Quantcast
Channel: ဧရာဝတီ
Viewing all 26733 articles
Browse latest View live

ပဋိပက္ခ ထောင်ချောက်များကို ဂရုစိုက်ကြရန် သမ္မတ သတိပေး

$
0
0

ပြည်သူများအနေဖြင့် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲသို့ မဝင်မိစေရန်နှင့် အာရုံ ပြောင်း လမ်းကြောင်းလွှဲသည့် အဖြစ်အပျက်များအား သတိပြုကြစေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ နှစ်သစ်ကူးမိန့်ခွန်း ပြောကြားရာတွင် သတိပေးလိုက်သည်။

NLD အစိုးရအနေဖြင့် မည့်သည့် စိန်ခေါ်မှု အကြပ်အတည်း အခက်အခဲများ ရှိနေသည်ဖြစ်စေ ပြည်သူလူထု၏ နားလည် စာနာမှု၊ ပူးပေါင်း ပါဝင်မှု၊ ကူညီပံ့ပိုးမှုများနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုခရီးကို ကျော်လွှား အောင်မြင်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောသည်။

ထို့အတူ “ပြည်သူလူထုကြီးကလည်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခ ထောင်ချောက်ထဲသို့ မဝင်မိစေရန် ဂရုစိုက်ကြစေလိုပါတယ်။ မိမိတို့အား အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက် တွေကိုလည်း သတိပြုကြစေလိုပါတယ်။ လှုံ့ဆော်ဖန်တီးမှုတွေ ကိုလည်း စိတ်ခံစားမှုဖြင့် မတုံ့ပြန် မိကြရန် သတိရှိကြစေလိုပါတယ်” သမ္မတ က သတိပေးသည်။

အစိုးရအနေဖြင့် ပြည်သူလူထုအကျိုးစီးပွား တိုးတက်ရေးအတွက် “တည်ငြိမ်မှုကို မထိခိုက်စေ၊ အပြောင်းအလဲ တွေလည်း ဖြစ်ပေါ်စေ” ဟူသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လှုံ့ဆော်ဖန်တီမှုများအား စိတ်ခံစားမှု ဖြင့် မတုံ့ပြန်မိကြရန်လည်း ထပ်မံသတိပေးခဲ့သည်။

ရာစုနှစ်ထက်ဝက်ကျော် အသားကျစွဲကပ်နေသည့် အတွေးအခေါ်၊ အလေ့အကျင့်၊ လုပ်နည်းလုပ်ဟန်များအား ဘေးဖယ်ကာ ပြည်သူများ၏ အတွေးအမြင်သစ်များ၊ စာနာ နားလည်မှုများ၊ ပူးပေါင်းကူညီမှုများဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုခရီးကို ကျော်လွှားအောင်မြင်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်းလည်း သမ္မတက ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍လည်း နိုင်ငံတကာတွင် ဖိအားပေးပြစ်တင်မှုများ၊ အရေးယူရန် ကြိုး ပမ်းမှုများအား ရင်ဆိုင်ဖြေရှင်းနေရပြီး လုံခြုံရေးကျိုးပေါက်မှုနှင့်  တိုက်ပွဲဖြစ်စဉ်များ၊ စစ်ဘေးရှောင် ပြည်သူများ အရေးစသည်တို့မှာလည်း စုပေါင်းအင်အားကိုဖြစ်ပေါ်စေသည့် အခွင့်အလမ်းကောင်းများ မှတ်ယူလိုကြောင်း လည်း ပြောခဲ့သည်။

သမ္မတ မိန့်ခွန်း ကောက်နှုတ်ချက် (ဓာတ်ပုံ – Myanmar President Office)

အစိုးရသက်တမ်း ၃ နှစ်တာ ကာလအတွင်းမှာလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၅၈၄) ခု (တန်ဖိုး အမေရိ ကန် ဒေါ်လာ ၁၅.၉၉ ဘီလီယံ) နှင့် နိုင်ငံသားရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၃၅၉) ခ ု(တန်းဖိုးကျပ် ၇၃၉၀.၃၄ ဘီလီယံ) တို့ကိုလည်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်က စိစစ်ခွင့်ပြုပေးနိုင်ခဲ့ကြောင်းလည်း ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပထမခြောက်လပတ်တွင် စီးပွားရေးတိုးတက်မှု ၆.၅ ရာ ခိုင်နှုန်းရှိခဲ့ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်(LCD) မှလွတ်မြောက်ရေး စံသတ်မှတ်ချက် ၃ လုံးအား ပထမ ဆုံးပြည့်မီခဲ့သည့် တိုးတက်မှုရခဲ့ကြောင်းလည်း သမ္မတကပြောခဲ့သည်။

ကဏ္ဍစုံပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရာတွင် အစိုးရအပေါ် အားမလိုအားမရဖြစ်မှုနှင့် အချို့ကဏ္ဍများ တွင် ပြည်သူများမျှော်လင့်သလောက် ဖြည့်ဆည်းနိုင်ခြင်းမရှိသေးသော်လည်း အတိုင်းအတာတခုအထိ တိုး တက်မှုရှိခဲ့ကြောင်း ပြောဆိုနိုင်ပြီး တာဝန်ယူ၊ တာဝန်ခံမှု မရှိသူအဆင့်ဆင့်အား အရေးယူဆောင်ရွက်မှုများ လည်း ပြုလုပ်နိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

ထို့ပြင် ပြုပြင်ပြောင်းလဲရေးအတွက် နှောင့်နှေးနေသည့် ဌာနများအား အရှိန်အဟုန်ဖြင့် ကြပ်မှတ်လုပ်ဆောင်နေ သကဲ့သို့ တရားစီရင်ရေးမဏ္ဏိုင်အား အများယုံကြည်လေးစား အားကိုရာဘက်မလိုက်သည့် တရားစီရင်ရေးစနစ် ဖြစ်ရေး လိုအပ်သလိုပြုပြင်ပြောင်းလဲဆောင်ရွက်လျှက်ရှိသည့်အပြင် ပြည်သူများနှင့် ထိတွေ့ဆက်ဆံရသည့် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့ သည်မှာလည်း ထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုဖြစ်ကြောင်း ၎င်းကပြောသည်။

ခေတ်အဆက်ဆက်အမြစ်တွယ်ပြီး ကာလရှည်ဝေဒနာတရပ်ဖြစ်နေသည့် အဂတိလိုက်စားမှုအား တိုက်ဖျက်ရာ တွင်လည်း တရားဥပဒေနှင့်အညီ ကျောသားရင်သားမခွဲခြားဘဲ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွား တခုတည်းရှေးရှု ကာ ဆောင်ရွက်လျှက်ရှိနေကြောင်းလည်း သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

The post ပဋိပက္ခ ထောင်ချောက်များကို ဂရုစိုက်ကြရန် သမ္မတ သတိပေး appeared first on ဧရာဝတီ.


မွန်ပြည်နယ် စသုံးလုံး ညွှန်ကြားရေးမှူးအိမ် ဖောက်ထွင်းခံရ

$
0
0

မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း နေအိမ်ဖောက်ထွင်း ခံရပြီး လက်ဝတ်ရတနာများနှင့် ကျပ်ငွေသိန်း ၈၀ ခန့် ပါသွားကြောင်း သတင်းရရှိသည်။

မော်လမြိုင်မြို့၊ တောင်ရိုးတမ်းလမ်းတွင် နေထိုင်သော ဦးမျိုးဇော်ဝင်၏ ဇနီးနှင့် တပည့်များသည် ဧပြီ ၁၅ ရက် ညနေ ၃ နာရီက ရွှေတောင်ကုန်း ဘုန်းကြီးကျောင်းသို့ သွားရောက်နေချိန်တွင် အိမ်ဖောက်ထွင်း ခံလိုက်ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

ဦးမျိုးဇော်ဝင်း ၏ ဇနီး ဒေါ်ခင်မျိုးအေး က “ကျမ ပန်းထိန်ဆရာပါ၊ ဒီပစ္စည်းတွေက အဖေ့လက်ရာတွေပါ၊ ရှေးယခင်လက်ရာတွေပါ၊ အဖေက ပန်းထိန်ကို ရပ်နားတာက နှစ် ၂၀ ကျော်ပြီး၊ အဖေက သူမဆုံးခင်ပေါ့၊ သူကလည်း အသက်ကြီးပြီးဆိုတော့ မြေးတွေအတွက် ပေးထားတာ၊ အခုပါသွားတာက ဘိုးဘွား အမွေတွေ ဖြစ်တယ်၊ အပူစာတွေ မဟုတ်ပါဘူး၊ ကျမ မိဘရဲ့ အအေးစာပါ”ဟု ရှင်းပြသည်။

ဖောက်ထွင်းခံရသော လက်ဝတ်ရတနာများတွင် ၃ ကျပ်သား ရွှေဆွဲကြိုး ၃ ကုံး၊ ၁ ကျပ်သား ရွှေဆွဲကြိုး ၁၀ ကုံး၊ ၅ မူးသား စိန်လက်စွပ် ၃ ကွင်း၊ ၂ ကျပ်သား အခေါက်ရွှေလက်စွပ် ၁ ကွင်း၊ ၁ ကျပ်သား ပုလဲဆွဲကြိုး ၂ ကုံး၊ ၁ ကျပ်သား ပတ္တမြားဆွဲကြိုး ၁ ကုံး၊ ၁ ကျပ်သား အခေါက်ရွှေလက်ကောက် ၁ ကွင်း၊ ရွှေဆွဲသီး ၂၈ ခု (စုစုပေါင်း ၂ ကျပ်သား)၊ ရွှေလက်စွပ် ၉ ကွင်း (စုစုပေါင်း ၂ ကျပ်သား)၊ နားကပ် ၆ ရံ (စုစုပေါင်း ၂ ကျပ်သား)၊ ရွှေပန်းလက်ကောက် ၁၂ ကွင်း (စုစုပေါင်း ၈ ကျပ်သား) အပြင် ကျပ်ငွေ သိန်း ၈၀ ကျပ်နှင့် Sumsung Galaxy Note 9 ဖုန်း ၁ လုံးတို့ ပါဝင်ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားသည့် နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က အိမ်ရှင်များ ပြန်လည်ရောက်ရှိခဲ့စဉ် နေအိမ် အပေါ်ထပ်၌ အိမ်ခန်း ၂ ခန်းမှာ တံခါးပွင့်နေပြီး မြောက်မီး၊ မြောက်လက်များ ဖျက်ဆီးထားသည်ကို တွေ့ရှိခဲ့သည့်အပြင် အခန်း ၂ ခန်းရှိ မျက်နှာကျက် ၁ ကွက်စီဖောက်ထားကာ ကျောက်ပြားများ ပြုတ်ကျနေသည်ကို တွေ့ရှိခဲ့ရခြင်း ကြောင့် နေအိမ်ဖောက်ထွင်းခံရသည်ကို သိရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နေအိမ်ဖောက်ထွင်းသူများမှာ အိမ်တွင်တပ်ဆင်ထားသော CCTV မှတ်တမ်းစက် အထိုင်ကိုပါ ဖြုတ်ယူသွားကြသည်ဟု သိရသည်။

ယင်းကိစ္စကြောင့် နေအိမ်တွင်း ဖောက်ထွင်းမှု ကျူးလွန်သူကို စုံစမ်းဖော်ထုတ် စစ်ဆေးအရေးယူပေးပါရန် မုပွန်နယ်မြေ ရဲစခန်းထံ ဧပြီ ၁၆ ရက်နေ့တွင် ဦးမျိုးဇော်ဝင်း၏ တပြည့်ဖြစ်သူ ဦးသက်ခိုင်ဦးမှ တရာလိုပြုလုပ်၍ တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် ဖောက်ထွင်းသူများကို မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၁၅၈၆/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၄ အရ အမှုဖွင့်ထားကာ မုပွန်နယ်မြေစခန်းမှူး ဒုရဲမှူး သန့်ဇင်က အမှုစစ်ဆေးစုံစမ်းနေကြောင်း သိရသည်။

The post မွန်ပြည်နယ် စသုံးလုံး ညွှန်ကြားရေးမှူးအိမ် ဖောက်ထွင်းခံရ appeared first on ဧရာဝတီ.

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် မူးယစ်ဖြင့် ကျနေသူ အများစု လွတ်မည်

$
0
0

မြန်မာ နှစ်သစ်ကူး နှစ်ဆန်း တရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေမည့် အကျဉ်းသား စာရင်းထဲတွင် မူးယစ်မှုဖြင့် ထောင်ကျနေသူများ အများစုလွတ်မြောက်မည် ဖြစ်ကြောင်း အကျဉ်းဦးစီး ဌာနထံမှ စုံစမ်းသိရှိရသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တနိုင်ငံလုံးရှိ ကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၉၅၃၅ ဦးနှင့် နိုင်ငံခြားသား ၁၆ ဦး လွှတ်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ယနေ့ ရက်စွဲဖြင့် တရားဝင် ထုတ်ပြန် ထားပြီး အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးနေပြီဖြစ်သည်။

သို့သာ်လည်း ယင်းသို့လွှတ်ပေးသည့် အထဲမှ အများစုသည် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေကြရသူ အများစုဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က အတည်ပြုသည်။

ဦးမင်းထွန်းစိုး က “မူးယစ်မှုနဲ့ ထောင်ကျခံရသူတွေက အများစုပါဝင်ပါတယ်။ စာရင်းအတိအကျတော့ ကျနော် အလွတ်မရပါဘူး။

အင်းစိတ်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေကြသူများ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

အင်းစိန်ထောင်က လွှတ်တဲ့သူတွေ ဘယ်လောက်လဲ ကျနော်အခု မပြောနိုင်သေးပါဘူး။ လွတ်မယ့်စာရင်းက ဒီမနက်မှ ကျနော်တို့ရတဲ့အတွက် အလုပ်တွေများနေလို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၇၀၀ ကျော် လွတ်မြောက်မည်ဖြစ်ပြီး ထိုအထဲတွင် နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်အပြစ်ပေးခံထားရပြီး ယခုနှစ် ကမ္ဘာ့စာနယ်ဇင်းလောကတွင် အမြင့်ဆုံး ဆုဖြစ်သည့် ပူလစ်စာဆုရခဲ့သူများဖြစ်သည့် ရိုက်တာသတင်းထောက် ကိုဝလုံး(ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး တို့ ၂ ဦး ပါဝင်မည် မဟုတ်ဟုဆိုသည်။

ထို့အပြင် ထောင်ဒဏ် ၂ နှစ်ခွဲ ကျခံနေရသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့လည်း လွတ်မြောက်မှုတွင် မပါဝင်ကြောင်း အင်းစိန် ထောင်မှူးကြီး ဦးဇော်ဇော်က ဧရာဝတီသို့ ပြောသည်။

အင်းစိတ်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေကြသူများ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးသည် သတင်းထာက်များပီပီ သတင်းအလုပ်ကိုသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သဖြင့် အပြစ်လည်းမရှိကြောင်း မူလကတည်းက အမှုမလုပ်သင့်သည်ကို အမှုလုပ်ပြီး တရားစွဲ ပြစ်ဒဏ် ပေးခံထားရသည့် အမှုဖြစ်ပြီး ယနေ့ လွတ်ငြိမ်းစာရင်းတွင် မပါလာသည့် အတွက်လည်း မအံသြတော့ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး ဦးမြင့်ကျော် က ပြောသည်။

ဦးမြင့်ကျော် က “ဝလုံးတို့ဟာမှာ သူတို့ (အစိုးရ) ဘက်က နိုင်ငံရေးအမှုလို မယူဆထားပုံရတယ် ပြစ်ဒဏ်ကလည်း အများကြီးကျန်သေးတယ် နောက် အယူခံကလည်းတင်ထားတာ မဆုံးဖြတ်ရသေးတော့ မလွတ်တာနေမှာ” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ အေးမောင်၏ သားလည်းဖြစ် ရသေ့တောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် ဦးတင်မောင်ဝင်း က “ဒေါက်တာ အေးမောင်ကို တရားစွဲထောင်ချတဲ့ ပုဒ်မကိုက သူတကယ်လုက်ခဲ့လိုလား ဆိုတာ အစထဲက မေးခွန်း ထုတ်စရာပဲဗျာ။ သူပြောတာနဲ့ ပေးတဲ့ ပြစ်ဒက်ကိုက မမျှတခဲ့တာ။ တရားစွဲထောင်ချတာလည်း သူတို့ (အစိုးရ) ပဲ။ လွတ်ငြိမ်းပေးမှာလဲ သူတို့ပဲ။ ဆိုတော့ သူတို့လွှတ်ချင်တဲ့သူတွေကိုပဲ သူတို့လွှတ်မှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့နှစ်ဦးကို နိုင်ငံတော် ပုန်ကန်မှုအတွက် ထောင်ဒဏ် နှစ်၂၀ နှင့် အသရေ ဖျက်မှုအတွက် ထောင်ဒဏ် ၂ နှစ်ကို တပေါင်းတည်းကျခံစေရန် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေ ခရိုင်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

၂၀၁၈ သြဂုတ်လထဲတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ တရားရုံးမထီမဲ့မြင်မှု ထောင် ၆ လ ချမှတ်ခံထားရသည့် ကလေးစစ်သား အောင်ကိုထွေး လွတ်ငြိမ်းတွင် ပါမလာသည့် အတွက် တရားမျှတမှု မရှိဟု ယူဆကြောင်း ယနေ့ အင်းစိန်ထောင်ရှေ့ကို ရောက်ရှိနေသည့် ကိုအောင်ကိုထွေး၏ အမဖြစ်သူ မနေဇာ က ပြောသည်။

အင်းစိတ်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေကြသူများ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မနေဇာ က “အောင်ကိုထွေးနောက်မှ လွတ်ရက် တလကျော် ကြာမယ့် သူက ပြီးခဲ့တဲ့ ဧပြီ ၁၂ နေ့က လွတ်လာတယ် ဒီနှစ် ၁၂ လပိုင်းမှာ အောင်ကိုထွေးက လွတ်ရက်စေ့မှာတောင် အခု မလွတ်ပေးဘူး ဆိုတော့ ဥပဒေက တယောက်နဲ့ တယောက်ကြား ညီမျှမှု မရှိတာပဲ ကျမတို့က တခုခု တောင်းဆိုပြန်လည်း ကျမတို့ကို ပုဒ်မတွေတပ်ပြီး ထောင်ချဦးမယ် တရားဥပဒေဆိုလို့ တရားမယ်လို့ မျှော်လင့်ထားတာ အခုက မတရားဥပဒေတွေပဲတွေ့နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားသော မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် ထောင်ကျခံနေရသည့် အကျဉ်းသား ဦးရေ ၄၆ ဦးရှိသော်လည်း လွတ်မြောက်လာသည့် စာရင်းထဲတွင် အနည်းအကျဉ်းသာ ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) အတွင်းရေးမှူး ဦးဘိုကြည် က ပြောသည်။

ဦးဘိုကြည် က “နိုင်ငံရေးအကျဉ်းသားတွေဆိုတာ လူ့အဖွဲ့အစည်းကို ဖျက်နေတဲ့သူတွေမဟုတ်ပါဘူး။ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို ဖြစ်ပေါ်လာအောင် တည်ဆောက်နေကြတဲ့သူတွေပါ။ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ချင်တယ် ဆိုရင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးသင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “NLD အစိုးရအနေနဲ့ အတိတ်ကသင်ခန်းစာတွေကို ယူသင့်ပါတယ်။ တချိန်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် တို့ကို အခုလို ဖမ်းဆီးခံခဲ့ရပြီးမှ ပြန်လွှတ်ပေးပြီး ပူးပေါင်းဆောင်ရွက်လိုက်လို့ အခုဆို တိုင်းပြည်ဟာ အရွေ့တခုကို ရောက်လာတာပါ။ အဲ့ဒါကြောင့် အခုအစိုးရ အနေနဲ့လဲ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး သင့်တော်တဲ့ သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် တိုင်းပြည်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကောင်းမွန်တဲ့ အဖြေတွေရလာမှာပါ” ဟုလည်း ထောက်ပြသည်။

လက်ရှိ နိုင်ငံတော်သမ္မတ ကိုယ်တိုင် တချိန်က နိုင်ငံရေး အကျဉ်းသား တဦး ဖြစ်ခဲ့သော်လည်း ၎င်းဦးဆောင်နေသည့် အစိုးရလက်ထက်တွင် လွတ်ငြိမ်းပေးရာတွင် နိုင်ငံရေး အကျဉ်းသားများကို ဥပေက္ခာ ပြုခံနေရသကဲ့သို့ ဖြစ်နေကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားမှုဖြင့် ထောင်အကြိမ်ကြိမ်ကျခံခဲ့ရဖူးသူ ဒေါ်လေးလေးက ပြောသည်။

ဒေါ်လေးလေး က “ဘာလဲ ဥပဒေက နှစ်ခုဖြစ်နေတာလား။ အစိုးရက နှစ်ရပ်ဖြစ်နေတာလား။ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို သမ္မတက တိတိကျကျ မလုပ်နိုင်တာလား။ ကျန်တဖက်က နှောက်ယှက်ထားလို့လား။ ဒီလူတွေပဲလွှတ်၊ နိုင်ငံရေး အကျဉ်းသားလို့ ခံယူထားတဲ့သူတွေ ဘာ့ကြောင့်မလွတ်လဲဆိုတာ စဉ်းစားစရာပဲ။ ဒါက သတင်းထောက်တွေ၊ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်တဲ့သဘောလား” ဟု သူဆိုသည်။

ပြည်သူများ တင်မြှောက်ထားသော ဒီမိုကရေစီ အစိုးရလက်ထပ်တွင် အကျဉ်းထောင်များ အတွင်း၌ နိုင်ငံရေးအကျဉ်းသား တဦးမှ မရှိသင့်တော့ကြောင်း၊ ယနေ့လွတ်မြောက်မှုထဲတွင် အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ မပါဝင်မှုက အစိုးရအနေဖြင့် အသုံးမကျသည့် လုပ်ဆောင်မှုဖြစ်ကြောင်း ပြီးခဲ့သည့် ၂ ပတ်ကမှ အင်စိန်ထောင်မှ လွတ်မြောက် လာသည့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ MDCF မှ ဗဟိုလုပ်ငန်းကော်မတီဝင် ဦးတင်မောင်ကြည်က ပြောသည်။

The post သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် မူးယစ်ဖြင့် ကျနေသူ အများစု လွတ်မည် appeared first on ဧရာဝတီ.

UWSA ငြိမ်းချမ်းရေး နှစ် ၃၀ အခမ်းအနားသို့ ဦးခင်ညွှန့်လည်း သဝဏ်လွှာပို့

$
0
0

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားသို့ တပ်မတော် အစိုးရလက်ထက် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးခင်ညွှန့် ကလည်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ပန်ဆန်းမြို့တွင် ကျင်းပသော အဆိုပါအခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့သော်လည်း ဦးခင်ညွှန့် ကိုယ်တိုင်တော့ တက်ရောက်နိုင်ခြင်းမရှိပေ။ သို့သော်လည်း ၂ မျက်နှာကျော် ရှိသည့် သဝဏ်လွှာကို ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့် က ဖတ်ကြားခဲ့သည်။

သဝဏ်လွှာထဲတွင် “အန္တရာယ်များကြားမှ ခက်ခက်ခဲခဲကြိုးပစားရယူခဲ့ရသော ငြိမ်းချမ်းရေးအား ဆက်လက်တည်တံ့ ခိုင်မြဲစေရန် ထိန်းသိမ်းရုံသာမက ထာဝရငြိမ်းချမ်း၍ သာယာဝပြောသော ပြည်ထောင်စုကြီးဖြစ်ရန် ဝ ခေါင်းဆောင်များ၊ ဝ ပြည်သူများ အနေဖြင့် လက်ရှိ အစိုးရ၊ တပ်မတော်တို့နှင့် ပူးပါင်းပါဝင် ဆွေးနွေးကြပါရန်” တိုက်တွန်းထားသည်။

သဝဏ်လွှာ ဖတ်ကြားခဲ့သော ဦးစန်းပွင့်သည် ဦးခင်ညွှန့် အာဏာရှိစဉ်က လူယုံတယောက်ဖြစ်ခဲ့ပြီး ဦးခင်ညွှန့် နှင့် အတူ ထောက်လှမ်းရေး အဖွဲ့ဝင်တချို့ အာဏာအလွဲသုံးစားမှုဖြင့် အဖမ်းခံရစဉ်မှာ ပါဝင်သွားပြီး သရက်ထောင်တွင် အနှစ် ၄၀ ကျော် ထောင်ဒဏ်ကျခံထားခဲ့ရမှ သမ္မတ လွတ်ငြိမ်း ချမ်းသာဖြင့် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလား အဖွဲ့ (NDAA) နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်အဖွဲ့ (MNDAA) တို့သည် ဦးခင်ညွှန့် တာဝန်ယူစဉ်က ဆက်ဆံရေးကောင်းများ ရှိထားသည့် အဖွဲ့များ ဖြစ်သည်။

ထို အဖွဲ့များထဲမှ UWSA နှင့် NDAA တို့သည် ၁၉၈၉ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များရရှိထားသည့် အဖွဲ့များဖြစ်သည်။ ၎င်းတို့သည် ဦးခင်ညွှန့် အပေါ် ယခုအချိန်အထိ အသိအမှတ်ပြုမှုများ ရှိနေဆဲဖြစ်သည်။

ရန်ကုန်မြို့ ကျိုက္ကဆံ ဘောလုံးကွင်းတွင် ယခုနှစ်ဆန်းပိုင်းက ကျင်းပခဲ့သော “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” အခမ်းအနားသို့ ရောက်ရှိ လာကြသည့် “ဝ” စာပေနှင့် ယာဉ်ကျေးမှု အဖွဲ့များသည် ဦးခင်ညွန့်ကို သွားရောက် တွေ့ဆုံခဲ့ကြပြီး ၎င်းတို့ သတိရနေဆဲ ဖြစ်ကြောင်း ပြသခဲ့ကြသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး ယူခဲ့သည့် UWSA အနေဖြင့် ထိုစဉ်က ဆက်ဆံရေးကောင်းများ ရှိထားခဲ့ခြင်းကြောင့် ဦးခင်ညွှန့် အပေါ် အလေးထား ဖိတ်ကြားခဲ့ပုံရကြောင်း နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုး က သုံးသပ်သည်။

သဝဏ်လွှာ ဖတ်ကြားပေးခဲ့သော ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့် (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

ဦးမောင်မောင်စိုး က “အပြန်အလှန် နုတ်ကတိတွေနဲ့ အလုပ်လုပ်လို့ရတဲ့လူအဖြစ် ကတိတည်တဲ့ လူအဖြစ် ဆက်ဆံရေး ကောင်းရှိထားတဲ့ အပေါ်မှာလည်း ဝက ဦးခင်ညွှန့်ကို ဖိတ်တာလည်းဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

သို့သော်လည်း “ဦးခင်ညွှန့် အနေနဲ့ကလည်း ဝနဲ့ပတ်သက်ပြီး ဂုဏ်ယူချင်ပုံရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာတော့ ဦးခင်ညွှန့် အခန်းကဏ္ဍကတော့ မရှိတော့ဘူးလို့ ထင်ပါတယ်” ဟု ဆက်ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု လူထု ဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့၍ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရခြင်းမှ စခဲ့သော စစ်အုပ်ချုပ်ရေး စနစ်အတွင်း နာမည်ဆိုးဖြင့် ကျော် ကြား ခဲ့သော စစ်ထောက်လှမ်းရေး ဌာန ခေါင်းဆောင် ဖြစ်သည်။

သူ၏ စစ်ထောက်လှမ်းရေး တပ်ဖွဲ့များသည် မြန်မာနိုင်ငံတလွှားမှ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ဖမ်းဆီး နှိပ်စက် ခြင်းနှင့် ထောင်ချခြင်းတို့ အတွက် အဓိက တာဝန်ရှိခဲ့သည်။

ထိုသို့ ရက်စက် ကြမ်းတမ်းမှုများကြောင့် ဦးခင်ညွန့်ကို Prince of Evil မိစ္ဆာမင်းသားဟု ဒေသတွင်း လွတ်လပ်သော သတင်း ဌာနများက အမည်ပေးခဲ့ကြသည်။

ဦးခင်ညွန့်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရ အဆက်ဆက်တွင် အတွင်းရေးမှူး (၁)၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး၊ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ စသည့် ထိပ်တန်း ရာထူးများဖြင့် တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်သည်။

၎င်းကို ၂၀၀၄ ခုနှစ်တွင် တပ်မတော်အစိုးရက အဂတိလိုက်စားမှု၊ တာဝန် အလွဲသုံးစားလုပ်မှု စသည့် စွဲချက်များဖြင့် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သူဖြစ်သည်။

The post UWSA ငြိမ်းချမ်းရေး နှစ် ၃၀ အခမ်းအနားသို့ ဦးခင်ညွှန့်လည်း သဝဏ်လွှာပို့ appeared first on ဧရာဝတီ.

UWSA ကို အခြား လက်နက်ကိုင် အဖွဲ့များ အားကျနေ

$
0
0

“ဝ”ကို အားကျသဖြင့် “ဝ”ဒေသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်သည်ဟု တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာခူလန်းက ပြောသည်။

ရှမ်းပြည်နယ်၊ အရှေ့မြောက်ဒေသ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်၊ ပန်ဆန်းမြို့တွင် ကျင်းပနေ သည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားသို့ တတ်ရောက်လာစဉ် ဗိုလ်မှူးချုပ် တာခူလန်းက ဧရာဝတီကို ပြောဆိုခြင်း ဖြစ်သည်။

TNLA သည် UWSA ၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားပြီး ခန့်မှန်းအင်အား ၇၀၀၀ ခန့် ရှိသည်။ ပလောင်ပြည်နယ်ရရှိရေးအတွက်လည်း လှုပ်ရှားလျက်ရှိသည့် အဖွဲ့ ဖြစ်သည်။

ဗိုလ်မှူးချုပ် တာခူလန်းက “သိပ်အားရတယ်။ ဒီလိုဖြစ်အောင် အဖွဲ့တိုင်းက လုပ်ချင်တယ်။ လိုချင်တယ်။ သူတို့လို ပုံစံမျိုး လိုချင်ပါတယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေးရယူပြီး နှစ် ၃၀ အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကာ ဖွံ့ဖြိုးတိုးတတ်အောင် အဘက်ဘက်မှ လုပ်နိုင်သည့် အခြေအနေကို သဘောကျသဖြင့် UWSA ကဲ့သို့ ရအောင် ကြိုးစားမည်ဟုလည်း ဗိုလ်မှူးချုပ် တာခူလန်းက ဆိုသည်။

“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် နှစ် ၃၀ ကြာမြင့်သည်အထိ ခိုင်မာနေသော်လည်း UWSA က တပ်ဖျက်သိမ်းခြင်း၊ လက်နက်ဖြုတ်သိမ်ခြင်း မရှိသည့်အပြင် တပ်အင်အားနှင့် လက်နက်အင်အား လျော့ကျခြင်းမရှိဘဲ ခေတ်မှီလက်နက်များ အဆင့်ဆင့် တိုးမြှင့်ပြောင်းလဲလာနိုင်သည့် အပေါ်တွင်လည်း ဗိုလ်မှူးချုပ်တာခူလန်းက “သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့။ ကျနော် အဲ့လိုပဲ မြင်တယ်။ သူတို့လိုပဲ ကြိုးစားချင်တယ်”ဟု ပြောသည်။

UWSA ၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ရက္ခိုင်စစ်တပ် (AA) ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း UWSA ရရှိထားသည့် အုပ်ချုပ်ရေးအာဏာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေအနေများကို သဘောကျကြောင်း၊ “ဝ”ကဲ့သို့ ဖက်ဒရယ်ထက်အဆင့်မြင့်သည့် မိမိတပ် မိမိလက်အောက် ထား ရှိရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်များရှိသည့် ကွန်ဖက်ဒရိတ်အခြေအနေမျိုးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ထားထားကြောင်း ဧရာဝတီကို ပြောဆိုထားသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP)၊ ဒုဥက္ကဌ ဦးနိုင်ဟံသာကလည်း ပန်ဆန်းမြို့ကို ၆ ကြိမ်ရောက်ဖူးပြီး တနှစ်ထက်တနှစ် တိုးတတ်လာသည်ကို မြင်ရသည်ဟု ပြောသည်။

“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များအနက် UWSA က ကိုယ့်မြို့၊ ကိုယ့်ရွာ တည်ထောင်နိုင်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသည်မှာ အဆင့်မြင့်သည့် အခြေအနေဖြစ်သည်ဟုလည်း ဦးနိုင်ဟံသာက ဆိုသည်။

ဆက်လက်၍ ဦးနိုင်ဟံသာ က “တိုင်းရင်းသားတွေက အားကျတယ်ဆိုတာက ဝနယ်လို့ သတ်မှတ် လိုက်ပြီးတော့ စစ်တပ်က လုံးဝ မဝင်ဘူး။ ဝန်ထမ်းတွေဆိုလည်း  သိရသလောက် ကျောင်းဆရာတွေနဲ့ ဆေးဆရာတွေပဲ ရှိတယ်။ သဘောကတော့ ဝ နယ်မြေက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝနဲ့ ဖြစ်နေတဲ့ အပေါ်မှာ တချို့အင်အားစုတွေလည်း ကြိုက်တာပေါ့။ သူ့လိုဖြစ်ချင်တာပေါ့”ဟု ပြောသည်။

UWSA သည် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့်အခမ်းအနားကို ယနေ့မနက်ပိုင်း ၄ နာရီခွဲခန့်က စတင်ကျင်းပပြီး နိုင်ငံတော်အလံ၊ “ဝ”ဒေသအလံ လွှင့်ထူပြီး နိုင်ငံတော်သီချင်းနှင့် “ဝ”ဒေသ သီချင်းတို့ကို သီဆိုကာ တပ်သားအင်အား ၇၆၀၀ ခန့်က စစ်အင်အား ပြခဲ့သည်။

အခမ်းအနားတွင် ယူနီဖောင်းဝတ် စစ်သားများအပြင် အရပ်သား “ဝ”လူမျိုး ဒေသခံ ၈၇၀၀ ကျော်ကလည်း ရိုးရာဝတ်စုံများဖြင့် ကပြခြင်း၊ ရိုးရာဓလေ့များကို ပြသခဲ့ကြသည်။ “ဝ”ဒေသမှ မဟုတ်ပဲ ပြင်ပမှ လာရောက်သည့် ဧည့်သည်  ၃၇၀၀ ခန့်လည်း ပန်ဆန်းမြို့သို့ ရောက်ရှိနေသည်။

“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

စစ်ရေးပြအခမ်းအနားတွင် လေယာဉ်ပစ်စက်သေနတ် ၁၂ လက်၊ မောင်းသူမဲ့လေယာဉ် ၄ စင်း၊ စနိုက်ပါ တပ်သားများ၊ မြေပြင်မှ ဝေဟင်ဒုံးပစ်၊ အကြီးစားအမြှောက်များနှင့် လက်နက်များကို အခမ်းအနားသို့ တတ်ရောက်လာသူများ ကြည့်ရှုနိုင်ရန် လှည့်လည် ပြသခဲ့သည်။

စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် အမြှောက်တပ်သည် “ဝ”ဒေသ၏ မဟာဗျူဟာမြောက် ကြီးမားသည့် အင်အားတရပ်ဖြစ်ပြီး အမြှောက်တပ်ဖွဲ့မှာ ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်ပြီး “ဝ”ဒေသ လုံခြုံမှုနှင့် တိုးတတ်ပြောင်းလဲမှုအတွက် အင်အားတခုဖြစ်သည်ဟု UWSA ဘက်မှ ထုတ်ဖော်ပြောဆိုသွားသည်။

စစ်ရေးပြအခမ်းအနားတွင် တရားစီရင်ရေးဆောင်ရွက်သည့် ရဲတပ်သားများအပြင် UWSA ၏ အစိမ်းရောင် ပန်းပွင့် များဟု တင်စားခေါ်ဝေါ်သည့် စစ်သမီးများကလည်း စစ်ရေးပြခဲ့သည်။

UWSA က စစ်သမီးများသည် “ဝ”ဒေသ၏ ကာကွယ်ရေးနှင့် တည်ဆောက်ရေး၊ ကျားမ တန်းတူရေး အခန်း ကဏ္ဍတို့တွင် ကိုယ်စားပြု ပါဝင်ကြသူများဖြစ်သည်ဟု ဆိုသည်။

UWSA သည် ဒေသတွင်း အုပ်ချုပ်မှုဌာနအဆင့်ဆင့်နှင့် ဒေသတွင်း အသုံးပြုသည့် ဆိုင်းဘုတ်များ၊ ကြေငြာချက်များတွင် “ဝ”ပြည်နယ်၊ “ဝ”ပြည်သူ့အစိုးရဟုသာ သုံးစွဲသည်။

UWSA သည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို အခြေခံဥပဒေထဲတွင် ပြည်နယ်အဆင့် သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုနေသော်လည်း ပြေလည်ခြင်းမရှိသေးပါ။

ယခုပွဲအခမ်းအနားကိုလည်း UWSA ဘက်မှ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဖိတ်ကြားသော်လည်း တတ်ရောက်ခြင်းမရှိပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူများက UWSA ဘက်မှ ဖိတ်ကြားသည့် ဖိတ်စာတွင် “ဝ”ပြည်နယ်၊ “ဝ”ပြည်သူ့ အစိုးရ ဟူ၍ ရေးသားထားခြင်းကြောင့် မတတ်ရောက်ခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်နေကြသည်။

“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

“ဝ”ဒေသအတွင်း UWSA တပ်ပိုင်းဆိုင်ရာအကြီးအကဲများက ဓနအင်အားကြီးကာ ငွေကြေး ချမ်းသာကြွယ်ဝပြီး အောက်ခြေလူထုနှင့် ဆင်းရဲချမ်းသာ ကွာဟလွန်းသည်ဟု တိုင်းရင်းသား နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ရှိသည်။

တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက ထိပ်ပိုင်းခေါင်းဆောင်များနှင့် လူထုအကြား ဆင်းရဲချမ်းသာကွာဟမှုမှာ “ဝ”ဒေသတခုတွင်သာ ရှိခြင်းမဟုတ်ပဲ ဗမာပြည်မအစိုးရခေါင်းဆောင် များနှင့်လူထုကြားတွင်လည်း ရှိပြီး “ဝ”ထက် ပြည်မခေါင်းဆောင်များနှင့်လူထု၏ ဆင်းရဲချမ်းသာကွာဟမှုက ပိုကြီးသည်ဟု ပြောသည်။

ထိပ်ပိုင်းခေါင်းဆောင်များ၏ ကြွယ်ဝချမ်းသာမှုထက် မိမိဒေသ၏ နယ်မြေဖွံ့ဖြိုးတိုးတတ်ရေးကို မည်မျှလုပ်ပေး နိုင်သည်ဟူသည့်အပေါ်တွင် ကြည့်ရန် လိုအပ်သည်ဟု ဦးမောင်မောင်စိုးက ပြောသည်။

ဆက်လက်၍ ၎င်းက “လူထုက အရင်ကထက်စာရင် အများကြီးပြောင်းလဲသွားပါတယ်။ လွန်ခဲ့တဲ့နှစ် ၃၀ တုန်းက တဲကုတ်ကလေး တွေ သက်ကယ်မိုးလေးတွေနဲ့ စုတ်စုတ်ပြတ်ပြတ်နေရတဲ့ ဘဝကနေ အခု အများကြီး ပြောင်းလဲ သွားတာ တွေ့ရတယ်”ဟု ပြောသည်။

UWSA သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ၊ ပုဒ်မ ၅၆ (စ) အရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင် ၂ခုခွဲ၍ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အုပ်ချုပ်ခွင့် ရရှိထားသည်။

The post UWSA ကို အခြား လက်နက်ကိုင် အဖွဲ့များ အားကျနေ appeared first on ဧရာဝတီ.

မန္တလေးတွင် သင်္ကြန် ကာလ သေဆုံးသူ ၃၇ ဦးနှင့် ဒဏ်ရာရသူ ၅၀၀ ကျော်ရှိ

$
0
0

မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ၂၀၁၉ ခုနှစ် မဟာသြင်္ကန်တွင် သေဆုံးသူ ၃၇ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၅၀၀ ကျော် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “စာရင်းတွေထဲမှာ တိုင်းအတွင်းဆေးရုံတွေက စာရင်းတွေလည်း ပါပါတယ်၊ သေဆုံးသူတွေမှာ လူငယ်ယောင်္ကျားလေးတွေ များပါတယ်၊ အဓိက အရက်သေစာသောက်စားထားကြတော့ ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်တာကြောင့် ပိုများပါတယ်” ဟု ပြောသည်။

သေဆုံးသူများတွင် ယာဉ်တိုက်မှုကြောင့် ၂၀ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၄ ဦး၊ သေမှုသေခင်း ၁၃ ဦးတို့ဖြစ်ပြီး တိုင်း ဒေသကြီး အတွင်းရှိ ခရိုင်မြို့ဆေးရုံကြီးများသို့ ရောက်ရှိလာမှုစာရင်းများအရ ယာဉ်တိုက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ဒဏ်ရာရရှိသူ ၅၀၀ ကျော်ရှိကြောင်း သိရသည်။

“ဒီနှစ်မှာ သေဆုံးရသူတွေထဲမှာ သေမှုသေခင်းတွေက ပိုများလာတယ်၊ အဲဒီထဲမှာ မိန်းကလေးတယောက်ကတော့ စိတ်ကျန်းမာရေး မကောင်းတဲ့သူပါ၊ သူက ကျုံးထဲခုန်ချသွားတာ၊ ယောက်ျားလေးတွေ ပိုများရတာက ရန်ဖြစ်တာနဲ့ ယာဉ်မ တော်မဆဖြစ်တာတွေကြောင့်ပါ” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

လူသေဆုံးမှုများအနက် မန္တလေးတွင် ၁၃ ဦး၊ ပြင်ဦးလွင်တွင် ၄ ဦး၊ မိတ္ထီလာတွင် ၈ ဦး၊ ကျောက်ဆည်တွင် ၄ ဦး၊ ရမည်းသင်းတွင် ၂ ဦး၊ မြင်းခြံတွင် ၁ ဦး၊ ညောင်ဦးတွင် ၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။

သြင်္ကန်ကာလ ထိခိုက်ဒဏ်ရာ ရရှိသူများကို ကူညီဆောင်ရွက်ပေးနေသည့် One to One အဖွဲ့များ (ဓာတ်ပုံ -One to One )

တိုင်းဒေသကြီးအတွင်း ဖြစ်စဉ်များအနက်မှ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာတွေရရှိမှုကြောင့် ဆေးရုံတက်ရောက်သူ ၃၄၀ ခန့်ရှိခဲ့ကြောင်း သိရသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနမှ ဦးမင်းလွင် က “ကျနော်တို့ မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးကို ရောက်တာက ယာဉ်မတော်တဆ ဖြစ်တာတွေက အများဆုံးပဲပေါ့၊ ဒုတိယက ခိုက်ရန်ဖြစ်ပွားတာ တွေပါ၊ အခြားဒဏ်ရာရရှိမှုတွေလည်း ရောက်ရှိတယ်၊ ရိုးရိုးနာမကျန်ဖြစ်တာတွေလည်း ရောက်တယ်” ဟု ပြောသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးအနေဖြင့် ယခုနှစ်သြင်္ကန်ကာလအတွက် ကြိုတင်ပြင်ဆင်မှုများကို တလခန့် ကြိုတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“သြင်္ကန်ကာလအတွက်ကို လူအင်အားဖြည့်တဲ့အနေနဲ့ ဆရာဝန်၊ ဆရာမ၊ အလုပ်သမား၊ ကျွမ်းကျင်တွေကို ပုံမှန်အချိန် ထက် ပိုပြီးချထားပေးတယ်၊ နောက် အဖြစ်များပြီး တကယ်လိုအပ်တဲ့လူနာတွေအတွက် ဆေးဝါးစုဆောင်းတာတွေ ကိုလည်း ကြိုတင်ပြင်ဆင်တာတွေကို တလလောက် ကြိုတင်ပြီး လုပ်ဆောင်ပေးထားပါတယ်”ဟု ဦးမင်းလွင်က ဆက်လက် ပြောသည်။

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ရောက်ရှိလာသည့် လူနာများကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မန္တလေး မြို့ခံ လူမှုကူညီရေး အသင်းများကလည်း လူအင်အား ၁၀၀ ကျော်ဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မန္တလေးမြို့ခံ One to One အဖွဲ့ဦးဆောင်သူ ဦးဝမ်း က “သြင်္ကန်အချိန်မှာ ဆေးရုံကြီးလိုနေရာမျိုးမှာက ရောက်ရှိလာတဲ့လူနာနဲ့ ဝန်ထမ်းအင်အားက မမျှဘူး၊ ဒါကြောင့် တကယ်လို အပ်တဲ့ဆေးရုံကြီးကို သွားပြီးကူညီပေးတာပါ၊ ကျနော်တို့ One To One အဖွဲ့က သြင်္ကန်အချိန်မှ မဟုတ်ပါဘူး အခြား အချိန်တွေမှာလည်း တကယ်လိုအပ်နေတဲ့သူတွေကို အကူအညီပေးနေပါတယ်” ဟု ပြောသည်။

သြင်္ကန်ကာလ ထိခိုက်ဒဏ်ရာ ရရှိသူများကို ကူညီဆောင်ရွက်ပေးနေသည့် One to One အဖွဲ့များ (ဓာတ်ပုံ -One to One )

၂၀၁၈ ခုနှစ် မန္တလေးသြင်္ကန်ကာလအတွင်းက အထွေထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့သော ဆေးဝါးကုသမှု ခံယူလူနာပေါင်း ၆၈၃ ဦးနှင့် သေဆုံးပြီးရောက်လာသူ ၈ ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိခဲ့ကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

ထို့အပြင် မန္တလေးတိုင်းအတွင်း၌ သြင်္ကန်ကာလ အမှုအခင်းမဖြစ်ပွားရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၂ ထောင် ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ပေးခဲ့သလို မန္တလေးမြို့ဝင်ဂိတ်များနှင့် မြို့တွင်း ပိတ်ဆို့ရှာဖွေရေး စစ်ဆေးခြင်းများကိုလည်း ၁၅ နေရာ သတ်မှတ်၍ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အမှတ်၁ နယ်မြေစခန်းမှုး ရဲအုပ်ကံအောင်မြင့် က “ကျနော်တို့က သြင်္ကန်မတိုင်ခင်ကတည်းက ဆိုင်ကယ်ပါဝါ အိပ်ဇော၊ တုတ် ဓား လက်နက်ရှာဖွေမှုတွေကို ညစဉ်ဆောင်ရွက် လျက်ရှိပါတယ်၊ သြင်္ကန်ရက်တွေမှာလည်း လုပ်ဆောင်ခဲ့ပါတယ်၊ အဓိက ကတော့ တုတ် ဓား လက်နက်နဲ့ မူးယစ်စေတတ် တဲ့အရာတွေကို ရှာဖွေသိမ်းဆည်းတာဖြစ်ပါတယ်၊ ကြိုတင် ကာကွယ်မှုက ပိုပြီးထိရောက်တဲ့အတွက် မဖြစ်ခင်မှာ ကြိုတင် ကာကွယ်တဲ့အနေနဲ့ အခုလို ပိတ်ဆိုရှာဖွေခြင်းတွေကို လုပ်ဆောင်တာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါကဲ့သို့ ပိတ်ဆို့ရှာဖွေရေးစစ်ဆေးခြင်းများကို ပြုလုပ်ရာတွင် သြင်္ကန်ရက်များအတွင်း မော်တော်ယဉ် ၉၃၄၂ စီး၊ ဆိုင်ကယ် ၁၇၁၁၂ စီးကို ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်နိုင်ခဲ့ပြီး ကြိုတယ်ကာကွယ်မှုများအနေဖြင့် အရက်၊ ဘီယာ၊ မျက်နှာ ဖုံး၊ ဓား၊ တုတ်၊ ဝက်အူလှည့်၊ ကတ်ကြေး၊ အိပ်ဇော၊ သံချောင်းနှင့် လက်နက်မှုတို့ ဖြစ်သည်။

ထို့အပြင် သြင်္ကန်ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်တို့တွင် အပြင်ကျုံးဘေးများရှိ လမ်းဆုံလမ်းထောင့်များတွင်လည်း ရဲတပ်ဖွဲ့ဝင် ၇ ယောက်နှုန်း ချထား၍လုံခြုံရေးယူ ဆောင်ရွက်ခဲ့သလို မန္တလေးမြို့အတွင်း လူစည်ကားသော နေရာများ ဖြစ်သည့် ကျောက်တော်ကြီးဘုရား၊ တောင်သမန်အင်း၊ ကန်တော်ကြီး၊ မနော်ရမ္မံ၊ မဟာမုနိဘုရားကြီး စသည့် နေရာများတွင်လည်း လုံခြုံရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မန္တလေးသြင်္ကန်ပွဲတော်တွင် လမ်းလျှောက်သြင်္ကန်၊ တောသြင်္ကန်ညဈေးများအပြင် တိုင်းရင်းသားရိုးရာ ရေပက်က စားခြင်းနှင့် တိုင်းရင်းသားရိုးရာ အစားအသောက်များ စတုဒီသူကျွေးခြင်းများ ပါဝင်သည့် တိုင်းရင်းသားသြင်္ကန်ကိုလည်း တိုးချဲ့ ကျင်းပခဲ့သည်။

The post မန္တလေးတွင် သင်္ကြန် ကာလ သေဆုံးသူ ၃၇ ဦးနှင့် ဒဏ်ရာရသူ ၅၀၀ ကျော်ရှိ appeared first on ဧရာဝတီ.

လမ်းလျှောက်သင်္ကြန် ပုသိမ်ထီး ဖြုတ်ယူသူ ၂ ဦးကို ခိုးမှုဖြင့် အမှုဖွင့်ထား

$
0
0

ရန်ကုန်မြို့ အင်းယားကန်ဘောင် လမ်းလျှောက်သြင်္ကန်တွင် အလှဆင်ထားသည့် ပုသိမ်ထိမ်ထီးများ ဖြုတ်ယူသူ နှစ်ဦး အား ကမာရွတ်ရဲစခန်းတွင် ခိုးမှုဖြင့် အမှုဖွင့်ထားကြောင်း အင်းယားကန်ဘောင်ပန်းခြံ ဦးစီးမှူး ဦးဇော်ဝင်းထွန်း က ပြောသည်။

၎င်းတို့နှစ်ဦးသည် သြင်္ကန်အကျနေ့ နံနက် ၂ နာရီခန့်တွင် ထီးများဖြုတ်ယူနေသည်ကို CCTV ကင်မရာတွင် တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးထပ်မံဖြုတ်ယူသူများအား အမှုဖွင့်ထားခြင်းတော့ မရှိသေးကြောင်း ကမာရွတ်မြို့မရဲစခန်းမှ တာဝန်ရှိတဦးကလည်း အတည်ပြုပြောဆိုသည်။

ဦးဇော်ဝင်းထွန်း က “ညဉ့်နက်ကြီး ဖြုတ်နေတာတွေ့လို့ ဖမ်းပြီးရဲစခန်းက အမှုဖွင့်လိုက်တာပါ၊ အကြတ်နေ့ ကြတော့ ဖြုတ်တဲ့ သူတွေကို အလှဆင်ပေးတဲ့ ကုမ္ပဏီဘက်ကလဲ အမှုမဖွင့်ချင်တဲ့အတွက် ခံဝန်ပဲထိုးစေခဲ့ပါတယ်၊ ဒီလိုဖြုတ်ယူမှုကတော့ ဘယ်လိုမှမကောင်းပါဘူး၊ မလုပ်သင့်တဲ့လုပ်ရပ်ပါ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းထီးများအား မြတ်မေတ္တာမွန် (MMTM) ကုမ္ပဏီမှ အလှဆင်ခဲ့ခြင်းဖြစ်ပြီး အကြတ်နေ့တွင် လာရောက်ရေကစားသူ အချို့မှ ထီးများအား ဖြုတ်ယူနေသည့် ဓာတ်ပုံနှင့် ရုပ်သံဖိုင်များ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံနှံလာခဲ့ပြီး ဝေဖန်ရှုတ်ချမှုများလည်းပြင်းထန်ခဲ့သည်။

ထိုသို့ဖြုတ်ယူမှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၁၃ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ကုမ္ပဏီဘက်မှ အမှုမဖွင့်လိုသဖြင့် နောက်ထပ်မလုပ်ရန် ခံဝန်ထိုးစေကာ ပြန်လွှတ်ပေးခဲ့ကြောင်း လှိုင်မြို့မရဲစခန်းတာဝန်ရှိသူ တဦးကပြောသည်။

ထီးများအလှဆင်ခဲ့သည့် MMTM မှ ဒေါက်တာ အေးငြိမ်းသူ က “ထီးလေးတွေ ပျက်စီးတဲ့အတွက် ဝမ်းနည်းပြီး နှမြောမိတာတွေရှိရင်ရှိကြပေမယ့် ကျမတို့ကတော့ လှူထားတာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ တရားစွဲအမှု ဖွင့်မှာမဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အင်းယားကန်ဘောင်သည် တံတားဖြူမှတ်တိုင်းအနီးတွင် ပိုင်းခြားကာ လှိုင်မြို့နယ်အပိုင်နှင့် ကမာရွတ်မြို့နယ်အပိုင်ဟူ၍ ခွဲခြားထားသည့် အတွက် ခိုးယူမှုအား ကမာရွတ်ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး အကြတ်နေ့ဖြုတ်ယူသူများအား လှိုင်မြို့နယ်ရဲစခန်းတာဝန်ရှိသူများက ကိုင်တွယ်ကာ ခံဝန်ထိုးစေခဲ့ခြင်းဖြစ်သည်။

ဖြုတ်ယူခံရသည့် ထီးအလက်ပေါင်း ၂၀၇ လက်ကိုလည်း ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရယူခဲ့ပြီး ကုမ္ပဏီသို့ ပြန်လည်း အပ်နှံခဲ့သည့်အတွက် လက်ကျန်ထီးများနှင့်ပေါင်းကာ ညတွင်းချင်းပင် ထပ်မံတပ်ဆင်ခဲ့ရကြောင်း အင်းယားကန်လမ်းလျှောက်သြင်္ကန်အား ကူညီစီစဉ်သူ ကိုစိုင်းကသစ်ကပြောသည်။

ကိုစိုင်းကသစ် က “ဒီလိုဖြုတ်ယူမှုကြောင့် ကျနော်တို့အဖွဲ့တွေ ဝမ်းနည်းလို့ မျက်ရည်တောင် ကျရပါတယ်၊ လှစေချင်တာရယ်၊ အပူလေးသက်သာအောင် ကြိုးစားလုပ်ပေးခဲ့တာပါ၊ ဒီလိုဖြုတ်ယူတဲ့ လုပ်ရပ်ဟာ ရှက်စရာကောင်းတယ်ဆိုတာ အဲ့လိုအသိလေးတွေရှိရအောင် အားလုံးက ဝိုင်းဝန်လုပ်ဆောင်ပေးစေချင်ပါတယ်” ဟုပြောသည်။

အင်းယားကန်ဘောင် လမ်းလျှောက်သြင်္ကန်အလှဆင်ရန် ပုသိမ်ထီးအလက်ပေါင်း ၂၀၀၀ နီးပါး(တန်ဖိုးကျပ်သိန်း ၇၀ ခန့်) ကို အသုံးပြုခဲ့ရပြီး ကန်ဘောင်အပေါ်/အောက် အလှဆင်မှုအတွက် စုစုပေါင်း ကျပ် ၈၁၇ သိန်းခန့်ကို သုံးစွဲလှူဒါန်းခဲ့ကြောင်း မြတ်မေတ္တာမွန်(MMTM)ကုမ္ပဏီက သိရသည်။

The post လမ်းလျှောက်သင်္ကြန် ပုသိမ်ထီး ဖြုတ်ယူသူ ၂ ဦးကို ခိုးမှုဖြင့် အမှုဖွင့်ထား appeared first on ဧရာဝတီ.

“Avatar” နောက်ဆက်တွဲရုပ်ရှင်တွေမှာ ပါဝင်လာမယ့် မင်းသမီး မီရှယ်ယို

$
0
0

မလေးရှားနွယ်ဖွား ဟောင်ကောင်ရုပ်ရှင်မင်းသမီး မီရှယ်ယိုဟာ အနုပညာခြေလှမ်း နှေးသွားတဲ့ ပုံတော့ မတွေ့ရသေး ပါဘူး။ ပြီးခဲ့တဲ့နှစ်မှာ အထူးနာမည်ကျော်ကြားခဲ့တဲ့ အချစ်ဟာသဇာတ်မြူးရုပ်ရှင် “Crazy Rich Asians” နဲ့ Star Trek: Discovery ရုပ်သံစီရီးမှာ ပါဝင်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်တဲ့ “Avatar” ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေမှာ သူ့ကို မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်။

အမေရိကန် ဖျော်ဖြေရေးမီဒီယာ Variety ရဲ့ သတင်းတပုဒ်အရ အသက် ၅၆ နှစ်အရွယ် မင်းသမီး မီရှယ်ဟာ ကနေဒါ ဒါရိုက်တာ James Cameron ရဲ့ ၂၀၀၉ ခုနှစ်မှာ အထူးအောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းမှာ သိပ္ပံပညာရှင် ဒေါက်တာ Karina Mogue အဖြစ် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါရိုက်တာ Cameron က “သူ့အနုပညာခရီးလမ်းတလျှောက်လုံးမှာ မီရှယ်ဟာ ထူးခြားပြီး မှတ်မှတ်ရရ ဖြစ်စေတဲ့ ဇာတ်ကောင်တွေကို အမြဲဖန်တီးခဲ့ပါတယ်။ Avatar နောက်ဆက်တွဲ ဇာတ်လမ်းတွေမှာ အဲဒီလိုမျိုး ပဲ ဖန်တီးနိုင်ဖို့ မီရှယ်နဲ့အတူ အလုပ်လုပ်ဖို့ မျှော်လင့်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

တကမ္ဘာလုံးကနေ ဝင်ငွေ ဒေါ်လာ ၂ ဒဿမ ၇ ဘီလီယံရရှိခဲ့တဲ့ Avatar ရုပ်ရှင်ဟာ လက်ရှိအထိ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင် အဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ဒါရိုက်တာ Cameron ကလည်း ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အတွင်းမှာ နောက်ဆက်တွဲ ရုပ်ရှင် လေးကားအထိ ပြသဖို့ စီစဉ်နေပါတယ်။

“Crouching Tiger, Hidden Dragon”, “Police Story 3: Super Cop” နဲ့ “Tomorrow Never Dies” တို့လို ကမ္ဘာကျော်ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့တဲ့ မီရှယ်ဟာ “Master Z: The Ip Man Legacy” ရုပ်ရှင်မှာ ပါဝင်ခဲ့ပါသေးတယ်။ ပြီးတော့ “Star Trek: Discovery” စီးရီးမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ လက်မှတ်ရေးထိုး ထားပါတယ်။

နောက်ထပ်သူပါဝင်လာမယ့် ရုပ်ရှင်တွေထဲမှာတော့ “Game Of Thrones” စီးရီး မင်းသမီး Emilia Clarke ၊ Crazy Rich Asians မှာသူနဲ့အတူ ပါဝင်ခဲ့ဖူးတဲ့ မလေးရှားမင်းသမီး Henry Golding တို့နဲ့ ပါဝင်ထားတဲ့ “Last Christmas” ရုပ်ရှင်နဲ့ ဒါရိုက်တာ Joe Carnahan ရဲ့ “Boss Level” ရုပ်ရှင်တို့ပဲ ဖြစ်ပါတယ်။

Ref:asiaone

The post “Avatar” နောက်ဆက်တွဲရုပ်ရှင်တွေမှာ ပါဝင်လာမယ့် မင်းသမီး မီရှယ်ယို appeared first on ဧရာဝတီ.


နေ့တိုင်းဝတ်ရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ အဝတ်အစားများ

$
0
0

နေ့စဉ်နဲ့အမျှ အသစ်အသစ်သော ဖက်ရှင်တွေ ပေါ်ထွက်လာနေတဲ့ အခုလိုခေတ်မှာ အဝတ်အစားဝတ်ရာမှာ ဖက်ရှင်ကျနမှုဟာလည်း အရေးပါလို့နေပါတယ်။ ဖက်ရှင်ကျနမှုဟာ အရေးပါသလို မိမိဝတ်ဆင်ထားတဲ့ အဝတ်အစားဟာ သက်သောင့်သက်သာရှိနေစေဖို့နဲ့ ကျန်းမာရေးနဲ့လိုက်လျောညီထွေ ရှိနေစေဖို့ကလည်း အရေးကြီးပါတယ်။

အခုဖော်ပြပေးမယ့် အဝတ်အစား အမျိုးအစားတွေကတော့ နေ့တိုင်းဝတ်ဆင်မယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ အဝတ်အစားတွေပဲ ဖြစ်ပါတယ်။

(၁) Skinny Jeans

အမျိုးသမီးအများစုဟာ သူတို့ရဲ့ခြေထောက်အလှနဲ့ တင်ပါးအလှ ပေါ်လွင်စေဖို့အတွက် Skinny Jeans တွေကို ရွေးချယ်ဝတ်ဆင်လေ့ရှိကြပါတယ်။ Skinny Jeans ကျပ်ကျပ်တွေဟာ ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေပြီး သွေးကြောတွေကို ရောင်ရမ်းနာကျင်မှု ဖြစ်စေနိုင်ပါတယ်။

(၂) Push-up Bras

အမျိုးသမီး အများစု ဝတ်လေ့ရှိတဲ့ ရင်သားကို မြှင့်တင်ပေးနိုင်တဲ့ အမျိုးအစား အတွင်းခံတွေကို နေ့စဉ်ဝတ်ဆင်မယ်ဆိုရင်တော့ သွေးကြောတွေကို ပိတ်ဆို့စေနိုင်ပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

(၃) အသားကပ်ခြေအိတ်ရှည်

အသားကပ်ခြေအိတ်ရှည်တွေဟာ နေ့စဉ် မဝတ်ဆင်သင့်တဲ့ အဝတ်အစားဖြစ်သလို ဝတ်ဆင်ပြီးရင်လည်း သေချာလျှော်ဖွပ်သင့်တဲ့ အဝတ်အစားမျိုးပဲ ဖြစ်ပါတယ်။ အရေပြားနဲ့ နီးနီးကပ်ကပ် ထိတွေ့နေရာတာ ဖြစ်တာကြောင့် ခန္ဓာကိုယ်ကထွက်တဲ့ ချွေးတွေနဲ့ ပြင်ပညစ်ညမ်းမှုတွေက ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပြီး အရေပြားယားယံမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) ညဝတ်အင်္ကျီနဲ့ ဘောင်းဘီ

ညဝတ်အင်္ကျီတွေနဲ ဘောင်းဘီတွေဟာ သင့်ကို သက်သောင့်သက်သာ ဖြစ်စေတာမှန်ပေမယ့် နေ့စဉ် တထည်တည်း ကိုပဲ ရက်ဆက်ဆိုသလို ဝတ်တာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ မိန်းမကိုယ်ယားယံခြင်းနဲ့ မိန်းမကိုယ် ကျန်းမာရေးပြဿနာအများစုဟာ ညဝတ်အဝတ်အစားတွေ မသန့်ရှင်းတာနဲ့ ညဘက်အိပ်တဲ့အခါ အတွင်းခံတွေ ဝတ်ဆင်ခြင်းကြောင့် ဖြစ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။

Ref. brightside.me

The post နေ့တိုင်းဝတ်ရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ အဝတ်အစားများ appeared first on ဧရာဝတီ.

သင်္ကြန်တွင်းမှာ နေလောင်ပြီး ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ထိန်းသိမ်းကြမယ်

$
0
0

သင်္ကြန်မှာ ရေပက်ခံထွက်ပြီး တနေကုန်လည်ပတ်ထားသမျှတွေဟာ အခုအချိန်မှာတော့ အသားအရေနေလောင်ပြီး မွဲခြောက်ခြောက် ညိုညစ်ညစ် ဖြစ်နေလောက်ပြီ ထင်ပါတယ်။ ပုံမှန်အသားအရေအတိုင်း ပြန်လည်စိုပြည်ကြည်လင် စေဖို့အတွက် အကုန်အကျ သက်သက်သာသာနဲ့ ပြန်လည်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) ရှားစောင်းလက်ပတ်

နေလောင်ပြီး ပျက်စီးမွဲခြောက်နေတဲ့ အသားအရေအတွက်တော့ ရှားစောင်းလက်ပတ်က အကောင်းဆုံးပါပဲ။ ရှားစောင်းလက်ပတ်ပင်ရဲ့ အတွင်းသား ဂျယ်လီကို ခြစ်ယူပြီး နေလောင်သွားတဲ့အသားအရေပေါ် လိမ်းကျံပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရင်တော့ ရေနဲ့သေချာပြန်လည်ဆေးကြောပေးပြီး ဒီနည်းလမ်းကို တနေ့ ၂ ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

(၂) ရေခဲရေ

နေလောင်ထားလို့ နီရဲနေတဲ့ အသားအရေအတွက်တော့ ရေခဲရေက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးပါ။ ရေခဲရေသန့်သန့်ထဲကို အဝတ်စတခုနှစ်ထားပြီး အဲဒီအဝတ်စနဲ့ နေလောင်ထားတဲ့ အသားအရေကို ကပ်ပေးတာမျိုးကို မကြာခဏ ပြုလုပ်ပေးမယ်ဆိုရင် နီရဲရောင်ရမ်းမှုကို သက်သာပျောက်ကင်းစေမှာပါ။

(၃) ငှက်ပျောသီးခွံ

ငှက်ပျောသီးခွံရဲ့ အဖြူရောင် အတွင်းသားမှာ Antioxidant နဲ့ Potassium ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်နှာပေါ်က အမည်းစက်တွေနဲ့ နေလောင်ဒဏ်တွေကို မှေးမှိန်သက်သာစေနိုင်ပါတယ်။ မျက်နှာပေါ်က နေလောင်ထားတဲ့ အသားအရေနေရာပေါ်ကို ငှက်ပျောသီးခွံအတွင်းသားနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ မျက်နှာသစ်ပေးရမှာ ဖြစ်ပါတယ်။

(၄) ကြက်ဥအကာ

ကြက်ဥအကာမှာပါဝင်တဲ့ Lutein ဟာ အရေပြားကို ရေဓာတ်ပြည့်ဝစေပြီး အသားအရေကို ပြန်လည်စိုပြည် စေပါတယ်။ ကြက်ဥအကာကို အသားအရေပေါ် လိမ်းပေးပြီး နာရီဝက်နေရင် ရေနဲ့ပြန်လည်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

နေရောင်နဲ့ ရေကြောင့် ပျက်စီးသွားတဲ့အသားအရေကို အမြန်ဆုံး ပြန်လည်ကောင်းမွန်ချင်စိတ်နဲ့ Scrub ပြုလုပ်တာမျိုးကို ရှောင်ကြဉ်သင့်ပြီး ရေဓာတ်ခမ်းခြောက်နေတဲ့ အသားအရေအတွက် ရေများများသောက်၊ အသီးအရွက် များများစားပေးသင့်ပါတယ်။

Ref. www.healthline.com

The post သင်္ကြန်တွင်းမှာ နေလောင်ပြီး ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ထိန်းသိမ်းကြမယ် appeared first on ဧရာဝတီ.

‘Game of Thrones’စီးရီးကို ဆင်ဆာဖြတ်တောက်လို့ တရုတ်ပရိသတ်တွေဝေဖန်

$
0
0

ကမ္ဘာတဝန်းမှာရှိတဲ့ “Game of Thrones” စီးရီးပရိသတ်တွေကတော့ နောက်ဆုံး Season စတင်ပြသချိန်မှာပဲ ပျော်ရွှင်အောင်ပွဲခံခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့မှာတော့ တရုတ်ပရိသတ်တွေဟာ သူတို့နိုင်ငံမှာ ရှိတဲ့ အွန်လိုင်းကနေ ပြသတဲ့ ဆင်ဆာဖြတ်တောက်ထားတဲ့ ဗားရှင်းကို ဝေဖန်ခဲ့ကြပါတယ်။

HBO ရုပ်သံလိုင်းကနေ ပြသနေတဲ့ အဲဒီ စိတ်ကူးယဉ် စွန့်စားခန်း စီးရီးဟာ လိင်အသားပေး ဇာတ်ဝင်ခန်းတွေနဲ့ ထူးခြားတဲ့ တိုက်ပွဲဇာတ်ဝင်ခန်းတွေကကြောင် ကျော်ကြားပြီး အဲဒီအခန်းတွေကို တရုတ်ဆင်ဆာသမားတွေ ပိုမိုဖြတ်တောက်ခဲ့တာကို တွေ့ရပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီး Tencent ဟာ HBO နဲ့အတူ ပူးပေါင်းပြီး အခုနောက်ဆုံး Season ရဲ့ ပထမဆုံးအပိုင်း ကို ထုတ်လွှင့်ခဲ့လို့ တရုတ်နိုင်ငံရဲ့ အင်တာနက်သုံးစွဲသူပရိသတ်တွေဟာ သူတို့ ကြိုက်နှစ်သက်ရတဲ့ ကမ္ဘာကျော်စီးရီးကို အချိန်နဲ့တပြေးညီ ကြည့်ရှုခွင့်ရခဲ့ပါတယ်။

အဲဒီပထမဆုံး အပိုင်းကို ကြည့်ရှုခဲ့ပြီးတဲ့နောက် Weibo လူမှုကွန်ရက်ကို အသုံးပြုသူ ပရိသတ်တဦးက “ဆင်ဆာ ဗားရှင်းဆိုတာ အိပ်ရာပေါ်က လိင်အသားပေး အခန်းတွေကိုပဲ ဖြတ်တောက်ထားလိမ့်မယ်လု့ိ ထင်ထားခဲ့တာ။ ကျနော် ကြည့်နေတဲ့အချိန် ဘေးနားမှာ အဖေရှိနေတာတောင် နည်းနည်းလေးတောင် စိုးရိမ်စိတ်မဖြစ်ခဲ့ပေမယ့် တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကိုပါ ဖြတ်တောက်ထားတယ်။ အဲဒီလို ဖြတ်တောက်ထားတာတွေကြောင့် ကြည့်ရမှာ ပျင်းလာပြီ” လို့ ရေးသားခဲ့ပါတယ်။

တရုတ်ဆင်ဆာဗားရှင်းဟာ ကြာချိန် ၄၈ မိနစ်ရှိပြီး ကမ္ဘာတဝန်းမှာ ကြည့်ရှုနိုင်တဲ့ မူရင်းဗားရှင်းဟာ ၅၄ မိနစ် ရှိပါတယ်။ အခုလိုမျိုး Emmy ဆုရ ရုပ်သံစီးရီးရဲ့ တရုတ်ဗားရှင်းကို ပဲ ကြည့်ရှုကြစေဖို့ တွန်းအားပေးတဲ့အနေနဲ့ တရုတ်နိုင်ငံမှာ HBO ဝက်ဘ်ဆိုက်ကို ပိတ်ပင်ထားပေမယ့် ပရိသတ်တချို့ကတော့ နိုင်ငံရဲ့ အတားအဆီးကို ကျော်လွန်ဖို့ နည်းလမ်းမျိုးစုံ ရှာကြံခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

အသက် ၁၉ နှစ်အရွယ် မိန်းကလေးလို့ ဆိုတဲ့ အသုံးပြုသူတဦးက “Tencent ဟာ ကျမတို့ကို Game of Thrones ရဲ့ အမြီးဖြတ်၊ ခေါင်းဖြတ်ထားတဲ့ ဗားရှင်းကိုပဲ ကြည့်အောင်လုပ်ထားတယ်။ Game of Throne လင့်လေးတွေကို ဝေမျှပေးမယ့် ညီအစ်မတွေ မရှိကြဘူးလား” လို့ Twitter မှာ ရေးပါတယ်။

Wang Bubble ဆိုတဲ့ နာမည်နဲ့ အသုံးပြုသူတယောက်ကတော့ “ဆင်ဆာဗားရှင်းကို ကြည့်ရတာ စိတ်မသက်မသာရှိလိုက်တာ။ အဲဒီဇာတ်ဝင်ခန်းတွေက ကြည့်ဖို့ မသင့်ဘူးဆိုရင် ဇာတ်ညွှန်းဆရာတွေကိုဘာလို့ အဲဒါတွေ ရေးခိုင်းနေသေးလဲ။ ဒါရိုက်တာကတော့ ဘာလို့ ရိုက်နေသေးလဲ။ Game of Thrones ကိုကြိုက်တဲ့သူတွေက အဲဒါဟာ အပြာကားဖြစ်နေလို့ အကြမ်းဖက်မှု တွေပါနေလို့ ကြိုက်နေတာမဟုတ်ပါဘူး။ စီးရီးတခုလုံးကို ကြိုက်တာပါ။ တစက္ကန့်လောက်တောင် လွတ်သွားတာမျိုး မဖြစ်ချင်ပါဘူး” လို့ ဆိုပါတယ်။

Ref:asiaone

The post ‘Game of Thrones’ စီးရီးကို ဆင်ဆာဖြတ်တောက်လို့ တရုတ်ပရိသတ်တွေဝေဖန် appeared first on ဧရာဝတီ.

ဝန်ထမ်းရေးရာ ပြဿနာတွေတက်နေတဲ့ “Arthdal Chronicles”စီးရီးအမြည်းဗီဒီယို ထွက်ရှိလာ

$
0
0

TvN ရုပ်သံလိုင်းကနေ ပြသမယ့် “Arthdal Chronicles” စီးရီးရဲ့ ပထမဆုံး အမြည်းဗီဒီယိုကို ဖြန့်ချိလိုက်ပေမယ့် အတွင်းသတင်းတွေအရ ထုတ်လုပ်ရေးအပိုင်းမှာ ဝန်ထမ်းရေးရာ ပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။

အဲဒီဒရာမာမှာ နာမည်ကျော် စာရေးသူ၊ ထုတ်လုပ်သူနဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေက မျှော်လင့်တကြီးနဲ့ စောင့်စားနေကြတာ ဖြစ်ပေမယ့် အတွင်းဘက်မှာတော့ ပြဿနာတွေ ရှိနေတယ်လို့ အသံတွေထွက်လာတာပါ။ အဲဒီဒရာမာစီးရီးဟာ Asdal လို့ခေါ်တဲ့ ရှေးဟောင်းနယ်မြေတခုက သီးသန့်ဆန်တဲ့ သူရဲကောင်းတွေရဲ့ အကြောင်းကို ပုံဖော်ထားတာပါ။

၁၅ စက္ကန့်လောက်သာ ကြာတဲ့ အဲဒီဗီဒီယိုထဲမှာဆိုရင်တော့ ကွန်ပြူတာ အထူးပြုလုပ်ချက်တွေနဲ့ ရှေးဟောင်း အငွေ့အသက်တချို့ကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အဓိကမင်းသားတွေဖြစ်တဲ့ ဂျန်ဒုံဂန်း နဲ့ ဆောင်းဂျွန်ကီ တို့ရဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမယ့်အပြင် ကင်အို့ဘင်နဲ့ ကင်ဂျီဝန်းတို့ရဲ့ ထင်မှတ်မထားတဲ့ ဇာတ်ကောင်တွေကိုပါ တွေ့ရမှာပါ။

အဲဒီအမြည်းဗီဒီယိုကို Youtube လိုမျိုး ချန်နယ်တွေကနေ ဖြန့်ချိခဲ့ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ပုံစံမျိုးစုံကိုရရှိခဲ့ပေမယ့် မကြာသေးခင်တုန်းက အတွင်းပိုင်းက ဝန်ထမ်းတဦးရဲ့ စောဒကတက်မှုကြောင့် ဒရာမာကို ပရိသတ်တွေ ဝေဖန်ခဲ့ကြပါတယ်။

ရိုက်ကူးရေးဝန်ထမ်းတဦးက “ကျနော်တို့ ဘရူနိုင်းမှာ ရှိနေခဲ့တဲ့အချိန်တုန်းက နားရက်မရှိဘဲ ၇ ရက်အတွင်း နာရီပေါင်း ၁၅၁ နာရီနဲ့ ၃၀ မိနစ်အလုပ်လုပ်ခဲ့ရတယ်” လို့ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့တုန်းက တော့ အနုပညာအဖွဲ့ရဲ့ ဝန်ထမ်းတဦးက သေလုနီးပါး မတော်တဆမှုတွေ ဖြစ်ခဲ့ပေမယ့် ရိုက်ကွင်းကို တစုံတရာ ပြောင်းလဲခဲ့တာမရှိဘဲ အစားလည်းမစားရ၊ အိပ်လည်းမအိပ်ခဲ့ရတာကြောင့် ၁၀ နှစ်အတွင်း သူလုပ်ဖူးခဲ့သမျှတွေထဲမှာ အဆိုးရွားဆုံး ရိုက်ကွင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ရိုက်ကူးရေးကို ဦးစီးနေတဲ့ Studio Dragon စတူဒီယိုကို အလုပ်သမားစံနှုန်းသတ်မှတ်ချက်အက်ဥပဒေ ချိုးဖောက်မှု စွဲချက်တွေနဲ့ တိုင်တန်းထားတာမျိုးလည်းရှိနေပါတယ်။ ဒါပေမယ့် စတူဒီယိုကတော့ ထုတ်လုပ်ရေး ပထမအဆင့်မှာ အခက်အခဲတွေရှိခဲ့တာမှန်ပေမယ့် သတ်မှတ်အလုပ်ချိန် ၆၈ နာရီသာ ချမှတ်ပေးခဲ့တာဖြစ်ပြီး ဒုတိယအရံအဖွဲ့နဲ့ အလုပ်တွေလွှဲအပ်ပြီး ထုတ်လုပ်ရေး ပတ်ဝန်းကျင်တိုးတက်စေဖို့ လုပ်ဆောင်ခဲ့တဲ့ အကြောင်း ပြန်လည်ပြောဆိုထားပါတယ်။

Ref:hancinema

The post ဝန်ထမ်းရေးရာ ပြဿနာတွေတက်နေတဲ့ “Arthdal Chronicles” စီးရီးအမြည်းဗီဒီယို ထွက်ရှိလာ appeared first on ဧရာဝတီ.

ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တော့မယ့် ခိုင်သဇင်ငုဝါ

$
0
0

မော်ဒယ်တယောက်အနေနဲ့ အချိန်ကာလတခုကြာ ရပ်တည်လာခဲ့တဲ့ ခိုင်သဇင်ငုဝါကတော့ မကြာခင်မှာ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်သွားဖို့အတွက်ရှိတယ်လို့ ပြောပါတယ်။

“ဗီဒီယိုခေတ်က ပျက်သွားပေမယ့် ဇာတ်လမ်းတွဲတွေခေတ်စားလာတယ်။ ပရိသတ်တွေကလည်း အားပေးတာတွေ့ရတယ်။ ငုဝါကိုယ်တိုင်လည်း ဇာတ်လမ်းတွဲကို အားပေးတဲ့သူတယောက်ပေါ့နော်။ ဒီဇာတ်လမ်းတွဲတွေ ကြည့်ရင်းနဲ့ကိုယ်တိုင်လည်း ရိုက်ချင်စိတ်ဖြစ်လာတယ်။ အမေကလည်း ဇာတ်လမ်းတွဲရိုက်ဖို့ တိုက်တွန်းခဲ့တာကြာပြီ။ ကိုယ်တိုင်က အရမ်းကြီးဝါသနာမပါလို့ မလုပ်ခဲ့တာပေါ့”

” အခုကျတော့ ကိုယ်တိုင်ကြည့်တဲ့အခါမှာ သရုပ်ဆောင်ချင်တယ်။ ပရိသတ်တွေကလည်း သရုပ်ဆောင်အနေနဲ့ မြင်ချင်တာကြာပြီပေါ့။ အဲဒါကြောင့် ပရိသတ်ရဲ့ဆန္ဒရော အမေရဲ့ဆန္ဒကိုပါ ဖြည့်ဆည်းပေးချင်တာကြောင့် လုပ်နေတာပါ” လို့ သရုပ်ဆောင် ခိုင်သဇင်ငုဝါကပြောပါတယ်။

လက်ရှိပြသနေတဲ့ ရုပ်သံဇာတ်လမ်းတွဲများကို ကြည့်ရှုအားပေးရင်း ကိုယ်တိုင်သရုပ်ဆောင်ချင်လာတာကြောင့် အခုချိန်မှာ သရုပ်ဆောင်သင်တန်းများတက်နေတယ်လို့သိရပါတယ်။

“အခုနောက်ပိုင်းမှာ MRTV 4 နဲ့ Channel 7 ပဲလူကြည့်များတာဆိုတော့ အိမ်မှာလည်း အဲဒီ ၂လိုင်းပဲကြည့်တာဆိုတော့ ကိုယ့်ရုပ်များများပေါ်လေ ပရိသတ်များများသိလေပေါ့။ ကိုယ်ကဗီလိန်နဲ့ သရုပ်ဆောင်ပေမယ့် ပေါက်သွားခဲ့ရင် ဗီလိန်ပေမယ့် ပရိသတ်က ဒီတယောက်ပါလားဆိုပြီး အသိအမှတ်ပြုပြီး လက်ခံပေးကြတယ်။ အဲဒါကြောင့် ငုဝါက ဇာတ်လမ်းတွဲတွေ ဒီလိုပေါ်လာတာကောင်းတယ်လို့ ထင်ပါတယ်” လု့ိ ခိုင်သဇင်ငုဝါကပြောပါတယ်။

ယခင်က မော်ဒယ်တယောက်အနေနဲ့ ရပ်တည်လာခဲ့ပေမယ့် ပရိသတ်က သရုပ်ဆောင်တယောက်အနေနဲ့မြင်ချင်တဲ့ဆန္ဒနဲ့ မိခင်ဖြစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သရုပ်ဆောင်ဖို့ခြေလှမ်းလှမ်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အမှန်အတိုင်းပြောရရင် နာမည်ပျက်မရှိအောင်နေရတယ်။ မော်ဒယ်စလုပ်ကတည်းက အတိုက်အခံအရမ်းများတယ်။ အပြောအဆိုအရမ်းခံရတယ်။ မော်ဒယ်ဆိုရင် အထင်မကြီးကြတာများတယ် အပြင်လောကမှာကလေ။ ကိုယ်ဒီအလုပ်ကို လုပ်မယ်ဆိုကတည်းက ခံနိုင်ရည်ရှိရှိရပ်တည်နိုင်အောင် နာမည်ကောင်းရှိအောင် အနေအထိုင်အသွားအလာဆင်ခြင်တယ်။ လူငယ်တယောက်အနေနဲ့ ပျော်ပါးတာကလွဲရင် လူပြောမခံရအောင်နေတယ်” လို့ ခိုင်သဇင်ငုဝါကပြောပါတယ်။

ခိုင်သဇင်ငုဝါကတော့ ချစ်သူရည်းစားထားတာနဲ့ပတ်သက်ပြီး ယခင်က ဝေဖန်မှုများစွာရှိခဲ့ပေမယ့် အခုချိန်မှာတော့ တည်ငြိမ်တဲ့ Relationship တခုကိုရရှိပိုင်ဆိုင်ထားတာကို တွေ့ရပါတယ်။

The post ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တော့မယ့် ခိုင်သဇင်ငုဝါ appeared first on ဧရာဝတီ.

သီချင်းထွက်ပြီး အချိန်အတော်ကြာမှ ပရိသတ်ကြိုက်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့သီချင်းများ

$
0
0

ဂီတလောကမှာ အချိန်ကာလများတိုင် ယနေ့ထိအောင်မြင်လျက်ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူစတင်ထွက်ရှိတဲ့ အခွေမှစတင်၍ မကြာခင်ကထွက်ရှိထားတဲ့ သီချင်းများဟာ စတင်ထွက်ထွက်ချင်းမပေါက်ဘဲ အချိန်ကာလတခု အကြာမှ ပရိသတ်များသိရှိပြီးပေါက်သွားတာဖြစ်တယ်လု့ိ ပြောပါတယ်။

“ကျနော့် သီချင်းတွေဟာ ထွက်ထွက်ချင်း ဘယ်တော့မှမပေါက်ဘူး။ အနည်းဆုံး ၁နှစ်တန်သည်၊ ၂နှစ်တန်သည် စောင့်ခဲ့ရတာချည်းပါပဲ။ “ဖေဖော်ဝါရီမှတ်တမ်း” ထွက်တုန်းက ပထမ ၆လ ၁နှစ်နီးပါးလောက် ဘယ်မှသိပ်မရောက်လို့ စိတ်ညစ်ခဲ့ဖူးတယ်။ “တောဂေါ်လီ”က လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ၂၀၀၇ ဧပြီ ၁ရက်နေ့ကထွက်တာပါ။ ၁နှစ်လုံးဘာသံမှ မကြားရဘဲ နောက်နှစ် ၂၀၀၈ ကျတော့ ဘယ်သွားသွားကြားနေရတဲ့ သီချင်းဖြစ်ခဲ့ဖူးတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောပြထားပါတယ်။

အခုအချိန်မှာတော့ လွန်ခဲ့တဲ့ ၁နှစ်ကထွက်ရှိထားတဲ့ “Sai Sai is Sai Sai” အခွေထဲမှာပါဝင်တဲ့ “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းကတော့ သီချင်းထွက်ရှိပြီး ၁နှစ်အကြာနေရာတိုင်းမှာ ကြားနေရတဲ့ သီချင်း ၁ပုဒ်ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် JOOX မှာလည်း ၂ပတ်ဆက်တိုက် နံပါတ် ၁ နေရာကို ရောက်ရှိခဲ့တဲ့အတွက် ပရိသတ်ကြီးကို ကျေးဇူးတင်တဲ့အကြောင်း ပြောထားပါတယ်။

“အခု ကျနော်တို့ရဲ့ “ငါ့ရည်းစားကပိုမိုက်တယ်” သီချင်းက မနှစ်က ဧပြီ ၁ရက်နေ့မှာထွက်တယ်။ ၁နှစ်အကြာမှာတော့ JOOX မှာ ၂ပတ်ဆက်တိုက် နံပါတ် ၁ ဖြစ်လာပါပြီ။ အားပေးတဲ့ပရိသတ်များကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

အဆိုပါ “ငါ့ရည်းစားကပိုမိုက်တယ်” သီချင်းကိုတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ Frenzo မှ အဆိုတော် ၇ယောက်တို့မှ သူတို့ရဲ့ချစ်သူကောင်မလေးများကို အပြိုင်အဆိုင်ရည်ညွှန်းရေးသားစပ်ဆိုထားတာဖြစ်ပြီး မကြာခင်ရက်ပိုင်းကလည်း ဒီသီချင်းရဲ့ Music Video ကို Animation ပုံစံဖြင့် ပုံဖော်ထားတာကို ပရိသတ်ထံချပြခဲ့ပါတယ်။ ဒီနှစ်သင်္ကြန်မှာလည်း “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းက နေရာတိုင်းလိုလိုမှာ ဖွင့်လှစ်ထားတာကို ကြားရပြီး ပရိသတ်များအကြိုက်တွေ့နေတဲ့ သီချင်းတပုဒ်ဖြစ်နေပါတယ်။

The post သီချင်းထွက်ပြီး အချိန်အတော်ကြာမှ ပရိသတ်ကြိုက်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့သီချင်းများ appeared first on ဧရာဝတီ.

နဂါးမောက်သီး စားသုံးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခု

$
0
0

နဂါးမောက်သီးတွေဟာ အရင်တုန်းကတော့ တောင်အမေရိကမှာသာ စိုက်လို့ရတာမှန်ပေမယ့် အခုနောက်ပိုင်းမှာ တော့ အာရှနိုင်ငံတွေမှာပါ စိုက်ပျိုးလို့ရနေတာကြောင့် ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်လို့ရတဲ့ အသီးအနှံတမျိုးပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ နဂါးမောက်သီးကြိုက်သူတွေအတွက် သတင်းကောင်းတခုဖြစ်သလို အခုမှ စစားမယ့်သူတွေလည်း သိထားသင့်တဲ့ နဂါးမောက်သီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။

(၁) ကိုယ်အလေးချိန်ကို လျော့ကျစေတယ်

နဂါးမောက်သီးကို အစာမစားခင် စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။ နဂါးမောက်သီးမှာပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး အစားအစာတွေမှာ ပါဝင်တဲ့ အဆီဓာတ်နဲ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေနဲ့ အထူးပဲ သင့်တော်ပါတယ်။။

(၂) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

နဂါးမောက်သီးမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် ကိုယ်ခံအားကို မြင့်တက်စေပါတယ်။ ဒါကြောင့်မို့လို့ နာတာရှည်လူမမာတွေနဲ့ မကြာခဏ ဖျားနာတတ်သူတွေအနေနဲ့ နဂါးမောက်သီးကို စားသုံးပေးသင့်ပါတယ်။

(၃) အစာချေစနစ်ကို ကောင်းမွန်စေတယ်

ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် နဂါးမောက်သီးဟာ သဘာဝဆေးဝါးတမျိုးဖြစ်ပြီး အစာအိမ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် အစာအိမ်ကျန်းမာရေးပြဿနာရှိသူတွေ ပုံမှန်စားသုံးပေးသင့်တဲ့ အသီးတမျိုးဖြစ်ပါတယ်။

(၄) သွေးအားကောင်းစေတယ်

နဂါးမောက်သီးမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားနည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်သည်အတွက် အထူးပဲ သင့်တော်ပါတယ်။

(၅) ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေတယ်

နဂါးမောက်သီးဟာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆီးလမ်းကြောင်းစနစ်ကို ကောင်းမွန်စေတာကြောင့် ကျောက်ကပ်ကျန်းမာရေး မကောင်းသူတွေနဲ့ ကျောက်ကပ်ရောဂါ ကာကွယ်လိုသူတွေအတွက် သင့်တော်ပါတယ်။

Ref. www.healthline.com

The post နဂါးမောက်သီး စားသုံးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခု appeared first on ဧရာဝတီ.


သင်္ကြန် ကာလ နိုင်ငံတဝန်း သေဆုံးသူ ၁၀၀ ကျော်ရှိ

$
0
0

၂၀၁၉ ခုနှစ် မဟာသြင်္ကန် အကြိုနေ့မှ အတက်နေ့ အထိ တနိုင်ငံလုံး၌ သေဆုံးသူ ဦးရေ ၁၀၀ ကျော် ရှိကြောင်း သတင်း ရရှိသည်။

ထိုသို့ သေဆုံးမှုများထဲတွင် ယာဉ်တိုက်မှု၊ ခိုက်ရန် ဖြစ်ပွားမှု၊ ရေနစ် သေဆုံးမှုများကြောင့် ၁၁၃ ဦး၊ လူသတ်မှုကြောင့် ၃၁ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

သြင်္ကန် ကာလတွင် မူးယစ် သောက်စားကြပြီး တဦးနှင့် တဦး သည်းမခံနိုင်ကြသဖြင့် မှုခင်းများ အများဆုံး ဖြစ်ပွားရ ပြီး တချို့သည် မိမိကိုယ်မိမိ ခုခံ ကာကွယ်ရန် အဆောင်သဘောမျိုး လက်နက်များကို ယူလာကြကာ ပြဿနာ ဖြစ် သည့် အခါယင်းလက်နက်များကို အသုံးပြုကြကြောင်း နေပြည်တော်၊ ပျဉ်းမနား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင်က ပြောသည်။

၎င်းက“လက်နက်တွေ ပါလာတာကလည်း မှုခင်းတွေ ဖြစ်ရတဲ့ အကြောင်းရင်း တခုပဲ။ ကြိုတင် ကာကွယ်မှု အနေနဲ့ ကျနော်တု့ိ တားဆီးလို့ ရတဲ့ အပေါက်တွေလည်း ရှိတယ်။ မရလိုက်တာလည်း ရှိတယ်။ လမ်းကြိုးလမ်းကြားကနေ သွား လို့ လွတ်သွားတဲ့ သူတွေ ရှိတယ်။ အကုန် လိုက်ရှာနေလို့လည်း မဖြစ်ဘူး။ သူတို့ အခွင့်အရေးကိုလည်း လေးစား ရတယ်”ဟုလည်း ပြောဆိုသည်။

တိုင်းနှင့် ပြည်နယ်များတွင် ကြိုတင် ကာကွယ်မှု ၁၉၇၆ မှု ဆောင်ရွက်နိုင်ခဲ့ပြီး လူပေါင်း ၃၀၀၀ နီးပါးထံမှ တုတ်၊ ဓား လက်နက် ၄၂၇ ခု၊ အရက်၊ ဘီယာ မျိုးစုံ ပုလင်း ၅ သောင်းကျော်၊ ကာမ ရာဂ စိတ်ကြွ ဆေးပြားများ ရာနှင့်ချီ၍ ဖမ်း ဆီးမိခဲ့ရာ ပြစ်မှု ကျူးလွန်သူများကို ဥပဒေနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်မည်ဟု သိရသည်။

ရဲမှူး အေးမြင့်နိုင်က ဆက်၍“ဥပမာ ပြောရရင် ရေပက်တယ်။ ရေပက်တဲ့ အခါမှာ သည်းမခံနိုင်ဘဲနဲ့ စကားများကြ တယ်။ အဲဒီမှာ မင်းတော်ပြီ၊ ငါ တော်ပြီ ဆိုပြီး ပြီးရမယ့် ကိစ္စကို အိမ်ပြန်ပြီး ဓားပြန်ယူတယ်။ အဲဒီလိုနဲ့ လူသတ်မှုပါ ဖြစ် သွားတယ်။ နောက် အရက်ဆိုင်မှာ ထိုင် အရက် သောက်ကြတယ်။ ခုံတွေက တဦးနဲ့ တဦး ကပ်နေတော့ စကားပြော တာ ကြားရတော့ သူ့ပြောသလို ကိုယ့်ပြောသလိုနဲ့ သည်းမခံနိုင်ဘဲ ခုံနဲ့ ရိုက်ကြပြီး ဆိုင်မှာ ရှိတဲ့ ဓားနဲ့ ဆွဲထိုးတာမျိုး တွေ ဖြစ်ကြတာပဲ”ဟု ပြောပြသည်။

ရန်ကုန်မြို့တွင် ရေနစ် သေဆုံးသူ ၁ ဦးနှင့် ခိုက်ရန် ဖြစ်ပွားမှု ၃ မှုတွင် ၇ ဦး ဒဏ်ရာခဲ့ကာ လူသတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းတွင် သြင်္ကန်ကာလ အတွင်း သေဆုံးသူ ၃၇ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၅၀၀ ကျော် ရှိကြောင်း၊ အများ စုမှာ အရက်သေစာ သောက်စားပြီး ဆိုင်ကယ် မတော်တဆမှုကြောင့် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး၏သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ သြင်္ကန်ကာလ အတွင်း ပြင်ပ လူနာ ၁၁၁ ဦး၊ အတွင်းလူနာ ၁၃၁ ဦး စုစု ပေါင်း ၂၄၂ ဦး၊ သေဆုံး ရောက်ရှိသူ သို့မဟုတ် ရောက်ရှိပြီးမှ သေဆုံးသူ ၁၅ ဦး ရှိပြီး ဆိုင်ကယ်ကြောင့် ထိခိုက် ဒဏ်ရာ ရသူ အများဆုံး ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ပပက ပြောသည်။

ထို့ပြင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များ အရ စစ်ကိုင်းတိုင်းတွင် လူသတ်မှု ၃ မှု (၃ ဦး သေ၊ ၁ ဦး ဒဏ်ရာရ)၊ ယာဉ် တိုက် မှု ၁ မှု၊ ခိုက်ရန် ဖြစ်ပွားမှု ၈ မှု (၁၁ ဦး ဒဏ်ရာရ)၊ ရေနစ်သေဆုံးသူ ၆ ဦး ရှိကြောင်း၊ တနင်္သာရီ တိုင်းတွင် ရေနစ် သေ ဆုံး သူ ၁ ဦး၊ ပဲခူးတိုင်းတွင် ယာဉ်တိုက် သေဆုံးသူ ၁ ဦး၊ ခိုက်ရန် ဖြစ်ပွားမှု ၁ မှု၊ ရေနစ် သေဆုံးမှု ၁ မှု၊ မကွေး တိုင်း တွင် ယာဉ်တိုက်မှု ၂ မှု (၁၁ ဦးဒဏ်ရာရ)၊ ခိုက်ရန် ဖြစ်ပွားမှု ၄ မှု (၇ ဦး ဒဏ်ရာရ)၊ မွန်ပြည်နယ်တွင် ခိုက်ရန် ဖြစ်ပွား မှု ၁ မှု (၂ ဦး ဒဏ်ရာရ)၊ ရှမ်းပြည်နယ်တွင် ယာဉ်တိုက်မှု ၅ မှု (၄ ဦး သေ၊ ၂၆ ဦး ဒဏ်ရာရ)၊ ရေနစ် သေဆုံးမှု ၁ မှု ( ၁ ဦး သေဆုံး)တို့ ဖြစ်သည်။

ရန်ကုန်တိုင်း လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး က“ရန်ကုန်မှာ ပုသိမ်ထီးတွေ အဖြုတ်ခံရတဲ့ ကိစ္စက လွဲလို့ အခု နောက်ပိုင်း မှုခင်းဖြစ်တာ တော်တော် နည်းသွားတယ်။ အရင်နှစ်တွေ ထက်စာရင် တော်တော် လျော့သွားတယ်။ လူတွေကိုယ်တိုင် စည်းကမ်း ရှိလာတယ်။ ထီးကိစ္စကတော့ ဖြုတ်ကျရင်းနဲ့ အပျော် လုပ် ကြ တဲ့ သဘော ဖြစ်သွားတယ်။ အဲဒါတခု ကတော့ ရုပ်ဆိုးသွားတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

သြင်္ကန်ကာလ အတွင်း ပြစ်မှု ဖြစ်ပွားမှုသည် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင်သာ ဖြစ်ပွားခဲ့ပြီး သြင်္ကန်နှင့် ပတ်သက် သော မှုခင်းများ လျော့နည်းစေရန် ရဲတပ်ဖွဲ့က အလေးထား ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

The post သင်္ကြန် ကာလ နိုင်ငံတဝန်း သေဆုံးသူ ၁၀၀ ကျော်ရှိ appeared first on ဧရာဝတီ.

NCA ထိုးရန် UWSA ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

$
0
0

“ဝ”ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA/UWSP)အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ် (NCA)ကို ပါဝင်လက်မှတ်ထိုးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်သည်။

UWSA သည် ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး အာဏာသိမ်း စစ်အစိုးရနှင့် အပစ် အခတ်ရပ် စဲရေး ရယူခဲ့ရာ ယခုနှစ် ဧပြီလ ၁၇ ရက်နေ့က ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားတရပ် ကို ပန်ဆန်း (ပန်ခမ်း) မြို့၌ ကျင်းပခဲ့စဉ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးဖို့ တိုက် တွန်းလိုက်ခြင်း ဖြစ်သည်။

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိရန်အတွက်မူ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူရေးနှင့် တိုင်းရင်းသား အခွင့်အရေးများ အပြည့်အဝ ရရှိစေမည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် အထူးပင် အရေး ကြီးလှပါကြောင်း၊ ရရှိထားသော တည်ငြိမ်အေးချမ်းမှုကို ရေရှည်ခိုင်မာစွာ ထိန်းသိမ်းနိုင်စေမည့် ပဋိပက္ခ လျှော့ချရေး၊ စောင့်ကြည့်ရေးနှင့် အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များ၊ တိုင်းရင်းသား အခွင့်အရေး၊ တန်းတူ ရေးနှင့်ညီညွတ်ရေတို့ကို ဆောင်ကြဉ်းပေးနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများမှာ NCA ရေးထိုးပြီးမှသာ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း UWSA သို့ ပေးပို့သော သဝဏ်လွှာမှာ ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ NCA တွင် ပါဝင် လက်မှတ်ရေးထိုးပြီးသည့် နောက် တွင်လည်း NCA က လွှမ်းခြုံခြင်း မရှိသော ကိစ္စရပ်များ ရှိလာပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်၍ သဘောတူညီမှု ရယူနိုင်ကြောင်းလည်း အလေး အနက် ထား အသိပေးလိုပါသည်”ဟု သဝဏ်လွှာ၌ ဆိုထားသည်။

ထို့နောက် နိုင်ငံတော်အစိုးရ အနေဖြင့် ညီလာခံ စားပွဲဝိုင်းများတွင် “ဝ”အထူးဒေသ(၂)အပါအဝင် ကျန်ရှိနေ သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာရေးအတွက် အလေးထားကြိုးပမ်း ဆောင် ရွက်နေ ခြင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်သင့် ပါဝင်ထိုက်သူ တိုင်းရင်းသားမျိုးနွယ်စုအားလုံး ပါဝင်နိုင် စေလို သော နိုင်ငံရေး စိတ်ရင်းစေတနာကြောင့်ပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

UWSA ၏ စစ်သေနာပတိချုပ်၊ “ဝ”ပြည်နယ် ပြည်သူ့အစိုးရအဖွဲ့ဥက္ကဌ ဦးပေါက်ယူချန်းကတော့ ၁၉၈၉ ခုနှစ်၊ စစ်အစိုးရ (တပ်မတော်အစိုးရ) နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရခဲ့ပြီးနောက် စစ်အစိုးရနှင့် ပဋိပက္ခဖြစ် လောက်အောင် ကျနော်တို့ဖက်မှ မည်သည့် အချိန်မျှ မပြုခဲ့ကြောင်း၊ အရေးကိစ္စကြုံလာပါက ငြိမ်းချမ်းစွာ ဖြေရှင်းရေး မူဝါဒကို စွဲကိုင်ပြီး နှစ်(၃၀) ပြည့်အောင် ငြိမ်းချမ်းရေးအား ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ရရှိလာနိုင်ခြင်း ခက်သော ငြိမ်းချမ်းရေးကို တန်းဖိုးထားပြီး ကာကွယ်ထိန်းသိမ်းရေးသည် “ဝ”ပြည်နယ်အစိုးရ၏ အခြေခံမူဝါဒ တရပ်လည်းဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၇ ရက်က ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် အခမ်းအနား မိန့်ခွန်းမှာ ပြော သွားသည်။

ထို့ပြင် တနိုင်ငံလုံး စောလျှင်စွာ ငြိမ်းချမ်းမှုရရှိရေး၊ တိုင်းရင်းသားကြား ကျေအေးနားလည်မှု ရရှိရေးအတွက် “ဝ” ပြည်နယ်သည် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့်အတူ “ဝ”ပြည်နယ်နိုင်ငံရေး ညှိနှိုင်းရေး ဆွေးနွေးရေးကော်မတီ အမည်ဖြင့် နိုင်ငံရေးညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်း၍ ပြည်ထောင်စု အစိုးရနှင့်လည်းကောင်း၊ မြန်မာ့တပ်မတော်နှင့် လည်းကောင်း၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများတွင် အတူတကွ ပူးပေါင်းတွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

စစ်ရေးပြပွဲတွင် တွေ့ရသည့် UWSA တပ်များ(မျိုးမင်းစိုး/ဧရာဝတီ)

ဦးပေါက်ယူချန်းက “ ကျနော်တို့သည် ဤ အဖွဲ့အစည်း ၇ ဖွဲ့၏ အရည်အချင်း ပြည့်ဝပြီး စွမ်းရည် ထက်မြက် သော လူတော်လူကောင်းများ စုစည်းပြီး ဉာဏ်အမြော်အမြင်များ စုပေါင်းကာ ပြည်တွင်းငြိမ်းချမ်းရေး နှင့် တိုင်းရင်းသားကြား နားလည်ကျေအေးရေးကို စောလျှင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်ဟု မျှော်လင့်ထားပါ သည်”ဟု ဆိုသည်။

လက်ရှိတွင် UWSA သည် ၁၉၈၉ ခုနှစ်မှ စတင်၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားခဲ့ပြီး ၂၀၁၁ ခုနှစ်၊ စက်တင် ဘာ ၆ ရက်က ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး ထားသကဲ့သို့ ဒီဇင်ဘာ ၂၆ ရက်မှာ လည်း ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည်။

ထို့နောက် အစိုးရ- တပ်မတော်ဘက်က NCA လက်မှတ်ထိုးရန် တိုက်တွန်းလျက်ရှိသော်လည်း UWSA ဦး ဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့များကတော့ ၎င်းတို့ရေးဆွဲ ထားသော အပစ်ရပ် စာချုပ်ဖြင့်သာ ဆောင်ရွက်လိုကြောင်း အစိုးရ-တပ်မတော်ထံ တင်ပြထားကြောင်း သိရသ ည်။

အလားတူ UWSA ဘက်က NCA ကို မကြိုက်ပါက ပြင်ဆင်ခွင့်ရှိကြောင်းနှင့် မကြိုက်ပါက ပြန်လည် နှုတ်ထွက် ခွင့်ရှိကြောင်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ကျင်းပခဲ့သော တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်း အဝေးမှာ ပြောခဲ့သော်လည်း စာဖြင့် တရားဝင် ထုတ်ပြန် ကြေညာပေးပါက လက်မှတ်ထိုးရန် စဉ်းစားမှုရှိကြောင်း UWSA ၏ ပြင်ပဆက်ဆံရေးဌာန လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြီးခဲ့သည်နှစ် သြဂုတ် ၉ ရက်က ဧရာဝတီသို့ ပြောခဲ့ဖူးသည်။

လက်ရှိတွင် ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၇ ရက်က ကျင်းပသော UWSA ၏ ငြိမ်းချမ်းရေး နှစ်(၃၀)ပြည် အခမ်းအနားမှာ UWSA မှ ခေါင်းဆောင်များနှင့် အစိုးရမှ စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သလို ဧပြီလကုန်ပိုင်းမှာလည်း တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း သိရသည်။

အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရဖို့ဆိုရင်တော့ ကျနော် တို့က နောက်တဆင့် သွားဖို့လိုတယ်၊ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးဖို့ လိုတယ်ဆိုတာကို နိုင်ငံတော်အတိုင် ပင်ခံရဲ့ သဝဏ်လွှာမှာ မက်ဆေ့ချ်ပို့ထားတယ်။ အဲ အတွက်လည်း ဒီနေ့ ဆွေးနွေးတယ်၊ မနေ့ကလည်း ဆွေး နွေး နေတယ်၊ အလွှတ် သဘောတွေလည်း ဆွေးနွေး ပါတယ်။ “ဝ” ဘက်က ဒုခေါင်းဆောင်နဲ့ ကျနော်တို့ ဘက် က ဦးသိန်းဇော်တို့ ဆွေးနွေးတယ်၊ နောက်ထက်လည်း “ဝ” အထူးဒေသ (၂)နဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့လည်း ကမ်း လှမ်း ထားတယ်၊ ကမ်းလှမ်းထားတော့ ကျနော်တို့ သြင်္ကန် ပြီး လကုန် ဘယ်လို တွေ့မလဲ နောက်တဆင့် ဆွေးနွေး ဖို့လည်း ရှိပါတယ်”ဟု UWSA ၏ ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် အခမ်းအနားမှာ ဧရာဝတီသို့ ပြောထား သည်။

“ဝ”ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထုတ်လို့မရသည့် အစိတ်အပိုင်းတခုဖြစ်ပြီး မခွဲထွက်ရေး၊ လွတ် လပ်ရေး မတောင်းဆိုရေးတို့ကို လေးလေးနက်နက် ကတိသစ္စာပြုခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရမှ “ဝ”တိုင်း ရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် “ဝ”ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုပြီး ဤရည် မှန်ချက် ပန်းတိုင်ရောက်အောင် မိမိတို့မှ ရာသက်ပန်ကြိုးစားအားထုတ်သွားကြမည်ဖြစ်ကြောင်း၊ နိုင်ငံရေး တောင်းဆိုမှု အကောင်အထည် မပေါ်မီ ကာလတွင် ကျနော်တို့သည် လက်တဖက်မှ ငြိမ်းချမ်းရေး ဒီမိုကရေစီ ရေး အလံကို လွှင့်ထူပြီး အခြား လက်တဖက်တွင် လက်နက်ဖြင့် မိမိကိုယ်ကို ကာကွယ်ရေးအလံအား လွှင့်ထူ ကာ လက်ရှိ အနေအထား အခြေအနေကို ဆက်လက် စောင့်ထိန်းသွားမည်ဟု UWSA ဥက္ကဌ ဦးပေါက်ယူချန်း က ဆိုသည်။

လက်ရှိတွင် UWSA သည် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ကချင်လွတ်လပ် ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရက္ခိုင့်တပ်မတော်(AA)၊ မြန်မာအမျိုးသား ဒီမိုက ရေစီ မဟာမိတ်တပ်မတော်(MNDAA)၊ တအောင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့ ဖြင့် FPNCC ကို ဖွဲ့စည်း၍ အစိုးရ-တပ်မတော်တို့ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည်။

The post NCA ထိုးရန် UWSA ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း appeared first on ဧရာဝတီ.

သမ္မတ လွတ်ငြိမ်းဖြင့် လွတ်လာသူ နာရီပိုင်းအတွင်း ပြန်အဖမ်းခံရ

$
0
0

ပဲခူးမြို့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နှစ်ဆန်း ၁ ရက်နေ့က လွတ်မြောက်လာသူ တဦးအား နာရီပိုင်း အတွင်းမှာပင် ခိုးမှုဖြင့် မသင်္ကာ၍ ရဲက ဖမ်းဆီးလိုက်ကြောင်း ပဲခူးမြို့ အမှတ် (၂) နယ်မြေရဲစခန်း စခန်းမှူး ချစ်ကြည် ထံမှသိရသည်။

စခန်းမှူး ချစ်ကြည်က “သူ့ကိုအကြမ်းဖျင်း မေးတာတော့ သူလွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်လာတယ်။ ပဲခူးသူငယ်ချင်း ဆီလာရင်းနဲ့ ဆိုင်ကယ် တစီးကိုတွေ့လို့ တွန်းရင်းနဲ့ ရဲတွေနဲ့တွေ့လို့ ဖမ်းခံရတယ်။ လောလောဆယ်တော့ ဒါပဲသိသေးတယ်” ဟု  ဧရာဝတီကိုပြောသည်။

ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နယ်မြေ (၈) ကျောင်းလမ်းတွင် ဧပြီလ ၁၇ ရက်နေ့ည ၁၀ နာရီကျော်ခန့်က  အောင်ကျော်နိုင် (ခ) ကျော်လေးဆိုသူမှာ သော့အုံဖြုတ်ထားသည့် ထိုင်းနိုင်ငံထုတ် Honda Wave 125 ဆိုင်ကယ်တစီး တွန်းလာသည်ကို မသင်္ကာ၍ ခေါ်ယူစစ်ဆေးရာ မသင်္ကာသဖြင့် ပုဒ်မ ၅၄ ဖြင့် ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း စခန်းမှူးက ဆက်ပြောသည်။

စခန်းမှူး က “ညက အချိန်မရှိမှ ဆိုင်ကယ်နဲ့ မသင်္ကာတွေ့တာ သူကို ၅၄ နဲ့ဖွင့်ပြီးအခု ယမန်ယူထားတယ်။ အဲဒီတော့မှ သူနောက်ကြောင်းကို စစ်မှာလေ၊ သူအရင်က ဘာပြစ်မှုတွေကျူးလွန်ခဲ့ဘူးလဲ၊ အဲဒါကျမှ ထုတ်ဖေါ်လို့ရမှာလေ” ဟု ရှင်းပြသည်။

ဖမ်းဆီးခံရသူမှာ ရန်ကုန်တိုင်း၊ သုဝဏ္ဏမြို့နယ်အတွင်းနေထိုင်သူ အောင်ကျော်နိုင် (ခ) ကျော်လေးဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မွန်ပြည်နယ်ပေါင်မြို့နယ် ရင်းငြိမ်ရဲဘက်စခန်းမှ လွတ်မြောက်လာသူ ဖြစ်ပြီး မူးယစ်ဆေးမှုဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရပြီး ရင်းငြိမ် ရဲဘက်စခန်းမှ ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

အောင်ကျော်နိုင် (ခ) ကျော်လေးအား ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်ခြင်း၊ မပြောဆိုနိုင်ခြင်း မရှိသောကြောင့် ပဲခူးမြို့အမှတ်(၂) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်ထားကြောင်း သိရသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တနိုင်ငံလုံးရှိ ကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ် ကျခံနေရသော အကျဉ်းသား ၉၅၃၅ ဦးနှင့် နိုင်ငံခြားသား ၁၆ ဦး လွှတ်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ယနေ့ ရက်စွဲဖြင့် တရားဝင် ထုတ်ပြန် ထားသည်။

ယင်းသို့လွှတ်ပေးသည့် အထဲမှ အများစုသည် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေကြရသူ အများစုဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က အတည်ပြုသည်။

The post သမ္မတ လွတ်ငြိမ်းဖြင့် လွတ်လာသူ နာရီပိုင်းအတွင်း ပြန်အဖမ်းခံရ appeared first on ဧရာဝတီ.

ပိုမိုကောင်းမွန် ပြည့်စုံသော NCA ဖြစ်တယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးမယ်

$
0
0

အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို အပစ်ရပ်စာချုပ်များ ချုပ်ဆိုနိုင်ရေး၊ ဆွေးနွေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  အချိန် ၄ လကျော် ပေးထားသည်။

ဧပြီ ၃၀ ရက်တွင် အချိန် ၄ လပြည့်တော့မည် ဖြစ်သည်။

တပ်မတော်နှင့် ၁၇ နှစ်တာ အပစ်ရပ်စာချုပ် ကျိုးပေါက်ကာ ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှစ၍ တိုက်ပွဲများ ၇ နှစ်ကျော် ဖြစ်ပွားခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း အပစ်ရပ်စာချုပ်တခု ချုပ်ဆိုနိုင်ရေးကို အစိုးရနှင့် ညှိနှိုင်းလျက် ရှိသည်။

KIA နှင့် အစိုးရ၊ တပ်မတော်တို့ ကြား ညှိနှိုင်းနေမှုအခြေအနေများနှင့် အပစ်အခတ်ရပ်စဲရေး အလားအလာ များနှင့် ပတ်သတ်၍  ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌ – ၁ ဗိုလ်ချုပ်ဂွန်မော်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် က တွေ့ဆုံ မေးမြန်းထားသည်။

မေး။     ။ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းဖို့ ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောထားတဲ့ အချိန် ၄ လက ပြည့်တော့မယ်။ ဗိုလ်ချုပ်တို့ ညှိနှိုင်းမှု အခြေအနေတွေ ဘယ်လို ရှိပြီလဲ။

ဖြေ။     ။ အခုအချိန်ထိတော့ NRPC နဲ့ ၃ ကြိမ်တွေ့ပြီးပြီ။ KIO ပါဝင်ပြီး တွေ့တာ ၃ ကြိမ် ရှိပါပြီ။ အခု ဧပြီလ ၃၀ ရက်နေ့မှာ နောက်တကြိမ် တွေ့ဖို့ လုပ်နေပါတယ်။ ဒါ နောက်ဆုံးအခြေအနေပါပဲ။ ဒါ ကျနော်တို့ ဘက်ကနေ တင်ပြထားတဲ့ Proposal ရှိတယ်။ NRPC ကနေ ကျနော်တို့ကို ပေးထားတဲ့ Proposal ရှိတယ်။ ဒီတခေါက်မှာတော့ အစိုးရဘက်က ပေးထားတဲ့ Proposal နဲ့ ကျနော်တို့ KIO အပါအဝင် ကျနော်တို့ မြောက်ပိုင်းမဟာမိတ် ကနေ ဖြစ်စေချင်တဲ့ Proposal နှစ်ခုကို ညှိနှိုင်းဖို့ ဖြစ်ပါတယ်။

မေး။     ။ ဗိုလ်ချုပ်တို့ဘက်က Bilateral ထိုးချင်တယ်။ အစိုးရဘက်က NCA လို့ ပြောနေတယ်။ ဒီနှစ်ခုကြားမှာ ဘယ်လို ညှိနှိုင်းမှု ရှိသလဲ။

ဖြေ။     ။ NCA ကတော့ ကျနော်တို့ အရင် NCCT ခေတ်ကတည်းက ကျနော်တို့ ပြောတာက NCA ကို ထိုးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် NCA ကို ၂၀၁၅ မတ်လ အကုန်မှာ ကျနော်တို့ ဆွေးနွေးတဲ့အခါမှာ အခု ကျနော်တို့ လက်မှတ်မထိုးဘဲ ကျန်ခဲ့တဲ့ အဖွဲ့က NCA ဟာ အပြီးသတ် မဆွေးနွေးရသေးဘူးလို့ မှတ်ယူတယ်။ တချို့ အဖွဲ့တွေ ထိုးသွားတယ်။ ဒီကနေ့ထိ ကျနော်တို့က NCA ကို ထပ်ပြီးမှ ပိုမို ကောင်းမွန်အောင် ဖြည့်စွက်ဖို့ လိုတယ်ဆိုတဲ့ အယူအဆရှိပါတယ်။ NCA ကို ဘာဖြစ်လို့ မထိုးတာလဲ ဆိုရင် ကျနော်တို့ ဆွေးနွေးချက်တွေ မပြီးသေးဘူး။ ပြီးရင် ကျနော်တို့ နှစ်ဖက်လက်ခံနိုင်တဲ့ အနေအထား မရောက်သေးဘူး ဖြစ်ပါတယ်။ အဲ့တော့ ဒီအနေအထားကို သွားဖို့အတွက် ကျနော်တို့ တောင်းဆို နေတာကတော့ ကျနော်တို့ Bilateral Ceasefire Agreement လုပ်ဖို့ လိုတယ်။ ဒါကတော့ ကျနော်တို့ တိုက်ပွဲတွေ ရပ်ဆိုင်းထားဖို့ ဖြစ်တယ်။ တိုက်ပွဲတွေ ရပ်ဆိုင်းထားပြီးမှ တည်ငြိမ်တဲ့ အခြေအနေအောက်မှာ NCA ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးကို ကျနော်တို့ ဆက်လက်ပြီး ဆွေးနွေးသွားမယ်ဆိုတဲ့ ဆန္ဒဖြစ်ပါတယ်။ အဓိက ကတော့ ကျနော်တို့ အရင်သွားနေတဲ့ လမ်းကြောင်းကို ဆက်ပြီးမှ ကျနော်တို့ Bilateral ကနေ တဆင့် ဘယ်လို သွားနိုင်မလဲဆိုတဲ့ အပိုင်းကို ကြိုးစားနေတာ ဖြစ်ပါတယ်။

မေး။     ။ Bilateral စာချုပ်မှာ ဘယ်လိုအချက်တွေကို KIA က ထည့်သွင်းချင်တာလဲ။ ယခင် ၂၀၁၃ တုန်းက သဘောတူခဲ့တဲ့ အချက်တွေမျိုးလား။

ဖြေ။     ။ ကျနော်တို့ လိုချင်တဲ့ Bilateral ကတော့ ကြိုတင်ကန့်သတ်ချက်တွေ အများကြီး မထားတဲ့ စာချုပ်မျိုး ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့က တိုက်ပွဲတွေ ဖြစ်လာတာလည်း ၈ နှစ် ရှိနေပြီ။ တချို့ တောင်းဆိုမှုတွေ သိပ်များတဲ့ စာချုပ်ဟာ ချုပ်ရခက်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒါ့ကြောင့် တောင်းဆိုမှုတွေ သိပ်မများတဲ့ တိုက်ပွဲများကို ရပ်ဆိုင်းထားနိုင်ပြီးမှ တည်ငြိမ်တဲ့ အခြေအနေ တခုကို ဖန်တီး နိုင်တဲ့ အပစ်အခတ်ရပ်စဲမှုစာချုပ်မျိုး လိုချင်တာ ဖြစ်ပါတယ်။ အဲ့တော့ ဒီတခေါက်မှာလည်း ဒါပဲ ကျနော်တို့ ကြိုးစားပြီး ညှိနှိုင်းမှာ ဖြစ်ပါတယ်။ တိုက်ပွဲများကို ရပ်ဆိုင်းထားမယ်။ တည်ငြိမ်တဲ့ အခြေအနေ တခုအောက်မှာ ကျနော်တို့ IDPs များကို မူလ နေရာ ပြန်ဖို့ ဝိုင်းပြီး ကြိုးစားကြမယ်။ ပြီးရင် NCA လက်မှတ်ရေးထိုး နိုင်ရေးမှာ ရှိနေတဲ့ အခက်အခဲ များကို အတူတကွ ဆွေးနွေးကြမယ်ဆိုတဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ အချက်အလက်တွေ သိပ်များများ မလုပ်ပဲနဲ့ ဖြစ်နိုင်တဲ့ အနေအထားကနေ ပြန်ပြီး အစပြုချင်တယ်ဆိုတဲ့ သဘောထား ဖြစ်ပါတယ်။

မေး။     ။ ၄ လတာ ကာလအတွင်းမှာ KIA ရဲ့ မဟာမိတ်တွေက တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ AA ဘက်မှာ ဆိုရင် အဆိုးဆုံးပဲ။ KIA ကတော့ တိုက်ပွဲတွေ ငြိမ်အောင် ထိန်းနေတာ ကြားရတယ်။ ဘယ်လိုတွေ များ ညှိနှိုင်း ထားတာလဲ။

ဖြေ။     ။ အထူးညှိနှိုင်းထားတာ မရှိပါဘူး။ ကျနော်တို့ KIA တပ်တွေကို ထိုးစစ်တွေ မလုပ်ဖို့ နဲ့ အများပြည်သူတွေ သွားနေတဲ့ လမ်းတွေမှာ တပ်မတော်ရဲ့ အခြေချစခန်းတွေမှာ ဝင်ပြီးတိုက်တာတို့ မလုပ်ဖို့ ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ ဒါက ကြာပါပြီ။ ၂၀၁၃ တည်းက ကျနော်တို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ AA မှာ ကျတော့ ကျနော်တို့နဲ့ ကွာပါတယ်။ ဟိုဘက်မှာ ကျတော့ သူတို့ရဲ့ အနေအထားအရ တိုက်ပွဲတွေ အမျိုးမျိုး ဖြစ်နေတယ်။ ကျနော်တို့ဆီမှာတော့ တိုက်ပွဲတွေ နည်းပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်တကြော ကျနော်တို့ တပ်မဟာ (၄) ခွင်တွေမှာတော့ တိုက်ပွဲတွေ နည်းနည်းပါးပါး ရှိပါတယ်။

မေး။     ။ တကယ်လို့ Bilateral စာချုပ်ကို ဆွေးနွေးတဲ့ အဆင့်ရောက်လာမယ်ဆိုရင် တဖွဲ့ချင်းစီက စာချုပ် တခုစီလုပ်မလား။ စာချုပ်တခုကိုပဲ မြောက်ပိုင်းမဟာမိတ်တွေ ဝိုင်းလက်မှတ်ထိုးမလား။ ဘယ်လိုများ စဉ်းစားထားပါသလဲ။

ဖြေ။     ။ ကျနော်တို့ FPNCC ရဲ့ အဖွဲ့ဝင် ၇ ဖွဲ့ထဲမှာ ကျနော်တို့ ၄ ဖွဲ့ကတော့ Bilateral မရှိသေးတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ကျန်တဲ့ ၃ ဖွဲ့ကတော့ Bilateral ရှိတယ်။ ပြီးတော့ NCA ကို သွားမယ်လို့ စဉ်းစားတယ်ဆိုရင် ပထမအဆင့်အနေနဲ့ ပြည်ထောင်စုအဆင့်မဟုတ်ပဲနဲ့ ပြည်နယ်အဆင့်မှာ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ စဉ်းစားတာက ၄ဖွဲ့ဟာ တဖွဲ့ချင်းအလိုက် အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ လုပ်ချင်တယ်ဆိုတဲ့ ဆန္ဒဖြစ်ပါတယ်။

မေး။     ။ KIA က မဟာမိတ် ၄ ဖွဲ့ အတူဆွေးနွေးရေးကို ဆုပ်ကိုင်ထားတယ်။ ဒီထဲမှာ AA ဆိုရင် တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်နေတယ်။ ဒီတော့ KIA ရဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအတွက် အဟန့်အတား မဖြစ်စေဘူးလား။

ဖြေ။     ။ ဒါကတော့ ကျနော်တို့ တကယ်ပဲ တိုက်ပွဲတွေကို ရပ်ဆိုင်းဖို့ ဆန္ဒရှိတယ်ဆိုရင် အခက်အခဲ မရှိနိုင် ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်ဒေသမှာ တိုက်ပွဲဖြစ်နေလို့ ဆိုပြီး ပြောမယ့် အစား ရခိုင်ဒေသမှာ တိုက်ပွဲ မဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အပိုင်းကို စဉ်းစားဖို့ လိုပါတယ်။ ဥပမာ နိုင်ငံတော်အစိုးရက ပြောတာ အဖြူရောင်နယ်မြေ ဖြစ်နေလို့ AA ဝင်လာတယ်ဆိုတာက မှန်သင့်သလောက် မှန်ပါတယ်။ သို့သော်လည်း ရခိုင်လူမျိုးတွေရဲ့ သဘောအလျောက် ပြောမယ်ဆိုရင် ရခိုင်ဒေသမှာ ရခိုင်တပ်ဖွဲ့ ဝင်လာတာ ရခိုင်လူမျိုးတွေက ကြိုဆိုမှာ ဖြစ်ပါတယ်။ အဲ့တော့ နှစ်ဖက်မျှပြီးတော့ စဉ်းစားပြီးမှ တကယ်လို့ AA တပ်ဖွဲ့တွေ ဟိုမှာ ဝင်လာတယ်။ သို့သော်လည်း ဒီကိစ္စကို ဝိုင်းဖြေရှင်းဖို့ တိုက်ပွဲတွေကို ရပ်စဲ သွားအောင် လုပ်ကြမယ်ဆိုရင် ရခိုင်အဖွဲ့ ဝင်လာတယ် မဝင်လာဘူးဆိုတာကတော့ အဓိက ပြဿနာ မဟုတ်ဘူးလို့ ဒီလိုပဲ မြင်ပါတယ်။ အဓိက ကတော့ တည်ငြိမ်တဲ့ အနေအထား တခုကို ရောက်ဖို့ ဆိုရင် ကျနော်တို့ က နှစ်ဖက် မျှပြီး စဉ်းစားဖို့ လိုပါတယ်။

မေး။     ။ တပ်မတော်က AA နဲ့ ပတ်သတ်ပြီး KIA ကို ပြစ်တင်ပြောဆိုတာတွေ ရှိတယ်။ သတင်း ထုတ်ပြန်ချက်တွေမှာပေါ့။ KIA က ကူညီပေးဖို့ ဒီလိုပြဿနာတွေ ဖြစ်လာတယ် ဆိုတာမျိုးပေါ့။  ဒီအပေါ်မှာ ဗိုလ်ချုပ်အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်လဲ။

ဖြေ။     ။ AA ကို KIO က ကူညီတယ်ဆိုတာကတော့ အနည်းအကျဉ်းပါပဲ။ အစပြု ပျိုးထောင်ပေးတဲ့ အဆင့်လောက်ပဲ ရှိတာပါ။ AA တပ်ဖွဲ့အနေနဲ့ သူ့ဟာသူ တိုးတတ်လာတယ်ဆိုတာ သူတို့ရဲ့ အရည်အချင်း ၊ သူတို့ရဲ့ လူမျိုးတွေရဲ့ ပါဝင်မှုပဲ ဖြစ်ပါတယ်။ ကျနော်တို့ KIO က ပံ့ပိုးပေးလို့ ဒီလောက်ထိ တိုးတတ်လာတယ် ၊ ဒီလောက် စိတ်ဓါတ်တတ်ကြွလာတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ သူတို့ကို ပေးတယ် ဆိုတာက နည်းနည်းလေးပါ။ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်၊ သူတို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုရဲ့ ပါဝင်မှုပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အစိုးရအနေနဲ့ကတော့ KIA ကနေပြီး ပံ့ပိုးပေးတယ်ဆိုတာကတော့ အဖြစ်ကို ပြောတာပဲ ဖြစ်ပါတယ်။ KIA က ကူညီပေးလို့ သူတို့ ဒီလောက်အထိ များပြား လာတာ မဟုတ်ပါဘူး။ အရင်းခံကတော့ သူတို့ အထဲမှာပဲ ရှိပါတယ်။

မေး။     ။ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေကိုရော ဘယ်လို ဖြေရှင်းသင့်တယ်လို့ မြင်လဲ။

ဖြေ။     ။ ဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်။ ရခိုင်ဒေသမှာ AA ကို ဝင်မလာနဲ့လို့ ပြောတဲ့ အစား ဒီရခိုင်ဒေသမှာ ဘယ်သူပဲ ဝင်လာ ဝင်လာ ညှိနှိုင်းရမှာပါ။ တချိန်ချိန်မှာ ရခိုင်လူထုရဲ့ သဘောထားအရ နိုင်ငံတခု တည်ဆောက်တဲ့ အစိတ်အပိုင်းမှာ ဘယ်လိုပုံစံ ပါဝင်လာမလဲ။ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲ ဆိုတဲ့ အပိုင်းက ပိုအရေးကြီးပါတယ်။ AA ကို ဝင်မလာနဲ့လို့ ပြောလိုက်တာက ပြဿနာ ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဘယ်လို နိုင်ငံတခုကို တည်ဆောက်ကြမလဲဆိုတဲ့ အပိုင်းကတော့ ပိုအရေးကြီးတယ်လို့  မြင်ပါတယ်။

မေး။     ။ KIA နဲ့ AA ကြားမှာ နိုင်ငံရေးရည်မှန်းချက် ဘုံတူညီချက်တွေ ထားမယ်ဆိုပြီး မဟာမိတ် စာချုပ်တွေ ချုပ်ဆိုထားတာ ရှိပါသလား။

ဖြေ။     ။ အဲ့လို မရှိပါဘူး။ ကျနော်တို့ ဘုံ သဘောထားလည်း တခါမှ မညှိခဲ့ဖူးဘူး။ အဓိက ကတော့ အားလုံးက ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့ တန်းတူအခွင့်အရေး ရှိတဲ့ ဖက်ဒရယ်စနစ်ကို လိုချင်တယ်ဆိုတဲ့ အခြေခံ ယူဆချက် ရှိပါတယ်။ ဒါပေမယ့် တဖက်အဖွဲ့နဲ့ တဖက်အဖွဲ့က  အလုံးစုံ တူညီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ညှိယူရမှာ ဖြစ်ပါတယ်။ အစိုးရနဲ့သော်လည်းကောင်း၊ တော်လှန်ရေးတပ်ဖွဲ့ တခုချင်းသော်လည်းကောင်း အားလုံး မျှချေ အဖြစ် လက်ခံနိုင်တဲ့ ဘုံသဘောထားများကို ညှိနှိုင်းဖို့ လိုတယ်။ ခုဏ ပြောသလို Bilateral Ceasefire Agreement တွေ လုပ်ထားမယ်။ ပြီးရင် NCA ကိစ္စ ဆွေးနွေးနေမယ်။ တပြိုင်တည်းမှာပဲ NCA အပါအဝင် ကျနော်တို့ရဲ့ နိုင်ငံကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတဲ့ နိုင်ငံတည်ဆောက်ရေး စီမံချက်တွေ ကိုပါ တခါတည်း ဆွေးနွေးဖို့ လိုတယ်လို့ မြင်ပါတယ်။ ဒါကတော့ ပြဿနာတွေကို ဖြေရှင်းတဲ့ အရင်းခံ တခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။

မေး။     ။ KIO/KIA က NCA မှာ အစကနေ အပြီးသတ်ထိ ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာ FPNCC ကနေ ဝ ရဲ့ မူတွေ အတိုင်း သွားမယ်ဆိုပြီး နိုင်ငံရေးသဘောထားတွေ ပြောတယ်။ အခုအခြေအနေကရော ဘယ်ဘက်နဲ့ သွားမှာလဲ။

ဖြေ။     ။ KIO ကတော့ NCA ကို အစပြုကတည်းကနေ ၂၀၁၅ မတ်လ အကုန်ထိ ပါဝင်ခဲ့ပါတယ်။ တကယ်တော့ NCA စာချုပ် မူကြမ်းဟာ ပဌ္စမမြောက် မူကြမ်းအထိ ဆွေးနွေးခဲ့တာ ဖြစ်တယ်။ ပဌ္စမ မူကြမ်းကို အတည်ပြုမူကြမ်းလို့ ကျနော်တို့က နာမည်ပေးခဲ့ကြတယ်။ ဒါပေမယ့် အဲ့ ပဌ္စမ မူကြမ်း လို့ ခေါ်တဲ့ အတည်ပြုမူကြမ်း ပြီးတဲ့ အချိန်ထိ တပ်ပိုင်းဆိုင်ရာကိစ္စတွေကတော့ ကျနော်တို့ ဘာမှ မဆွေးနွေးနိုင်ခဲ့ဘူး။ ဆွေးနွေးဖို့ အချက်ပေါင်း ၃၅ ချက် ကျန်ခဲ့တယ်။ အဲ့ ၃၅ ချက်ကို မဆွေးနွေးပဲနဲ့ တချို့အဖွဲ့က လက်မှတ် ထိုးလိုက်တာ ဖြစ်တယ်။ အဲ့တော့ ကျနော်တို့က NCA ကို အပြီးသတ် မဆွေးနွေးနိုင်ဘူး။ မပြည့်စုံဘူးလို့ ယူဆတဲ့ အတွက် ကျနော်တို့ က လက်မှတ်မထိုးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကျနော်တို့ ပြောနေတာက NCA ကို ပိုမို ကောင်းမွန်ပြည့်စုံတဲ့ NCA ဖြစ်စေချင်တယ်။ ဒီ NCA လက်မှတ်ထိုးပြီးရင် အဖွဲ့တိုင်းဟာ နောက်တကြိမ် စစ်ပွဲအတွက် ပြင်ဆင်နေတဲ့ အချိန်မျိုး မဖြစ်စေချင်ဘူး။ ဒါ့ကြောင့် ပိုမိုကောင်းမွန် ပြည့်စုံသော NCA ဖြစ်တယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးမယ်။ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ အခြေအနေ မရောက်မချင်း NCA ထိုးဖို့ ကျနော်တို့ ဆုံးဖြတ်လို့ မရပါဘူး။ ဒါ ကျနော်တို့ရဲ့ သဘောထား ဖြစ်ပါတယ်။

မေး။     ။ ဒါဆိုရင် ကျန်နေတဲ့ ၃၅ ချက်ကို ဆွေးနွေးအတည်ပြုနိုင်မယ်ဆိုရင် KIO က NCAကို လက်မှတ် ထိုးမှာပေါ့။

ဖြေ။     ။ မှန်ပါတယ် ။ ဒါကျနော်တို့ နှစ်ဖက် လက်ခံနိုင်တဲ့ အနေအထားကို ရောက်တယ်ဆိုရင် NCA လက်မှတ်ထိုးဖို့ အရင်ကတည်းက ကျနော်တို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ NCA ကို ပိုမို ကောင်းမွန် ပြည့်စုံတဲ့ အနေအထားကို ဖြည့်နိုင်မယ်ဆိုရင် လက်မှတ် ထိုးမယ်လို့ ပြောတာ ဖြစ်ပါတယ်။ FPNCC မူ ရှိပါတယ် ကျနော်တို့ ။ ဒါ့ကြောင့် ကျနော်တို့ ပြောနေတာက FPNCC ရဲ့ မူကိုလည်း ဆွေးနွေးဖို့ သင့်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့တော့ NCA ဟာ လမ်းကြောင်း တခု အနေနဲ့ ထားတယ်။

အဲ့ဒီ့အခါမှာ ကျနော်တို့ ပြောတာက FPNCC ရဲ့ မူကို ဆွေးနွေးတယ်လို့ ပြောစရာမလိုပဲနဲ့ NCA လမ်းကြောင်းကို ဆွေးနွေးတဲ့အခါမှာ ဒီ FPNCC က တင်ထားတဲ့ မူများကိုလည်း တပါတည်း ဆွေးနွေးဖို့ လိုတယ်။ ဘယ်နေရာမှာတော့ လက်မခံ နိုင်ဘူး။ ဘယ်နေရာမှာတော့ ယထာဘူယျ မကျဘူးဆိုတာကို ဆွေးနွေးဖို့ လိုပါတယ်။ မဆွေးနွေးဘဲနဲ့တော့ FPNCC ရဲ့ မူကိုလည်း လက်မခံနိုင်ဘူးလို့ မပြောသင့်ဘူးလို့ ကျနော်တို့ မြင်တယ်။ FPNCC ရဲ့ မူဟာ တချို့ ပြည်နယ်အစိတ်အပိုင်းတွေ တချို့တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေအတွက် အစိုးရအတွက် တကယ့် ပကတိအခြေအနေနဲ့ ကွာဟနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သို့သော်လည်း ဆွေးနွေးဖို့ လိုပါတယ်။ အပြန်အလှန် ဆွေးနွေးပြီးမှ ဒီအပိုင်းကို လက်မခံနိုင်ဘူး။ ဒီအပိုင်းကို ပြင်ဆင်ရမယ်။ ထိုနည်းလည်းကောင်းပဲ NCA မှာလည်း FPNCC အဖွဲ့ကတော့ ဒီလိုဖြစ်ချင်တယ်။ ဒါကတော့ ဖြည့်စွက်ပေးပါ စသဖြင့် နှစ်ဖက် ဆွေးနွေး ဖို့ လိုတယ်လို့ မြင်ပါတယ်။

မေး။     ။ NCA မှာ ကျန်နေတဲ့ ၃၅ ချက်ကို အစိုးရနဲ့ ဆွေးနွေးဖို့ ဗိုလ်ချုပ်တို့ဘက်က ပြောတာ ရှိလား။

ဖြေ။     ။ ကျနော်တို့ အမြဲတမ်း ပြောနေတာ ဖြစ်ပါတယ်။ မိုင်ဂျာယန်မှာ တိုင်းရင်းသားညီလာခံ လုပ်ကြတယ်။ NCA မထိုးသေးတဲ့ အဖွဲ့တွေ ပါဝင်ပြီးမှ ကျနော်တို့က FPNCC ကနေ တောင်းဆိုချက် ၈ ချက်ကို ကျနော်တို့က တောင်းဆိုခဲ့ဖူးပါတယ်။ ဒီအချက်တွေ အားလုံးကတော့ ၃၅ ချက်ပေါ်မှာ ပြန်လည် ဖြည့်စွက်ရင်းနဲ့ NCA ကို ပိုမို ကောင်းမွန်တဲ့  NCA ၊ ပိုမို ပြည့်စုံတဲ့ NCA ၂ နာရီ ဖြစ်ရေး ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က ပြောတာကတော့ ပြင်လို့ မရဘူးလို့ ပြောတယ်။ ကျနော်တို့က ပြင်မှာ မဟုတ်ဘူး။ ယခင် ဆွေးနွေးလို့ မပြီးသေးတဲ့ အချက်တွေကို ထပ်ဖြည့်မယ်။ ပိုကောင်းအောင် လုပ်မယ်။ ကျနော်တို့ရဲ့ အတွေးကတော့ NCA ကို ပိုကောင်းအောင်လို့ လုပ်မယ်လို့ ပြောတာကို ဘာဖြစ်လို့ လက်မခံတာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒါကျနော်တို့ ဘက်က သဘောထား ဖြစ်ပါတယ်။

မေး။     ။ ဒီလိုတွေ ညှိနှိုင်းလို့ မရလို့ “ဝ” နဲ့ မဟာမိတ်ဖွဲ့ပြီး KIA က FPNCC ဘက်ကို ရောက်သွားတာပေါ့။

ဖြေ။     ။ ဒါကတော့ တစိတ်တပိုင်း မှန်ပါတယ်။ ဒါပေမယ့် အဲ့အချိန်မှာ အနေအထား အရက တောင်ပိုင်း တခုလုံးမှာကတော့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေ ပိုများတယ်။ KIO ဟာ မြောက်ပိုင်းမှာ ရှိတဲ့ အဖွဲ့ဖြစ်တယ်။ အဲ့တော့ စစ်ရေးအရကလည်း ဒီမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်ဖြစ်တဲ့အခါမှာ  ကျနော်တို့ မြောက်ပိုင်းမှာ ရှိတဲ့ အဖွဲ့တွေက ပိုပြီး စုစုစည်းစည်း ဖြစ်သွားဖို့ လိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ UNFC က ထွက်ပြီးမှ FPNCC ထဲမှာ ပါဝင်လာရတာ ဖြစ်ပါတယ်။

မေး။     ။ FPNCC ရဲ့ မူက NCA ပါ စာချုပ်အချက်တွေထက် နိုင်ငံရေးမျှော်မှန်းချက်တွေ ပိုမြင့်တာကို တွေ့ရ တယ်။ တကယ်လို့ KIO က အစိုးရနဲ့ တေ့တေ့ဆိုင်ဆိုင် စကားပြောရတော့မယ် ညှိရမယ်ဆို NCA ပေါ်မှာ ရပ်မလား။ FPNCC ရဲ့ အပစ်ရပ်စာချုပ်နဲ့ နိုင်ငံရေးခံယူချက်ပေါ် ရပ်တည်မလား။

ဖြေ။     ။ KIO ရဲ့ သဘောထားကတော့ မူနှစ်ခုစလုံးကို သုံးသပ်ပြီးတော့မှ ကျနော်တို့ အားလုံးနဲ့ ကိုက်ညီမယ့် သဟဇာတဖြစ်မယ့် မူအပေါ်မှာပဲ ရပ်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ စဉ်းစားတဲ့ အချက်ကတော့ FPNCC ရဲ့ မူက သိပ်မြင့်တယ်။ တခြားအဖွဲ့တွေနဲ့ မကိုက်ညီဘူး ပြောတယ်ပဲ ထားဦး။ UNFC နဲ့ လက်မှတ်ထိုးပြီးသား အဖွဲ့တွေ အင်မတန် ကောင်းမွန်တဲ့ Proposal တင်တဲ့အခါမှာ ဘာဖြစ်လို့ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်က လက်မခံတာလဲ ဆိုတဲ့ အပိုင်း ဖြစ်ပါတယ်။ FPNCC ရဲ့ မူဟာ ကောင်းတယ် မကောင်းဘူး၊ သဘာဝ ကျတယ်မကျဘူး ဆိုတာထက် အင်မတန်ကောင်းမွန်တဲ့ Proposal တင်တော့ရော လက်ခံသလားဆိုတဲ့ မေးခွန်းကလည်း ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ KIO က လက်ရှိ အခြေအနေပေါ်မှာ မူတည်ပြီး ကျနော်တို့ တိုင်းရင်းသား များရဲ့ တန်းတူပူးပေါင်းဖွဲ့စည်းနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စု ဘယ်လို လုပ်နိုင်မလဲ ဆိုတဲ့ မူအပေါ်မှာ ရပ်တည်သွားမှာ ဖြစ်ပါတယ်။

မေး။     ။ တိုင်းရင်းသားခေါင်းဆောင်တွေ အစိုးရရော တပ်မတော်ရော အကုန်လုံး အနာဂတ်မှာ ဖက်ဒရယ်ကို သွားမယ်လို့ သဘောတူထားကြတယ်။ ဒါပေမယ့် ဘာလို့ ညှိလို့ မရကြတာလဲ။

ဖြေ။     ။ ဒီကိစ္စကတော့ နည်းနည်း ရှုပ်ထွေးပါတယ်။ NCA ရဲ့ နိဒါန်းမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တောင်းဆိုချက်ကတော့ နိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ထောင်မယ်လို့ ကတိတောင်းတာ ဖြစ်တယ်။ တပ်မတော် နဲ့ အစိုးရ ပေးတာက ဒီကိစ္စကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေး ကြမယ်လို့ ပြောတယ်။ တည်ဆောက်ကြမယ်လို့ အတိအကျ ကတိပေးတာ မဟုတ်ဘူး။

သို့သော်လည်းပဲ အခင်းအကျင်းအရကတော့ NCA လက်မှတ်ထိုးပြီးလို့ ရှိရင် ဒီ NCA ကို အကောင်အထည် ဖော်တဲ့အခါမှာ ပူးတွဲဦးဆောင်မယ့် အနေအထားမျိုးကို အစိုးရနဲ့ တပ်မတော်တို့က လက်မခံဘူး။ သူတို့ကပဲ အားလုံး ဆုံးဖြတ်မယ်ဆိုလို့ ကျနော်တို့ အစည်းအဝေးမှာ မေးပါတယ်။ ကျနော်တို့ရဲ့ ကိစ္စကို ခဗျားတို့ ဘယ်မှာ ဆုံးဖြတ်မလဲ။ အတိအကျ မေးခဲ့တယ်။ ကျနော့်ဆီမှာ Record ရှိပါတယ်။ အဲ့တော့ NCA လက်မှတ်ရေးထိုးပြီး အတူတကွ ပူးပေါင်းပြီးမှ ပူးတွဲ ပြီးမှ ကျနော်တို့ အကောင်အထည်ဖော်မယ့် အနေအထားမျိုးကို မရရှိပဲနဲ့ ကျနော်တို့ရဲ့ ကံကြမ္မာကို ကာလုံမှာသော်လည်းကောင်း ၊ UPCC လို နေရာမျိုး ထိပ်သီးအစိုးရရဲ့ ခေါင်းဆောင်တွေက သီးသန့် ဆုံးဖြတ်မယ်ဆိုတဲ့ သဘောထားမျိုး ဖြစ်လာတော့ ကျနော်တို့က NCAကို လက်မှတ်ထိုးဖို့ ပိုပြီး အခက်အခဲ ဖြစ်စေပါတယ်။

မေး။     ။ KIO နဲ့ တပ်မတော်ကြား ယုံကြည်မှု တည်ဆောက်တဲ့ အခန်းကဏ္ဍက ဘယ်လို အခြေအနေမှာ ရှိပါသလဲ ။

ဖြေ။     ။ ယုံကြည်မှုကတော့ ဘာမှ မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၂၀၁၁ တိုက်ပွဲတွေ စဖြစ်တဲ့ ပထမလမှာပဲ ကျနော်တို့ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့တယ်။ တွေ့တော့ ကျနော်တို့ ပထမ စမေးတဲ့ မေးခွန်းက ပင်လုံစာချုပ်ကို တရားဝင်သတ်မှတ်သလားဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီကနေ့ထိ ကျနော်တို့ အဖြေမရပါဘူး။ ပင်လုံက ကတိကဝတ်တွေကို တန်ဖိုးထားပြီးမှ အကောင်အထည် ဖော်မယ်ဆိုရင် ကျနော်တို့ KIO ဟာ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်မယ်လို့ ၂၀၀၉ သြဂုတ်မှာ ကျနော်တို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ကျနော်တို့ တိုက်ရိုက်စာရေးပြီး တင်ထားတဲ့ စာတမ်းရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ပြောချင်တာက ယုံကြည်မှု တည်ဆောက်ရေးလို့ ပြောတဲ့အခါမှာ တဖက်နဲ့ တဖက် အပေးအယူရှိဖို့ လိုပါတယ်။ ပင်လုံကို အသိအမှတ်ပြုဖို့ လိုပါတယ်။

ဒီလို အသိအမှတ်ပြုတယ် ဆိုတာကို အခြေခံဥပဒေမှာ ထည့်သွင်းရေးသားပြီး တရားဝင် ထုတ်ပြန်ဖို့ လိုပါတယ်။ အခြေခံဥပဒေမှာ တရားဝင် ရေးသားဖော်ပြခြင်း မရှိသရွေ့ နိုင်ငံရေးအာမခံချက် မရှိပါဘူး။ ဒါဟာ ကျနော်တို့ ပြောတဲ့ ယုံကြည်မှု တည်ဆောက်ရေး ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီကနေ့အချိန်ထိတော့ တပ်မတော်နဲ့ ကျနော်တို့ KIO ကြားမှာ ယုံကြည်မှု ရှိသလားလို့ မေးရင် ယုံကြည်မှု မရှိဘူးလို့ ပြောလို့ ရတယ်။ ကျနော်တို့ဘက်က မယုံကြည်သလို တပ်မတော်ဘက်ကလည်း ကျနော်တို့ကို ယုံကြည်မှု မရှိပါဘူး။ ဒါကို လက်တွေ့ပြနိုင်ဖို့က တိုက်ပွဲတွေ ရပ်မယ်။ ဆွေးနွေးပွဲတွေ လုပ်မယ်။ သဘောတူညီချက်တွေကို အခြေခံဥပဒေမှာ ထည့်သွင်းဖော်ပြပြီးမှ တရားဝင် ထုတ်ပြန်တဲ့ အချိန်ကျတော့မှ ယုံကြည်မှု ဆိုတာ ရှိလာမှာ ဖြစ်ပါတယ်။

မေး။     ။ KIO / KIA အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်ကရော ဘယ်လို ရှိနေပါသလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်မှုတွေ ပေါ်မှာ ကျနော်တို့ အမြဲတမ်း ယုံကြည်မှု ရှိပါတယ်။ သို့သော်လည်း သူ့မှာ အခက်အခဲတွေ အများကြီးရှိတာ ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့က တောက်လျှောက်ပြောနေတာက တိုက်ပွဲတွေ ပြန်ဖြစ်လာကတည်းက မေတ္တာရပ်ခံလာတာက ဗိုလ်မှူးကြီး သန်းအောင်ကို ကျနော်တို့ ပြောပါတယ် လဂျားယန်မှာ။

အခု တနိုင်ငံလုံးမှာ ရှိတဲ့ တပ်တွေက ကချင်ပြည်နယ်ကို ထိုးစစ်ဆင်ဖို့ ရောက်လာပြီ။ အဲ့တော့ နောက်ထပ် တပ်တွေကို ထပ်မပို့ပါနဲ့။ နောက်ထပ် တပ်တွေ ထပ်ပို့ရင် အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ဆန္ဒမရှိဘူးလို့ အဓိပ္ပာယ်ကောက်ယူ ရမှာ ဖြစ်တယ်လို့ ၂၀၁၁ တိုက်ပွဲတွေ စဖြစ်ဖြစ်ချင်း ကျနော်တို့ မေတ္တာရပ်ခံပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာ တပ်တွေ တတ်လာတယ်။ အဲ့တော့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ ဆွေးနွေးရမယ့်အစား တိုက်ပွဲကြီးများကို ဆင်နွဲဖို့အတွက်ပဲ အမြဲတမ်း စီမံချက်တွေ ချတယ်။ တပ်တွေ ဖြည့်တယ်။  လူအင်အား ဖြည့်တယ်။ တပ်အင်အား ဖြည့်တယ်။ လက်နက်အင်အား ဖြည့်တယ်။ လေယာဉ် စသဖြင့် အဆင့်မြင့် တိုက်ပွဲများကို ဆင်နွဲနေတဲ့ အခါမှာ တကယ်ပဲ ဒီတပ်မတော်နဲ့ ဒီအစိုးရက ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဖို့ ဆန္ဒရှိသလားဆိုတာ ကျနော်တို့ဆီမှာ အင်မတန်မှ သံသယ ရှိပါတယ်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တချို့ခေါင်းဆောင်များအ နေနဲ့ နိုင်ငံတော်ကို အေးချမ်းစွာနဲ့ ပြောင်းလဲရေးတွေ လုပ်ချင်တဲ့ သဘောထား ရှိတယ်ဆိုတာတော့ ကျနော်တို့ ယုံမှားစရာ မရှိပါဘူး။ သူတို့ ဘယ်လောက် လုပ်နိုင်တယ် မလုပ်နိုင်ဘူး ဆိုတာကတော့ နိုင်ငံရေးအခြေအနေပေါ်မှာ မူတည်ပါတယ်။ ဒါကျနော်တို့ နားလည်ပါတယ်။

မေး။     ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ မှာ ငြိမ်းချမ်းရေး ပြည်သူလက်ထဲ အပ်မယ် ပြောနေတယ်။ တရုတ်ဘက်ကလည်း ဖိအားပေးတယ်ဆိုတာမျိုးတွေ မကြာခဏ ကြားရတယ်။ တရုတ်နဲ့ ဆက်ဆံရေး အခြေအနေ က ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာတော့ ၂၀၂၀ မှာ အခြေခံမူတွေ ရအောင်ယူမယ်လို့ ပြောတယ်။ ကာကွယ်ရေးဦးစီးချုပ်ကတော့ ၂၀၂၀ မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြီးရမယ်လို့ ပြောတယ်။ အဲ့တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးရမယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့တွေ ဒီလိုပဲ မြင်တယ်။ တခုရှိ တာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တကယ် ယုံကြည် တယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို အသစ်ရေးဖို့ လိုတယ်။ အားလုံးပါဝင်ပြီးမှ ၂၀၀၈ အခြေခံ ဥပဒေ ကို ဖျက်သိမ်းပြီးမှ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တခု ထွက်လာတယ်ဆိုရင်တော့ ဒီကနေ့ ထွက် လာရင် မနက်ဖြန်၊ သဘက်ခါ နိုင်ငံဟာ ငြိမ်းချမ်းသွားနိုင်ပါတယ်။

နောက်တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကတော့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှု့တော့ သူ့ရဲ့ တည်ငြိမ်နေတဲ့ အနေအထားနဲ့ သူ့ရဲ့ လုပ်ငန်း စီမံချက်တွေပေါ်မှာ အဟန့်အတား ဖြစ်ဖို့ စိုးရိမ်မှု ရှိပါတယ်။ ဒါ့ကြောင့် တနိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေး တွေကို သူမဖော်ဆောင်နိုင်သော်လည်းပဲ နယ်စပ်တလျှောက်မှာ သူ့ရဲ့ နယ်နိမိတ်နဲ့ ကပ်နေတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်မှာကို သူစိုးရိမ်ပါတယ်။ အဲ့အခါ အစိုးရကိုလည်း သူက ဖိအားပေးတယ်။ အစိုးရ တပ်မတော်ကိုလည်း ဖိအားပေးတယ်။ ကျနော်တို့ကိုလည်း ဖိအားပေးတယ်။ အဓိက သူတို့ ပြောတာတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ပါ။ နယ်စပ်မှာ တိုက်ပွဲတွေ မဖြစ်စေနဲ့ ဆိုတဲ့ အဓိက ၂ ချက်ဖြစ်ပါတယ်။ ဒါကတော့ ဖိအားပေးတယ်လို့ ယူဆလို့ ရသလို သူ့ရဲ့ အနေအထားအရ ကျနော်တို့ကို တပြိုင်တည်း ပြောတဲ့ ကိစ္စ ဖြစ်တော့ ဒါက ယထာဘူယျ ကျတယ်လို့ မြင်တယ်။ ဒါကတော့ တရုတ်နိုင်ငံရဲ့ interest  ဖြစ်ပါတယ်။

မေး။     ။ ပြီးခဲ့တဲ့ လက KBC ကို ယူနန်အစိုးရဘက်က ခေါ်တွေ့ပြီး NCA မထိုးရင် နယ်စပ်ဂိတ်တွေ ပိတ်ပစ်မယ်၊ လက်နက်စက်ရုံက ပညာရှင်တွေ ပြန်ခေါ်ယူမယ်ဆိုတာမျိုး ပြောဆိုချက်တွေကရော KIA အပေါ်မှာရော သက်ရောက်မှု ရှိလား။

ဖြေ။     ။ ကျနော်တို့ကို တိုက်ရိုက်တော့ မပြောဘူး။ နယ်စပ်ဂိတ်ပိတ်တယ်ဆိုတာတော့ ပိတ်တာ မဟုတ်ဘဲ သူတို့ စည်းကမ်းတင်းကျပ်တာတွေ တေ့ွရတယ်။ သူကတော့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ် တလျှောက်လုံးကို စည်းကမ်းတွေ ပြန်တင်းကျပ်လိုက်တာ တွေ့ရတယ်။ စက်ရုံတွေမှာ သူ့လူတွေ ပြန်ခေါ်မယ်ဆိုတာကတော့ အစိုးရက တိုက်ရိုက်ပြောတာ မဟုတ်ပါဘူး။ သိရသလောက်ကတော့ သူတို့ဆီက လူပုဂ္ဂိုလ်တွေ ပြောတာပဲ ဖြစ်တယ်။ ပြီးရင် ဒီဘက်တွေမှာ တရုတ်နိုင်ငံသားတွေ လာပြီး လုပ်နေတဲ့ စက်ရုံတွေ မရှိပါဘူး။ ကျနော်တို့ရဲ့ လူအင်အားနဲ့ပဲ လုပ်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီကိစ္စကတော့ ကြားမှာ ပြောရင်း ဆိုရင်းနဲ့ အဓိပ္ပာယ် ဖော်ဆောင်မှု လွဲမှားတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ကျနော်တို့ကိုလည်း တိုက်ရိုက် ပြောတာ မရှိပါဘူး။

မေး။     ။ မြစ်ဆုံကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်ရဲ့ လုပ်ဆောင်ချက်၊ ပြောဆိုချက်တွေကြောင့် လူထုက စိုးရိမ်မှု ပြန်မြင့်တတ်လာနေတယ်။ KIO အနေနဲ့ မြစ်ဆုံစီမံကိန်းအပေါ် ဘာများပြောချင်ပါသလဲ။ တရုတ်နဲ့ ပတ်သတ်ပြီး ဒီကိစ္စမှာ ရပ်တည်ချက် ဘယ်လိုများရှိပါသလဲ။

ဖြေ။     ။ မြစ်ဆုံကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်ကုမ္ပဏီတွေကတော့ မြစ်ဆုံကို ပြန်လုပ်ချင်တယ် ဒါသူတို့ ကျနော်တို့ကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျနော်တို့ KIO အနေနဲ့ကတော့ ပြည်သူလူထုကို အမိန့်ပေးလို့ မရဘူး ။ ဒါက (၁) အချက်ပါ။ (၂) အချက်ကတော့ အရင် ဒီစီမံကိန်းဟာ KIO နဲ့ စပြီး ဖော်ဆောင်ခဲ့တာ မဟုတ်ဘဲနဲ့ အစိုးရနဲ့ ဖော်ဆောင်ခဲ့တာ ဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ ဒီကိစ္စ အပေါ်မှာ တာဝန်မရှိဘူး လို့ ကျနော်တို့က ပြောဆိုထားတယ်။ နောက်တချက်ကတော့ ကျနော်တို့ KIO က ကူညီပေးနိုင်တာကတော့ တရုတ်ကုမ္ပဏီက သူဖြစ်စေချင်တဲ့ သတင်းစကားတွေကို ကျနော်တို့က ကချင်လူထုကို တဆင့် လက်ဆင့်ကမ်းပေးမယ်။

ထိုနည်းလည်းကောင်းပဲ ပြည်သူလူထုရဲ့ အသံတွေကိုလည်း ကုမ္ပဏီကို ကျနော်တို့ လက်ဆင့်ကမ်းပေးမယ်။ ဒါ ကျနော်တို့ ကူညီနိုင်တဲ့ အပိုင်းဖြစ်တယ်။ တတိယအချက်ကတော့ ဖြစ်နိုင်လို့ ရှိရင ်မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်ကုမ္ပဏီက ညှိနှိုင်းပြီးတော့ မြစ်ကြီးနားလို နေရာမျိုးမှာ လူထု ရှင်းလင်းပွဲ လုပ်ရင် သင့်တော်တယ်လို့ ကျနော်တို့ အကြံပြုထားတယ်။ အဲ့ဒီအခါကျမှ လူထုရဲ့ စိုးရိမ်ချက်တွေကို တိုက်ရိုက် မေးလို့ ရတယ်။ ကုမ္ပဏီ အနေနဲ့လည်း တိုက်ရိုက် ဖြေရှင်းပေးလို့ ရတယ်။

အဲ့ဒီအခါမှာ ဘာတွေ ဖြေရှင်းပေးရမလဲ ဆိုတာ နားလည်လာသလို လူထုရဲ့ အသံကိုလည်း တိုက်ရိုက် ကြားနိုင်မယ်။ တရုတ်ကုမ္ပဏီရဲ့ သတင်းစကားကိုလည်း လူထုက တိုက်ရိုက်နားထောင်နိုင်မယ်။ စတုထ္ထအချက်အနေနဲ့ ကျနော်တို့ကတော့ လူထုက လက်ခံတယ်ဆိုရင် ကျနော်တို့က ကန့်ကွက်စရာ မရှိဘူး။ သို့သော်လည်း လူထုက လက်မခံတဲ့ အနေအထားမှာ ကျနော်တို့က လူထုကို အတင်းအဓမ္မ လက်ခံခိုင်းလို့ မရဘူးလို့ ဒီ ၄ ချက်ကို ကျနော်တို့က တရုတ်ကုမ္ပဏီတွေကို ပြောထားတာ ရှိပါတယ်။

မေး။     ။ မြစ်ဆုံစီမံကိန်းအပေါ် KIO ရဲ့ ရပ်တည်ချက်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ ကျနော်တို့ KIO ကတော့ ဒီစီမံကိန်းကို စပြီး အကောင်အထည် ဖော်မယ်လို့ သတင်းစာတွေမှာ ပါလာကတည်းက ကျနော်တို့က တရုတ်အစိုးရကိုလည်း ကျနော်တို့ အကြံပြုစာပို့ထားတာ ရှိပါတယ်။ အွန်လိုင်းမီဒီယာတွေမှာ တွေ့နိုင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကိုလည်း ကျနော်တို့ ပို့ထားတာ ရှိပါတယ်။ KIO ရဲ့ သဘောထားက ထိုနည်းလည်းကောင်းပါပဲ။ မပြောင်းလဲပါဘူး။

မေး။     ။ ၇ နှစ်တာကာလအတွင်း တိုက်ပွဲကြောင့် ဒုက္ခသည်ဖြစ်နေသူတွေ အတွက်ရော KIO နဲ့ အစိုးရကြား ညှိနှိုင်းမှုတွေ ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ ၂၀၁၈ မကုန်ခင်မှာ ကျနော်တို့က အစိုးရဆီကို သတင်းစကား ပို့ထားတာကတော့ အခုလက်ရှိ ကျနော်တို့ IDPs စခန်းတွေမှာ ရောက်နေတဲ့ မူလရွာ ၆၅ ရွာကတော့ ပြန်ပြီး နေထိုင်လို့ ရပြီ။ အဲ့တော့ ပြန်သင့်တယ်လို့ ကျနော်တို့က အကြံပြုစာ ပို့ထားပါတယ်။ ၆၅ ရွာ ဖြစ်ပါတယ်။ အစိုးရဘက်ကတော့ အဖြေမပေးပဲနဲ့ NCA လက်မှတ်ထိုးပြီးရင် ဆွေးနွေးရအောင်လို့ ပြောနေတယ်။ ကျနော်တို့ တောင်းဆိုချက် ကတော့ NCA ထိုးခြင်း မထိုးခြင်း ၊ အပစ်ရပ်စာချုပ် ရပ်စဲရေး ထိုးခြင်း မထိုးခြင်းဆိုတဲ့ အခြေအနေ မထားပဲနဲ့ အခုပြန်ပြီး နေထိုင်လို့ ရတဲ့ မိမိဒေသကို ပြန်လို့ ရတဲ့ ရွာပေါင်း ၆၅ ရွာကို ဦးစွာ ပြန်ခွင့် ပေးပါလို့ ကျနော်တို့ မေတ္တာရပ်ခံထားတာ ရှိပါတယ်။ နောက်တကြိမ် တွေ့တဲ့အခါမှာလည်း ဒီကိစ္စကိုပဲ အဓိက ထားပြီး ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လက်မှတ်မထိုးလို့ ဒီလူတွေကို အကူအညီမပေးတော့ဘူးလား။ ပြန်ခွင့်မပေးတော့ ဘူးလားဆိုတာကတော့ မတင့်တယ်ပါဘူးလို့ ကျနော်တို့ စာနဲ့ အကြောင်းကြားထားတာ ရှိပါတယ်။

မေး။     ။ KIO က လက်မှတ်မထိုးရင် ဒီလူတွေကို ပြန်ခွင့်မပေးဘူးဆိုတော့ ဒီဒုက္ခသည်တွေကို KIO ရဲ့ လူတွေလို့ သတ်မှတ်တာလား။ သူတို့က မြန်မာနိုင်ငံသားတွေပဲ မဟုတ်ဘူးလား။ ဗိုလ်ချုပ် ဘယ်လို မြင်ပါသလဲ။

ဖြေ။     ။ ဒီကိစ္စကို ကျနော်တို့ စဉ်းစားတာကတော့ ၂၁ ရာစု ပထမ ပင်လုံမှာ တပ်မတော်အစုအဖွဲ့က တင်တဲ့ စာထဲမှာ NCA လက်မှတ်မထိုးတဲ့ အတွက်ကြောင့် KIO ထိန်းချုပ်တဲ့ ဒေသမှာ ရှိတဲ့ IDPs စခန်းတွေဟာ တရားမဝင်ဘူးလို့ သူတို့က ပြောတယ်။ ဒီကိစ္စကို ကျနော်တို့ ကန့်ကွက်ထားတာ ရှိပါတယ်။ ပြီးရင် UN Agency တွေကိုလည်း ကျနော်တို့ ပြောပါတယ်။ ဒီစစ်ရှောင်တွေ စစ်ပြေးတွေ IDPs တွေရဲ့ ကိစ္စက လက်မှတ်ထိုးသည် ဖြစ်စေ၊ မထိုးသည်ဖြစ်စေ လူသားချင်း စာနာမှု ပေးသင့်တယ်။ သူတို့ ဒေသကို ပြန်ဖို့အတွက် ကျနော်တို့က အစီအစဉ် လုပ်ပေးဖို့ လိုအပ်တယ်လို့ ကျနော်တို့က ပြောထားတယ်။

ဒါ့ကြောင့် ကျနော်တို့ တောက်လျှောက် ပြောနေတာကတော့ ကျနော်တို့ KIO နဲ့ လက်မှတ်ထိုးသည် ဖြစ်စေ ၊ မထိုးသည်ဖြစ်စေ ဒီလူတွေဟာ မိမိရဲ့ မူလဒေသကို ပြန်ဖို့ လိုအပ်တယ်။ ဒါကို ဝိုင်းပြီး ကြိုးစားရအောင်လို့ ကျနော်တို့က ပြောတယ်။ ကျနော်တို့ ဘက်က ဝိုင်းပြီး အကြံပြုထားတာကတော့ ဒီဒေသ ပြန်နိုင်ရေးအတွက် ကျနော်တို့ KHCC လို့ ခေါ်တဲ့ ကချင် လူမှု အဖွဲ့အစည်းတွေ ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့ကတော့ လက်တွေ့မှာ တာဝန်ယူ နေတယ်။ မူပိုင်းဆိုင်ရာ ဆွေးနွေးဖို့ အကုန်လုံးကို KBC ရယ် ရိုမန်ကတ်သလစ်ရယ် အင်္ဂလိကန်ရယ် ပါဝင်တဲ့ KHCC လို့ ခေါ်တဲ့ အဖွဲ့တခု ရှိပါတယ်။ ဒီ ၃ဖွဲ့ကို မူဝါဒများ ချမှတ်နိုင်ရေး ကျနော်တို့ KIO က အားလုံး အပ်နှံထားပြီး သား ဖြစ်တယ်။ NRPC နဲ့လည်း ဆွေးနွေးဖို့ သူတို့ ဆောင်ရွက်နေတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ဘက်ကတော့ ဒီသဘောထားပဲ ရှိပါတယ်။

မေး။     ။ KIO/KIA အနေနဲ့ ဒုက္ခသည်အရေးကို ဘယ်လိုမျိုး ဖြစ်စေချင်သလဲ။

ဖြေ။     ။ ကျနော်တို့ကတော့ မိမိဒေသကို ပြန်စေချင်ပါတယ်။ KIO နဲ့ အစိုးရတပ်မတော် လက်မှတ်ထိုး တယ် မထိုးတယ်ဆိုတဲ့ အခြေအနေပေါ်မှာ မထားပဲ ပြန်လို့ ရတဲ့ ဒေသတွေကို ပြန်စေချင်ပါတယ်။ ဒါ ကျနော်တို့ရဲ့သဘောထား ဖြစ်ပါတယ်။

မေး။     ။ ဗိုလ်ချုပ်တို့ တင်ထားတဲ့ ၆၅ ရွာဆိုတာ ကချင်ရော ရှမ်းမြောက်ရော အကုန်လုံးလား။

ဖြေ။     ။ အကုန်လုံးပါ။ ကချင်ရော ရှမ်းမြောက်ရော ပါပါတယ်။ အားလုံး ရွာပေါင်း တော်တော်များများ ရှိတဲ့ ထဲကမှ ၆၅ ရွာဟာ အခုချိန်မှာ လုံခြုံစိတ်ချစွာ ပြန်လို့ ရတယ်လို့ ကျနော်တို့ ယူဆလို့ရလို့ ကျနော်တို့ တင်ပြထားတာ ဖြစ်ပါတယ်။

မေး။     ။ KIA ဘက်ကရော ဒီ ရွာတွေကို စစ်ရေးအရ အာမခံပေးနိုင်တယ်ပေါ့။

ဖြေ။     ။ မှန်ပါတယ်။ ကျနော်တို့လည်း အာမခံပေးနိုင်တယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။

မေး။     ။ အခု ဧပြီ ၃၀ ဆိုရင် အပစ်ရပ်ထားတဲ့ ကာလက ကုန်ပြီ။ ဒီကာလ အလွန်မှာ တိုက်ပွဲတွေ ပြန်ဖြစ် မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိကြတယ်။ KIA ရဲ့ ရှေ့တန်းစခန်းတွေကို တပ်မတော်ဘက်က ခြိမ်းခြောက် ထားတဲ့ နေရာတွေ ရှိနေပါသား။

ဖြေ။     ။ ကျနော်တို့က ၈ နှစ်လောက် တိုက်ပွဲတွေ ဖြစ်လာတော့ နေရာတိုင်းကတော့ ခြိမ်းခြောက်မှု ရှိတဲ့ နေရာတွေပဲ ဖြစ်တယ်။ အဲ့တော့သိပ်မထူးခြားဘူးလို့ ကျနော်တို့က မြင်ပါတယ်။ ဒါပေမယ့် တခုရှိတာတော့ ဧပြီလ ၃၀ လို့ ပြောတာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ရုံးချုပ်က ကန့်သတ်ပေးတဲ့ သဘောဖြစ်ပါတယ်။ ဒါကိုတော့ ကျနော်တို့ ပြန်ပြီး စဉ်းစား သင့်တယ်လို့ ယူဆတယ်လေ။ ငြိမ်းချမ်းရေး သို့မဟုတ် တည်တံ့တဲ့ အခြေအနေတခုဆိုတာက ဒီ ၄လ က အချိန်အများကြီး လုံလောက်တယ်လို့ ပြောလို့ မရဘူး။ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ အနေအထားဖြစ်တော့ ဒီ ၄လမှာ မလုံလောက်ဘူးဆိုရင် ထပ်ပြီးမှ ကျနော်တို့က ဒါကို အချိန်တွေကို ပြန်ပြီးမှ တိုးချဲ့နိုင်ဖို့အတွက် ကျနော်တို့ လိုအပ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ မေတ္တာရပ်ခံသွားမှာ ဖြစ်ပါတယ်။

မေး။     ။ ဒီ ၄လ ပြီးရင်ရော တိုက်ပွဲတွေပြန်ဖြစ်မယ့် အလားအလာတွေ မြင်ရသလား။

ဖြေ။     ။ တိုက်ပွဲကတော့ အချိန်မရွေးဖြစ်နိုင်ပါတယ်။ အခုလည်း ရှမ်းမြောက်လို ဒေသမျိုး ဖြစ်နေဆဲ ပါပဲ။ ကျနော်တို့ KIO ရဲ့ တပ်တွေ ရှိတဲ့ နေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတာပါ။ အနည်းနဲ့ အများပဲ ကွာပါတယ်။ အဲ့တော့ တိုက်ပွဲဆိုတော့ တကယ်ပဲ နှစ်ဖက်က ထိန်းသိမ်းနိုင်မယ်ဆိုရင် အောက်ခြေက တပ်တွေက အမိန့်နာခံမှာ ဖြစ်ပါတယ်။

မေး။     ။ အပစ်အခတ်ရပ်စဲရေးက  ငြိမ်သွားလိုက် ဆွေးနွေးလိုက်နဲ့ ဖြစ်နေတော့ ရေရှည်က ဒီတိုင်း ဇာတ်မျောကြီးပဲ ဖြစ်နေမလား။ ဘယ်လို သုံးသပ်ချက်ရှိပါသလဲ။

ဖြေ။     ။ အဓိက ကတော့ကျနော်တို့က တဖက်နဲ့တဖက် ပေးတဲ့ ကတိပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ တောင်းဆိုခဲ့တဲ့ အဆိုပြုချက်က ကျနော်တို့ နိုင်ငံကို တန်းတူရည်တူဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရအောင်ဆိုတဲ့ ကတိတောင်းတာ ။ ဒါ အတိအကျ ကတိတောင်းတာ ဖြစ်တယ်။ ဒါပေမယ့် တပ်မတော်နဲ့ အစိုးရက တည်ဆောက်မယ် ၊ မတည်ဆောက်ဘူးဆိုတဲ့ ကတိမပေးပဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရအောင်လို့ ပြောတယ်။ တကယ်လို့သာ အဲ့လို မဟုတ်ပဲနဲ့ ကောင်းပြီ ကျနော်တို့ နိုင်ငံကို တည်ဆောက်ကြမယ်လို့ ကတိတောင်းတယ်ဆိုရင် အခုလုပ်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ၂၁ ရာစုပင်လုံတွေ အစား နိုင်ငံကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ ပိုမိုတိကျတဲ့ အစည်းအဝေးတွေ ဖြစ်လာနိုင်ကောင်းရဲ့လို မြင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအနေအထားမျိုး ရောက်ရင်တော့ ခုဏပြောသလို ဇာတ်မျော မဟုတ်ပဲနဲ့ အချိန်လည်း တိုသွားမယ်။ အတိအကျ ဖြစ်တဲ့ အဖြေတခုကို ရှာဖွေတဲ့ အစည်းအဝေးတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ပါတယ်။

မေး ။     ။ ၇ နှစ်တာကာလအတွင်း ကချင်လူထုက စစ်ဒဏ်ကို လူးလိမ့်နေအောင် ခံရတယ်။ သူတို့ အတွက်ရော ဘာများ ပြောချင်ပါသလဲ။ သူတို့ဘဝက ဒုက္ခသည်စခန်းမှာ ဆက်ဒုက္ခခံနေရဦးမှာလား ။

ဖြေ ။     ။ KIO ကတော့ ကျနော်တို့ ကချင်လူမျိုး အပါအဝင် အခြားတိုင်းရင်းသားလူမျိုးတွေလည်း တန်းတူ ရည်တူ အတူနေထိုင်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးမျှော်မှန်းချက်ကို ကျနော်တို့က အကောင်အထည် ဖော်နိုင်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ အဲ့တော့ ဒီရည်မှန်းချက်ကို ကျနော်တို့ ပြည့်မှီအောင် ကြိုးစားမှာ ဖြစ်တယ်။ ကျနော်တို့ တန်းတူရည်တူ မဟုတ်ပဲနဲ့ နဂိုပုံစံအတိုင်း ဖြစ်သွားမယ့် ပုံစံမျိုးဆိုရင်တော့ ကျနော်တို့က ဒီကိစ္စကို ဆက်လက်ပြီး ကြိုးစားရမှာ ဖြစ်ပါတယ်။ အားလုံး တန်းတူရည်တူ ဖြစ်နိုင်တဲ့ အနေအထားရောက်တဲ့ အခါကျတော့မှ ကျနော်တို့နိုင်ငံဟာ တကယ်ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရမယ်လို့ယုံကြည်တယ်။ ဒီလို ဖြစ်အောင်လည်း ကျနော်တို့ ကြိုးစားမယ်။ ဒီလို ကြိုးစားတဲ့ အချိန်တိုင်းမှာလည်း ကျနော်တို့က ပြည်သူလူထုကို အသိပေးသွားမှာ ဖြစ်ပါတယ်။

The post ပိုမိုကောင်းမွန် ပြည့်စုံသော NCA ဖြစ်တယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးမယ် appeared first on ဧရာဝတီ.

ထိပ်သီးဆွေးနွေးပွဲ ပျက်ပြီးနောက် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် လျှို့ဝှက်စမ်းသပ်ဟုဆို

$
0
0

ပိတ်ဆို့ ဒဏ်ခတ်မှု ရုတ်သိမ်းပေးခြင်း မရှိဘဲ နျူကလီးယား ခြွင်းချက်မရှိ စွန့်လွှတ်ပေးရေး အမေရိကန်ဘက်က တောင်းဆို နေမှုကြောင့် ဟနွိုင်း ထိပ်သီးတွေ့ဆုံမှု ရလဒ် လွဲချော်ခဲ့ ပြီးနောက် ကင်ဂျုံအန်းသည် လအနည်းငယ်အတွင်း ပဲ့ထိန်း လက် နက်သစ် စမ်းသပ်မှုကို ကြီးကြပ်နေပြီဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကိုယ်တိုင် ဗုဒ္ဓဟူးနေ့က လက်နက်သစ်စမ်းသပ်နေမှုကို လာရောက်ကြည့်ရှုခဲ့ကြောင်း အစိုးရ၏ KCNA က သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိပေ။ တိကျစွာ ထိန်းကျောင်း ပစ် လွှတ်နိုင်သော ဒုံးကျည်ထိပ်ဖူးဟုသာ ဆိုသည်။

“လက်နက်စနစ် တိုးတက်ရေး အပြီးသတ်မှုဟာ တိုက်ခိုက်နိုင်စွမ်း မြှင့်တင်ဖို့ သိသိသာသာ အလေးသာ စေလိုက်တာ ဖြစ်ပါတယ်” ဟု ကင်ဂျုံအန်းက ပြောသည်။

ယင်းသို့ လက်နက် စမ်းသပ်မှု သတင်းကို သိရှိကြောင်း အိမ်ဖြူတော်က ပြောသော်လည်း ယင်းသတင်းအပေါ် သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး သဘောတူညီမှု တခုရရန် ခေါင်းဆောင် နှစ်ဦး ညှိနှိုင်းမှု အပြီး မသတ် နိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် တို့အကြား ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှု ဖြစ်ပေါ်ခဲ့သည်။

မြောက်ကိုရီးယား အနေဖြင့် ၎င်း၏ ဒုံးကျည်နှင့် နျူကလီးယား လက်နက် အစီအစဉ် စွန့်လွှတ်ရန် ဝါရှင်တန်က အခိုင် အမာ တိုက်တွန်းနေစဉ် အတွင်း ကင်ဂျုံအန်းက နျူးကလီးယား ကင်းစင်ရေး လုပ်ငန်းစဉ် မဆောင်ရွက်မီ သမ္မတ ဒေါ်နယ် ထရမ့် ဘက်မှ ပိတ်ဆို့မှု ပြန် ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ပြီးခဲ့သည့် နှစ်လက ၎င်းတို့စေ့စပ်ညှိနှိုင်းမှုမှာ တုံ့ဆိုင်း သွားခဲ့သည်။

The post ထိပ်သီးဆွေးနွေးပွဲ ပျက်ပြီးနောက် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် လျှို့ဝှက်စမ်းသပ်ဟုဆို appeared first on ဧရာဝတီ.

Viewing all 26733 articles
Browse latest View live