတန်း ကာကွယ်ရေး cruise ဒုံးကျည်အဖြစ် အသုံးပြုရန် အမေရိကန်ထံမှ Harpoon ဒုံးကျည်များ ဝယ်ယူရန် စီစဉ်နေကြောင်း အတည်ပြုခဲ့သည်။

အကယ်၍ အမေရိကန်နိုင်ငံက Harpoon ဒုံးကျည်များ ရောင်းချရန် သဘောတူခဲ့ပါက ထိုင်ဝမ်က ၂၀၂၃ ခုနှစ်တွင် လက်ခံရရှိလိမ့်မည်ဟု Chang Che-ping က ထပ်ပြောသည်။

ထိုင်ဝမ်အနီးတွင် တရုတ်လေတပ်နှင့် ရေတပ် က စစ်ရေးလေ့ကျင့်မှုများ ပုံမှန် ပြုလုပ်နေခြင်းကဲ့သို့သော တရုတ် အစိုးရ၏ ခြိမ်းခြောက်မှုများ တိုးလာနေသည်ဟု မြင်သည့် ထိုင်ဝမ်က ၎င်း၏ ကာကွယ်ရေးကို အင်အားဖြည့်နေခဲ့သည်။

ထိုင်ဝမ်စစ်တပ်က စနစ်တကျ လေ့ကျင့်သင်ကြားထားသည့် စစ်တပ်ဖြစ်ပြီး အမေရိကန် လုပ် ပစ္စည်းအများစုဖြင့် ကောင်းစွာ လက်နက်တပ်ဆင်ထားသော်လည်း တရုတ်နိုင်ငံ က အရေအတွက် အနေဖြင့် များစွာ သာလွန်နေသလို ကိုယ်ပျောက် တိုက်လေယာဉ်များကဲ့သို့ သော ၎င်း၏ ကိုယ်ပိုင် အဆင့်မြင့်ပစ္စည်းကိရိယာများကို လည်း ဖြည့်တင်းထားသည်။

ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၈၀ ဝန်းကျင် တန်ဖိုးရှိ သော တော်ပီဒိုများ ရောင်းချရန် ဖြစ်နိုင်ချေရှိကြောင်း အမေရိကန်အစိုးရ က ပြီးခဲ့သည့် အပတ်အတွင်းတွင် ကွန်ဂရက်လွှတ်တော်သို့ အသိပေးခဲ့သည်။

ထရမ့်အစိုးရ၏ ထိုင်ဝမ် အပေါ် ထောက်ခံမှု တိုးလာခြင်းကို တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချခဲ့သည်။ ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းသည် ထိုင်ဝမ်ကျွန်း၏ တရားဝင်လွတ်လပ်ရေးကို ကြေညာရန် ဆုံးဖြတ်ထားသည့် ခွဲထွက်ရေးသမား တဦး ဖြစ်သည်ဟု တရုတ် အစိုးရက ယုံကြည်ထားသည်။

ထိုင်ဝမ်သည် လွတ်လပ်သောနိုင်ငံ တခု ဖြစ်နေပြီးသား ဖြစ်ပြီး ၎င်း၏တရားဝင် အမည်မှာ တရုတ်သမ္မတနိုင်ငံ ဟု ခေါ် သည်ဟု ဆိုင်းအင်ဝမ်းက ပြောထားသည်။

ကိုးကား။ ။ Reuters

You may also like these stories:

ထိုင်ဝမ်ကို တရုတ်သိမ်းချိန်ရောက်ပြီလား

အမေရိကန်-တရုတ် ပဋိပက္ခတွင် ဂျပန်အမြတ်ထွက်နိုင်

The post တရုတ်ဖိအားမြင့်လာချိန် သင်္ဘောဖျက်ဒုံးများ ထိုင်ဝမ်ဝယ်မည် appeared first on ဧရာဝတီ.

ပလက်ဝ လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းရာတွင် ခက်ခဲဟု CHRO ပြော

$
0
0

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများ၌ အရပ်သားများ အပေါ် နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များမှ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို စုဆောင်းရာတွင် အခက်အခဲ၊ အတားအဆီးများ ရှိနေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောသည်။

CHRO အနေဖြင့် မှတ်တမ်းများ ပြုစုရာတွင် အခက်အခဲဆုံးမှာ ပလက်ဝတွင် အင်တာနက် ဖြတ်တောက် ခံထားရ သဖြင့် အချက်အလက်များ ပြင်ပသို့ ထုတ်ရန် ခက်ခဲနေခြင်း ဖြစ်သည်ဟု CHRO ၏ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းလျန်က ပြောသည်။

ဆလိုင်းလျန်က “ဖျက်ခံလိုက်ရတဲ့ အချက်အလက်တွေထဲမှာ ရွာတွေပေါ် Helicopter Gunship တွေ ပျံနေတာ။ သေနတ်တွေ ပစ်တာ၊ ဗုံးကျဲခံရလို့ မီးလောင်နေတဲ့ ပုံတွေပါ။ ဧပြီလတွင်းက ပလက်ဝဘဏ် မှာ ဗုံးထိတော့ တပ်မတော်ကရော AA ကရော ငြင်းတယ်။ ကျနော်တို့ တတ်နိုင်တာ ဗုံးကျတဲ့ နေရာမှာ အစအနတွေကို ရှာပြီး ဓာတ်ပုံစုဆောင်းခိုင်းတာ ရှိတယ်။ ဒါပေမယ့် ပလက်ဝမြို့ကနေ မထွက်နိုင်ဘူး ဖြစ်နေတာ”ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင်း လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များ စုဆောင်းနေသည့် CHRO သည် ၁၉၉၅ ခုနှစ်က စတင်ဖွဲ့စည်းထားသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်နှင့် ကနေဒါတွင် တရားဝင် မှတ်ပုံတင် ထားသည်။

ကုလသမဂ္ဂလူမှုစီးပွားရေးကောင်စီ (ECOSOC) က အထူးအကြံပေးအဆင့်အဖြစ် ၂၀၁၈ ခုနှစ်မှ စတင် သတ်မှတ် ခံရသည့် CHRO သည် မြန်မာနိုင်ငံတွင်း ချင်းလူမျိုးများ၏ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့် လေ့လာ ခြင်း၊ မှတ်တမ်းပြုလုပ်ခြင်းများ နှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များသို့ ပေးပို့ခြင်းများ ဆောင်ရွက်နေသည်။

ပလက်ဝသည် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်တခုဖြစ်သဖြင့် ဒေသတွင်း တပ်မတော် နှင့် ရက္ခိုင် စစ်တပ် (AA)တို့၏ တိုက်ပွဲကြား အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် မှတ်တမ်း၊ အချက်အလက် များကို အပြင်သို့ ထုတ်ရန် CHRO ၏ မြေပြင်မှ တာဝန်ခံသည် မိုင် ၁၀၀ ကျော်ဝေးသည့် မတူပီမြို့သို့ လူကိုယ်တိုင် ခရီးသွားပြီး အချက်အလက်များကို လာရောက်ပို့ဆောင်ရသည်။

ဧပြီအတွင်းက CHRO ၏ မြေပြင်တာဝန်ခံတဦးက အချက်အလက်များ စုဆောင်းလာရာ ပလက်ဝမြို့နှင့် မိုင် ၄၀ ကျော်အကွာ ဆမီးမြို့၊ တပ်မတော်စစ်ဆေးရေးဂိတ်စခန်းတခု အရောက်တွင် စစ်ဆေးခံရပြီး အချက်အလက်များ ဖျက်ဆီး ခံလိုက်ရသည်ဟု သိရသည်။

စိန်ခေါ်မှု နောက်တခုမှာ တပ်မတော်မှ အရပ်သားများကို ပေါ်တာခေါ်ခြင်း၊ လမ်းပြ ခေါ်ရာမှ မိုင်းနင်းမိခြင်း၊ ပစ္စည်းများ သယ်ခိုင်းခြင်းများကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့ အတွင်း စုဆောင်းပြီး သတင်းထုတ်ပြန်ချက်များ ထုတ်ရာ ချင်းလူထု ဘက်မှ CHRO ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

ဆလိုင်းလျန်က “တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုရှယ်မီဒီယာမှာ တင်တော့ ရွာသားတွေ ကိုယ်တိုင်က ကျနော်တို့ကို ပြောတာ ရှိတယ်။ တပ်မတော်က ကျနော်တို့ကို ကာကွယ် ပေးနေတာ။ ဘာလို့ တပ်မတော်ကို လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောလည်း ဆိုပြီးတော့မှ ဆိုရှယ်မီဒီယာမှာ အသားကုန် ချတာ ရှိခဲ့တယ်”ဟု ပြောသည်။

ဒေသခံများက နှစ်ဖက်တပ်၏ ပဋိပက္ခကြားတွင် နေထိုင်နေရသော်လည်း ၎င်းတို့ ဒေသတွင်း AA ဝင်ရောက်လာမှသာ တိုက်ပွဲများ ဖြစ်ရခြင်းဖြစ်သည်ဟု ယူဆပြီး AA ကိုသာ ဒေသမှ ထွက်သွားရန် နှင့် AAကြောင့် တိုက်ပွဲများ ဖြစ်ရသည် ဟု ပြစ်တင်ပြောဆိုမှုများ ရှိသည်။

ဒေသခံများ၏ ဝေဖန်မှုများ များပြားလာသဖြင့် CHRO အနေဖြင့် သတင်းထုတ်ပြန်ခြင်းများ မပြုလုပ်တော့ဘဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများထံသို့သာ အချက်အလက်များ ပေးပု့ိခြင်းသာ လုပ်ဆောင်တော့သည်ဟု သိရသည်။

CHRO က ၎င်းတို့ပြုစုထားသည့် မှတ်တမ်းအချက်အလက်များအရ ပလက်ဝတွင် တပ်မတော်နှင့် AA တို့ နှစ်ဖွဲ့လုံးက အရပ်သားများကို လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေသည်ဟု ပြောသည်။

တပ်မတော်ဘက်မှ CHRO ၏ မြေပြင်တာဝန်ခံအချို့ကို သတင်းမီဒီယာ မဟုတ်ပဲ မည်သည့်အတွက်ကြောင့် အချက် အလက်များ လိုက်လံစုဆောင်းနေရသနည်းဟု မေးမြန်းမှုများ ရှိခဲ့ပြီး အမည်မသိသူများ ကလည်း ဖုန်းခေါ်ကာ CHRO ၏ ပြောရေးဆိုခွင့်ရှိသူကို ခြိမ်းခြောက်ပြောဆိုခြင်းများရှိသည်ဟု သိရသည်။

AA ဘက်မှ အရပ်သားများကို ဖမ်းဆီးခြင်းများ ပြုလုပ်သည့် သတင်းအချက်အလက်များကို ထုတ်ပြောရာတွင်လည်း CHRO သည် တပ်မတော်၏ ကျောနောက်ထောက်ခံပြု အဖွဲ့အစည်းဖြစ်သည်ဟု အကြိမ်ကြိမ် ပြောဆိုခြင်းများလည်း ၂၀၁၉ ခုနှစ်အတွင်းက ရှိခဲ့သည်။

CHRO ၏ ပြောရေးဆိုခွင့်ရှိသူအချို့မှာ ခြိမ်းခြောက်ခံရသဖြင့် နေအိမ်များ ရွှေ့ပြောင်းရခြင်းများရှိခဲ့သည့် အပြင် မြေပြင်မှသတင်းအချက်အလက် စုဆောင်းပေးသူများသည်လည်း ပလက်ဝတွင် အမည်မသိသူများ၏ ခြိမ်းခြောက်ခံမှု ခံရခြင်းကြောင့် မိသားစုလိုက် အခြားဒေသများသို့ ရွှေ့ပြောင်းပေးလိုက်ရသည်များလည်း ရှိသည်ဟု သိရသည်။

၎င်းတို့၏ လုံခြုံရေးအရဟုဆိုကာ ခြိမ်းခြောက်ခံရသူများနှင့် ရွှေ့ပြောင်းနေထိုင်သွားသူများ၏ အကြောင်းကို CHRO က အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှ ယနေ့ထိ ပဋိပက္ခကာလအတွင်း AA က ရွာသားများကို အဓမ္မ ခိုင်းစေခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရိုက်နှက် ခြင်း၊ ရိက္ခာများ တောင်းယူခြင်း၊ ဖမ်းဆီးခြင်းများ ရှိသည့်အပြင် တပ်မတော်ဘက်ကလည်း ဒေသခံများကို လမ်းပြ အဖြစ် ခေါ်ဆောင်ခြင်း၊ ပစ္စည်းများ သယ်ခိုင်းခြင်း၊ လမ်းပြခိုင်းသဖြင့် အရပ်သား မိုင်းထိ သေဆုံးမှုများ၊ ကျေးရွာများကို ဗုံးကျဲခြင်းများ ပြုလုပ်သည်ဟု CHRO က ဆိုသည်။

ဆက်လက်ပြီး ဆလိုင်းလျန်က “နှစ်ဖွဲ့လုံးက နိုင်ငံတကာမှာကျတော့ မျက်နှာသာ ရချင်ကြတယ်။ အဲဒီလို မဖြစ်သင့် ပါဘူး။ အခုလက်ရှိ လိုနေတာက အစိုးရအာဏာပိုင်တွေက ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ အဖြစ်မှန်ကို အကုန် လုံး သိအောင် စစ်မှန်တဲ့ သတင်းအချက်အလက်တွေ သိအောင် သတင်းထောက်တွေ လူ့အခွင့်အရေး စောင့်ကြည့်သူ တွေကို နှစ်ဖွဲ့လုံးက ဖွင့်ပေးသင့်တယ်။ အစိုးရဘက်ကလည်း အင်တာနက် ပိတ်တာကို အမြန်ဆုံး ပြန်ဖွင့်ဖို့ အရေးကြီး ပါတယ်”ဟု ပြောသည်။

ဧရာဝတီမှ ပလက်ဝဒေသတွင်း အရပ်သားများအပေါ် နှစ်ဖက်တပ်များ၏ ပြုမူဆက်ဆံမှုများနှင့် ပတ်သက်၍ မေးမြန်းရာ ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI) မှ ပြောရေးဆိုခွင့်ရှိသူ မမိုင်နန်းဝေ က မဝေဖန်လိုကြောင်း ငြင်းဆိုသည်။

မမိုင်နန်းဝေက မြေပြင်တွင် နှစ်ဖက်လုံးက လူ့အခွင့်အရေး ချိုးဖောက်မှု များရှိနေသော်လည်း လက်ရှိတွင် စစ်ဘေးရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် အရေးပေါ်ဆောင်ရွက်နေရသဖြင့် ရိက္ခာသယ်ယူရာတွင် အနှောင့်အယှက် မဖြစ်ရန်၊ ပိတ်ဆို့မှုများ မရှိရန် အတွက် ကောင်းသည်၊ ဆိုးသည်ကို မပြောဆိုလိုခြင်း ဖြစ်ပါသည်ဟု ဆိုသည်။

CHRO မှ မှတ်တမ်းများ စုဆောင်းရာတွင် လမ်း၌ တပ်မတော်စစ်ဆေးရေးဂိတ်စခန်းတွင် အချက်အလက်များ ဖျက်ဆီးခံရသည့် အကြောင်းကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အား မေးမြန်းရာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မသိပါဘူးဗျာ။ သူ့ဘာသာ လုံခြုံရေးအရ ရှိရင်ရှိမှာပေါ့။ ကောက်တာလည်း မသိဘူး။ အဲဒီလိုလုပ်တာလည်း မသိဘူး။ သို့သော် လုံခြုံရေးအရ ရှိရင် ရှိလိမ့်မယ်”ဟု ပြောသည်။

ပလက်ဝသည် တည်ငြိမ်သည့် ဒေသမဟုတ်သဖြင့် တပ်မတော်၊ ဂိတ်စခန်းမှ အချက်အလက်များ ဖျက်ခဲ့ သည် ဆိုပါကလည်း လုံခြုံရေးအရ လုပ်ဆောင်ခြင်းသာ ဖြစ်လိမ့်မည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

ပလက်ဝမြို့နယ်အတွင်း နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “အင်တာနက်ရှိမယ်ဆိုရင် အရမ်းကောင်းမယ်။ ဒီမှာ ဘာဖြစ်နေလဲဆိုတာ ကိုယ့်အိမ်ထဲ နေရင်း လုံခြုံတဲ့ နေရာနေရင်း ပြောလို့ ရတာပေါ့။ အခုက ဘယ်သွားသွား အချိန်မရွေး စစ်ဆေးခံရနိုင်တော့ ဖုန်းထဲလည်း ဘာမှ မထားရဲဘူး။ မသင်္ကာတခုခုဖြစ်ရင် ကျနော်တို့က အသက်ဆုံး ရမှာ”ဟု ပြောသည်။

ပလက်ဝသည် အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ ၄ လခန့်ရှိပြီ ဖြစ်သည်။

ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဆက်သွယ်ရေးအော်ပရေတာ အားလုံးသည် ၂၀၁၉ ခုနှစ်၊ ဇွန် ၂၁ ရက်က အရပ်သားများကို ကြိုတင် အသိမပေးဘဲ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦးနှင့် မင်းပြားမြို့တို့ကို အင်တာနက်သုံးစွဲခွင့် ပိတ်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နှင့် မြေပုံမြို့နယ်တို့ကို အင်တာနက် ပြန်ဖွင့်ပေးပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် အင်တာနက် ပြန်ဖြတ်တောက်လိုက်သည်မှာ ယနေ့ထိ ဖြစ်သည်။

You may also like these stories:

ဘဝကို သုညက ပြန်စရမယ့် ရန်ကုန်ရောက် ချင်းဒုက္ခသည်များ

AA ဖမ်းဆီးခဲ့သည့် ချင်းအမျိုးသမီး သေဆုံးမှု လူ့အခွင့်အရေးအဖွဲ့များထံ တင်ပြမည်

ရီမုမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် ပုဏ္ဏားကျွန်းအဝင်တွင် တပ်မတော်သားတချို့ ကျဆုံး

The post ပလက်ဝ လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းရာတွင် ခက်ခဲဟု CHRO ပြော appeared first on ဧရာဝတီ.

ရခိုင်နှင့် “ဝ” ဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်ထဲရေးနှင့် ကာကွယ်ရေးသို့ ကော်မရှင် မေးမြန်း

$
0
0

ရခိုင်ပြည်နယ်နှင့် “ဝ” ဒေသတို့တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က မေးမြန်းထားပြီး အကြောင်းပြန်ကြားလာမှု မရှိသေးကြောင်း သိရသည်။

UEC ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ရခိုင်ကိစ္စ၊ ဝ ကိစ္စကတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနတွေပေါ့။ ပြည်ထဲရေး ဝန်ကြီးဌာနတို့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပြည်ထောင်စု အစိုးရအဖွဲ့ တို့ကို ဒါတွေ မေးထားပါတယ်။ မေးမြန်းထားတယ်။ သူတို့ဆီက ပြန်ကျမလာသေးဘူး”ဟု ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

သို့သော် UEC က ယင်းနေရာများတွင် အတတ်နိုင်ဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မျှော်မှန်းထားကြောင်းလည်း သိရ သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နေရာအားလုံး ကျင်းပနိုင်ခဲ့ပြီး “ဝ” ဒေသတွင် ဟိုပန်နှင့် မက်မန်း မြို့ နယ်များတွင်သာ ကျင်းပနိုင်ခဲ့ပြီး အခြား မြို့နယ် ၄ခု ဖြစ်သည့် မိုင်းမော၊ ပန်ဝါ၊ ပန်ခမ်း (ပန်ဆန်း)နှင့် နားဖန်းမြို့များတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခဲ့ခြင်း မရှိပါ။

တပ်မတော်ကမူ နိုင်ငံတော် ကာကွယ်ရေး၊ နယ်မြေဒေသ လုံခြုံရေးကို ယင်းဒေသ ၂ ခုတည်းတွင် သာမက တနိုင်ငံလုံး တွင် ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲနဲ့ ပတ်သက်၍ သီးသန့် တာဝန်ခံ ပြောစရာ မရှိကြောင်း၊ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးလုပ်ငန်းများ အဓိက ဆောင်ရွက်ရသည့် ပြည်ထဲရေး ဝန်ကြီးဌာနကို လိုအပ်ပါက ပါဝင်ကူညီလျက် ရှိ ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“၂၀၁၅ ရွေးကောက်ပွဲတုန်းကဆိုလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့တာပဲ။ မဲဆန္ဒလက်မှတ်တွေ ဘာတွေ ပို့ဖို့ အခက်အခဲရှိတဲ့ နေရာတွေကို တပ်မတော် လေယာဉ်တွေနဲ့ ရောက်အောင် ပို့ပေးခဲ့တာပဲလေ။ အဲလို ပါဝင်ကူညီတာ မျိုးတွေကလည်း ရှိလာမှာပါ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်နှင့် ပြည်ထဲရေးဌာနတို့က ရခိုင်တွင် ရွေးကောက်ပွဲလုပ်၍ မရဟု ဆိုပါက မလုပ်တော့ရန် အစိုးရက ပြော ချင် နေသည်ဟု နားလည်ကြောင်း၊ အစိုးရကိုယ်တိုင် ရွေးကောက်ပွဲ လုပ်မပေးချင်သည့်အခါ လုံခြုံရေး အကြောင်းပြချက်၊ တရားမျတမှု မရှိနိုင်ဆိုသည့် အဖြေမျိုး ပေးလာနိုင်ကြောင်း ရခိုင်အမျိုးသား ပါတီ (ANP)မှ ဦးဖေသန်းက ပြောသည်။

ရခိုင်အမျိုးသား ပါတီသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အားအကောင်းဆုံး နိုင်ငံရေးပါတီတခု ဖြစ်ပြီး ၂၀၁၅ ရွေး ကောက်ပွဲတွင် တပြည်နယ်လုံး၌ နေရာအများဆုံး အနိုင်ရထားသည့် ပါတီကြီးတခု ဖြစ်သည်။

ရွေးကောက်ပွဲတွင် မဲထည့်နေသူတဦး

“ဥပမာ AA ကြောင့်လား။ AA က ရွေးကောက်ပွဲကို နှောက်ယှက်မယ်လို့ ပြောထားပြီးပြီလား။ အသိအမှတ် မပြုဘူး လို့ ပြောထားပြီးပြီလား။ သူတို့က သူတို့နဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ဖို့ပဲ ပြောတာ။ အစိုးရကလည်း အကြမ်းဖက် သတ်မှတ်ထားတဲ့ အဖွဲ့ အစည်းနဲ့တော့ ညှိနှိုင်းပြီး ဆောင်ရွက်မှာ မဟုတ်ဘူး”ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်လည်း ဖြစ်သူ ဦးဖေသန်းက ပြောသည်။

AA အဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပလိုပါက ၎င်းတို့နှင့် လာ ရောက်ညှိနှိုင်းရန် လိုအပ်ပြီး လာရောက် ညှိနှိုင်းဆောင်ရွက်ပါက လေးလေးစားစား ပူးပေါင်းဆောင်ရွက်မည်ဟု ဧရာဝတီ သတင်းဌာနသို့ ပြောဆိုထားသလို ANP ပါတီကလည်း အစိုးရအနေဖြင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း သဘောထားပေး ထားသည်။

ထို့ပြင် ANP ပါတီဥက္ကဌဟောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်ကိုလည်း လာ မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မပြုကြောင်း အစိုးရက ထုတ်ပြန်ပြောဆိုထားပြီး ဖြစ်သည်။

ဦးဖေသန်းက“အစိုးရရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာဆိုးလို့ ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နိုင်တဲ့နေရာကို လုပ်မယ်၊ မလုပ်နိုင်တဲ့ နေရာကို မလုပ်ဘူးဆိုတာမျိုးတော့ လုပ်လို့ မရဘူး။ အများစုရဲ့ ဆန္ဒကို ရနိုင်သမျှ ရအောင် ကြိုးစားပေးဖို့ လိုတယ်။ မြို့ နယ်လေး တမြို့နယ်မှာ တခါတရံလေး ဖြစ်တာကို ကွက်ပြီးတော့ အဲဒီမြို့ နယ်ကို ချန်ထားခဲ့တယ် ဆိုတာက ပြည်သူ့ရဲ့ ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်ပါတယ်”ဟု ပြောသည်။

ဝ ဒေသတွင်မူ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းသို့ UEC ဥက္ကဋ္ဌ ဦးလှသိန်းကိုယ်တိုင် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလက သွားရောက်ခဲ့ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ခေါင်းဆောင်များနှင့် တွေ့ဆုံကာ လာမည့်ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ဖူးသည်။

ထိုစဉ်က ဝ ခေါင်းဆောင်များကလည်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင်မည်ဟု ပြော ဆိုခဲ့သည်ဟု သိရသော်လည်း ယခု နောက်ဆုံး အခြေအနေကို UWSA ၏ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းကို ဧရာဝ တီက ဆက်သွယ်ခဲ့ရာ မရခဲ့ပါ။

ရခိုင်နှင့် “ဝ”ဒေသတို့မှာ သဘောသဘာဝ မတူညီဘဲ ရခိုင်တွင် စစ်ဖြစ်နေသော်လည်း မြို့နယ်များသည် အစိုးရ၏ ထိန်းချုပ် မှု အောက်တွင် ရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ဖြစ်နိုင်ပြီး “ဝ” ဒေသမှာမူ အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသဖြင့် “ဝ”ကိစ္စမှာ ပိုဖြေရှင်းရ ခက်လိမ့်မည် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။

“ရခိုင်က စစ်ဖြစ်လို့သာ လုံခြုံရေး ကိစ္စကို စဉ်စားရတာပဲ ရှိတယ်။ တခုပဲ AA အနေနဲ့ကတော့ ရွေးကောက်ပွဲ ကျင်းပရင် သူတို့နဲ့ ညှိနှိုင်းရမယ်လို့ ပြောထားတော့ မညှိနှိုင်းဘူးဆိုရင် AA အနေနဲ့ ရွေးကောက်ပွဲကို နှောက်ယှက်မလားဆိုတဲ့ မေး ခွန်းတော့ ရှိတာပေါ့”ဟု ဦးမောင်မောင်စိုးက ပြောသည်။

၎င်းက ဆက်၍“ဝ မှာကျတော့ အစိုးရထိန်းချုပ်မှုအောက်မှာ မရှိတဲ့ နေရာတွေမှာ လူဦးရေ ၅ သိန်းလောက် ရှိတယ်။ အဲဒီ ဒေသမှာ ရှိတဲ့ လူတွေ မှာ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုစာရင်းတွေလည်း မရှိဖို့ များတယ်။ ကိုယ့်အုပ်ချုပ်ရေးအောက်မှာ မရှိတဲ့ ကိစ္စမှာ UWSA အနေနဲ့ကရော အသိအမှတ်ပြုမှာလား”ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပပါကလည်း အစိုးရ အုပ်ချုပ်ရေး မသက်ရောက်သည့် နေရာမှ လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်ထဲသို့ ဝင်ခွင့် ပြုရန် သင့်၊ မသင့် ဆိုသည့် မေးခွန်းလည်း ရှိကြောင်း ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဝင်တဦး ဖြစ်သူ ဦးသန်းဌေးကမူ ရွေးကောက်ပွဲ ရှိမှ ဒီမိုကရေစီ စနစ် ဆက်လက် ရှင်သန် မည်ဖြစ်ရာ ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်ရေးသည် အလွန် အရေးကြီးကြောင်း၊ ယခု အချိန်တွင် တခုခု ချွတ်ချော်သွားပါက ဒီမိုကရေစီ ယိမ်းယိုင်သွားနိုင်ကြောင်း ပြောသည်။

UEC ကမူ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပျံ့ နှံ့မှုများ ရှိနေသော်လည်း နောက်မရွေ့ ဘဲ ၂၀၂၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် ကျင်းပမည်ဟု ကတိပြု ပြောဆိုထားပြီး ဖြစ်သည်။

The post ရခိုင်နှင့် “ဝ” ဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်ထဲရေးနှင့် ကာကွယ်ရေးသို့ ကော်မရှင် မေးမြန်း appeared first on ဧရာဝတီ.

ရိုက်ကူးရေးတွေ ပြန်စရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ ယဉ်လက်

$
0
0

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားမှု ဆက်လက် ရှိနေပေမယ့် ပရိသတ်တွေ စိုးရိမ်မှု မလွန်ကဲကြဖို့နဲ့ ပေါ့ပေါ့ဆဆ မနေကြဖို့လိုတယ်လို့ သရုပ်ဆောင် ယဉ်လက်က ဧရာဝတီကို ပြောပါတယ်။

“အခုချိန်မှာတော့ တကမ္ဘာလုံး အကုန်လုံးက ရင်ဆိုင်နေကြရတဲ့ ကပ်ကြီးဆိုတော့ အားလုံးက ခက်ခဲနေကြတာပေါ့။ ဒီကာလကြီးကိုပဲ တူတူကျော်ဖြတ်ကြမယ်။ အလုပ်တွေ ပြန်စလို့ရချိန်မှာ အတူတူ ကြိုးစား လုပ်ဆောင်ကြမယ်။ ဒီရောဂါကြီး ဒီစရောက်တုန်းက အကုန်လုံးက ထိတ်လန့်ကြတယ်။ အခုချိန်မှာ Recover ပြန်ဖြစ်တယ်”

“ကိုယ့်ဘာကိုယ် ကျန်းမာအောင်နေရင် ဂရုစိုက်ပြီးနေရင် ရောဂါဖြစ်ပြီးသားတောင် ပြန်ကောင်းလာတယ်လည်းဆိုရော လူတွေက ရိုးရိုးကပ်ရောဂါ တခုလို့ပဲ သတ်မှတ်လိုက်ကြတယ်။ စိုးရိမ်သင့်သလောက် စိုးရိမ်ပြီးတော့ နောက်ပိုင်းမှာ လုပ်စရာရှိတာလည်းလုပ်ရမှာပေါ့။ စိုးရိမ်မလွန်ဖို့နဲ့ စိုးရိမ်စရာမလိုဘူးဆိုပြီး ပေါ့ပေါ့ဆဆမနေကြပါနဲ့”လို့ သရုပ်ဆောင် ယဉ်လက်က ပြောပါတယ်။

ယဉ်လက်ကတော့ အခုလို Stay home ကာလမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း အိမ်မှာပဲနေတယ်လို့ ဆိုပါတယ်။

“Stay Home ကာလမှာ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့အတိုင်း အိမ်မှာပဲ နေတယ်။ မိသားစုနဲ့ ဟင်းတွေချက်စား၊ စကားတွေ ပိုပြောဖြစ်တယ်။ သူငယ်ချင်းတွေနဲ့လည်း အွန်လိုင်းကနေ တွေ့ ဖြစ်တယ်။ ကိုဗစ် မဖြစ်ခင်က ရိုက်ဖို့ ရှိတဲ့ ဇာတ်လမ်းတွေကို အခုချိန်မှာ ဖတ်နေတယ်။ ရိုက်ကူးရေးတွေ ပြန်စလို့ရရင် အကောင်းဆုံးချပြနိုင်အောင် ကြိုးစားထားတယ်။ ကြိုတင် ပြင်ဆင်ထားတယ်”လို့ ယဉ်လက်က ဆိုပါတယ်။

အလှမယ် ထားထက်ထက်နဲ့ အတူ ဓာတ်ပုံတွေ တွဲရိုက်ထားတဲ့ အကြောင်းကိုလည်း ယဉ်လက်က အခုလိုပဲ ဆိုပါတယ်။


“မထားထက်ထက်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံအကြောင်း တယောက်တည်း ဖြေဖို့တော့ မပြောထားသေးဘူး။ နှစ်ယောက်တိုင်ပြီးတော့မှ အင်တာဗျူးတွေ လက်ခံမယ်ဆိုပြီး ပြောထားတာဖြစ်တဲ့အတွက် မထားရော ညီမရော တိုင်ပင်ပြီးမှပဲ ဖြေဖို့ လုပ်သွားမှာပါ။ LGBT တွေဆိုတာလည်း လူထဲက လူပဲ။ ယောကျာ်းလေးချင်းပဲဖြစ်စေ၊ မိန်းကလေးချင်းပဲဖြစ်စေ၊ ချစ်သူရည်းစားတွေ မဟုတ်ဘဲ၊ မျှော်လင့်ချက် မပါဘဲ ရိုးရှင်းတဲ့ အချစ်ဆိုတာ ရှိကြတယ်”

“ဒါကို ပတ်ဝန်းကျင်က မိန်းကလေးချင်းတွဲ သွားတာနဲ့ Lesbian တို့ ယောကျာ်းချင်းတွဲသွားတာနဲ့ ဒီကောင် ခြောက်နေတာလို့ ထင်ကြတယ်။ တကယ် LGBTဆိုလည်း ပတ်ဝန်းကျင်က ရှုတ်ချတယ်။ လူသားချင်းချင်းချစ်ကြပြီး တန်ဖိုးထားတာကို ညီမက ထောက်ခံတယ်။ တယောက်နဲ့တယောက် ချစ်နေကြစေချင်တယ်။ မြန်မာနိုင်ငံမှာလည်း LGBTတွေကို ထောက်ခံလာကြပါတယ်”လို့ ယဉ်လက်က ပြောပါတယ်။

သရုပ်ဆောင် ယဉ်လက်ကိုတော့ “သရာစောထိ” ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာတာ ဖြစ်ပါ တယ်။ လက်ရှိမှာလည်း သူပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ ထွက်ရှိထားပါတယ်။

You may also like these stories:

“ဝိုင်းစုခိုင်သိန်းနဲ့ မိန်းကလေးချင်း နမ်းတာ ပြဿနာ မရှိပါဘူး”လို့ လိမ္မော်သီး ပြော

လင်မယားချင်း စကားများပြီး ရေနွေးပူနဲ့ လောင်းခံခဲ့ရတဲ့ လူရွှင်တော် တော့ပ်

The post ရိုက်ကူးရေးတွေ ပြန်စရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ ယဉ်လက် appeared first on ဧရာဝတီ.


ထရမ့်ရဲ့ စစ်တပ် ချထားမယ့် အစီအစဉ် ဝေဖန်ခံရ

$
0
0

အမေရိကန်နိုင်ငံတဝှမ်း ပြည်နယ်တွေမှာ ဂျော့ဖလွိုက် သေဆုံးမှုကြောင့် ဆန္ဒပြ မငြိမ်သက်မှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေတာကြောင့် သမ္မတ ထရမ့်က စစ်တပ်ချထားဖို့ ပြောဆိုခဲ့ပါတယ်။ သမ္မတရဲ့ လက်ရှိ အပြုအမူတွေနဲ့ ပတ်သက်ပြီး အနားယူသွားတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းအပါအဝင် ဗိုလ်ချုပ်ကြီးဟောင်း အချို့ကပါ ဝေဖန် ရှုတ်ချခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ပြည်နယ် ၂၀ ကျော်မှာဖြစ်နေတဲ့ ဆန္ဒပြမှုတွေ ထိန်းသိမ်းဖို့အတွက် စစ်တပ် ချထားမယ်လို့ သမ္မတထရမ့် ခြိမ်းခြောက်ပြောဆိုခဲ့သလို၊ မြို့တော်တွင်း ဆူပူအုံကြွမှုအပေါ် တုန့်ပြန်ရန် ပင်တာဂွန် ခေါင်းဆောင်တွေကိုပါ လုပ်ဆောင်ဖို့ အမိန့်ပေးတာဟာ အခြေအနေ တင်းမာမှုကို ပိုမိုဆိုးရွားစေတယ်လို့ ဝေဖန်နေကြပါတယ်။

“ပြည်သူတွေကို စိုးရိမ်သင့်ပါတယ်။ စိုးရိမ်ရမှာပါ။ စစ်တပ်ချထားဖို့ထက် ပြည်တွင်းအဖွဲ့အစည်းတွေကပဲ ကြိုးစားကြည့်သင့်တယ်” လို့ အရပ်ဘက်-စစ်ဘက်ရေး ကျွမ်းကျင်သူ Carrier A.Lee က ဆိုပါတယ်။

သမ္မတ ထရမ့်ဟာ ဖက်ဒရယ် ဥပဒေသုံးပြီး မြို့တော်တွေမှာ ဆန္ဒပြမှုတွေ ထိန်းသိမ်းဖို့အတွက် စစ်တပ်ချထားဖို့ လုပ်ဆောင်နေတာဟာ သူ့ကိုထောက်ခံအားပေးတဲ့ နိုင်ငံရေးသမားတွေနဲ့ Republican အမတ်တချို့ပါ ထိတ်လန့် တုန်လှုပ်သွားခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်က အနားယူသွားတဲ့ ထရမ့်လက်ထက် ပထမဆုံးကာကွယ်ရေးဝန်ကြီးဟောင်း ဂျိမ်းမက်တစ်က “နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခြေခံဥပဒေပါ အခွင့်ရေးတွေကို ချိုးဖောက်ပြီး စစ်တပ်ကို ချထားဖို့အတွက် အမိန့် ပေးအသုံးချလိမ့်မယ်လို့ ကျနော် အရင်က အိပ်မက်တောင် မမက်ခဲ့ဖူးဘူး” လို့ နိုင်ငံသား အခွင့်ရေးအတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အပေါ် ရေးသားထားပါတယ်။

ဒါ့ပြင် မက်တစ်က ဆန္ဒပြတောင်းဆိုနေစဉ်မှာ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ တိုက်ရိုက် တိုက်ခိုက်ပြောကြားခဲ့ပြီး သွေးကွဲအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ သမ္မတ ထရမ့်ကို ဝေဖန်လိုက်ပါတယ်။ သမ္မတ ထရမ့်ကတော့ သူ့ကို ဝေဖန်ပြောဆိုနေတာတွေကို ကိုယ်ပိုင် Twitter စာမျက်နှာကတဆင့် ပြန်လည် တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

မက်တစ်ရဲ့ ရေးသားပြောဆိုမှုတွေကို Republican ဥပဒေပြုအမတ်၂ ယောက်က ကြိုဆိုလိုက်ပြီး သမ္မတရဲ့ တုန့်ပြန်ပြောဆိုနေမှုတွေကို ပြန်လည်ဝေဖန်နိုင်ဖို့အတွက် အထောက်အပံ့ ဖြစ်စေတယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အရေးနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း တိုနီသောမတ်၊ မိုက်မူလန်၊ ရစ်ချတ်မိုင်ယာတို့က လုံးဝ စိတ်မကောင်းစရာ ကိစ္စရပ်ပဲလို့ အိမ်ဖြူတော် အပြင်ဘက် Lafayette ရင်ပြင်မှာ ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်အနီး ဆန္ဒပြခဲ့တဲ့သူတွေကိုလည်း မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆံတွေ အသုံးပြု ဖြိုခွင်းခဲ့တာကြောင့် စစ်တပ်နဲ့ပြည်သူကြား ပဋိပက္ခတွေ ဖြစ်လာခဲ့ရသလို၊ ဆူပူမှုတွေကြောင့် ပျက်စီးခဲ့တဲ့ ဘုရားရှိခိုးကျောင်းရှေ့မှာလည်း သမ္မတ ထရမ့်က ဓာတ်ပုံ အရိုက်ခံခဲ့ပါသေးတယ်။

သမ္မတရဲ့ စစ်တပ်ခေါ်ယူမယ့် ပြောဆိုချက်တွေကို ပြည်နယ်အုပ်ချုပ်ရေးမှူးတချို့က ကန့်ကွက်ခဲ့ကြပြီး ဗဟိုအစိုးရမှာ တပ်ဖွဲ့ဝင်တွေ လွှတ်ဖို့ အခွင့်အာဏာ မရှိဘူးလို့ ဆိုပါတယ်။ ၁၉ ရာစုမှာ အတည်ပြုခဲ့တဲ့ ဥပဒေအရ သမ္မတဟာ ဆူပူအုံကြွမှုတွေနဲ့ မငြိမ်သက်မှုတွေကို ကာကွယ်ဖို့အတွက် စစ်တပ်အသုံးပြုခွင့်ရှိပါတယ်။

အနှစ် ၃၀ နီးပါး အသုံးမပြုခဲ့တဲ့ အဆိုပါဥပဒေကို နောက်ဆုံး ၁၉၉၂ ခုနှစ်မှာ သမ္မတ ဂျော့ချ် အိတ်ချ် ဒဘယ် လျူဘွတ်ရှ်က Los Angeles လူမျိုးရေးအဓိကရုဏ်းမှာ သုံးခဲ့ဖူးပါတယ်။ ၂၀၀၆ ခုနှစ်မှာ အဆိုပါဥပဒေကို ပြင်ဆင်ခဲ့ပေမယ့် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ကန့်ကွက်မှုကြောင့် ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

Ref: Washington Post, New York Times, BBC

The post ထရမ့်ရဲ့ စစ်တပ် ချထားမယ့် အစီအစဉ် ဝေဖန်ခံရ appeared first on ဧရာဝတီ.

မောင်တောမြို့နယ်သို့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၂ ဦး တရားမဝင် ထပ်ရောက်လာ

$
0
0

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းသို့ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထပ်မံ၍ တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင် အမျိုး သား၂ ဦးကို စိစစ်မှုများ လုပ်ဆောင်နေကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

အဆိုပါ၂ ဦးမှာ ဇွန်လ ၄ ရက်က တရားမဝင် ဝင်ရောက်လာခဲ့ပြီး ၎င်းတို့၏မြို့နယ်ဖြစ်သည့် ကြိမ်ချောင်း မွတ်စလင် ကျေး ရွာနှင့် ရွှေဇား မွတ်စလင်ကျေးရွာသို့ ရောက်ရှိနေသည် ဆိုသည်ကို သတင်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောခရိုင် အုပ် ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုသည်။

ဦးစိုးအောင် က “တဖက်နိုင်ငံကနေ နောက်ထပ်၂ ဦး တရားမဝင် ဝင်ရောက်လာတာ ရှိတယ်။ သူတို့ကတော့ ရွှေဇားနဲ့ ကြိမ် ချောင်းရွာက၊ ကျနော်တို့ သတင်းရတာနဲ့ ချက်ချင်းပဲ သွားရောက်ပြီးတော့ လှဖိုးခေါင် ကြားစခန်းကို ပို့ဆောင်ပေးပြီးတော့ Quarantine ထားလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ၎င်းတို့၂ ဦးကို လှဖိုးခေါင်းကြားစခန်း Quarantine Centre ၌ ထားရှိကာ စိစစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက နယ်စပ်တွင် လာဘ်ပေး၊ လာဘ် ယူ ကိစ္စရှိနေသည့်အတွက် ထိုသို့ ဝင်ရောက်နေခြင်းသာ ဖြစ်ကြောင်း ဝေဖန် ထောက်ပြသည်။

ဦးအောင်သောင်းရွှေက “လာဘ်ပေးလာဘ်ယူမှုတွေ ရှိလို့ ဒီနယ်စပ်မှာ ဒီ လူဝင်လူထွက် ပြဿနာတွေ ဖြစ်နေတာ။ ဆို တော့ အခုထိလည်း ဒီပြဿနာတွေက ရှိနေသေးတယ်။ တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ လူတွေကလည်း တရားမဝင်ဘဲ အခုအချိန်မှာ ရောက်ရှိနေတာ တော်တော်များများ ဖြစ်နေပြီ။ ကျနော်တို့ ပြောချင်တာက ဒီလို ကိစ္စတွေမှာ ကျန်းမာရေး အမြင်တခုတည်းနဲ့ မကြည့်ဘဲ လုံခြုံရေးအမြင်နဲ့လည်း မြင်ဖို့ လိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ တဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် ထိထိမိမိ ဆောင်ရွက်ရန် လိုအပ် ပြီး ယင်းသို့ မဆောင်ရွက်နိုင်ပါက ကျန်းမာရေး ပြဿနာ၊ လုံခြုံရေး ပြဿနာ၊ လူဝင်/လူထွက် ပြဿနာများစွာ ဆိုးဆိုး ရွား ရွား ထိခိုက်လာနိုင်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောဆိုသည်။

ပြီးခဲ့သော မေလ ၃၀ ရက်ကလည်း တဖက်နိုင်ငံမှ မွတ်စလင် မိသားစုဝင် ၅ ဦး တရားမဝင် ပြန်လည် ဝင်ရောက်လာခဲ့ရာ အိမ်ထောင်ဦးစီး အမျိုးသားဖြစ်သူတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်။

ယင်း ၅ ဦးကိုလည်း လှဖိုးခေါင်ကြားစခန်း Quarantine Centre ထားရှိကာ လိုအပ်သည့် ဆေးစစ်ဆေးမှုများကို ပြုလုပ် လျက်ရှိကြောင်းလည်း ဒေသ အာဏာပိုင်များထံက သိရသည်။

ထိုသို့ တဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ အရေးနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် ကိုဗစ်- ၁၉ ရောဂါ ကာ ကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်ပြီးမှ အထက် ညွှန်ကြားချက်ဖြင့် လိုအပ်သလို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က ဆိုသည်။

မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် တဖက်နိုင်ငံ ရောက်ရှိသွားသူများ အနေဖြင့် မိမိဆန္ဒအလျှောက် ပြန်လည် ဝင် ရောက်လာရာတွင် သက်ဆိုင်ရာ ဌာဆိုင်ရာများထံ တရားဝင် သတင်းပို့ပြီး လျှောက်လွှာများ တင်ကာ စိစစ်လက်ခံမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဒေသအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိမရှိ၊ အကြမ်းဖက် ဖြစ်စဉ် ကြောင့် တဖက်နိုင်ငံသို့ ရောက်ရှိသွားခြင်း ဟုတ်မဟုတ်၊ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခဲ့မှု ရှိမရှိ စသည့် အချက် အလက်များကို စိစစ်ပြီး ပြန်လက်ခံခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံအအတွင်း Covid-19 ရောဂါပိုး စတင်တွေ့ရှိသည့်အချိန်ကစ၍ မောင်တော နယ်စပ်ကို ပိတ်ကာ ပြန်လည် လက်ခံရေး လုပ်ငန်းများကို ယာယီ ရပ်ဆိုင်ထားသည့်အတွက် ယခုပြန်လည် ဝင်ရောက်လာသူများမှာ တရားမ ဝင် ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ရှင်းပြသည်။

ပြီးခဲ့သော မေလအတွင်းက မလေးရှားနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ သံတွဲမြို့နယ်က အမျိုးသား ၁ ဦးနှင့် တောင် ကုတ်မြို့နယ်က အမျိုးသား ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရာ လက်ရှိအချိန်တွင် ၎င်းတို့ ၂ ဦးမှာလည်း ကျန်းမာ ရေးအခြေအနေ ကောင်းမွန်စွာဖြင့် ရှိနေကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဘင်္ဂလားဒေ့ရှ် နယ်စပ် ARSA နှင့် တိုက်ပွဲ ယူနီဖောင်းဝတ် ၂ လောင်း ရဟုဆို

မောင်တောမှ ကိုရိုနာဗိုင်းရပ်တွေ့သူမှာ သတင်းမပို့ဘဲ ပြန်ဝင်လာသူဖြစ်

The post မောင်တောမြို့နယ်သို့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၂ ဦး တရားမဝင် ထပ်ရောက်လာ appeared first on ဧရာဝတီ.

နှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် အမွန်း

$
0
0

ကချင်တိုင်းရင်းသူ အဆိုတော် အမွန်းကတော့ ယခုနှစ် နှစ်အစပိုင်းမှာ ချစ်သူနဲ့ စေ့စပ်ထားပြီး ဒီနှစ်အကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ်လို့ ဆိုပါတယ်။ COVID-19 ကြောင့် မင်္ဂလာပွဲကိုတော့ ရွှေ့ဖို့ အစီအစဉ် မရှိဘဲ မူလအစီအစဉ်အတိုင်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနှစ်အကုန်မှာ လက်ထပ်ဖို့အတွက် စီစဉ်ထားပါတယ်။ ပွဲကိုတော့ ရွှေ့ဖို့ စိတ်ကူး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ကုန်ပိုင်းဖြစ်သွားတော့ အဲ့အချိန်မှာ ဘယ်လို အခြေအနေရှိနေမလဲဆိုတာ မသိနိုင်သေးဘူး။ ဒါပေမဲ့ ကောင်းသော ပြောင်းလဲခြင်းနဲ့ ပြောင်းလဲလိမ့်မယ်လို့ မျှော်လင့်ထားတယ်”

“အဲ့အပေါ်မှာတော့ အကျိုးသက်ရောက်မှု မဖြစ်အောင် ပြင်ဆင်နေတယ်။ လူတွေကို ဘယ်လောက်ထိဖိတ်လို့ ရမလဲဆိုတာရယ်၊ အချိန်ပိုင်းဆိုင်ရာရယ် ပြင်ဆင်နေတယ်။ ရက်ပြောင်းဖို့တော့ စိတ်ကူး မရှိသေးဘူး” လို့ အမွန်းက ပြောပါတယ်။

အခုလို COVID-19 ရောဂါတွေကြောင့် အိမ်မှာ နေနေရတဲ့အချိန်မှာတော့ ဟင်းတွေ ပိုချက်ဖြစ်ပြီး မိသားစုနဲ့လည်း ပိုရင်းနှီးသွားတယ်လို့ ဆိုပါတယ်။

“အရင်တုန်းကဆို သာမန်ကာလျှံကာပဲ။ မိဘတွေ မောင်နှမတွေက အစပေါ့။ အမြဲတမ်းရှိနေတာပဲဆိုတော့။ အခုက တယောက်နဲ့ တယောက်က တွေ့ရဖို့ ခဲယဉ်းသွားတယ်။ တနေရာစီ နေရင် ပိုဆိုးတယ်။ အိမ်သားတွေလည်း အိမ်အပြင်ပေးထွက်လို့ မရတာမျိုးဆိုတော့ ပိုပြီးတော့မှ စည်းလုံးသွားတဲ့အချိန်လို့ ပြောလို့ ရပါတယ်” လို့ အမွန်းက ပြောပါတယ်။

အချက်အပြုတ်ကို ဝါသနာပါတဲ့ အမွန်းက ချက်ရပြုတ်ရတာ သူ့အတွက် အပန်းဖြေဆေး တခုဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

“အမွန်းက အရင်ကတည်းက ထမင်းဟင်း ချက်ရတာ ဝါသနာပါတယ်။ အိမ်မှာ ချက်ပြုတ်စားရတာ အမွန်းအတွက် Relax ဖြစ်တယ်။ အမွန်းရဲ့အပန်းဖြေနည်းထဲမှာ ဟင်းချက်တာ ပါတယ်။ အရင်ကတည်းက ကိုယ့်ဘာသာ ချက်ဖြစ်တာပါ။ အခုမှတင်ဖြစ်တာပါ။ တင်ရင်လည်း Facebook Story လောက်ပဲ တင်တယ်”

“ဟိုတလောကတော့ မြစ်ကြီးနားက အစ်မတယောက် ဆန်စီးခေါက်ဆွဲ ပို့ပေးတော့ သူ့ကိုလည်းကျေးဇူးတင်ရင်းနဲ့ တင်ဖြစ်သွားတာ။ ချက်ရပြုတ်ရတာ ဝါသနာပါတယ်။ အသီးအရွက်တွေကို ချက်ပြုတ်ဖို့ ပြင်ဆင်နေရတာတွေကို တဆင့်ချင်းသွားရတယ်။ အဲဒါမျိုးတွေကို အပန်းဖြေတယ်လို့ ခံစားရတယ်” လို့ အမွန်းက ပြောပါတယ်။

အမွန်းရဲ့ချစ်သူကတော့ စတင်ချစ်ကြိုက်စဉ်က အမွန်းဟင်းချက်တတ်တာကို မသိဘဲ နောက်မှ သိပြီး အမွန်းရဲ့လက်ရာကို စားကောင်းတယ်လို့ ပြောကြောင်း ဆိုပါတယ်။

“သူက အမွန်းကို ပြောတယ်။ နင်ချက်တတ်တာကို အရင်ကတည်းက ဘာလို့ မပြောတာလဲတဲ့။ သူနဲ့ စတွေ့တုန်းကတော့ အမွန်းက ချက်ပြီး ဖိတ်ကျွေးတာမျိုးတွေ မရှိဘူး။ ကိုယ်တိုင်လည်း မချက်ဖြစ်ဘူး။ အလုပ်များနေတော့ သူနဲ့တွဲပြီး တော်တော်ကြာတော့မှ အမွန်းက ချက်ဖြစ်တဲ့အခါကျတော့ ကျွေးတော့မှ အစောကြီးကတည်းက မပြောဘူးတဲ့။ သူစားတဲ့အခါကျရင်တော့ စားကောင်းတယ်လို့တော့ ပြောတယ်”

“အမွန်းကတော့ ကိုယ့်ကိုသိလို့ကောင်းတယ်လို့ ပြောတာ မဟုတ်ဘူးလားလို့ ကြည့်တော့ အဲ့လိုလည်းမဟုတ်ရှာဘူး။ တကယ်လည်း စားတယ်။ ကြိုက်တယ်။ မဆိုးဘူးလို့တော့ ထင်တာပဲ” လို့ အမွန်းက ဆိုပါတယ်။

ချစ်သူက ဂျပန်စာဟင်းတမျိုးနဲ့ ချဉ်စပ်ဟင်းတွေကို ကြိုက်တာကြောင့်လည်း အဲဒီဟင်းကို အများဆုံး ချက်ကျွေးဖြစ်တယ်လို့ အမွန်းက ပြောပါတယ်။

“အမွန်းချက်တဲ့ ဂျပန်စာတခု ရှိတယ်။ ဂျပန်ဆော့တမျိုးနဲ့ချက်တဲ့ ကြက်သားဟင်း သူက အဲဒါကို အကြိုက်ဆုံးပဲ။ ပြီးရင် ရှမ်းခေါက်ဆွဲတို့ ဆန်စီးတို့ ကြိုက်တယ်။ အဲဒါ အဓိကပြီးတော့ တခြားချက်တာတွေ ရှိသေးတယ်။ ဗီယက်နမ်စာတွေ ချက်သေးတယ်။ အဲဒါကို သိပ်မကြိုက်ဘူး။ ကြက်ချဉ်စပ်တို့ဘာတို့ အဲဒါတွေကြိုက်တယ်။ အများဆုံးချက်ဖြစ်တာဆိုတော့ ကျွမ်းကျင်တာကလည်း အဲဒါပဲပေါ့”လို့ အမွန်းက ပြောပါတယ်။

အမွန်းကတော့ Stay at home ကာလအတွင်း အနုပညာ လှုပ်ရှားမှုအနေနဲ့ သူ့ရဲ့ သီချင်းအသစ် ၃ ပုဒ် Music Video တွေ ထွက်ရှိထားပါတယ်။

You may also like these stories:

ရိုက်ကူးရေးတွေ ပြန်စရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ ယဉ်လက်

“ဝိုင်းစုခိုင်သိန်းနဲ့ မိန်းကလေးချင်း နမ်းတာ ပြဿနာ မရှိပါဘူး”လို့ လိမ္မော်သီး ပြော

ကိုဗစ်ကြောင့် ဘောလိဝုဒ်ကားတွေမှာ အကနဲ့ အနမ်း ဇာတ်ဝင်ခန်းတွေ ခွင့်မပြုတော့

The post နှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် အမွန်း appeared first on ဧရာဝတီ.

ညောင်ဦး တပ်မရေနံမှော်၌ ဒေသခံများအား ရေနံ စမ်းသပ်ရှာဖွေခွင့် ချပေး

$
0
0

မန္တလေးတိုင်း ညောင်ဦးခရိုင် တပ်မရေနံမှော်ရှိ မြေဧက ၁ ထောင်ကျော်အား ရေနံစမ်းသပ် ရှာဖွေခွင့်ပြုလိုက်ပြီဟု တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။

“အရင်ကတော့ ခိုးတူးကြလို့ ပိတ်ထားတာ။ အခုတော့ ဒေသခံတွေလည်း အလုပ်အကိုင် ရဖို့အတွက်ဆိုပြီး စမ်းသပ် ရှာဖွေခွင့် အဖြစ် တူးဖော်ခွင့် ချထားပေးတယ်။ စီးပွားဖြစ် စတူးဖို့ မဟုတ်သေးဘူး။” ဟု ၎င်းက ပြောသည်။

တိုင်းအစိုးရက တပ်မရေနံမှော်အတွင်း မြေဧက ၁၀၂၅ ဧကပေါ်တွင် လုပ်ကွက် ၉၄ ကွက်အား ရေနံစမ်းသပ် တူးဖော် ရှာဖွေခွင့်ကာလ ၆ လ သတ်မှတ်၍ ညောင်ဦးခရိုင်ဒေသခံများကို ဦးစားပေး သတ်မှတ်ကာ မန္တလေးတိုင်း အပါ အဝင် တနိုင်ငံလုံးရှိ လုပ်ကိုင်သူများအား ယခုလဆန်းက မဲနှိုက်စနစ်ဖြင့် ချထားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ပိုင်ခွင့်ရရှိသူများသည် တဦးချင်း(သို့မဟုတ်) အစုအဖွဲ့ဖြင့် လုပ်ကိုင်မည့်သူများလည်း ပါဝင်သလို ၃ ဧက မှ ဧက ၂၀ အထိ ချထားပေးခဲ့ကြောင်းနှင့် လက်ယက်တွင်း (သို့မဟုတ်) တွင်းတိမ် လုပ်ကိုင်နိုင်မည့် အဆင့်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ရေနံတူးဖော်ရှာဖွေခွင့်ရသူများ အနေဖြင့် စမ်းသပ်ရှာဖွေခွင့်ကာလအတွင်း မဲနှိုက်ရရှိထားသော လုပ်ကွက်များတွင် လုပ်ငန်း စတင်လုပ်ကိုင်ရမည်ဖြစ်ပြီး အာမခံကြေးမှာ ရယူထားသော မြေဧကအလိုက် အနည်းဆုံး ၃ သိန်းမှ ၁၉ သိန်းအထိ ပေးသွင်းရမည်ဖြစ်ကာ ၆ လအတွင်း လုပ်ငန်းလုပ်ကိုင်ခြင်း မရှိပါက အဆိုပါ အာမခံကြေးကို ပြန်လည် ထုတ်ပေးမည် မဟုတ်ဟု သိရသည်။

စမ်းသပ်ရှာဖွေကာလ ပြည့်သွားပြီးနောက် စီးပွားဖြစ် ဆက်လက်လုပ်ကိုင်လိုပါက တိုင်းအစိုးရအဖွဲ့ထံ လျှောက်ထား ကာ ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံ တင်ပြပေးသွားမည် ဖြစ်သလို စမ်းသပ်ရှာဖွေခွင့် ၆ လအတွင်း စီးပွားဖြစ်ရေနံခိုးထုတ်ပါက တည်ဆဲဥပဒေဖြင့် ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြတ်သူက ပြောသည်။

“အရင် ရေနံသိပ်မထွက် တော့ပေမယ့်၂၀၁၆ ငလျင် နောက်ပိုင်း ရေနံပြန်ထွက်လာလို့ ဒေသခံတွေရော၊ တချို့ ကုမ္ပဏီတွေပါ ခိုးတူးကြလို့ဆိုပြီး ပြီးခဲ့တဲ့နှစ်က တိုင်းအစိုးရက စိစစ်ဖို့ ယာယီပိတ်ထားလိုက်တာ။ အခုစိစစ်ပြီး လုပ်ပိုင် ခွင့် ပြန်ချပေးတာပါ။ အခုချထား ပေးတာကလည်း တစ်ဦးချင်း တပိုင်တနိုင်လည်း လျှောက်လို့ရနိုင်တဲ့ အနေ အထား ဖြစ်တော့ ဒေသခံတွေလည်း အဆင်ပြေပါတယ်” ဟု ညောင်ဦးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် က ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် နှစ်လယ်ပိုင်းက အဆိုပါရေနံမှော်တွင် တရားဝင်ခွင့်ပြုချက် မရှိဘဲ ရေနံ လာရောက်တူးဖော်သော ဒေသခံ အချို့နှင့် လုပ်ပိုင်ခွင့်ရကုမ္ပဏီတို့ အကြား မြေယာကိစ္စအငြင်းပွားမှုများနှင့် လူမှုရေးပြသနာအချို့ ဖြစ်ပွားခဲ့ပြီး ရေနံ မှော်အား ပုဒ်မ ၁၄၄ ထုတ်ကာ ယာယီပိတ်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးအေးခိုင်က ဧရာဝတီကိုပြောပြသည်။

ညောင်ဦးခရိုင်အတွင်းရှိသော တပ်မရေနံမှော်သည် မြေဧကအားဖြင့် ၅၀၀၀ ခန့်ရှိပြီး ညောင်ဦး မြို့နယ် အစွန်နှင့် ကျောက်ပန်းတောင်မြို့အစတွင် တည်ရှိသည့်အတွက် ပုဂံရှေးဟောင်း အမွေအနှစ်ဒေသနှင့် အလှမ်းဝေးကြောင်း သိရသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်

ဆက်စပ်လင့်

မန္တလေးရှိ မြို့နယ် ၈ ခု၌ အီတလီကုမ္ပဏီ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေမည်

ညောင်ဦးက ရေနံ လက်ယက်တွင်း တူးဖော်နေမှုများ ပြန်လည် စိစစ်မည်

The post ညောင်ဦး တပ်မရေနံမှော်၌ ဒေသခံများအား ရေနံ စမ်းသပ်ရှာဖွေခွင့် ချပေး appeared first on ဧရာဝတီ.

ထရမ့်နှင့် စစ်ဖက်ခေါင်းဆောင်များအကြား ဆက်ဆံရေးတင်း

$
0
0

မီနီပိုလစ်ရဲဌာနက ဖမ်းဆီးစဉ် ဂျော့ဖလွိုက်သေဆုံးမှုအပြီးဖြစ်ပေါ်သည့် မငြိမ်သက်မှုများကို သမ္မတ ထရမ့် ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ဝေဖန်သည့် လက်ရှိနှင့် လက်ဟောင်း စစ်အရာရှိကြီးများနှင့် ထရမ့်အကြား တင်းမာမှုများ မကြာသေးမီက ဖြစ်ပေါ်လာသည်။

ထရမ့်၏လက်ရှိကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဂျင်မက်တစ်နှင့် အခြားအရာရှိ အများအပြား အပါအဝင် အရာရှိများက ထရမ့်၏ မူဝါဒကြေညာချက်များမှ သွယ်ဝိုက်လမ်းခွဲ၍ဖြစ်စေ သူ၏ခေါင်းဆောင်မှုကို တိုက်ရိုက်ရှုတ်ချ၍ဖြစ်စေ ဝေဖန်နေကြပြီး ထရမ့်ကလည်း ထိုသူများကို ပြန်လည်အပုပ်ချနေသည်။

“ဘာရက်အိုဘားမားနဲ့ ကျနော်အကြား တူညီနိုင်ဖွယ်ရှိတဲ့ တခုတည်းသောအချက်ကတော့ ကျနော်တို့နှစ်ယောက်လုံးက ကမ္ဘာ့ဘဝင်အမြင့်ဆုံး ဗိုလ်ချုပ်ကြီးကို အလုပ်ဖြုတ်ခဲ့တယ် ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်တာပဲဖြစ်တယ်။ ကျနော်သူ့ကို ထွက်စာတင်ခိုင်းတယ်၊ အဲဒီအတွက် ကျနော်အရမ်းကျေနပ်တယ်။ သူ့အတွက် နာမည်ပြောင်က ‘Chaos’ ပဲ။ ဒါကိုကျနော်မကြိုက်ဘူး။ ဒါကြောင့် Mad Dog လို့ပြောင်းပေးလိုက်တာ” ဟု ထရမ့်က တွစ်တာတွင် ဗုဒ္ဓဟူးနေ့ညက ရေးသည်။

ထိုသို့ သူရေးသားသော်လည်း ထိုအမည်မှာ မက်တစ်ကို သူ့ဖာသာပေးသော အမည်မဟုတ်ပေ။ သူ့ကို ထိုအမည်ဖြင့်ခေါ်ကြသည်မှာ ၂၀၀၄ ခုနှစ်ခန့်ကပင်ဖြစ်သည်။

“သူ့ရဲ့ အခြေခံအားကာင်းချက်က စစ်ဖက်နဲမဆိုင်ဘူး သူရဲ့ ပုဂ္ဂိုလ်ဆိုင်ရာအများပြည်ဆက်ဆံရေးပဲဖြစ်တယ်။ ကျနော်က သူ့ကို ဘဝသစ်ပေးတယ်။ လုပ်စရာပေးတယ်၊ အောင်မြင်ရမယ့်တိုက်ပွဲပေးတယ်။ ဒါပေမယ့်သူက အောင်မြင်အောင်မလုပ်နိုင်သလောက်ပဲ။ သူ့ရဲ့ခေါင်းဆောင်မှုပုံစံကို ကျနော်မကြိုက်သလို သူ့ကိုလည်း မကြိုက်လှဘူး။ သူထွက်သွားတာကျနော်ဝမ်းသာတယ်” ဟုလည်း ထရမ့်က ဆက်လက်ရေးသားသည်။

ယင်းသည် The Atlantic သတင်းတွင် မက်တစ်၏ ဝေဖန်မှုကို ထရမ့်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“ဒီတပတ်အတွင်းဖြစ်ပျက်နေတာတွေကိုကြည့်ပြီး ကျနော် ဒေါသထွက်တယ်၊ တုန်လှုပ်တယ်။ ဒေါ်နယ်ထရမ့်ဟာ ကျနော့်ဘဝမှာကြုံဖူးတဲ့ အမေရိကန်ပြည်သူတွေကို ညီညွတ်အောင်မကြိုးစားတဲ့ ပထမဆုံး သမ္မတပဲ။ သူက အဲဒီလိုမျိုး ဟန်ဆောင်ကြိုးစားတာတောင် မရှိဘူး။ အဲဒီအစား ကျနော်တို့ကို သွေးကွဲအောင်တောင် သူလုပ်တယ်။ ဒီလို တမင်ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တဲ့ သုံးနှစ်ကာလရဲ့ အကျိုးဆက်တွေကို ကျနော်တို့ အခုတွေ့မြင်နေရပြီ။ ရင့်ကျက်တဲ့ ခေါင်းဆောင်မှု ကင်းမဲ့တဲ့ သုံးနှစ်ကာလရဲ့ အကျိုးဆက်တွေကို ကျနော်တို့ တွေ့နေရပြီ” ဟု မက်တစ်က ပြောခဲ့သည်။

မက်တစ်သည် မကြာသေးမီရက်များအတွင် ထရမ့်နှင့် သဘောထားကွဲလွဲသည့် တဦးတည်းသော ခေါင်းဆောင်မဟုတ်ပေ။ မရိန်းတပ်မှ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးနှင့် လက်ရှိ ဘရုတ်ကင်းအင်စတီကျု Brookings Institution ဥက္ကဋ္ဌဖြစ်သူ ဂျွန်အလန်ကလည်း Foreign Policy စာစောင်တွင် ကြာသပတေးနေ့က အတွေးအမြင်ဆောင်းပါးရေးသားပြီး အိမ်ဖြူတော်အနီးရှိ စိန့်ဂျွန်း အပီစကိုပယ် St. John’s Episcopal ဘုရားကျောင်းတွင် ဓါတ်ပုံရိုက်ခံခြင်းအပါအဝင် တနင်္လာနေ့က ထရမ့်၏ လုပ်ရပ်များအတွက် ထရမ့်ကို အပြင်းအထန်ဝေဖန်သည်။

ထိုနေရာပတ်ဝန်းကျင်မှ ဆန္ဒပြသူများကို အတင်းအကျပ် ဖယ်ရှားခဲ့ကြောင်း သတင်းများတွင် ဖေါ်ပြခဲ့သော်လည်း ထိုသို့ဖယ်ရှားရန် အသုံးပြုသောနည်းလမ်းနှင့်ပတ်သက်သည့် ပြောဆိုရေးသားချက် အမျိုးမျိုးရှိနေသည်။

“လမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နားလည်နိုင်တယ်ဆိုတဲ့ အမြင်မျိုးကို ဖန်တီးဖို့ အားထုတ်တဲ့အနေနဲ့ သမ္မတက သူ့ကိုယ်သူ ငြိမ်းချမ်းစွာဆန္ဒပြသူတွေရဲ့ မဟာမိတ်လို့ ထုတ်ဖေါ်ပြောဆိုတယ်။ ဒါပေမယ့် အဲဒီတချိန်တည်းမှာပဲ ပေပေါင်း ရာဂဏန်း အနည်းငယ်လောက်ဝေးတဲ့ လာဖေးယက်ပန်းခြံတဖက်မှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ရဲနဲ့တပ်ဖွဲ့တွေက မီးလောင်ဗုံးတွေ၊ အဓိကရုဏ်းနှိမ်နင်းရေးကိရိယာတွေ၊ ငရုတ်ရည်တွေ သုံးပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြောင်းမဲ့ အကြမ်းဖက်တိုက်ခိုက်နေတယ်။ တွန်းထုတ်နေတယ်။ ရိုက်နှက်နေတယ်” ဟု အလန်ရေးသားသည်။

တချိန်တည်းတွင် လက်ရှိ ကာကွယ်ရေးဝန်ကြီး အက်စ်ပါကလည်း အဓိကရုဏ်းများနှိမ်နင်းရာတွင် ပုန်ကန်မှု ဥပဒေ သို့မဟုတ် စစ်ရေးတာဝန် အပြည့်သုံးမည့် တပ်ဖွဲ့များအား ဆွဲထုတ် အသုံးချခြင်းကို ဆန့်ကျင်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သောကြောင့် ထိုဥပဒေကို အသုံးပြုမည့်သဘောပြောဆိုနေသည့် ထရမ့်အတွက် အခက်အခဲဖြစ်သွားသည်။

“တရားဥပဒေစိုးမိုးရေးအတွက် စစ်ဖက်တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့တွေသုံးဖို့နည်းလမ်းကို မတတ်သာတဲ့ နောက်ဆုံးအခြေအနေမှသာ၊ အရမ်းကိုအရေးကြီးပြီး ဆိုးရွားတဲ့အခြေအနေမှသာ ရွေးချယ်သင့်တယ်။ အခုအဲဒီလိုအခြေအနေမျိုးမရောက်သေးဘူး။ ပုန်ကန်မှုဥပဒေကို သုံးတာကျနော်ဆန့်ကျင်တယ်” ဟု အက်စ်ပါပြောသည်။

ထိုနေ့နှောင်းပိုင်းတွင် အက်စ်ပါ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ကေးလိပ် မက်အန်နာနီကို မေးသောအခါ သူက “အခုလောလောဆယ်မှာတော့ ကာကွယ်ရေးဝန်ကြီး အက်စ်ပါက ကာကွယ်ရေးဝန်ကြီး အက်စ်ပါသာဖြစ်တယ်။ သမ္မတက အယုံအကြည်မရှိတော့ရင် ဒီကိစ္စကို အနာဂတ်မှာ ဆက်လက်လေ့လာရမှာပဲ” ဟု ပြောသောကြောင့် ထရန့်က သူ့ကာကွယ်ရေးဝန်ကြီးကို အလုပ်ဖြုတ်ပစ်နိုင်ခြေ ရှိနေသည်။

ကွန်ဂရက်လွှတ်တော်ရှိ စစ်ပြန်ဟောင်းများနှင့် ကာကွယ်ရေးဌာနမှ အကြီးတန်း အရာရှိဟောင်းများက ဖက်ဒရယ် တပ်များ ချထားရန် သမ္မတ၏ စိတ်ကူးကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခဲ့ကြသည်။

“အမေရိကန်စစ်တပ်၊ ကျနော်တို့ရဲ့ သားတွေ၊ သမီးတွေက မိမိတို့ ရဲ့ နိုင်ငံသားတွေကို ကာကွယ်ဖို့ သူတို့ ကိုယ်သူတို့ စွန့်စားကြတာ ဖြစ်ပါတယ်” ဟု ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌဟောင်း အငြိမ်းစား အမေရိကန် ဗိုလ်ချုပ်ကြီး မာတင်ဒမ်းစေး က Twitter တွင် ပြောကြားခဲ့သည်။ “နိုင်ငံရပ်ခြားမှာ သူတို့ရဲ့ အလုပ်က မတွေးနိုင်လောက်အောင် ခက်ခဲတယ်။ ပြည်တွင်း မှာက ပိုခက်ပါတယ်။ သူတို့က သင်တို့ကို လေးစားတဲ့အတွက် သူတို့ကို လေးစားပါ။ အမေရိကန်နိုင်ငံက စစ်မြေပြင် တခု မဟုတ်ပါဘူး ။ ကျနော်တို့ နိုင်ငံသားတွေက ရန်သူတွေ မဟုတ်ပါဘူး။”

ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌဟောင်း နောက်ထပ် တဦး ဖြစ်သည့် အငြိမ်းစား ရေတပ် ဗိုလ်ချုပ်ကြီး မိုက်မူလန်က ဇွန်လ ၁ ရက်နေ့က ထရမ့်၏ အငြင်းပွားဖွယ်ရာ ဓာတ်ပုံရိုက်ခံသည့် အစီအစဉ်အချိန် အတွင်း စိန့်ဂျုန်းဘုရားကျောင်း၏ အပြင်ဘက်၌ အမျိုးသား အစောင့်တပ်ဖွဲ့ ရှိနေခြင်းကြောင့် စိတ်မချမ်းမသာ ဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ ယူနီဖောင်းဝတ် အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုကို ကျနော် ယုံကြည်နေတုန်း ပါပဲ ” ဟု Mike Mullen က ” ကျနော်ဆက်ပြီး နှုတ်ဆိတ် မနေနိုင်ဘူး” ဟု အမည်ရသည့် သူ၏ ထင်မြင်ချက် ဆောင်းပါး တွင် ရေးသားခဲ့သည်။ “သူတို့က ကျွမ်းကျင်မှုနဲ့ စာနာရိုင်းပင်းမှုနဲ့ တာဝန်ထမ်းကြမှာဖြစ်ပါတယ်။ သူတို့က တရားဥပဒေနဲ့ ညီညွတ်တဲ့ အမိန့်တွေကို နာခံကြပါလိမ့်မယ်။ ဒါပေမယ့် ဒီကာကွယ်ရေး ဦးစီးချုပ် (သမ္မတ ဒေါ်နယ်ထရမ့်) က သူတို့ကို ပေးမယ့် အမိန့်တွေရဲ့ အရည်အသွေး အပေါ် ကျနော် ယုံကြည်မှု နည်းပါတယ်။ ကျနော်တို့ရဲ့ လမ်းတွေ ပေါ်က အ ခြေ အနေတွေက စစ်တပ်တွေ အပေါ် အကြီးအကျယ် အားထားရမယ့် အဆင့်အထိ ရောက်အောင် ဆိုးရွားနေတယ်လို့ ကျနော် လက်မခံပါဘူး။ ”

ထရမ့်နှင့် ယခင်နှင့်ယခု စစ်ဖက်ခေါင်းဆောင်များအကြား တင်းမာမှုများသည် စစ်ဖက်ခေါင်းဆောင်များအနေဖြင့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် ကတိသစ္စာကို မမေ့လျှော့ရန် ဗုဒ္ဓဟူးနေ့က ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ မာ့ခ် မိုင်လေက စာတစောင်ဖြန့်ချိနေချိန် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အဲဒီမှာပါဝင်တဲ့ တန်ဖိုးတွေကို ထောက်ခံကာကွယ်ဖို့ အမေရိကန် တပ်ဖွဲ့ဝင်တိုင်း ကတိသစ္စာဆိုကြရတယ်။ အမျိုးသားတိုင်း အမျိုးသမီးတိုင်းဟာ လွတ်လပ်တန်းတူညီမျှစွာ မွေးဖွားလာပြီး ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်တယ်ဆိုတဲ့ အဓိကစည်းမျဉ်းအပေါ်မှာ ဖွဲ့စည်းပုံက အခြေခံတယ်။ လူမျိုးစုံ၊ အရောင်အသွေးစုံ၊ ယုံကြည်မှု စုံနဲ့ ဖွဲ့စည်းထားတဲ့ ပူးတွဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကျနော်တို့ ဖွဲ့စည်းပုံကို စံတွေကို ကိုယ်စားပြုရမယ်။ ကျနော်တို့နိုင်ငံရဲ့တန်ဖိုးတွေ ဆုပ်ကိုင်ပြီး အချိန်တိုင်းမှာ ကျနော်တို့နိုင်ငံရဲ့ဥပဒေတွေ ကျနော်တို့ရဲ့ စံနှုန်းတွေအတိုင်း လုပ်ဆောင်သွားရမယ်ဆိုတာ တပ်ဖွဲ့ဝင်အားလုံးကို သတိပေးရမယ်” ဟု သူရေးသားသည်။

ကွန်ဂရက် အောက်လွှတ်တော်၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီဥက္ကဌ ဒီမိုကရက်တစ် အမတ် အဒမ်စမစ်က “ ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေက ပြည်တွင်းမှာ တာဝန်ချထားတာက ပေါ့ပါ့ဆဆ သဘောမထားဘဲ အလွန် လေးနက်စွာ ဆောင်ရွက်ရမယ့် ကိစ္စတခု ဖြစ်ပါတယ်” ဟု ကြေငြာချက် တစောင်တွင် ပြောကြားခဲ့သည်။ “သမ္မတ အနေနဲ့ လမ်းကြောင်း ပြောင်းလဲဖို့ နဲ့ တိုင်းပြည်အနှံ့ အပြားက တင်းမာမှု တွေကို အရှိန် မြင့်တက်မလာဘဲ အေးချမ်း ငြိမ်သက်စေဖို့ သမ္မတရာထူးရဲ့ လုပ်ပိုင်ခွင့်တွေကို အပြည့်အဝ အသုံးချဖို့တိုက်တွန်းပါတယ်” ဟု အဒမ်စမစ်က ထပ်ပြောသည်။

ဆီးနိတ် အထက်လွှတ်တော်၏ လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီဝင်တဦး ဖြစ်သည့် တင်မ်ကိန်းက နောက်လာမည့် နှစ်၏ အမျိုးသားကာကွယ်ရေးခွင့်ပြုချက် ဥပဒေ ဘတ်ဂျက် တွင် စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြမှုများအား တုန့်ပြန်ခြင်းမှ တားဆီးပေးမည့် ပြင်ဆင်ချက် တခုကို ထည့်သွင်းရန် အဆိုပြုခဲ့သည်။

“သမ္မတက နိုင်ငံသား အခွင့်အရေး အားလုံးရှိတဲ့ ပြည်တွင်းမြေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ အမေရိကန်နိုင်ငံသားတွေကို ဆန့်ကျင်ရာမှာ အမေရိကန် စစ်တပ်ကို အသုံးပြုဖို့ ကြိုးစားနေပါတယ်။ ကျနော် အဲဒါကို သည်းခံမှာ မဟုတ်ပါဘူး” ဟု တင်မ်ကိန်းက ကြေငြာချက် တစောင်တွင် ပြောကြားခဲ့သည်။

ကိုးကား။. ။ Fox News, Business Insider

You may also like these stories:

ထရမ့်ရဲ့ စစ်တပ် ချထားမယ့် အစီအစဉ် ဝေဖန်ခံရ

အမေရိကန် ဆန္ဒပြသူများနှင့် ထောက်ခံပူးပေါင်းသူ ရဲများလည်း ရှိသည်

အမေရိကန်-တရုတ် ပဋိပက္ခတွင် ဂျပန်အမြတ်ထွက်နိုင်

The post ထရမ့်နှင့် စစ်ဖက်ခေါင်းဆောင်များအကြား ဆက်ဆံရေးတင်း appeared first on ဧရာဝတီ.

မွေးနေ့လက်ဆောင် ပေးတာထက် သီချင်းတွေကို ပိုအားပေးစေချင်တဲ့ မိစန္ဒီ

$
0
0

ယခုလအတွင်းမှာ မွေးနေ့ရှိတဲ့ မိစန္ဒီက သူ့ရဲ့ပရိသတ်များကို မွေးနေ့မှာ လက်ဆောင်ပေးတာထက် သီချင်းများ ပိုနားထောင်စေချင်တယ်လို့ ဆိုပါတယ်။

“မိစန္ဒီရဲ့ ပရိသတ်တွေ၊ နောက်ပြီး We Love Mi Sandi က “Pabies” တွေလည်း ဒီနှစ် မွေးနေ့အတွက် Surprise တွေ ဘာတွေ လုပ်ပြီး အပင်အပန်းမခံပါနဲ့နော်။ မိစန္ဒီကို မွေးနေ့လက်ဆောင် ပေးတာထက် မိစန္ဒီရဲ့ သီချင်းအသစ်တွေကို ပိုအားပေးစေချင်ပါတယ်။ ပိုကြည့်ပြီး ပိုနားထောင်ပေးကြပါ”

“Facebook တင်မက Streaming App တွေကပါ ခဏခဏ နားထောင်ပေးကြပါနော်။ ပရိသတ်တွေရဲ့ အားပေးမှုဟာ မိစန္ဒီအတွက် ထာဝရ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်မို့ပါ”လို့ မိစန္ဒီက ပြောပါတယ်။

မိစန္ဒီရဲ့ မွေးနေ့က ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပြီး ဒီလထဲမှာပဲ မိစန္ဒီက သူအရင်ကတည်းက လုပ်ချင်ခဲ့တဲ့ Charity Project တခုအကြောင်း မကြာခင် ပြောပြပေးသွားမယ်လို့ ဆိုပါတယ်။

“နောက်ပြီး ဒီလထဲမှာ မိစန္ဒီ အရင်ကတည်းက လုပ်ချင်ခဲ့တဲ့ “Charity Project” လေးတခု လုပ်သွားဖို့ ရှိပါတယ်။ အဲဒါကိုလည်း မကြာခင် ကြေညာပေးသွားပါမယ်။ ပရိသတ်ကြီးအတွက် အလုပ်တွေ ကြိုးစားပြီး သီချင်းတွေ ပိုလုပ်ရမှာ မိစန္ဒီရဲ့ တာဝန်ပါ။ ပရိသတ်ကြီးရဲ့ တာဝန်ကတော့ အမြဲတမ်း ကျန်းမာပျော်ရွှင်စွာ နေထိုင်ပြီး မိစန္ဒီရဲ့ သီချင်းတွေကို အားပေးပါ။ မိစန္ဒီကို ပိုချစ်ပေးပါ‌နော်” လို့ မိစန္ဒီက ဆိုပါတယ်။

ဒီနှစ် မွေးနေ့မှာတော့ မွေးနေ့ပွဲလုပ်ဖြစ်မှာ မဟုတ်ဘဲ ပရိသတ်တွေအတွက် သီချင်းလက်ဆောင်တွေ အများကြီး စီစဉ်ထားတယ်လို့ သိရပါတယ်။

“မိစန္ဒီဆိုတဲ့ ကောင်မလေးကို ဇွန်လရဲ့ အေးချမ်းတဲ့ မိုးရေစက်တွေနဲ့ အတူ မွေးဖွားခဲ့ပါတယ်။ ပြောချင်တာကတော့ ဒီလက မိစန္ဒီရဲ့ မွေးလလေးပေါ့။ ဒီနှစ် မွေးနေ့မှာလည်း မွေးနေ့ပွဲ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဘယ်သူ့ကိုမှလည်း မုန့်ကျွေးမှာ မဟုတ်ပါဘူးနော်။ တယောက်တည်း ကိုယ်ကြိုက်တာတွေ ကြိတ်စားနေမှာပါ”

“ဒါပေမဲ့ အဲဒါတွေထက် ပိုကောင်းမဲ့ အစီစဉ်လေး ရှိပါတယ်။ ဒီနှစ် မွေးလလေးမှာ ပရိသတ်တွေ အတွက် သီချင်းလက်ဆောင်လေးတွေ အများကြီး စီစဉ်ထားပါတယ်။ ဟိုနေ့က ထွက်ထားတဲ့ “နှလုံးအထူးကု” (Heart Specialist) လေး နားမထောင်ရသေးရင် နားထောင်ပေးကြပါဦး။ နောက်ထပ် သီချင်းတွေနဲ့ Music Video လေးတွေ ထွက်ဖို့ ရှိပါတယ်” လို့ မိစန္ဒီက ဆိုပါတယ်။

အဆိုတော် မိစန္ဒီက ဒီရက်ပိုင်းအတွင်းမှာ “Heart Specialist” သီချင်း ထွက်ရှိထားပြီး ဖြိုးပြည့်စုံနဲ့ စုံတွဲ သီဆိုထားတဲ့ COVID-19 ပညာပေးသီချင်း “Go Away Corona” သီချင်းဟာလည်း ဒီကာလမှာ ရေပန်းစားခဲ့ပါတယ်။ ဒီကာလအတွင်းမှာတော့ မိစန္ဒီက သီချင်းများစွာ ထွက်ရှိထားပါတယ်။

You may also like these stories:

ရိုက်ကူးရေးတွေ ပြန်စရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ ယဉ်လက်

နှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် အမွန်း

“ဝိုင်းစုခိုင်သိန်းနဲ့ မိန်းကလေးချင်း နမ်းတာ ပြဿနာ မရှိပါဘူး”လို့ လိမ္မော်သီး ပြော

The post မွေးနေ့လက်ဆောင် ပေးတာထက် သီချင်းတွေကို ပိုအားပေးစေချင်တဲ့ မိစန္ဒီ appeared first on ဧရာဝတီ.

ရန်ကုန်တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ် ၂၅ ရာခိုင်နှုန်း အဖြတ်ခံရ

$
0
0

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ လက်ကျန် ၄ လအတွက် ရန်ကုန်တိုင်း အစိုးရက တောင်းခံသော ထပ်တိုး အသုံးစရိတ် ၁၈၁.၂ ဘီလီယံကျပ်၏ ၄ ပုံ ၁ ပုံကျော် ကို ပြည်ထောင်စုအစိုးရက  ဖြတ်တောက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထပ်တိုးအသုံးစရိတ်များအတွက် ပြည်ထောင်စုအစိုးရထံမှ ဖြည့်စွက်ခွင့်ပြုငွေအတည်ပြုချက် တောင်းခံရာတွင် လျှော့ချခဲ့ခြင်းဖြစ်သည်။ သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ဘဏ္ဍာရေး ကော်မရှင်က တောင်းခံမှုများကို ပြန်လည်သုံးသပ်ပြီးနောက် ကျပ် ၄၉.၄ ဘီလီယံကျော် ဖြတ်တောက်ကာ ၁၃၁.၈ ဘီလီယံကျပ် ကို သာ ခွင့်ပြုခဲ့သည်ဟု ရန်ကုန် တိုင်း ပြည်သူ့ငွေစာရင်းကော်မတီ မှ သိရသည်။

ဖြည့်စွက်ခွင့်ပြုငွေ (supplementary budget) သည် အသုံးစရိတ်တခုအတွက် မူလခွင့်ပြုထားသည့် ဘတ်ဂျက်နှင့် လုံလောက်မှုမရှိသည့်အချိန်တွင် လိုအပ်သည့် ငွေရပ်ကို တောင်းခံရခြင်းဖြစ်သည်။ ပြည်နယ်နှင့်တိုင်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က ဦးစွာ စိစစ်သည်။

ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ယခုတကြိမ် ဖြတ်တောက်ခံရမှုသည် ထပ်တိုးအသုံးစရိတ် တောင်းခံမှုများတွင် ၅ နှစ်အတွင်း အများဆုံး ဖြတ်တောက်ခံရခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်။

အောက်တိုဘာလမတိုင်မီ အထူးသဖြင့် မိုးရာသီအတွင်း အပြီးမသတ်နိုင်သည့် အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် အဆောက်အအုံအသစ် ဆောက်လုပ်ခြင်းများ၊ ကွန်ကရစ်လမ်းခင်းခြင်းများ စသည်တို့အတွက် အသုံးစရိတ်တောင်းထားမှုများကို လျှော့ချထားကြောင်း သိရသည်။ ထို့အပြင် ဝန်ထမ်းသစ်ခန့်အပ်ခြင်းများ၊ မြေနှင့် ပရိဘောဂဝယ်ယူခြင်းများနှင့် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများအတွက် ထပ်တိုးအသုံးစရိတ်များသည်လည်း လျှော့ချခံခဲ့ရသည်။

နိုင်ငံတော်သမ္မတဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်၏ ဘဏ္ဍာရေးစည်းမျဉ်းနှင့် လမ်းညွှန်ချက်များအရ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာတွင် ဘဏ္ဍာနှစ်တနှစ်၏ ကျန်သည့်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့်ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် မူလခွင့်ပြုချက်ရရှိပြီးသည့် လုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ်သည့်ငွေရပ်ကိုသာ ဖြည့်စွက်ခွင့်ပြုငွေတွင် တောင်းခံရမည်ဖြစ်သည်။

ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းက တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ်တောင်းခံမှုများအပေါ် ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို လွှတ်တော်သို့ ဇွန်လ ၂ ရက်နေ့က တင်သွင်းရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

လမ်းဦးစီးဌာန၏ ထပ်တိုးအသုံးစရိတ်တွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့အတွက် ဓါတ်ဆီဖိုး ကျပ်သိန်း ၅၀ တောင်းထားခြင်း၊ ခန်းမတခု အတွင်းအပြင် ပြန်လည်ပြင်ဆင်ခြင်းအတွက် ၂.၈ ဘီလီယံကျပ် နှင့် မြို့တော်၏ အမှိုက် စွန့်ပစ်ရာနေရာ ၂ခု အဆင့်မြှင့်တင် ခြင်း အတွက် ၁ ဘီလီယံကျပ် တောင်းခံခြင်း အပေါ် တိုင်းလွှတ်တော် ကိုယ်စားလှယ်များက မေးခွန်း ထုတ်ခဲ့ကြသည်။

ရန်ကုန်တိုင်းလွှတ်တော်မှ တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ် ၁၃၁.၈ ဘီလီယံကို သောကြာနေ့တွင် အတည်ပြုခဲ့သည်။

You may also like these stories:

တပ်မဲစာရင်းကောက်ရန် ကော်မရှင် ပြင်ဆင်

မန္တလေးဝန်ကြီးချုပ် Home Quarantine ပြီးပါက တာဝန်ပြန်ထမ်းဆောင်မည်

၂၀၂၀ ရွေးကောက်ပွဲ ပါတီကြီးအချို့ ကြိုတင် ပြင်ဆင်

The post ရန်ကုန်တိုင်းအစိုးရ၏ ထပ်တိုးအသုံးစရိတ် ၂၅ ရာခိုင်နှုန်း အဖြတ်ခံရ appeared first on ဧရာဝတီ.


ချင်းအမျိုးသမီး သေဆုံးမှု ၎င်းတို့လက်ချက်မဟုတ်ဟု AA ငြင်းချက်ထုတ်

$
0
0

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားထိပ်ရှိ တပ်မတော် စစ်သင်္ဘောထံ ရိက္ခာပို့မှုဖြင့် ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားသည့် ချင်းအမျိုးသမီး ကိစ္စမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း ရက္ခိုင်စစ်တပ် (ULA/AA) က ဇွန် ၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

AA က “မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦး အသက် ၅၁ နှစ်၊ မင်းပြား ပြည်သူ့ဆေးရုံ၌ ကွယ်လွန်ရခြင်းနှင့် ပတ်သတ်၍အသိပေးထုတ်ပြန်ချက်” ဟူသည့် စာတစောင် ထုတ်ပြန်ပြီး ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာသူ ဒေါ်စိန်မြဦးသည် AA တပ်ဖွဲ့ဝင်များ၏ ၁ လကျော်ကြာ ဖမ်းဆီးမှု ခံရကာ အမည်မသိ လူပုဂ္ဂိုလ် အချို့က ဆေးရုံသို့ လာရောက် ပို့ဆောင်သွားပြီး ၃ ရက်အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

ဒေါ်စိန်မြဦးသည် AA က လွှတ်ပေးပြီးနောက် အသက်ရှုကြပ်ခြင်း၊ စိတ်ကယောင်ခြောက်ခြား ဖြစ်ခြင်း နှင့် ကြောက်လန့်ခြင်းတို့ဖြစ်ကာ ဆေးရုံတွင် သေဆုံးသွားသဖြင့် ချင်းအရပ်ဘက်အဖွဲ့အစည်း များက ဝေဖန်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့ (CUSR) ကလည်း လူ့အခွင့်အရေး အဖွဲ့များထံ အကြောင်းကြားသွားမည်ဟု ပြောဆိုပြီးနောက် AA ဘက်မှ ထုတ်ပြန်ချက် ထုတ်လာခြင်း ဖြစ်သည်။

CUSR၊ ဥက္ကဌ ဆလိုင်းထွန်းလှကျော်က AA ၏ ထုတ်ပြန်ချက်ကို လက်မခံနိုင်ပါဟု ပြောသည်။

ဆလိုင်းထွန်းလှကျော်က “သူ့ရဲ့ လက်ကောက်ဝတ်နှစ်ဖက်မှာ အညိုအမဲစွဲနေတဲ့ ဒဏ်ရာ ၂ ခု စီရှိပါတယ်။ ကျနော်တို့သိသလောက်က ကျောဘက်မှာလည်း ဒဏ်ရာရှိတယ်။ ခြေထောက် တဖက်စီ မှာလည်း ဒဏ်ရာရှိပါတယ်။ ညိုမဲစွဲနေတာတွေပါ” ဟု ပြောသည်။

သေဆုံးသူ ဒေါ်စိန်မြဦး၏ မိသားစုများ ပြောဆိုချက်အရ ဒေါ်စိန်မြဦးမှာ အဖမ်းမခံရခင် ကျန်းမာရေး ကောင်းမွန်သူဖြစ်သော်လည်း AA ၏ ထုတ်ပြန်ချက်တွင် နှလုံးရောဂါအခံရှိပြီး စိတ်ကျန်းမာရေး အားနည်းသူဖြစ်ကြောင်း ရေးသားထားသည်ဟု ဆလိုင်းထွန်းလှကျော်က ပြောသည်။

AA က ဒေါ်စိန်မြဦးကို ဖမ်းထားစဉ် နှလုံးရောဂါနှင့် စိတ်ကျန်းမာရေးအားနည်းခြင်းတို့ကြောင့် ၎င်းတို့၏ ဆေးတပ်ဖွ့ဲက ဆေးကုသမှု ၂ကြိမ် ပြုလုပ်ပေးခဲ့ရကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ဖမ်းဆီးထားစဉ် နှိပ်စက်ညှင်းပန်းခြင်းများ မပြုလုပ်သည်ကို ကာကယကံရှင်များက အသိဖြစ်ပါသည်ဟု ဆိုပြီး ၎င်းတို့ကို ဖမ်းရခြင်းမှာ မင်းပြားမြို့နယ်၊ ရာမောင်တံတားထိပ်ရှိ တပ်မတော်၊ စစ်သင်္ဘောကို ရိက္ခာပို့ခြင်းများ ပြုလုပ်ခြင်းကြောင့် ဖြစ်ပါသည်ဟု AA က ပြောဆိုသည်။

စစ်ရေးအခြေအနေကြောင့် လွတ်ပေးရန် ကြန့်ကြာ သွားခြင်းဖြစ်ပြီး ဒေါ်စိန်မြဦး သေဆုံးမှုကြောင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်း ရပါသည်ဟု AA က ထုတ်ပြန်ထားသည်။

ဆေးစစ်ချက်မှတ်တမ်းများ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ မိမိတို့ကို အပြစ်ပုံချနေပါသည်ဟုလည်း AA က ဆိုသည်။

ဆက်လက်ပြီး AA က “မိမိတို့အဖွဲ့အစည်းအား အပြစ်ပုံချလိုသော ရည်ရွယ်ချက်များဖြင့် ဇောင်းပေး ထားသော အကြောင်းအရာများကိုသာ ချဲ့ကားပြောဆိုနေသည်။ ဤသည်မှာ အမှန်တရားကို ဖျောက်ဖျက်ရာ ရောက်သည်။ မိမိတို့ အဖွဲ့အစည်းအား နိုင်ငံတကာမှ အထင်အမြင်မှားစေရန် ၊ အမဲစက် ပုံရိပ်စွန်းစေရန် ပြုလုပ်ခြင်းနှင့် တူပါသည်”ဟုလည်း ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

ဒေသခံများထံမှ သိရှိချက်အရ ဒေါ်စိန်မြဦး အပါအဝင် ၄ ဦးကို မေ ၃ ရက်က စတင် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ပြောဆိုကြပြီး AA ၏ ထုတ်ပြန်ချက်တွင် ဒေါ်စိန်မြဦးတို့ကို ဧပြီ ၂၇ ရက်က စတင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

AA က ဒေါ်စိန်မြဦးနှင့် အခြား အမျိုးသား ၃ ဦး၊ စုစုပေါင်း ၄ ဦးကို မေ ၃၁ ရက်တွင် ပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်သည်။ ဇွန် ၃ ရက်၊ မနက်ပိုင်းတွင် ဒေါ်စိန်မြဦး သေဆုံးသွားသည်။

ဒေါ်စိန်မြဦးသည် AA က လွှတ်ပေးလိုက်သည့်အချိန်တွင် နေအိမ်ရှိရာ ကျေးရွာသို့ ပြန်ရောက် မလာဘဲ ဆေးရုံသို့ ရောက်နေပြီး ဆေးရုံက အကြောင်းကြားမှသာ မိသားစုဝင်များက သိရှိရခြင်း ဖြစ်သည်။

ဆလိုင်းထွန်းလှကျော်က “ဖမ်းတဲ့သူတွေက တကယ်ပဲ လူ့အခွင့်အရေးကို လေးစားလိုက်နာ တယ်ဆိုရင် ဘာလို့ တလလုံးလုံး သူတို့တပ်ထဲမှာ ထားလဲ။ အဲ့ဒီ့အမျိုးသမီး သေဆုံးခါနီးကျမှ ဘာလို့ ဆေးရုံကို ပို့ပေးလဲ ဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ သူက အိမ်ကို လုံးဝရောက် မလာပဲ ဆေးရုံကို တန်းပို့လိုက် ကြတာပါ။ ဆေးရုံကနေ မိသားစုကို အကြောင်းကြားလာတာပါ။ မိသားစုဝင်တွေ သွားတော့ သူက မှတ်တောင် မမှတ်မိတော့ပါဘူး” ဟု ပြောသည်။

ဒေါ်စိန်မြဦး သေဆုံးပြီးနောက် AA တပ်ဖွဲ့ဝင်များဟု ဆိုသူ ၁၀ ဦးတို့ ရွာကို ရောက်လာပြီး ဒေါ်စိန်မြဦး နှင့်အတူ ဖမ်းခံရပြီး လွတ်လာသည့် အမျိုးသား ၃ ဦးကို လာတွေ့ကြောင်း၊ တဦးချင်းစီ ခေါ်ယူတွေ့ဆုံ သွားသည်ဟုလည်း သိရသည်။

ဆလိုင်းထွန်းလှကျော် က “ကျနော်တို့ ယူဆတာ AA က လုပ်တာပါဆိုတဲ့ သတင်းက မဟုတ်ပါဘူးလို့ ဖုံးဖိချင်တဲ့ သဘော ဖြစ်နေပါတယ်ခင်ဗျ။ အဖမ်းခံရတဲ့ လူတွေက ကျနော်တို့ ဆက်သွယ်တဲ့ အခါမှာလည်း ရှောင်ပြေးနေ ပါတယ်။ ရခိုင် (AA) လက်နက်ကိုင်အဖွဲ့ဘက်က အန္တရာယ် ပေးလာမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ သူတို့ လုံခြုံရေးအတွက် ကျနော်တို့စိုးရိမ်ပါတယ်”ဟု ပြောသည်။

CUSR အနေဖြင့် AA၏ ထုတ်ပြန်ချက်ကို လက်မခံနိုင်သဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံ ရသူများ စာရင်းတွင် ဒေါ်စိန်မြဦး၏ ဖြစ်စဉ်ကို ထည့်သွင်းထားမည်ဖြစ်ပြီး ချင်းလူ့အခွင့်အရေး အဖွဲ့ ( CHRO) ထံ ဆက်လက်ပေးပို့သွားမည်ဟု ပြောသည်။

AAနှင့် ပတ်သတ်သည့် ကိစ္စကိုသာ စွပ်စွဲနေခြင်း မဟုတ်ဘဲ တပ်မတော်ဘက်မှ အရပ်သားများအပေါ် ကျူးလွန်မှုများကို လည်း လူ့အခွင့်အရေးစံချိန်စံညွှန်းအတိုင်း စောင့်ကြည့် မှတ်တမ်းယူ ပါသည်ဟုလည်း CUSR က ပြောသည်။

CUSR သည် ပဋိပက္ခကာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ချင်းလူမျိုးများ အပေါ် နှစ်ဖက်တပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ကာ မှတ်တမ်းရယူ နေပြီး လက်ရှိတွင် တိုက်ပွဲများကြား ဖမ်းဆီးခံရခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း ခံရသည့် လူဦးရေ ၁၂၀ ကျော် ၏ မှတ်တမ်းများကို စုဆောင်းထားသည်ဟု သိရသည်။

ဧရာဝတီမှ တောင်ရှည်ပြင်ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ဒေသခံ ၃ ဦးကို ဆက်သွယ် မေးမြန်းရာ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ ၄ ဦးကို သိသော်လည်း AA နှင့် ပတ်သတ်၍ မမေးမြန်းရန် ပြောဆိုသည်။

ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသည့် ဒေသခံအမျိုးသားတဦးက “ဘာမှ မပြောချင်ပါဘူး။ ကျနော်တို့က ကြားမှာ နေရတဲ့ အရပ်သားပါ။ မသင်္ကာရင် ဘယ်သူမေးမေး ဘယ်သူရိုက်ရိုက် ခံရမှာပဲ။ တပ်ကလုပ်လည်း ခံရမယ်။ တဖက် (AA) က လုပ်လည်း ခံရမယ်။ ဒါပါပဲ။ ဘာမှမပြောချင်ပါဘူး” ဟု ပြောသည်။

မင်းပြားမြို့နယ်၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က သိုင်းကျပ်ကျေးရွာတွင် ချင်းအမျိုးသမီး သေဆုံးမှုကို ဒေသခံများဘက်မှလည်း အကြောင်းကြားလာခြင်း မရှိသဖြင့် မသိရှိပါဟု ပြောသည်။

ဦးလှသိန်းအောင်က ပဋိပက္ခအတွင်း အရပ်သားများကို မည့်သည့်တပ်ဖွဲ့က ဖမ်းဖမ်း၊ လွှတ်တော် ကိုယ်စားလှယ်များကို လာပြောဆိုတိုင်ကြားခြင်း၊ အသိပေးခြင်းများ ရှိပါက အမှန်တရား နှင့် တရားမျှတမှု အတွက် နစ်နာသူဘက်မှ ရပ်တည်ပေးမည်ဖြစ်သဖြင့် အရပ်သားများကလည်း လာရောက် ပြောဆိုကြရန် လိုပါသည်ဟု ပြောသည်။

The post ချင်းအမျိုးသမီး သေဆုံးမှု ၎င်းတို့လက်ချက်မဟုတ်ဟု AA ငြင်းချက်ထုတ် appeared first on ဧရာဝတီ.

ရန်ကုန်မြို့ရှိ ဟိုတယ်များကို လမ်းညွှန်ချက်များနှင့် ညီ မညီ စစ်ဆေးမည်

$
0
0

ရန်ကုန်မြို့ရှိ ဟိုတယ်များကို COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များနှင့် ညီမညီ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်) လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းမောင်စိုး က “ကျနော် တို့ကို အစစ်ဆေးခံဖို့ တင်ပြထားတာက FDI (နိုင်ငံခြားသားပိုင်) ဟိုတယ် ၃ လုံး၊ ၄ လုံးပဲ ရှိသေးတယ်ဗျ။ ဒါပေမယ့် သူတို့ ဘက်က ကျန်းမာရေး ဝန်ကြီးဌာနတို့၊ အလုပ်သမား ဝန်ကြီးဌာနတို့ဆီ တင်ပြထားတာတော့ ရှိပါလိမ့်မယ်။ ကျနော်တို့ဆီ တော့ မိတ္တူပေးထားတာ ဒီလောက်ပဲ။ ဒါပေမယ့် စစ်မယ်ဆိုရင် ကျနော်တို့က အကုန်လုံးကို စစ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို စစ်ဆေးရာတွင်လည်း တကြိမ်တည်းနှင့် စစ်ဆေးမှု ပြီးပြတ်စေရန် ဆောင်ရွက်နေ ပြီး၊ တိုင်းအစိုးရက ဖွဲ့စည်းပေးမည့် စစ်ဆေးရေးအဖွဲ့ကို အစစ်ဆေးခံမည့် ဟိုတယ် မိုတယ်များက စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးမင်းမောင်စိုးက က “တိုင်းအစိုးရက အခု ဖွဲ့ဖို့ ပြင်နေပါတယ်။ အဲဒီအဖွဲ့မှာ ဥက္ကဋ္ဌက ဘယ်သူဆိုတာပေါ့။ အဲဒီကို စာရင်းပေးရပါမယ်။ ဒါတွေက လာမယ့် တပတ်အတွင်း ထွက်ပါ့မယ်” ဟု ရှင်းပြသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ကွာရန်တင်းစင်တာ မဟုတ်သည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း များတွင် လိုက်နာရမည့် (Version 1.0)ကို ထုတ်ပြန်ထားသည်။

လမ်းညွှန်ချက် Version 1.0 တွင် ဟိုတယ် ဧည့်လက်ခံကြိုဆိုရေးဌာန (Reception) မှ လုပ်ဆောင်ရမည့် ကိစ္စများ၊ ဟို တယ်၊ မိုတယ်၊ တည်းခိုခန်းများရှိ စားသောက်ဆိုင်၊ စားသောက်ခန်းမများနှင့် ဘားများတွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ ကလေးများ၏ ကစားကွင်းနေရာများတွင် စောင့်ကြည့်လိုက်နာရမည့် အချက်များ၊ ဟိုတယ်ခန်း သန့်ရှင်းရေး ကိစ္စများ၊ ဟိုတယ်များ တည်းခိုခန်းများတွင် ဝန်ထမ်း (သို့) ဧည့်သည်တဦး ရောဂါ ကူးစက်ခံရပါက လုပ်ဆောင်ရမည့် အချက်များ အစရှိသည်တို့ ပါဝင်သည်။

ဖွင့်လှစ်မည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ အနေနှင့် Version 1.0 လိုက်နာဆောင်ရွက်ပြီးမှသာ ပြန်လည် ဖွင့်လှစ် ရမည်လည်း ဖြစ်သည်။

ရန်ကုန် ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်မြင့် က “ရန်ကုန်မှာက ပိတ်တဲ့ ဟိုတယ်တွေ ပိတ်သလို ဖွင့်တဲ့ ဟိုတယ်တွေကလည်း တောက်လျှောက် ဖွင့်ထားတာ ရှိပါတယ်။ အခုလောလော ဆယ်ကတော့ ပိတ်ထားတဲ့ ဟိုတယ်တွေလည်း ပြန်ဖွင့်နေ တာတွေ ရှိနေပြီ။ Version 1.0 နဲ့ ညီ မညီ စစ်ဆေးဖို့လည်း ကျနော်တို့ အသင်းနဲ့ တိုင်းအစိုးရနဲ့ ပူးပေါင်းပြီး လိုက်စစ်ဖို့ ရှိပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “တိုင်းအစိုးရကနေ အားလုံးကို လိုက်စစ်ဆေးမှာ ဖြစ်တယ်။ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ ဖွင့်တာ ရော၊ မဖွင့်တာရော ဟိုတယ် တလုံးချင်းစီကို လိုက်စစ်မယ်။ ပြီးရင် ကျန်းမာရေးနဲ့အညီ ဒီဟိုတယ်ကတော့ ဆောင်ရွက် ထားတယ် ဆိုတာ ထောက်ခံချက် ပေးမယ်။ စစ်မယ့်ရက်တော့ မပြောနိုင်သေးဘူးဗျ။ လိုက်စစ်ဖို့တော့ လုပ်နေပြီ” ဟု ဆို သည်။

အဆိုပါ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို စစ်ဆေးရန်အတွက် တိုင်းအစိုးရ တာဝန်ရှိသူများ၊ တိုင်းကျန်းမာရေး ဦး စီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင် ရာ တာဝန်ရှိသူများ၊ ရန်ကုန်ဟိုတယ်ဇုန်အသင်း တာဝန်ရှိသူများ စသည့် သက်ဆိုင်ရာ တာဝန်ရှိများ ပါဝင်သော အဖွဲ့ ၅ ဖွဲ့ထားပြီး ယင်းအဖွဲ့များက စစ်ဆေးသွားမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် ဟိုတယ်ဇုန် အသင်းဝင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများမှာ နိုင်ငံခြားသား လုပ်ငန်းရှင်ပိုင် အပါအဝင် အလုံးပေါင်း ၃၄၆ လုံးနှင့် အသင်းဝင် မဟုတ်သည့် ဟိုတယ်မှာ အလုံး ၆၀ နှင့် ၇၀ ဝန်းကျင် ရှိကြောင်း ရန်ကုန်ဟိုတယ်ဇုန် အသင်းစားရင်းများ အရ သိရသည်။

အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး စစ်ဆေးရေးမှူး ဦးကျော်ကျော်ထွန်းက “အစစ်ဆေးခံဖို့ တင်ပြ ထားတဲ့ ဟိုတယ်က ဆယ်ကဏန်းလောက် ရှိတယ် ထင်မယ်။ ကျနော်တို့ ဥပဒေအရ ဆိုင်များနဲ့ အလုပ်ဌာနများဆိုတဲ့ ဥပ ဒေ ရှိတယ်။ ဒီအောက်မှာတော့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေက အကျူံးဝင်ပါတယ်။ ဒါပေမယ့် ဟိုတယ်ဘာညာ စစ် ဖို့ ကျတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် လိုပါတယ်” ဟု ရှင်းပြသည်။

ကျန်းမာရေး လမ်းညွှန်ချက်များနှင့် ညီ မညီ ဟိုတယ်၊ စက်ရုံ၊ စားသောက်ဆိုင် အစရှိသည့် လုပ်ငန်းများကို စစ်ဆေးရာ တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အခြားတိုင်းနှင့် ပြည်နယ်များရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့် အညီ အစစ်ဆေးနေခြင်း၊ စစ်ဆေးမှုပြီး၍ ပြန်လည် ဖွင့်လှစ်နေသည်များလည်း ရှိနေသည်။

ထို့ပြင် မန္တလေးတိုင်းအတွင်း၌ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ ကိုဗစ် ကာကွယ်ရေး လုပ်ငန်းများ ဆောင် ရွက်ပြီး အစစ်ဆေးခံရန် စာရင်းပေး ထားသော ဟိုတယ်၊ တည်းခိုခန်း အရေအတွက်မှာပင် ၅၀၀ နီးပါးခန့် ရှိကြောင်း သိရ သည်။

ဆက်စပ်ဖတ်ရှုရန်

မန္တလေးတိုင်းရှိ ဟိုတယ်များ စစ်ဆေးပြီးပါက တပြိုင်နက် ဖွင့်ခွင့်ပေးမည်

ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်

The post ရန်ကုန်မြို့ရှိ ဟိုတယ်များကို လမ်းညွှန်ချက်များနှင့် ညီ မညီ စစ်ဆေးမည် appeared first on ဧရာဝတီ.

ကျောင်းဖွင့်ရာသီ နှာခေါင်းစည်း သန်း၂၀ ကျော် ဝေရန် ပညာရေးဝန်ကြီးဌာန ပြင်ဆင်

$
0
0

လာမည့် ကျောင်းဖွင့်ရာသီ၌ ကျောင်းပြန်တက်မည့် ကျောင်းသား ကျောင်းသူများနှင့် ပညာရေး ဝန်ထမ်းများ အတွက် နှာခေါင်းစည်း အရေအတွက် သန်း ၂၀ ကျော်နှင့် ရောဂါကွယ်ရေး ပစ္စည်းများ ထောက်ပံ့နိုင်ရန် ပညာရေး ဝန်ကြီးဌာနက ပြင်ဆင်နေသည်။

လာမည့် ဇူလိုင်လ ၁၃ ရက်တွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်တော့မည် ဖြစ်ရာ ကျောင်းသား ကျောင်းသူ၊ ဆရာ/ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများကို ထောက်ပံ့မည့် နှာခေါင်းစည်း (Mask)၊ မျက်နှာ အကာကွယ်(Face Shield)နှင့် အပူချိန် တိုင်းကိရိယာ (Infrared Thermometer)များ အတွက် တင်ဒါခေါ်ယူရန် ပညာရေး ဝန်ကြီးဌာနက ယမန်နေ့က နေပြည်တော် တွင် လုပ်ငန်းရှင်များကို ခေါ်ယူ ရှင်းပြခဲ့သည်။

မြန်မာ တနိုင်ငံလုံးရှိ စာသင်ကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိ ကျောင်းသား/ကျောင်းသူပေါင်း ၉ ဒသမ ၇ သန်းနှင့် ဆရာ/ ဆရာမနှင့် ကူညီဆောင်ရွက်ပေးရမည့် ပညာရေး ဝန်ထမ်း ၅ သိန်းကျော်တို့အတွက် အဝတ်နှာခေါင်းစည်း တဦးလျှင်၂ ခု နှုန်းဖြင့် အရေအတွက်၂၁ သန်း၊ Face Shield တဦးလျှင် တခုစီဖြင့် အရေအတွက် ၁၁ သန်းနှင့် အပူချိန်တိုင်း ကိရိယာ ၇၅၀၀၀ ခန့်ကို ထောက်ပံ့ရန် ပြင်ဆင်ထားကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

အခြေခံပညာ ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက “ကျောင်းတွေ ဖွင့်တဲ့အခါ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ COVID-19 ဗိုင်းရပ်စ်ကို ရင်ဆိုင် တွန်းလှန်နိုင်ဖို့ ကြိုတင်ကာကွယ်ရေး ကိစ္စတွေဟာ မဖြစ်မနေ ဆောင် ရွက်ရမှာ ဖြစ်တယ်။ ကျနော်တို့ရဲ့ ၁၀ သန်း နီးပါးရှိတဲ့ ကလေးတွေဆီကို အရည်အသွေး ပြည့်ဝပြီး တကယ့်ကို အတိုင်း အတာတခုအထိ ကာကွယ်ပေးနိုင်မယ့် Mask တွေ၊ Face Shield တွေကို ဖြန့်ဝေပေးချင်တယ်” ဟု ယင်း ရှင်းလင်းပွဲတွင် ပြောသည်။

ပုံမှန်အားဖြင့် တင်ဒါခေါ်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အချိန်ယူကာ ဈေးနှုန်းတင်သွင်းခြင်း၊ တင်ဒါဖွင့်ဖောက် ခြင်း၊ ပစ္စည်းအရည်အသွေး စစ်ဆေးခြင်းများကို ဆောင်ရွက်လေ့ ရှိသော်လည်း အရေးပေါ်ကာလ ဖြစ်၍ အချိန်တိုအတွင်း ဆောင်ရွက်ခြင်းဖြစ်ကာ ကျောင်းဖွင့်ရက် မတိုင်မီ စာသင်ကျောင်းများသို့ အထောက်အပံ့ ပစ္စည်းများ ရောက်ရှိနိုင်ရေး ဆောင်ရွက်ရမည်ဟု ၎င်းက ပြောသည်။

ကျောင်းသား/ကျောင်းသူများတွင် အသက်အရွယ်စုံ ပါသောကြောင့် နှာခေါင်းစည်းများ၊ မျက်နှာအကာကွယ်များကို အကြီး၊ အသေးအလိုက် အုပ်စုများ ခွဲ၍ ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ အပူချိန်တိုင်း ကိရိယာမှာလည်း တဦးနှင့်တဦး တိုင်းပြီး လျှင် မစောင့်ရဘဲ လုပ်ဆောင်မှု မြန်ဆန်သော အမျိုးအစားကို ရွေးချယ်ခြင်း၊ တောရွာများထိ ပို့ပေးရမည် ဖြစ်သောကြောင့် ဓာတ်ခဲသုံး သာမိုမီတာများကိုသာ ရွေးချယ်သင့်ကြောင်း ဗဟို ကူးစက် ရောဂါတိုက်ဖျက်ရေး ဌာနခွဲ လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာ အောင်မြတ်ဌေးက ပြောသည်။

ထုတ်လုပ်ရမည့် ပစ္စည်းနမူနာများ (ဓာတ်ပုံ-သီဟလွင်/ဧရာဝတီ)

ဒေါက်တာ အောင်မြတ်ဌေးက “ကျောင်းသား/သူတွေကို ထောက်ပံ့ပေးမယ်ဆိုတော့ ဝမ်းသာတယ်၊ ကျေးဇူး လည်း တင် တယ်။ ကျောင်းသားက အရွယ် စုံပါတဲ့အတွက် Face Shield ဆိုလည်း အရွယ်အစားကို သေသေချာချာရွေးဖို့ လိုလိမ့် မယ်။ Face Shield က ဘေးဘက်ကို သေသေချာချာ လုံပြီးတော့ အရည်တွေ ဘာတွေ မဝင်အောင်လုပ်ရမှာ” ဟု အဆိုပါ ရှင်းလင်းပွဲတွင် ပြောသည်။

တင်ဒါ ခေါ်ယူခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ပစ္စည်းများ၏ ရှိရမည့် အရည်အသွေး၊ ချုပ်လုပ်ရမည့် နှာခေါင်းစည်း ပုံစံ ဒီဇိုင်းများကို လုပ်ငန်းရှင်များအား ယမန်နေ့က ခေါ်ယူ ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင်များမှ မိမိတို့ တင်သွင်းလိုသည့် ပစ္စည်း၏ နမူနာ တခုစီနှင့် လျှောက်လွှာများကို ယခု ရှင်းလင်းပွဲအပြီး ၄ ရက် အကြာ ဇွန်လ ၉ ရက်တွင် အပြီး တင်သွင်းရမည် ဖြစ် သည်။

ဇွန်လ ၁၀ ရက်တွင် အရည်အသွေး စစ်ဆေးသည့် အဖွဲ့က စစ်ဆေးပြီး အရည်အသွေးမီသည့် တင်ဒါလျှောက်လွှာများကို တင်ဒါ လုပ်ထုံးလုပ်နည်းများအတိုင်း ဈေးနှုန်း ယှဉ်ပြိုင်ခြင်း ကိစ္စရပ်များ ဆက်လက် ဆောက်ရွက်မည်ဖြစ်ပြီး တင်ဒါ အောင်သူများနှင့် စာချုပ် ချုပ်ကာ ပစ္စည်းများကို သက်ဆိုင်ရာ ဒေသများသို့ သတ်မှတ်ရက်များ အတိုင်း အချိန်မှီ ပို့ဆောင် သွားရမည် ဖြစ်ကြောင်း သိရသည်။

တင်ဒါ ယှဉ်ပြိုင်မှုများတွင် မျှတစေရန်၊ အဂတိ လိုက်စားမှု ကင်းစင်ရန်၊ ပွင့်လင်းမြင်သာမှု ရှိစေရန် ဆောင်ရွက်မည် ဖြစ်ပြီး ရောဂါကာကွယ်ရေး အတွက် တင်ဒါခေါ်ရခြင်း ဖြစ်သောကြောင့် လုပ်ငန်းရှင်များက လည်း အကျိုးစီးပွားကို ရှေ့တန်း မတင်ဘဲ ကျောင်းသား/ကျောင်းသူများ အရည်အသွေး ပြည့်ပစ္စည်းများ အသုံးပြု နိုင်ရေး ဆောင်ရွက်ပေးရန် ဒေါက်တာ တင်မောင်ဝင်းက ယင်း ရှင်းလင်းပွဲ၌ မေတ္တာရပ်ခံခဲ့သည်။

ယမန်နေ့ ရှင်းလင်းပွဲတွင် လုပ်ငန်းရှင်များမှ ပြန်လည် ဆွေးနွေးသည်မှာ အရည်အသွေး ပြည့်ဝသော ပစ္စည်းများကို ထုတ် လုပ်ပေးနိုင်သော်လည်း အချိန်နည်းသဖြင့် အချိန် အနည်းငယ် ထပ်တိုးပေးရန် တောင်းဆိုခြင်း၊ ပစ္စည်း တခုချင်း အလိုက် အသေးစိတ် ထုတ်လုပ်ရမည့် ပုံစံများကို ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

မန္တလေးမြို့မှ လုပ်ငန်းရှင် ဦးကိုကိုကြီးက “မြို့တွေကတော့ လျှောက်ကြမှာပဲ။ ကျနော်တို့က ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ ကို ဦးစားပေး လျှောက်မယ်။ ဝေးတဲ့ ဒေသက ကလေးတွေ အရည်အသွေး ပြည့်ဝတာ ရစေချင်တယ်။ ကျနော်တို့က အချိန်လေး ပိုလိုချင်တာ။ အချိန်ပိုရရင် ပိုပြီး အဆင်ပြေမှာ” ဟု ပြောသည်။

COVID-19 မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့နေမှုကြောင့် ကျောင်းဖွင့်ရာသီကို တလခွဲခန့် နောက်ဆုတ်ခဲ့ရာ လာမည့် ဇူလိုင်လ ၁၃ ရက်မှ ၁၇ ရက်အထိ အထက်တန်းများအတွက် ကျောင်းအပ်နှံရေး သီတင်းတပတ် ဖြစ်လာကာ ထိုမှတဆင့် အလယ်တန်းနှင့် မူလတန်းများကို ရက်ခြား၍ အဆင့်ဆင့် ဖွင့်လှစ်သွားမည်ဟု ပညာရေး ဝန်ကြီး ဌာနမှ သိရသည်။

ထုတ်လုပ်ရမည့် ပစ္စည်းနမူနာများ (ဓာတ်ပုံ-သီဟလွင်/ဧရာဝတီ)

ကျောင်းများ ဖွင့်ရာတွင်လည်း ကျောင်းပေါင်း ၄၇၀၀၀ ကျော်ကို တကျောင်းချင်းစီ အလိုက် ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ အရေအတွက်၊ စာသင်ခန်း အရေအတွက် စာသင်ခုံ အရေအတွက်များကို စိစစ်ကာ ကျောင်းတကျောင်းခြင်း စီနှင့် ကိုက်ညီသော ပုံစံများဖြင့် သတ်မှတ် ဖွင့်လှစ်သွားမည်ဟု သိရသည်။

အထက်ပါ အချက်များကို စိစစ်၍ လူချင်းခွာ၍ သင်ကြားရန် ဆရာ/ဆရာမ၊ စာသင်ခန်း၊ စာသင်ခုံ အလုံအလောက်ရှိ သော ကျောင်းများကို A အဆင့်အဖြစ် သတ်မှတ်ကာ မူလကျောင်းတက်ချိန် အတိုင်း ဖွင့်လှစ်သင်ကြားခြင်းများ ပြုလုပ် မည် ဖြစ် သည်။

ပြည့်စုံလုံလောက်မှုမရှိဘဲ တပတ်ခြား တက်ရမည့်ကျောင်းများကို B အဆင့်၊ တပတ်ခြားမက မနက်၊ နေ့လယ် ၂ သုတ်ခွဲ တက်ရမည့်ကျောင်း C အဆင့်၊ တပတ်ခြား တက်ခြင်း၊၂ သုတ်ခွဲ တက်ရသည့်အပြင် တပတ်လျှင် ၃ ရက်သာ တက်ရမည့် ကျောင်း D အဆင့် စသဖြင့် ကျောင်းသားများအတွက် အဆင်ပြေစေရန် အဆင့်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ကျောင်းတွေကို ဘေးကင်းလုံခြုံစွာ ပြန်ဖွင့်နိုင်ပြီလား

အခြေခံပညာ စာသင်ကျောင်း အားလုံး ဇူလိုင်လတွင် ပြန်ဖွင့်မည်

ကာကွယ်ဆေး မပေါ်သေးသော်လည်း ကျောင်းများ ပြန်ဖွင့်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော

The post ကျောင်းဖွင့်ရာသီ နှာခေါင်းစည်း သန်း၂၀ ကျော် ဝေရန် ပညာရေးဝန်ကြီးဌာန ပြင်ဆင် appeared first on ဧရာဝတီ.

ဂျော့ဖလွိုက်သေဆုံးမှုအတွက် ရဲ ၃ ဦးကို တရားစွဲဆို

$
0
0

ဂျော့ဖလွိုက် သေဆုံးမှုအတွက် တာဝန်အရှိဆုံး ဒဲရက်ချော်ဗင် ကို လူသတ်မှုပုဒ်မနဲ့ တရားစွဲဆိုထားပြီး နောက် ဇွန် ၃ ရက်က ကျန်ရှိနေတဲ့ ရဲအရာရှိ ၃ ဦးကိုပါ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။ အဆင့် (၂) လူသတ်ရန် ကူညီအားပေးမှုနဲ့ စွဲဆိုတာဖြစ်ပြီး ဇွန် ၄ ရက်မှာ ပထမဆုံးအကြိမ် တရားရုံးထုတ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အဓိကတရားခံ ချော်ဗင်ကိုလည်း လူသတ်မှု အဆင့် (၃) ကနေ အဆင့် (၂) ကို ပြောင်းလဲစွဲဆိုမယ်လို့ ဆိုပါ တယ်။ ထွက်ပေါ်ခဲ့တဲ့ ဗီဒီယိုတွေအရ မေ ၂၅ ရက်မှာ ချော်ဗင်ဟာ ဂျော့ဖလွိုက်ရဲ့ လည်ပင်းကို ၈ မိနစ်ကြာ ဒူးတင်ချုပ်ထားခဲ့ပြီး ကျန်ရဲအရာရှိ ၂ ဦးကလည်း ကူညီပေးခဲ့သလို၊ တဦးကတော့ ဘေးကနေ ရပ်ကြည့်နေခဲ့ပါ တယ်။

ချော်ဗင်ရဲ့ ပြစ်မှုနဲ့ပတ်သက်ပြီး မင်နီဆိုးတားပြည်နယ် ဥပဒေအရ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ ရည်ရွယ်ချက် မရှိဘဲ လူသတ်မှုဆိုပြီး နှစ်မျိုးကွဲလွဲနိုင်ပါတယ်။ ပြည်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ၂၅ နှစ်ခွဲလောက်နေရဖို့ ရှိပြီး မဟုတ်ခဲ့ရင်တော့ ထောင်ဒဏ် ၁၂ နှစ်ခွဲလောက် ကျခံရမှာဖြစ်ပါတယ်။

ချော်ဗင်အမှုအတွက် ရှေ့နေ အဲရစ် နယ်လ်ဆင်က တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရဲအရာရှိတွေရဲ့ ရှေ့နေတွေက တရားရုံးထုတ်မယ့်နေ့နဲ့ပတ်သက်ပြီး ဘာမှ ပြောဆိုသွားခြင်းမရှိခဲ့ပါဘူး။ ချော်ဗင်ရဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်မယ့် မင်နီဆိုတား အစိုးရရှေ့နေ အဲလစ်ဆင်က “စွဲဆိုထားတဲ့ အဆင့် ၂ လူသတ်မှု အတွက် လိုအပ်တဲ့ သက်သေတွေလုံလောက်နေပြီလို့ ယုံကြည်တယ်” လို့ ပြောခဲ့ပါတယ်။

တခြားရဲအရာတွေကိုပါ ထပ်မံစွဲဆိုလိုက်တဲ့အပေါ် အဲလစ်ဆင်က “မစ္စတာ ဖလွိုက်နဲ့ သူ့မိသားစု၊ ကျနော်တို့ရဲ့ လူအဖွဲ့အစည်းနဲ့ ပြည်နယ်အတွက် တရားမျှတမှုတခုရရှိမယ်ဆိုတာ ယုံကြည်နေတယ်” လို့ ဆိုပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ် ဝေါ့ဇ်ကလည်း စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲမှာ ကျနော် တို့ပြည်သူတွေ မြင်စေချင်တဲ့အဆင့်ကို ရောက်လာခဲ့ပါပြီ။ တရားမျှတမှုစနစ် ရှိနေဆဲပဲဆိုတာ ပြသရတော့မှာပါ လို့ ပြောခဲ့ပါတယ်။ မြို့တော်ဝန် ဂျက်ကော့ဘ် ဖရေးကလည်း ထပ်မံစွဲဆိုလိုက်တဲ့ ပြစ်ဒဏ်အသစ်တွေကို ကျေနပ်အားရတယ်လို့ ဆိုပါတယ်။

ဖလွိုက်သေဆုံးမှုကြောင့် ရဲဌာနလုပ်ရိုးလုပ်စဉ်တွေနဲ့ လူမျိုးရေးခွဲခြားမှုတွေကို အကြောင်းပြုပြီး နိုင်ငံတဝှမ်း ဆန္ဒပြ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ပြည်နယ်တွေဖြစ်တဲ့ နယူးယောက်၊ လော့စ်အိန်ဂျယ်လိစ်၊ ဝါရှင်တန်ဒီစီ စတဲ့ မြို့ကြီးတွေထိ ရောက်ရှိလာခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေရှိတဲ့အပြင် အကြမ်းဖက်ဖျက်ဆီးမှုတွေလည်း ရှိလာခဲ့ပါတယ်။

မင်နီယာပိုလိစ်နဲ့ စိမ့်ပေါလ်မှာရှိတဲ့ အဆောက်အဦ ရာကျော် မီးရှို့ဖျက်ဆီးခံရပြီး နံရံတွေပေါ်မှာလည်း Graffiti ပုံတွေ ရေးဆွဲခဲ့ကြပါတယ်။ မင်နီဆိုတာမှာရှိတဲ့ လူ့အခွင့်အရေးဌာနကလည်း ဖလွိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး နိုင်ငံသားတွေရဲ့ရပိုင်ခွင့်တွေအတွက် မင်နီယာပိုလိစ်ရဲဌာကိုလည်း စုံစမ်းမှုတွေ စတင်လုပ်ဆောင်နေပြီလို့ဆိုပါ တယ်။

Ref: CBS News

You may also like these stories:

ထရမ့်ရဲ့ စစ်တပ် ချထားမယ့် အစီအစဉ် ဝေဖန်ခံရ

အိန္ဒိယက ဆင်သေဆုံးမှုအပေါ် အနုပညာရှင်များ ပြစ်တင်ရှုတ်ချ

ပေါက်ကွဲပစ္စည်း ထည့်ထားတဲ့ နာနတ်သီးကြောင့် ကိုယ်ဝန်ဆောင်ဆင် သေဆုံးခဲ့ရ

The post ဂျော့ဖလွိုက်သေဆုံးမှုအတွက် ရဲ ၃ ဦးကို တရားစွဲဆို appeared first on ဧရာဝတီ.

ဧရာဝတီတိုင်း၌ မေလအတွင်း လေပြင်းတိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ပျက်စီး

$
0
0

ဧရာဝတီတိုင်း ဒေသကြီးတွင် ပြီးခဲ့သည့် မေလအတွင်း လေပြင်း တိုက်ခတ်မှု ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်ပေါင်း ၆၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကာ လူဦးရေ ၂၀၀၀ ကျော် လေဘေးသင့်ခဲ့ကြောင်း သတင်း ရရှိသည်။

လေပြင်းတိုက်ခတ်မှုများမှာ ညောင်တုန်း၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ရေကြည်၊ ကြံခင်းနှင့် မြန်အောင်မြို့နယ်များတွင် ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်ပေါင်း ၅၅၃ လုံးမှာ အမိုးလန် ပျက်စီးခဲ့သလို နေအိမ် ၉၂ လုံးမှာ လုံးဝပြိုကျပျက်စီးခဲ့ကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက “ဧရာဝတီတိုင်း အတွင်းမှာ မေလအတွင်း လေပြင်းတိုက်ခတ်မှု ၄၅ ကြိမ် ဖြစ်ပွားခဲ့တယ်။ လေဘေးသင့်တဲ့ ပြည်သူတွေကို လူဦးရေ အလိုက် ဆန်နဲ့ အခြား ရိက္ခာတွေ ထောက်ပံ့ပေးထားပါတယ်။ ဒါ့ပြင် ထိခိုက်ပျက်စီး ပြိုကျတဲ့အိမ်တွေကို ပြန်လည် တည် ဆောက်နိုင်ဖို့အတွက် ဦးစီးဌာနက သတ်မှတ်တဲ့ နှုန်းထားအတိုင်း ကူညီထောက်ပံ့ပေးထားပါတယ်” ဟု ဧရာဝတီကို ပြော သည်။

လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ထောင်စုပေါင်း ၆၄၀ စုမှ လူဦးရေ ၂၄၅၆ ဦး လေဘေးသင့်ခဲ့ပြီး လဲပြိုသွားသည့် သစ် သားနေအိမ်များအတွက် နေအိမ်ပြင်ဆင်စရိတ် ငွေကျပ်၂ သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ ဝါးဓနိအိမ်များ အတွက် ပြင်ဆင်စရိတ် ငွေကျပ် ၁ သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ အမိုးလန်သွားသည့် အိမ်များအတွက် နေအိမ်အခြေအ နေအပေါ် မူတည်၍ ငွေကျပ် ၁ သောင်းမှ ၉ သောင်းအထိ ကူညီထောက်ပံ့ပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်တွင် မေလ ၂၆ရက်က လေပြင်းတိုက်ခတ်၍ အိမ် ၄၇လုံး အမိုးလန်ပျက်စီးရာ နယ်မြေခံ တပ်မတော်သားများက ရှင်းလင်းရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ဧရာဝတီတိုင်း၌ ယခုနှစ် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း လေပြင်းတိုက်ခတ်မှုများအပြင် မိုးကြိုးပစ်ခတ်မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ အိမ်မဲနှင့် ကျောင်းကုန်းမြို့နယ်တို့မှ လူ ၇ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ညွန်ကြားရေးမှူး ဦးသန်းစိုးက “မိုးကြိုးပစ်ခံရလို့ သေဆုံးသူ အများစုဟာ လယ်ယာ လုပ်ငန်းခွင်ထဲမှာ အပစ်ခံရတာများပါ တယ်။ ဒါကြောင့် တောင်သူလယ်သမား ဦးကြီးတွေအနေနဲ့ လယ်ယာ လုပ်ငန်းခွင် လုပ်ကိုင်သွားလာချိန်မှာ မိုးကြိုး အန္တရာယ်ကို သတိပြုကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် မိုးကြိုးပစ်ခံရ၍ သေဆုံးပါက လူ ၁ ဦးလျှင် ၃ သိန်း ကျပ်နှုန်း ထောက် ပံ့ပြီး ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသရသူများကို ၅ သောင်းကျပ် ထောက်ပံ့ထားကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၁၈ ခုနှစ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ် ၆ ခု၌ နေအိမ် ၄၀၀၀ ကျာ် ထိခိုက် ပျက်စီးခဲ့ပြီး၂၀၁၉ ခုနှစ်၏ မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း အိမ်ခြေ၂ဝဝဝ နီးပါး ထိခိုက်ပျက်စီးခဲ့ ကာ လူပေါင်း ၇၉၀၀ ကျော် လေဘေးအန္တရာယ် ကြုံတွေ့ခဲ့ကြောင်း အဆိုပါ ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

မုတ်သုံနောက်ကျ၍ စိုက်ပျိုးရေး အခက်တွေ့နိုင်

ရခိုင် စစ်ရှောင်စခန်းများ မုန်တိုင်းနှင့် ရာသီဥတုဒဏ် စိုးရိမ်နေ

The post ဧရာဝတီတိုင်း၌ မေလအတွင်း လေပြင်းတိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ပျက်စီး appeared first on ဧရာဝတီ.

Viewing all 26733 articles
Browse latest View live