Quantcast
Channel: ဧရာဝတီ
Viewing all 26733 articles
Browse latest View live

Horror ကြိုက်သူတွေ ကျေနပ်စေမယ့် “Castle Rock”တီဗီစီးရီး

$
0
0

ဒီတခါ မိတ်ဆက်ပေးမယ့် တီဗီစီးရီးက ၂၀၁၈ ခုနှစ်ထွက် “Castle Rock” ဆိုတဲ့ တီဗီစီးရီး ဖြစ်ပြီး ဇူလိုင်လ ၂၅ရက်နေ့မှာ Hulu Channel ကနေ စတင်ပြသခဲ့တဲ့ Horror အမျိုးအစားစီးရီး ဖြစ်ပါတယ်။ စီးရီးမှာပါဝင်တဲ့ ဇာတ်ကောင်နဲ့ Setting တွေကိုတော့ “It” ကို ဖန်တီးခဲ့တဲ့ Stephen King ရဲ့ ဇာတ်လမ်းထဲကအတိုင်း အခြေခံထားတာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Andre Holland, Melanie Lynskey, Bill Skarsgard နဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Season 1 မှာတော့ Episode 10 ခုပါဝင်ပြီး Episode တိုင်းကို စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်တွေနဲ့ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၉၁ ခုနှစ်၊ Maine ပြည်နယ် Castle Rock မြို့မှာ ရဲမှူး Alan ဟာ ရက်အတော်ကြာ ပျောက်ဆုံးနေတဲ့ Henry ကို ရေခဲပြင်ချပ်ပေါ်မှာ တယောက်တည်း တွေ့ရှိခဲ့ပါတယ်။ Henry ကို ထိခိုက်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာမျိုး မဟုတ်ပေမယ့် သူ့ရဲ့ မွေးစား အဖေဖြစ်သူကိုတော့ Henry ကို တွေ့ရှိပြီး သိပ်မကြာခင်မှာ သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရတာပါ။

သူတို့ သားအဖ နှစ်ယောက်ဟာ ညသန်းခေါင်အချိန် အေးစက်လှတဲ့ Castle Rock ရဲ့ ရာသီဥတုမှာပဲ တောအုပ်ထဲကို ထွက်ခွာခဲ့ကြတာဖြစ်ပြီး မျက်မြင်သက်သေ မရှိတဲ့ ပျောက်ဆုံးမှုတခု၊ တမြို့လုံးနဲ့ Henry ရဲ့မွေးစားအမေဖြစ်တဲ့ Ruth တို့ကို သောကရောက်စေခဲ့တဲ့ အမှုတခု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုနဲ့ ၂၇ နှစ်ကြာ ပြီးတဲ့နောက်မှာ အဲဒီအမှုကိုရော Henry ကိုပါ မြို့ခံတွေအားလုံး မေ့လျော့သွားကြပြီပဲ ဖြစ်ပါတယ်။ မြို့ရဲ့ အဓိက စီးပွားရေးကတော့ Shaw Shank လို့ ခေါ်တဲ့ အကျဉ်းထောင်ဖြစ်ပြီး အဲဒီထောင်ရဲ့ ထောင်မှူးဖြစ်သူ Dale Lacy ဟာ Castle Lake ကမ်းပါးမှာ သူ့ကိုယ်သူ သတ်သေခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ သတ်သေမှုဟာ သာမန်အမှုတွေလိုမျိုး မဟုတ်ဘဲ သစ်ပင်တပင်မှာ ချည်ထားတဲ့ကြိုးနဲ့အတူ သူ့ခေါင်းကိုစွပ်ပြီး ကားလီဗာကို ဖိနင်းရင်း သတ်သေခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့် အခုလို သတ်သေမှုမျိုးကို ပြုလုပ်ခဲ့တာလဲ ဆိုတာကတော့ မြို့နေလူထုအတွက်ရော ရဲဌာနအတွက်ပါ ခေါင်းခြောက်စေခဲ့တာ အမှန်ပါ။

Dennis Zalewski ဟာ Shaw Shank ရဲ့ ထောင့်စောင့်တဦးဖြစ်ပြီး ထောင်ရဲ့ ပိတ်ထားတဲ့ အခန်းထဲကို သွားရောက် စစ်ဆေးမှုပြုလုပ်တဲ့အခါမှာတော့ လူငယ်တယောက်ကို သံလှောင်အိမ်တခုထဲမှာ ချုပ်နှောင်ထားတာကို ထိတ်လန့်တကြား တွေ့ရှိခဲ့ရပါတယ်။

ပိတ်လှောင်ခံထားရတဲ့ လူငယ်ရဲ့ နာမည်ဟာ ဘယ်သူမှန်း မသိရသလို ပြစ်မှုမှတ်တမ်းနဲ့ ကိုယ်ရေး အချက်အလက်တွေလည်း ရှိမနေပါဘူး။ အဲဒီလူငယ်ဟာ သူ့ကို စစ်မေးတဲ့အချိန်မှာ Henry ရဲ့ နာမည်ကိုသာ ပြောခဲ့တာဖြစ်တဲ့ အတွက်ကြောင့် Shaw Shank ရဲ့ တာဝန်ရှိသူတွေအတွက် စိတ်မသက်မသာ ဖြစ်ခဲ့ကြရပါတယ်။

များပြားလှတဲ့ ဇာတ်ကောင်တွေနဲ့အတူ သူတို့ရဲ့ ပတ်သက် ဆက်စပ်နေပုံတွေ၊ နောက်ကြောင်း ရာဇဝင်နဲ့အတူ Castle Rock မြို့ရဲ့ ချောက်ချားဖွယ် ဖြစ်ရပ်တွေကို ရင်တမမနဲ့ ကြည့်ရှုကြရမှာပါ။ စိတ်ဝင်စားစရာကောင်းတဲ့ Horror တီဗီစီးရီးတခု ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

The post Horror ကြိုက်သူတွေ ကျေနပ်စေမယ့် “Castle Rock” တီဗီစီးရီး appeared first on ဧရာဝတီ.


New Year ည ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ပွဲများ

$
0
0

နှစ်သစ်ကို ကြိုဆိုမယ့် လူတွေအတွက် ရန်ကုန်မြို့မှာ ပွဲတွေကို နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ ဒီနှစ်မှာလည်း နှစ်သစ်ကို သူငယ်ချင်းတွေနဲ့ အပြင်ထွက်ချင်သူတွေအတွက် ရန်ကုန်မြို့မှာ ကျင်းပမယ့် ပွဲတော်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Myanmar Countdown 2019 (မိုင်ဒါကွင်း)

ဒီပွဲကိုတော့ မိုင်ဒါကွင်းမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ကနေ စပြီး ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။ ပွဲလက်မှတ်ကတော့ အခမဲ့လို့ Myanmar Countdown 2019 ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၃၁ရက်နေ့မှာ ဖျော်ဖြေမယ့် အဆိုရှင်တွေကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ လင်းလင်း ၊ Snare၊ Ar-T၊ ဘန်နီဖြိုး၊ G Fatt ၊ သာဒီးလူ၊ အိမ့်ချစ်၊ နီနီခင်ဇော်နဲ့ မိစန္ဒီတို့က ဖျော်ဖြေမှာ ဖြစ်ပြီး ဝင်ခွင့်လက်မှတ်များအား Forever Group ရုံးချုပ်နဲ့ Canal+ ဆိုင်ခွဲများမှာ မှတ်ပုံတင်တခုကို လက်မှတ် နှစ်စောင်နှုန်း ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

(၂) ရိုးရာမီးပုံပွဲတော် (သုဝဏ္ဏမိုးလုံလေလုံ ၁ )

ဒီပွဲကတော့ နှစ်ကူးအကြိုပွဲနဲ့ ရိုးရာမီးပုံးပွဲတော်ကို ပေါင်းပြီး ကျင်းပမယ့် ပွဲဖြစ်သလို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲထဲမှာ တိုင်းရင်းသားရိုးရာ အစားအသောက်တွေကို ဘူဖေးရောင်းချပေးမယ့်အပြင် ရိုးရာ အဝတ်အထည်၊ အသုံးအဆောင်တွေကို ရောင်းချမယ့် ညဈေးတန်းလည်းပါမယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုင်းရင်းသူတွေရဲ့ အလှမယ်ပွဲလည်းပါဦးမှာ ဖြစ်ပါတယ်။ အခြားဖျော်ဖြေမယ့် အဆိုတော်တွေကတော့ မိုးမိုး၊ ဖိုးပြည့်(ကိုယ်စောင့်နတ်)၊ ယုန်လေး၊ ဆူဇီ၊ သူထူးစံ၊ နေဒွေး ၊ဆုပန်ထွာ၊ မေပန်းချီ၊ ဘေဘီမောင်နဲ့ အခြား တိုင်းရင်းသား အဆိုတော်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ပွဲတွင်းကာလမှာ တိုင်းရင်းသားရိုးရာ အကဖြစ်တဲ့ တိုးနယား၊ ဒေါင်းအက၊ ဗုံအက၊ ဓားသိုင်း၊ ကချင်ရိုးရာအက၊ ကောက်ရိတ်သိမ်း အကတွေကို ဖျော်ဖြေမှာ ဖြစ်ပြီး ရိုးရာခေါင်ရည်၊ ရခိုင်လှော်စာ၊ ရှမ်းဟင်းထုတ်၊ ချင်းရိုးရာ ဆာဗူးသီး စတာတွေကို ရောင်းချမှာ ဖြစ်ပါတယ်။

(၃) Myanmar Premium Countdown 2019

သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်မယ့် Myanmar Premium Countdown ကတော့ နိုင်ငံတကာမှ အနုပညာရှင်တွေ လာရောက် ဖျော်ဖြေမယ့် ပွဲတပွဲ ဖြစ်ပါတယ်။ နိုင်ငံတကာက အနုပညာရှင်တွေ အနေနဲ့ Dyro, Kayzo, MaRlo, Vini Vici တို့ ပါဝင်မှာ ဖြစ်ပြီး ပြည်တွင်း အနုပညာရှင်တွေ အနေနဲ့ BG,Double U,EMJ, PAST12 b2b Y3llO တို့ ပါဝင်မှာပါ။

လက်မှတ်ဈေးနှုန်းတွေကတော့ ရိုးရိုး GA အတွက် ၃ သောင်းခွဲဖြစ်ပြီး VIP အတွက် ၈ သောင်း ကျသင့်မှာ ဖြစ်ပါတယ်။ EDM ပရိသတ်တွေ အထူးကြိုက်နှစ်သက်မယ့် ဒီပွဲအကြောင်းကို ပိုမိုသိချင်တယ် ဆိုရင်တော့ Myanmar Premium Coumrdown ရဲ့ Facebook Page မှာ လေ့လာနိုင်ပါတယ်။

(၄) 31/18 Countdown Party (Vista Rooftop Bar)

ရွှေဂုံတိုင်မှာ ရှိတဲ့ Vista Rooftop Bar မှာ ပြုလုပ်မယ့် “31/18” ကတော့ Hip Hop ပွဲ တပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖျော်ဖြေမယ့် အဆိုတော်တွေကတော့ Jimmy Jacob, Chank Nyein Ko, Luffie, Bo Htet, Trigger, Reload, Nay တို့ ပါဝင်မှာ ဖြစ်ပြီး DJ အနေနဲ့ JCZ က ပါဝင်မှာ ဖြစ်ပါတယ်။ ပွဲလက်မှတ်တွေကို ကြိုတင်ဝယ်ယူမယ် ဆိုရင်တော့ Vista Barနဲ့ Dagon Center 2 မှာ ရှိတဲ့ Classic Collection ဝယ်ယူနိုင်ပြီး လက်မှတ်ဈေးကတော့ ၇၀၀၀ ကျပ်လို့ သိရပါတယ်။

(၅) New Year Eve 2019

ဒီပွဲကတော့ ထူူးထူးခြားခြားပါပဲ။ ဗိုလ်တထောင်ဆိပ်ကမ်းကနေ ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီမှာ စထွက်မှာ ဖြစ်ပြီး ညသန်းခေါင်ကျော်တဲ့ အထိ ရေလယ်မှာ ရှိနေမှာ ဖြစ်ပါတယ်။ နှစ်သစ်ကို ပင်လယ်ဝမှာ ကူးရတဲ့ ခံစားချက်မျိုးကိုပေးမယ့် ဒီသင်္ဘောပေါ်က နှစ်ကူးပွဲအတွက် လက်မှတ်ဈေးကတော့ မြန်မာငွေကျပ် ၄ သောင်းမှ စတင်တယ်လို့ သိရပါတယ်။ အစားအသောက် အစီအစဉ်အနေနဲ့ အင်တာနေရှင်နယ် ဘူဖေးကျွေးမှာ ဖြစ်ပြီး စည်ဘီယာမျိုးစုံ ပါဝင်မယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

The post New Year ည ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ပွဲများ appeared first on ဧရာဝတီ.

တည်နေရာ သိနိုင်တဲ့ စမတ်ကျောင်းဝတ်စုံများ တရုတ် စာသင်ကျောင်းတွေမှာ စတင်အသုံးပြု

$
0
0

တရုတ်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်းတွေဟာ ကျောင်းသား၊ ကျောင်းသူတွေကို ကွန်ပျူတာချစ်ပ် ထည့်သွင်းထားတဲ့ ကျောင်းဝတ်စုံတွေ ဝတ်ဖို့ စည်းကမ်းချက် ထုတ်လိုက်ပါတယ်။ အဆိုပါ “စမတ်ကျောင်းဝတ်စုံ” တွေဟာ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို သိရှိနိုင်ပြီးအတန်းချိန် မတက်ရောက်ပါက သတိပေးသံ ထွက်ပေါ်လာမှာပါ။

တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်က စာသင်ကျောင်း ၁၀ ကျောင်း ကျော်နဲ့ ကွမ်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှာ စမတ်ကျောင်းဝတ်စုံတွေ ဝတ်ဆင်ဖို့ စည်းကမ်းချက် ထုတ်ခဲ့ပြီးဖြစ်တယ်လို့ တရုတ်အစိုးရပိုင် The Global Times သတင်းစာမှာ ဖော်ပြ ပါရှိပါတယ်။

ကျောင်းကို ဝင်လာတဲ့အချိန်နဲ့ တည်နေရာတို့ကို သိရှိနိုင်ဖို့အတွက် ဂျာကင်ဝတ်စုံရဲ့ ပခုံး နှစ်ဖက်မှာ ကွန်ပျူတာချစ်ပ်တွေ ပါဝင်ပြီး အင်္ကျီ လဲဝတ်လို့မရအောင် ကျောင်းအဝင်ဂိတ်မှာ မျက်နှာပုံသဏ္ဍာန် ဖတ်ရှုတဲ့ နည်းပညာသုံး ကင်မရာတွေနဲ့ တိုက်စစ်ဦးမှာ ဖြစ်ပါတယ်။

ယခု စမတ်ဝတ်စုံတွေဟာ အပူချိန် ၁၅၀ ဒီဂရီ စင်တီဂရိတ်အထိ ခံနိုင်ရည်ရှိပြီး အကြိမ်ရေ ၅၀၀ ကျော် လျှော်ဖွပ်နိုင်တယ်လို့ ဝတ်စုံထုတ်လုပ်တဲ့ ကွေ့ကျိုး ကွမ်ယု နည်းပညာကုမ္ပဏီက ဆိုပါတယ်။

The Epoch Times ရဲ့ အဆိုအရ ယခု စမတ်ကျောင်းဝတ်စုံတွေဟာ ကျောင်းသားတွေရဲ့ တည်နေရာကို သိရှိနိုင်တဲ့အပြင် အတန်းတွင်း အိပ်ပျော်နေလားဆိုတာကိုပါ သိရှိနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းဝတ်စုံနဲ့တင် ငွေပေးချေမှု ပြုလုပ်နိုင်ပြီးး ကျောင်းသားမိဘတွေအနေနဲ့ Mobile Application ကနေတဆင့် တနေ့ အသုံးစရိတ်ကိုလည်း ကန့်သတ်ထားနိုင်ပါတယ်။

ကလေးငယ်တွေရဲ့ တကိုယ်ရည် လွတ်လပ်ခွင့်ကို ထိပါးနိုင်တဲ့ ယခု စမတ်ကျောင်းဝတ်စုံတွေနဲ့ ပတ်သတ်ပြီး တရုတ်နိုင်ငံက လူမှုကွန်ရက် Weibo မှာ ငြင်းခုံမှုတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။ အသုံးပြုသူတဦးကတော့ ယခုဝတ်စုံကြောင့် ကျောင်းတွင်းကို မသမာသူတွေ ဝင်ရောက်ဖို့ ခဲယဉ်းသလို ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေကို ရှာဖွေတဲ့အခါမှာလည်း အသုံးဝင်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

တရုတ်နိုင်ငံ ပညာရေးဌာနဟာ “ဒီဂျစ်တယ် ပညာရေးစနစ်သို့ အသွင် ကူးပြောင်းခြင်း” ကို ၅ နှစ်စီမံကိန်းနဲ့ လုပ်ဆောင်လျက်ရှိပြီး၊ “စမတ်ကျောင်းဧရိယာ”မှာ ဖန်တီးကြဖို့ အားပေးတိုက်တွန်းထားပါတယ်။

ယခုနှစ် အစောပိုင်းတုန်းက ဟန်ကျိုးပြည်နယ်က စာသင်ကျောင်းတခုဟာ ကျောင်းသား၊ ကျောင်းသူတွေ စာသင်ခန်းအတွင်း အာရုံစိုက်မှု ရှိ၊ မရှိ စောင့်ကြည့်ဖို့အတွက် မျက်နှာဖတ်ရှုမှု နည်းပညာပါဝင်တဲ့ ကင်မရာတွေကို စတင် တပ်ဆင် အသုံးပြုခဲ့ပါတယ်။

Ref: Telegraph, The Verge

The post တည်နေရာ သိနိုင်တဲ့ စမတ်ကျောင်းဝတ်စုံများ တရုတ် စာသင်ကျောင်းတွေမှာ စတင်အသုံးပြု appeared first on ဧရာဝတီ.

ဖမ်းဆီးထားသည့် ရတနာပုံ ဗကသ ကျောင်းသားသုံးဦးကို ချုပ်ရမန်ယူ

$
0
0

မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းရှေ့တွင် အသုဘ အခမ်းအနားပုံစံ လှုပ်ရှားမှုပြုလုပ်ခဲ့သည့် ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ၃ ဦးကို ဒီဇင်ဘာ ၂၉ ရက်နေ့က အမရပူရမြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင် က “ရာဇဝတ်ကျင့်ထုံးနဲ့အညီ လုပ်ဆောင် ခဲ့တာပါ။ ရုံးပိတ်ရက်ဖြစ်ပေမယ့် တရားရုံးလက်စွဲအရ ချုပ်ရမန်ယူမယ်ဆို ယူလို့ရပါတယ်။ ဥပဒေနဲ့အညီ လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ဘာမှတော့မပြောလိုပါဘူး” ဟု ပြေသည်။

ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (ဗကသ) များအဖွဲ့ချုပ်အနေဖြင့် ကျောင်းလုံခြုံရေး၊ ကျောင်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်ပေးရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တောင်းဆိုနေစဉ် ပြီးခဲ့သည့် ရက်ပိုင်းက ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓါတုဗေဒက နောက်ဆုံးနှစ်ကျောင်းသားတဦး ရတနာပုံ တက္ကသိုလ် အနီး ကန်ပတ်လမ်းတွင် လုယက် သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သောကြောင့် ယခုကဲ့သို့ အသုဘအခမ်းအနား လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဟု သိရသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်သီဟ ရဲကျော်၊ ဒုတိယ ဥက္ကဋ္ဌ ကိုရဲမင်းထွန်းနှင့် စည်းရုံးရေးမှူး ကိုရဲမျိုးဆွေတို့သည် မန္တလေးရတနာပုံ တက္ကသိုလ်တွင် လုံခြုံမှုကင်းမဲ့နေသည့် အတွက်ဟု ဆိုကာ လုံခြုံရေးတိုးမြှင့်ချထားပေးရန် တောင်းဆိုသည့်အနေဖြင့် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ရတနာပုံ တက္ကသိုလ်ကျောင်း အပြင်ဘက်တွင် ခေါင်းအတုကို မီးရှို့၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြခဲ့ရာတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဇာနည်အောင် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင်တို့၏ ဓာတ်ပုံများအား အခေါင်းပုံစံပေါ်တွင် တင်၍ နာရေးပုံစံ မီးရှို့ခဲ့သည်။

အဆိုပါကဲ့သို့ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့်ရတနာပုံတက္ကသိုလ်ဗကသ ကျောင်းသားခေါင်းဆောင် ၃ဦးကို ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ နီးပါးဖြင့် ဖမ်းဆီးခဲ့ပြီး အမှတ် ၁၀ မြို့မရဲစခန်းတွင် ထိန်းသိမ်းခေါ်ဆောင်ခဲ့ခြင်းဟု သိရသည်။

ဖမ်းဆီးခံ ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖွဲ့ချုပ်မှ စည်းရုံးရေးမှူး ကိုရဲမျိုးဆွေ က “ကျောင်း လုံခြုံရေးကိစ္စ သန့်ရှင်းရေး ကိစ္စတွေအတွက် ကျနော်တို့ တောင်းဆိုတယ်။ ဘာမှလုပ်မပေးဘူး။ ဒီရက်ပိုင်း ထဲမှာပဲ ကျောင်းသား တဦးအသတ်ခံခဲ့ရတယ်။ အဲဒီမတိုင်ခင်ကတည်းက ကျနော်တို့ တောင်းဆိုနေတာ။ ဒီလိုတောင်းဆိုလို့ ဖမ်းဆီးခံရတဲ့ အတွက်တော့ ဘာမှမပြောလိုဘူး။ ဒီလိုလုပ်တာ ကျနော်တို့သုံးယောက်ပဲ။ အခြားဘယ်သူမှမပါဘူး” ဟု ပြောသည်။


ရတနာပုံ တက္ကသိုလ်ရှိ စာသင်ခန်းများ၌ ဖုန်းပျောက်ခြင်း၊ တက္ကသိုလ်ဝင်းအတွင်း ရပ်နားထားသည့် ဆိုင်ကယ်များ အခိုးခံရခြင်း အစရှိသည့် ရာဇဝတ်မှုများ ဖြစ်ပျက်နေသဖြင့် လုံခြုံရေးအင်အား တိုးမြှင့်ချထားပေးရန် ရတနာပုံ ဗကသ အနေဖြင့် အကြိမ်ကြိမ် တောင်းဆိုမှုများ လုပ်ဆောင်နေသော်လည်း ယနေ့အချိန်အထိ သက်ဆိုင်ရာက ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ကျောင်းသားခေါင်းဆောင် ၃ ဦးအား ဒီဇင်ဘာ ၂၈ ညနေပိုင်းက အမရပူရမြို့မ ရဲစခန်းတွင် အမရပူရမြို့နယ် အထွေထွေ အုပ်ချုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးက တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၄၃၅/၅၀၅ (ခ)/၁၁၄ ဖြင့် အမှုဖွင့်ခဲ့သလို ရတနာပုံတက္ကသိုလ်မှ တာဝန်ရှိသူတဦးက တရားလိုပြုလုပ်၍ ဝတ္တရား နှောက်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့်လည်းကောင်း ၊ ရဲတပ်ဖွဲ့ က တရားလိုပြုလုပ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စည်တန်းလှည့်လည်ခြင်း ဥပဒေ ပုဒ်မ – ၁၉ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရတနာပုံတက္ကသိုလ်ကျောင်းရှေ့ အသုဘအခမ်းအနားလှုပ်ရှားမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ရတနာပုံ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များဖြစ်သည့် ဘချစ်၊ ဘုန်းမြင့်ကျော်၊ ရဲလင်းအောင်၊ နေဝင်းကျော်နှင့် ရတနာပုံ တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ဟောင်း ကိုနိုင်ရဲဝေတို့ကိုလည်း ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။

The post ဖမ်းဆီးထားသည့် ရတနာပုံ ဗကသ ကျောင်းသားသုံးဦးကို ချုပ်ရမန်ယူ appeared first on ဧရာဝတီ.

အရှေ့တောင်အာရှက ထူးထူးဆန်းဆန်း ပွဲတော်များ

$
0
0

အရှေ့တောင်အာရှနိုင်ငံတွေဟာ ယဉ်ကျေးမှု အစဉ်အလာ အသီးသီး ရှိကြတာနဲ့ အညီ ရိုးရာပွဲတော်တွေကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရိုးရာသြင်္ကန်ပွဲတော်ဟာဆိုရင်လည်း ကမ္ဘာပေါ်မှာ အခမ်းနားဆုံး ရေသဘင်ပွဲတော်တွေပါ။

ထို့အတူ တရုတ်နှစ်သစ်ကူးပွဲတော်ကလည်း ကမ္ဘာပေါ်က ခမ်းနားတဲ့ ပွဲတော်တခုပါပဲ။ အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာဆိုရင်တော့ ရိုးရာပွဲတော်တွေဆိုတာ ဆယ့်နှစ်လရာသီ မပြတ်ပါဘူး။

အရှေ့တောင်အာရှရဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာဆိုရင်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျင်းပနေတတ်တဲ့ ရှင်ပြု ၊ ရဟန်းခံပွဲတွေကို အမြဲလိုလို မြင်တွေ့နိုင်ပါတယ်။ ဟိန္ဒူဘာသာ ကိုးကွယ်တဲ့ အာရှနိုင်ငံတွေမှာဆိုရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အပ်နဲ့ဖောက်တဲ့ ပွဲတော်ဆိုရင်လည်း အံ့သြထိတ်လန့်စရာ ကောင်းပါတယ်။

ဒီပွဲတော်ကတော့ “Thaipusam ပွဲတော်” လို့ခေါ်တဲ့ ဟိန္ဒူရိုးရာပွဲတော်ပဲ ဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ တမီးလ်လူမျိုးတွေက ကျင်းပကြတာဖြစ်ပြီး တမီးလ်ဘာသာရေး ပြက္ခဒိန်အရ လပြည့်ညမှာ ကျင်းပလေ့ ရှိပါတယ်။ ပွဲကျင်းပရာ လပြည့်ညကတော့ များသောအားဖြင့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလလောက်မှာ ကျရောက်လေ့ ရှိပါတယ်။

ဒီပွဲတော်ကိုတော့ သန်းပေါင်းများစွာသော တမီးလ်လူမျိုးတွေ ပါဝင်ဆင်နွှဲကြပါတယ်။ ဒီပွဲတော်ဟာ ဟိန္ဒူ စစ်နတ်ဘုရားတပါးဖြစ်တဲ့ Lord Murugan ဒါမှမဟုတ် Lord Subramaniam အတွက် ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။ မီးနင်းပွဲတော်လို့ လူသိများကြတဲ့ ဒီပွဲတော်ကို မလေးရှားနိုင်ငံမှာဆိုရင်တော့ Kuala Lumpur ၊ Penang မြို့နဲ့ Selanjor မြို့အနီးက Batu လိုဏ်ဂူမှာ ကျင်းပလေ့ ရှိပါတယ်။

နှစ်သစ်မှာဒီပွဲတော်ကို ကျင်းပရခြင်းကတော့ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကို ပြန်လည်အောင်မေ့ခြင်းဖြစ်ပြီ ကံကောင်းစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ အဲဒီပွဲတော်မှာဆိုရင် ခန္ဓာကိုယ်အနှံ့ကို အပ်စိုက်ထားပြီး မျက်နှာတွေကိုလည်း အပ်ချောင်း၊ သံချောင်းစတာတွေနဲ့ တံစို့ထိုးတတ်ကြပါတယ်။ တချို့ကတော့လည်း ခန္ဓာကိုယ်ကို ချိတ်နဲ့ချိတ်ထားပြီး ဘီးနှစ်ဘီးတပ် စစ်ရထားကို တရွတ်တိုက် ဆွဲလေ့ ရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံက Aguman Sanduk ပွဲတော်

ဖိလစ်ပိုင်နိုင်ငံမှာတော့ Aguman Sanduk ပွဲတော်ကို ဇန်နဝါရီ ၁ ရက်နေ့မှာ ကျင်းပလေ့ ရှိပါတယ်။ ဒီပွဲတော်ကတော့ ယောကျ်ားလေးတွေက မိန်းကလေးတွေလို ဝတ်စား ဆင်ယင်ပြီး သရုပ်ပြကြတဲ့ပွဲပါ။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ဆိုရင်တော့ ဒီပွဲတော်ကို ကျင်းပတာ ၈၆ နှစ်ပြည့်တော့မှာ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ ၊ Pampanga မှာ ဇန်နဝါရီ ၁ ရက်နေ့ရောက်တိုင်း ကျင်းပပါတယ်။

အာရှနဲ့ အရှေ့တောင်အာရှမှာဆိုရင် နှစ်သစ်ကူးပွဲတော်ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့တင် မဟုတ်ပါဘူး။ ဇန်နဝါရီမှာ ကျင်းပကြတဲ့ နိုင်ငံတွေရှိသလို တရုတ်ပြက္ခဒိန်အရ ဆိုရင်လည်း တရုတ်နှစ်သစ်ကူးပွဲတော်က ဖေဖော်ဝါရီလမှာ အများအားဖြင့် ကျရောက်တတ်ပါတယ်။ ဗုဒ္ဓဘာသာတွေ အတွက်ဆိုရင်တော့ ဧပြီလပေါ့။

ဒီနိုင်ငံတွေမှာတော့ ပွဲတော်တွေက ဆက်တိုက်ပါပဲ။ ဗီယက်နမ်နိုင်ငံမှာဆိုရင်လည်း နှစ်သစ်ကူးပွဲတော်က ဖေဖော်ဝါရီလမှာသာ ကျရောက်ပါတယ်။ Tet Nguyen Dan လို့ ခေါ်တဲ့ ဒီပွဲတော်မှာဆိုရင်တော့ အစိုးရက တရားဝင်ရုံး ၃ ရက် ပိတ်ပေးသလို အဲဒီနေ့ရက်တွေဟာ အများပြည်သူ အားလပ်ရက်တွေပါ။ Tet လို့ ခေါ်လေ့ရှိတဲ့ အဲဒီပွဲတော်ရဲ့ အနက်အဓိပ္ပါယ်ကတော့ နှစ်သစ်ရဲ့ ပထမဆုံးသော မနက်ခင်းမှာ တည်ခင်းဧည့်ခံတဲ့ စားသောက်ပွဲလို့ အဓိပ္ပါယ်ရပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်

ဒီပွဲတော်ဟာ တရုတ်နှစ်သစ်ကူး ပွဲတော်နဲ့လည်း တိုက်ဆိုင်နေတတ်ပါသးတယ်။ ဒီပွဲဟာ တရုတ်နှစ်သစ်ကူးနဲ့ ပုံစံတူပြီး ဟနွိုင်းမြို့၊ ဟိုချီမင်းမြို့နဲ့ ဗီယက်နမ်ရဲ့ အခြားမြို့တွေမှာ ကျင်းပတတ်ပါတယ်။ အဲဒီနေ့တွေမှာ ဆိုရင်တော့ ဗီယက်နမ်နိုင်ငံရဲ့ ဘယ်နေရာကိုပဲသွားသွား လမ်းမပေါ်က ပါတီပွဲတွကို တွေ့ရမှာပါ။ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ရိုးရာအိုး စည်တွေ မပြတ်တီးနေတတ်တဲ့အတွက် ဒီပွဲတော်ကို အသံများနဲ့ ဆူညံခြင်းပွဲတော်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

မတ်လမှာဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ Wat Bang Phra ဆိုတဲ့ အရပ်မှာ ဆေးမှင်ကြောင်ထိုးပွဲ ရှိပါတယ်။ ဒီပွဲတော်ကိုတော့ မတ်လရဲ့ ပထမဆုံးသော စနေနေ့မှာ ကျင်းပကြပါတယ်။ ပွဲတော်မရောက်ခင် ညမှာတော့ ထောင်ချီတဲ့လူတွေဟာ ဘုန်းကြီးကျောင်းတွေ သွားပြီး ရဟန်းတပါးဆီမှာ “sak yant” လို့ ခေါ်တဲ့ ဆေးမှင်ကြောင် ထိုးကြပါတယ်။

ထိုင်းနိုင်ငံ၊ Wat Bang Phra က ဆေးမှင်ကြောင်ထိုးပွဲ

ဆေးမှင်ကြောင် တပုံချင်းဆီက ငြိမ်းချမ်းမှုကို ကိုယ်စားပြုပြီး အဲဒီလိုညတွေမှာ ဘုန်းကြီးတွေဟာ မအားလပ်နိုင်အောင်ပါပဲ။နောက်နေ့ဆိုရင်တော့ ဘုန်းကြီးတွေက ဆုတောင်းမေတ္တာပို့ပေးပါတယ်။ ဘုန်ကြီးတွေ ထိုးပေးတဲ့ ဒီဆေးမှင်ကြောင်တွေဟာ မကောင်းဆိုးဝါးတွေကို ကာကွယ်နိုင်ဖို့ စွမ်းအားနဲ့ ကံကောင်းခြင်းကိုပေးတယ်လို့ လူတွေက ယူဆကြပါတယ်။

Ref : southeastasiabackpacker

The post အရှေ့တောင်အာရှက ထူးထူးဆန်းဆန်း ပွဲတော်များ appeared first on ဧရာဝတီ.

ပြည်ပ ဈေးကွက်ကို မယှဉ်နိုင်သဖြင့် မန္တလေး သကြားစက်ရုံ တချို့ ရပ်ဆိုင်း

$
0
0

ပြည်တွင်းသို့ ဝင်ရောက်လာသည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံများမှ သကြားများ၏ အရည်အသွေးနှင့် ဈေးနှုန်းကို မယှဉ်နိုင်သဖြင့် မန္တလေးရှိ သကြားစက်ရုံ တချို့ ရပ်ဆိုင်းထားကြောင်း မန္တလေး သကြား ကုန်စည်ဒိုင်က သိရသည်။

မန္တလေး သကြားကုန်စည်ဒိုင်မှ ကုန်သည် ဦးစိုးနိုင် က “ပြည်တွင်း သကြားစက်တွေကလည်း ပွက်ရည် (သကာရည်) ကို ဈေးကောင်းပေး မဝယ်နိုင်ကြတော့ဘူး။ ဈေးကောင်းပေး မဝယ်နိုင်တော့ ကြံစိုက် တောင်သူတွေက ပွက်ရည် ချက် လုပ်ခြင်း မရှိတော့ဘဲ ကြံကို အပင်လိုက်၊ အခင်းလိုက် ရောင်းချနေရတယ်။ အဲဒီတော့ ပွက်ရည် ဝင်ရောက်မှုက လျော့ကျ လာရတာပဲ” ဟု ပြော သည်။

မန္တလေးတိုင်း အတွင်း ယခင်က သကြားစက်ပေါင်း ၁၁၀ ကျော်ရှိသည့် အနက် မန္တလေး မြို့ပေါ်၌ စက်ရုံ ၆၀ ခန့်ရှိခဲ့ရာမှ လက်ရှိ မြို့အတွင်း လည်ပတ်နေသည့် စက်ရုံမှာ ၇ ရုံခန့်သာ ရှိတော့ကြောင်း သကြားစက်ရုံ လုပ်ကိုင်သူများက ဆိုသည်။

ယင်းသို့ သကြားစက်ရုံများ ရပ်ဆိုင်းရခြင်းမှာ ပြည်ပ ဈေးကွက်နှင့် မယှဉ်ပြိုင်နိုင်ခြင်း၊ ပြည်တွင်း၌ သကြား ထုတ်လုပ်ရာ တွင် အသုံးပြုသည့် ကုန်ကြမ်းဖြစ်သော ပွက်ရည် ချက်လုပ်မှု လျော့နည်းလာခြင်းနှင့် ပွက်ရည်ကို ဈေးကြီးပေးဝယ်ရခြင်း ကြောင့် ပြည်တွင်းထုတ် သကြားဈေးမှာလည်း မြင့်နေခြင်း စသည့် အချက်တို့ကြောင့် ဖြစ်ကြောင်း သကြားကုန်စည်ဒိုင်မှ သိရသည်။

မန္တလေး သကြား ဈေးကွက် အတွင်း ဝင်ရောက်နေသည့် ပြည်ပ သကြား ဈေးနှုန်းမှာ ၁ ပိဿာလျှင် ကျပ် ၉၀၀ ကျော် ဝန်းကျင်သာရှိပြီး ပြည်တွင်းထုတ် ပေါင်းသကြား ၁ ပိဿာလျှင် ၁၃၀၀ ကျပ်၊ ခါသကြား ၁ ပိဿာလျှင် ၁၀၁၀ ကျပ်၊ ပွက်ရည် ၁ ပိဿာ ၈၂၀ ကျပ် ရှိကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်း ပွက်ရည် ချက်လုပ်သည့် လုပ်ငန်းခွင်တခု / Hla Min Naing/Facebook

အဆိုပါကဲ့သို့ ပြည်တွင်း သကြားစက်များ ဈေးကွက် ပျက်နေခြင်းကြောင့် ကြံစိုက် တောင်သူများသည် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီ စိမ်း စသည့် အခြားသီးနှံများကို တိုးချဲ့ စိုက်ပျိုးမှုများ ပြုလုပ်လာကြကြောင်း ဦးစိုးနိုင်က ပြောသည်။

ယခုကဲ့သို့ ပြည်ပမှသကြားများ ဆက်လက် ဝင်ရောက်နေလျှင် ပြည်တွင်း လုပ်ငန်းရှင်များအတွက် အခက်အခဲများဖြင့် ရင်ဆိုင်ရမည်ဖြစ်သလို သကြားဈေးကွက်တွင်လည်း အခက်အခဲများဖြင့် ကြုံတွေ့လာနိုင်သဖြင့် သက်ဆိုင်ရာမှ ဝင်ရောက် ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း သကြားစက် လုပ်ကိုင်သူများက ဆိုသည်။

ဇမ္ဗုထွန်း သကြားစက်နှင့် ပွဲရုံ လုပ်ငန်းမှ ဦးမောင်အေးက “အဓိက အကြောင်းရင်းကတော့ ကြံခင်း ဧရိယာနဲ့ နီးတဲ့နေရာမှာ ပေါင်းသကြား စက်ကြီးတွေ ရောက်သွားတာလည်း တပိုင်းပေါ့။ အဲဒီမှာ ကြံတောင်သူတွေက ပွက်ရည် အဖြစ် မချက် တော့ ဘဲနဲ့ ကြံခင်း အလိုက် လက်ညိုးထိုး ရောင်းချတာလည်း ပါတယ်။ ပွက်ရည်ကို ဝယ်ယူတဲ့ အခါမှာလည်း ဈေးနှုန်းက မြင့် လာတယ်။ ကျနော်တို့က ပွက်ရည်ကနေ အဆင့်ဆင့်သွားပြီးမှ သကြား ဖြစ်ရတာ။ နောက်ပြည်ပနေ ဝင်လာတဲ့ သကြား ဈေးက ကျနော်တို့ရဲ့ကုန်ကြမ်း ပွက်ရည်ဈေးလောက်ပဲ ဖြစ်နေတော့ အဲဒီမှာ ဈေးကွက် မယှဉ်နိုင်တော့တာပဲ။ ကျနော်ဆို ရင် သိန်းတထောင်လောက် အထိ အရှုံးပေါ်ခဲ့တယ်” ပြောသည်။

သကြားစက်ရုံများမှာ လွန်ခဲ့သည့် ၄၊ ၅ နှစ် ကတည်းက တဖြည်းဖြည်း ရပ်ဆိုင်းလာခဲ့ကြပြီး ယခု နှစ်ပိုင်း အတွင်း ဈေး ကွက် အခြေအနေ အေးလာခြင်း၊ ကုန်ကြမ်းဈေး မြင့်နေခြင်းတို့ကြောင့်လည်း ဈေးကွက် ပျက်လုနီးပါးဖြစ်လာကာ ယခုနှစ်ပိုင်းတွင် မန္တလေးမြို့၌ စက်ရုံ ဆယ်ဂဏန်းလောက်သာ ကျန်ရှိတော့ကြောင်း သိရသည်။

The post ပြည်ပ ဈေးကွက်ကို မယှဉ်နိုင်သဖြင့် မန္တလေး သကြားစက်ရုံ တချို့ ရပ်ဆိုင်း appeared first on ဧရာဝတီ.

Depression ဝင်တဲ့သူတွေ ကြုံတွေ့ရမယ့် လက္ခဏာများ

$
0
0

Depression (စိတ်ဓာတ်ကျခြင်း) ဟာ လူတိုင်းမှာ ရှိတတ်ပြီး လွန်ကဲလာရင် စိတ်ကျရောဂါ ရတဲ့အထိ ဖြစ်စေပါတယ်။ လူတော်တော်များများဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ဂရုစိုက်တတ်ကြပေမယ့် စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။

ရုပ်နဲ့ နာမ် ၂ ခုပေါင်းပြီး ဖွဲ့စည်းထားတဲ့ သက်ရှိ ခန္ဓာကိုယ်မှာ ရုပ်ကျန်းမာရေးလိုပဲ နာမ်ကျန်းမာရေးက အရေးကြီးတာကို သတိထားရပါမယ်။ စိတ်ပိုင်းဆိုင်ရာအားနည်းခြင်း ဖြစ်တဲ့ Depression ဝင်တဲ့ လူတွေ ကြုံတွေ့ရမယ့် လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အတွေးလွန်ခြင်း

စိတ်ကျရောဂါ ခံစားရသူတွေ အမြဲ ဖြစ်တတ်တာကတော့ အတွေးလွန်တာပါပဲ။ ကိစ္စသေးသေးလေး ဖြစ်စေဦးတော့ “ဘာလို့ ငါ့ကျမှ ဒါမျိုးတွေ ဖြစ်ရတာလဲ ” ဆိုတာမျိုးတွေကို တချိန်လုံးတွေးနေတတ်ပြီး အတိတ်က ပြုလုပ်မိတဲ့ အမှားတွေအကြောင်းကို တွေးလိုက်၊ နောင်တရလိုက်နဲ့ တနေကုန် မလုပ်ချင်၊ မကိုင်ချင် ဖြစ်ပြီး တနေကုန် အိပ်ရာထဲ လှဲနေရရင်တောင် ပင်ပန်းနေတယ်လို့ပဲ ခံစားနေရတတ်ပါတယ်။

(၂) လူကြားထဲ သွားလိုစိတ် မရှိခြင်း

ဒီတခုက တော်တော်ဆိုးပါတယ်။ လူတွေနဲ့ စကားပြောလိုက်ရင် စိတ်ပြေလက်ပျောက်ဖြစ်မယ်ဆိုတာ သိရက်နဲ့ လူတွေကြားထဲ ရောက်သွားရင် နေရထိုင်ရ ခက်လာတာပါ။ ဒီလို ဖြစ်တာကလည်း တယောက်နဲ့ တယောက် မတူပြန်ပါဘူး။ တချို့လူတွေက လူကြားထဲသွားရမှာ ကြောက်နေပေမယ့် ရုပ်ရှင်ကို အသံအကျယ်ကြီး ကြည့်ပြီး သူ့ရဲ့ အထီးကျန်မှုှကို ဖြေဖျောက်တတ်တဲ့ အကျင့်တွေလည်း ရှိတတ်ပါတယ်။

(၃) စားသောက်လိုစိတ်

စိတ်ကျရောဂါဖြစ်သူတွေဟာ စိတ်အပြောင်းအလဲ အရမ်းမြန်ပါတယ်။ ချက်ချင်းကြီး ပျော်နေတာကနေ ချက်ချင်း ငိုလိုက်တာမျိုး၊ သူ့ရဲ့ ဘဝကြီးဟာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ထင်နေတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ တခါတလေမှာ အစားကို တချိန်လုံးစားနေပြီး တခါတလေမှာတော့ အစားလုံးဝ မစားတာ မျိုးတွေ ပြုလုပ်တတ်လို့ အဝလွန်ခြင်းနဲ့ ပိန်လွန်းခြင်း စတဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။

(၄) ကယောင်ချောက်ချားဖြစ်ခြင်း

စိတ်ကျရောဂါဖြစ်သူတွေဟာ သူတို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် အမှန်တကယ် မရှိတဲ့ ကျန်းမာရေး ပြဿနာတွေကို အမှန်တကယ် ရှိနေတယ်လို့ ထင်မှတ်လေ့ရှိပြီး လူတွေရဲ့ ဂရုစိုက်မှုကို ရယူလေ့ ရှိပါတယ်။ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ သွားကိုက်ခြင်း စတဲ့ ရောဂါတွေ ဖြစ်နေတယ်လို့ ပြောနေပေမယ့် ခန္ဓာကိုယ်က ကျန်းမာနေတတ်ပါတယ်။ တကယ်တော့ ဒါဟာ သူတို့ရဲ့ စိတ်ကျန်းမာရေး မကောင်းတာကို ဦးနှောက်က စိတ်လွှဲလိုက်တာပဲ ဖြစ်ပါတယ်။

(၅) ထုတ်လုပ်နိုင်စွမ်း လျော့နည်းလာခြင်း

ဒါကတော့ သတိထားစရာ အချက်ပါ။ စိတ်ကျရောဂါကို ခံစားနေရပြီဆိုရင် နေ့စဉ်ပုံမှန်လုပ်ဆောင်ချက်တွေကို မေ့လျော့တာမျိုး(နာမည်၊ ဖုန်းနံပါတ်) စတဲ့ အသေးအမွှားတွေကိုပါ မေ့လျော့လာတတ်ပါတယ်။ အလုပ်အမြဲ ကြိုးစားပန်းစား လုပ်နေသူတွေဆိုရင်လည်း တနေရာရာမှာ ထိုင်ပြီး ငိုင်နေတာ၊ ဘာကိုမှ ထပ်တွေးလို့ မရတော့ဘဲ အလုပ်ကနေ ပြေးထွက်သွားချင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ လူတွေရဲ့ သဘော သဘာဝကိုက ကိုယ့်ရဲ့ အဆင်မပြေတာတွေကို ပျော်ရွှင်နေတဲ့ ပုံစံနဲ့ ဖုံးဖိထားတတ်ကြပါတယ်။ အများအမြင်မှာ ပျော်ပျော်ရွှင်ရွှင်နေနေပေမယ့် သင်ခံစားနေရတာကို သင်သာ အသိဆုံးဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ အပေါ်မှာ ပြောပြခဲ့တာတွေ အတိုင်း ဖြစ်နေပြီဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ သွားပြီး ပြသဖို့ လိုအပ်နေပါပြီ။ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ တယောက်ယောက်က ဒီလိုတွေ ဖြစ်နေတယ်ဆိုရင် ဂရုစိုက်ပေးဖို့ အမှန်တကယ်လိုအပ်ပါတယ်။

စိတ်ကျရောဂါဟာ မိမိကိုယ်မိမိ သတ်သေတဲ့ အထိ ပြုလုပ်နိုင်တဲ့ ရောဂါဖြစ်လို့ ပေါ့ပေါ့တန်တန်မနေကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

Depression (စိတ်ဓာတ်ကျခြင်း) ဖြစ်စေတဲ့ အကြောင်းအရာများ 

Depression (စိတ်ဓာတ်ကျခြင်း) အကြောင်း ဖွင့်ဟလာတဲ့ နိုင်ငံတကာက အနုပညာရှင်များ

Ref: healthcare

The post Depression ဝင်တဲ့သူတွေ ကြုံတွေ့ရမယ့် လက္ခဏာများ appeared first on ဧရာဝတီ.

အာဖရိကမှ အီဂျစ်သို့ မိုင်ပေါင်း ၇၄၅၆ မိုင် လမ်းလျှောက်ခဲ့သူ

$
0
0

ဒီနေ့ခေတ် လူသားတွေဟာ သူတို့ရဲ့ စွန့်စွန့်စားစား အပြုအမူတွေနဲ့ လူတွေကို ဆွဲဆောင်လေ့ ရှိကြပါတယ်။ “Mario Rigby” ဆိုသူကလည်း အဲလို လူသားထဲက တယောက်ပါ။ သူကတော့ တောင်အာဖရိက၊ Cape Town မြို့ကနေ အီဂျစ်နိုင်ငံ၊ Cairo မြို့အထိ မိုင်ပေါင်း ၇၄၅၆ ခရီးကို အချိန် ၂ နှစ်ကြာတဲ့အထိ လမ်းလျှောက်ခရီး သွားခဲ့ပါတယ်။

Rigby ကို ၁၉၈၅ ၊နိုဝင်ဘာ ၂၄ ရက်နေ့က အတ္တလန်တိတ် သမုဒ္ဒရာအတွင်းက Grand Turk ကျွန်းစုမှာ ဖွေးဖွားခဲ့ပါတယ်။ သူဟာ ကနေဒါနိုင်ငံသားတယောက်ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့မိသားစုဟာ ဂျာမနီနိုင်ငံ၊ Stuttgart ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ Riggy ဟာ Hamilton မှာ အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီး သူ့အသက် ၁၈ နှစ်မှာတာ့ လန်ဒန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အစပိုင်းလောက်မှာတော့ သူဟာ ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့ပါတယ်။

အဲဒါကတော့ အာဖရိကမြို့တော် Cape Town ကနေ အီဂျစ်မြို့တော် Cairo ကို ခြေလျင်ခရီးထွက်ဖို့ပါပဲ။ ဒီအကြံကို သူ့မိခင်နဲ့ သူညီဖြစ်သူကိုပြောပြတဲ့အခါ သူတို့ကလည်း လက်ခံကြပါတယ်။

“အမေကတော့ ကျနော့်ကို အခုလိုပဲ ပြောတယ်ဗျ။ တကယ်လို့များ မင်းခြေထောက်တွေ ရိုက်ချိုးခံခဲ့ရမယ် ဆိုရင်တောင် အားမလျှော့နဲ့။ ဝှီးချဲနဲ့သာ ဆက်သွားပါ။ အဲလိုသာ ဆိုရင်တော့ မင်းက အာဖရိကကိုဖြတ်ပြီး ဝှီးချဲနဲ့ ခရီးထွက်ခဲ့တဲ့ ပထမဆုံး လူတယောက် ဖြစ်လာလိမ့်မယ်”လို့ Riggy က ရယ်ရယ်မောမော ပြောပါတယ်။ မိခင်ရဲ့စကားကြောင့်ပဲ သူ့မှာ ဖိအားတွေ မရှိခဲ့ဘူးလို့ Riggy က ပြောပါတယ်။

ခရီးစတင်တဲ့ နေ့ကတော့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ ဖြစ်ပြီး သူ့အသက် ၃၀ ပြည့်တဲ့နေ့ပါ။ “အာဖရိကကို ဖြတ်သန်းခြင်း”ဆိုတဲ့ ဒီအစီအစဉ်ကို ဆိုရှယ်မီဒီယာတွေပေါ် တင်ပြီးတဲ့နောက်မှာတော့ သူ့ခရီးစဉ်အတွက် အလှူငွေပေါင်း ဒေါ်လာ ၁၄၀၀၀ လောက် ရခဲ့ပါတယ်။

အချိန် ၂ နှစ်၊ ၃ လကြာပြီးတဲ့ နောက်မှာတော့ သူလမ်းလျှောက်ခဲ့တဲ့ မိုင်ပေါင်းက ၇၄၅၆ မိုင်ရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၈ နိုင်ငံကိုလည်း လမ်းလျှောက် ဖြတ်သန်းခဲ့ပါတယ်။ သူ လမ်းလျှောက်ခဲ့တဲ့ နိုင်ငံတွေကတော့ South Africa, Egypt, Malawi, Mozambique, Tanzania, Kenya, Ethiopia နဲ့ Sudan စတဲ့ နိုင်ငံတွေပါ။

လမ်းခရီး တလျှောက်မှာတော့ တနေ့ကို ၃ ဒေါ်လာ နဲ့ ၅ ဒေါ်လာကြားသာ အသုံးပြုခဲ့ပါတယ်။ ဘယ်နေရာကိုပဲရောက်ရာက် သူမသိတဲ့ လူစိမ်းတွေရဲ့ စူးစမ်းအံ့သြတဲ့ အကြည့်တွေနဲ့ ကြင်နာမှုတွေကိုလည်း သူရခဲ့ပါသေးတယ်။ အဲဒီလူတွေဆီကပဲ အစားအသောက်နဲ့ ဆေးဝါးတွေ လက်ခံ ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူနောက်ထပ်ရရှိခဲ့တာကတော့ သူငယ်ချင်းအသစ်တွေလို့ ဆိုပါတယ်။

Ref : afar

The post အာဖရိကမှ အီဂျစ်သို့ မိုင်ပေါင်း ၇၄၅၆ မိုင် လမ်းလျှောက်ခဲ့သူ appeared first on ဧရာဝတီ.


၂၀၁၉ မှာ အရမ်းဟော့တဲ့ ဖက်ရှင်တွေဝတ်ဖို့ အစီအစဉ် မရှိဘူးလို့ သင်ဇာဝင့်ကျော် ပြော

$
0
0

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ပွဲတက်ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်အတွင်း ပရိသတ် စိတ်ဝင်စားမှု အများဆုံး ခံနေရသူပါ။ ပွဲတက်ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာလည်း ရှိတာကြောင့် သင်ဇာဝင့်ကျော်က ၂၀၁၉ မှာတော့ အရမ်းဟော့တဲ့ ဖက်ရှင်တွေ ဝတ်ဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

“အခုရက်ပိုင်းက ပွဲတက်တွေက တော်တော်လည်း များတာဆိုတော့ တော်တော်လည်း ခေါင်းခြောက်ပါတယ်။ ဒီလိုပဲ သေချာလေးတော့ စဉ်းစားပေးရတာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်က သူများအလုပ်ကို လက်ခံပြီးသွားရင် အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တဲ့ စိတ်က ကိုယ့်မှာ အမြဲရှိနေတော့ သေချာလေး စဉ်းစားဖြစ်ပါတယ်။ ပွဲတက်ဖက်ရှင်တွေမှာ Sexy ဝတ်ဖို့လေးတွေ ရှိနေတော့ ကြိုပြီးတောင်းပန်ထားတာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“ကြိုက်တဲ့သူတွေလည်း ကြိုက်တယ်၊ မကြိုက်တဲ့သူတွေလည်း မကြိုက်ကြတော့တဲ့ အခါကျတော့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေက ကိုယ့်ကို နားလည်ပြီးတော့ ချစ်နိုင်သေးတာပဲ။ ကိုယ်ကလည်း ဘာလို့ ပြန်မချစ်နိုင်ရမှာလဲ။ သူတို့ရဲ့ စေတနာကို ဘာဖြစ်လို့ နားမလည်နိုင်ရမှာလဲ”

“တခါတလေ တချို့အချိန်တွေမှာဆို ဘာဝတ်လို့ ဝတ်ရမှန်း မသိဘူး။ ပွဲချိန် နီးနေတာတောင် ဘာဝတ်ရမှန်း မသိတာ။ သူနေရာနဲ့သူ အရမ်းကြီးတော့ မဟော့တော့ပါဘူး။ ၂၀၁၈ မှာ ဟော့ခဲ့သလို ၂၀၁၉ မှာ အရမ်းကြီးဟော့ဖို့ အစီအစဉ် မရှိတော့ပါဘူး”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် / Thinzar Wint Kyaw’s Facebook

သင်ဇာဝင့်ကျော်ကတော့ ၂၀၁၈ ခုနှစ်ဟာ သူမအတွက် အလုပ်တွေအများကြီး လုပ်ရတာကြောင့် ကံကောင်းတဲ့ နှစ်လို့ ဆိုပါတယ်။ မကြာခင် ကျရောက်တော့မယ့် နှစ်သစ်ကူး New Year အစီအစဉ်ကိုလည်း အခုလို့ပဲ ပြောပါတယ်။

“New Year ကတော့ စဉ်းစားနေဆဲပါ။ ပွဲသွားရင် ကောင်းမလား။ ဘယ်သွားရင် ကောင်းမလဲပေါ့။ အလုပ်တော့ New Year မှာ လက်မခံထားပါဘူး။ ၂၀၁၈ က ကံကောင်းတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ဒီနှစ်မှာ သင်ဇာ အလုပ်တွေ အများကြီး လုပ်ရတယ်။ ပရိသတ်ကြီးအားလုံ းနှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အတွေးသစ်၊ အမြင်သစ်တွေနဲ့ နောင်နှစ်ကို အလုပ်အကိုင်တွေလည်း အဆင်ပြေချောမွေ့ပြီးတော့ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ နေနိုင်ကြပါစေ”လို့ သင်ဇာဝင့်ကျော်က ဆုတောင်းပေးပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ သူမရဲ့ Facebook မှာ Sexy ကျကျ ဖက်ရှင်ပုံတွကို အမြဲတမ်း တင်ဖြစ်နေသူပါ။ Gym ကစားရတာ ဝါသနာပါတဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ခန္ဓာကိုယ် အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားသူ တဦးလည်း ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က ယခုနှစ်ပိုင်းအတွင်းမှာ အနုပညာ လှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ကိုင်လျက် ရှိပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

လက်ခံထားတဲ့ ပွဲတိုင်းကို Sexy ဖက်ရှင်တွေပဲ ဝတ်ဖြစ်မယ့် သင်ဇာဝင့်ကျော် 

“Sexy ဝတ်ရမယ့်နေရာမှာ လုံသွားရင်မကြိုက်ဘူး”

ဖက်ရှင်နဲ့ ပတ်သက်ပြီး သူမအမြင်ကို ပြောလာတဲ့ သင်ဇာဝင့်ကျော်

“ဘယ်သူမှ သိပ်မဝတ်တဲ့ ဝတ်စုံကို ဝတ်ဖြစ်ခဲ့တာပါ” ဆိုတဲ့ သင်ဇာဝင့်ကျော်

The post ၂၀၁၉ မှာ အရမ်းဟော့တဲ့ ဖက်ရှင်တွေဝတ်ဖို့ အစီအစဉ် မရှိဘူးလို့ သင်ဇာဝင့်ကျော် ပြော appeared first on ဧရာဝတီ.

ဦးခင်ညွှန့်ကြောင့် ဒုက္ခရောက်ခဲ့သော်လည်း သင်ပုန်းချေမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြော

$
0
0

စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကြောင့် ဒုက္ခရောက်ခဲ့သော်လည်း ပြန်လည် တုန့်ပြန်နေရန် မလိုဘဲ အားလုံးကို သင်ပုန်းချေနိုင်ရေး ကြိုးစားရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပြည်တော်သစ်အိမ်ရာ ပြန်လည် ဖွံ့ ဖြိုးရေး စီမံကိန်း အခမ်းအနားသို့ တက်ရာက် လာစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မနေ့က ရန်ကုန်မြို့ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ စာရေးဆရာ အသင်းက စီစဉ်သော သက်ကြီး စာရေးဆရာများ ပူဇော်ပွဲတွင် စာအုပ်တချို့ရေးသားထုတ်ဝေ ဖူးသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို ကန်တော့ခြင်း၊ လက်ဆွဲ နုတ်ဆက်ခြင်းများနှင့် သီးသန့် တွေ့ဆုံ ခြင်းများအတွက် ဦးဖြိုးမင်းသိန်းမှာ အပြင်းအထန် ဝေဖန်ခံနေရသည်။

ဦးဖြိုးမင်းသိန်း က “ကျနေ်ာတို့က အာဃာတတရားတွေ လက်တုန့်ပြန်မှုတွေနဲ့ ဘယ်တော့မှ သွားဖို့ မရှိပါဘူး။ ကျနော်တို့က ဥပဒေနှင့်အညီပဲ ဆောင် ရွက်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်က အခုချိန်မှာ ဝန်ကြီးချုပ်ပါ။ ဦးခင်ညွှန့်ဟာ သာမန် အရပ်သား တယောက်ပါ” ဟု ပြောသည်။

၎င်းကိုယ်တိုင်သည် စစ်ထောက်လှမ်းရေး ညွှန်ကြားရေမှူး ဗိုလ်ချုပ်ကြီး ခင်ညွှန့် အာဏာထက်စဉ် ပုဒ်မ ၅ (ည)၊ ၅ (င)၊ ၅ (ဃ) တို့ ဖြင့် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသဖြင့် ၎င်း၏ မိသားစုဝင်များ အပါအဝင် အလွန် စိတ်ဖိစီးမှု ခံခဲ့ရကြောင်း၊ လွတ်ရက်စေ့သော် လည်း မလွတ်ဘဲ ၅ နှစ် သုံးကြိမ်ဖြင့် ၁၅ နှစ် နေခဲ့ရကြောင်း ယနေ့ ရန်ကုန်မြို့တွင် ဦးဖြိုးမင်းသိန်းက သတင်းထောက်များကို ပြော သည်။

“ကျနေ်ာတို့ရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အာဃာတ တရားတွေ မရှိဘူးဆိုတာကို ရင်ထဲမှာ ရှိတဲ့အတိုင်း ပြသနိုင်ဖို့ပဲ လိုပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး ငါတို့ကတော့လုပ်နိုင်တဲ့ အခြေအနေတခု ရောက်ပြီပဲ။ ငါတို့ကို တချိန်တုန်းက အမျိုးမျိုး ဒုက္ခပေး ခဲ့တဲ့သူတွေ၊ ငါတို့ရဲ့ မိသားစု ဘဝတွေကို ဖျက်တဲ့သူတွေပဲလို့ ဒါတွေ အားလုံးကို သင်ပုန်းချေနိုင်ဖို့ ကြိုးစားရမှာပေါ့”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်ကမူ ယခု ဖြစ်စဉ်ကို လုံးဝ လက်ခံ၍ မရဘဲ မြန်မာနိုင်ငံရေး စာရေးဆရာ အသင်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ တို့ အနေဖြင့် နှစ်နာသူများနှင့် ပြည်သူလူထုကို ပြန်လည် တောင်းပန်ပေးရမည် ဖြစ်ကြောင်း ပြောသည်။

ဦးထွန်းကြည် က “ကျနော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုကို ရက်ရက်စက်စက် ညှင်းပန် နှိပ် စက်ခဲ့တဲ့ ပုဂ္ဂိုလ်က စင်ပေါ်ရောက်လာတာတော့ မဖြစ်သင့်ဘူး။ အခု ဖြိုးမင်းသိန်း ပြန်ရှင်းတာလည်း ထမင်းရည်ပူ လျှာလွဲ ပြော တာလေ။ ပြီးတော့ သီးသန့် တွေ့ဆုံတာမျိုးလည်း ရှိတော့ ဒါမျိုး လိုသလား။ နဂိုကတည်းက သူရှောင်သွားလို့ ရတယ်”ဟု ပြောသည်။

စာရေးဆရာ ဦးကျော်ဝင်း က “ပြီးခဲ့တဲ့ ကိစ္စတွေ အားလုံးကို မေ့နိုင်ဖို့လည်း ကျနော် ကြိုးစားနေတယ်။ ကျနော်ခေါင်းထဲမှာ ဗိုလ်နေဝင်းလည်း မရှိဘူး၊ ဗိုလ်ခင်ညွှန့် လည်း မရှိဘူး”ဟု ပြောသည်။

၎င်းသည် လက်ရှိ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ မနုဿ ကျော်ဝင်းနှင့် မတူကြောင်း၊ ၎င်းကိုယ်တိုင် မည့်သည့် အသင်း အဖွဲ့ ကိုမျှ ဝင်ရောက်ထားခြင်း မရှိသော်လည်း တချို့ မှာ နားလည်မှု လွဲ၍ ၎င်းကို လူမှုကွန်ရက်တွင် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရသည်။

စာရေးဆရာ သရဝဏ် (ပြည်) က “ဒေးဘက်ခမ်းလည်း ရေးတာပဲ။ ဟစ်တလာလည်း ရေးတာပဲ စာရေးဖူးတိုင်းတော့ စာရေးဆရာလို့ သတ်မှတ်လို့ ဘယ်ရမလဲ။ စာရေးဆရာဆိုလည်း ပီပီပြင်ပြင် မဟုတ်ပါဘူး။ အသက် ၈၀ ပြည့်တာတော့ ဟုတ်ချင် ဟုတ်မှာပေါ့။ မြန်မာနိုင်ငံမှာ စာရေးဆရာ အသင်းတွေက အများကြီးပဲ။ သူ့မူနဲ့သူ ရွေးပြီး ကန်တော့ကြတာတော့ ပြဿနာ မရှိဘူး။ ဒါပေမယ့် စာရေးဆရာ အားလုံးကို ကိုယ်စားပြုပြီးတော့ ပေးတယ်ဆိုတာမျိုးတော့ ကျနော်တို့က လက်မခံဘူး” ဟု ပြောသည်။

စစ်ထောက်လှမ်းရေး မြန်မာနိုင်ငံတွင် အာဏာရှိခဲ့စဉ်က စစ်ကြောရေးတွင်ပင် အသက်ဆုံးရှုံးရသူများစွာ ရှိသလို တနိုင်ငံလုံးရှိ အ ကျဉ်းထောင်များတွင် စစ်ထောက်လှမ်းရေး လက်ချက်ဖြင့် အသက်ပေးခဲ့ရသူပေါင်း ၂၀၀ နှင့် ၃၀၀ ကြားတွင် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများကို ကူညီနေသူလည်း ဖြစ်သူ ဦးထွန်းကြည်က ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကမူ မီဒီယာတချို့နှင့် တွေ့ဆုံစဉ် ဖြစ်စေ၊ ၎င်းရေးသားခဲ့သည့် စာအုပ်တချို့ တွင်ပါ ၎င်းသည် စစ် အ စိုးရ ကာလတွင် ပေးအပ်သည့် တာဝန်ကို ဆောင်ရွက်ခဲ့ရသူ တဦးသာဖြစ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိသည်။

၎င်းရေးသားသည့် ကြုံတွေ့ ခဲ့ရ ကျနော် ဘဝ အထွေထွေ စာအုပ် အမှာစာတွင် ပြည်သူအများ၏ အေးချမ်းမှု၊ ဘဝ ဖူလုံမှု ရရှိရေး အတွက် စေတနာထားဆောင်ရွက်ခဲ့သော်လည်း အမှားအယွင်းများ ရှိနိုင်ပါသည်။ ထိခိုက်နစ်နာသူများ၏ မကျေနပ်သူများလည်း ရှိနိုင်ပါသည်။ နစ်နာသူများ၊ ခံစားရသူများကတော့ မကျေမနပ် ဖြစ်ကြလိမ့်မည်။ ထိုသူများအတွက် ကျနော် နားလည်ပါသည်။ ဒီပုဂ္ဂိုလ်များနှင့် မိသားစုများကိုလည်း တောင်းပန်အပ်ပါသည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “ဒီထောင်ချမှုတွေ အားလုံးကို စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းလိုက်ပြီး ဗိုလ်ချုပ်ကြီး ခင်ညွှန့် ထောင်ကျသွားတဲ့ အခြေနေမှာ အဲဒီ အချိန်ကာလက နိုင်ငံတော် အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်ထောက်လှမ်းရေးရဲ့ မတရားဆောင်ရွက်မှုတွေ ကြောင့် ထောင်ကျခဲ့တဲ့ ကျောင်းသားတွေကို ပြန်လွှတ်လိုက်ပါတယ်။ အဲထဲမှာ ကျနော်လည်း ပြန်လွတ်လာပါတယ်”ဟု ပြောဆိုခဲ့သည်။

The post ဦးခင်ညွှန့်ကြောင့် ဒုက္ခရောက်ခဲ့သော်လည်း သင်ပုန်းချေမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြော appeared first on ဧရာဝတီ.

မြန်မာ့ အကြီးဆုံး စည်တော်ကြီးကို ကောင်းမှုတော် စေတီတွင် တည်ထားမည်

$
0
0

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာတွင် ထုလုပ်ခဲ့သည့် မြန်မာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်၌ ထားရှိသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

မြန်မာ့အကြီးဆုံး စည်တော်ကြီး ထားရှိမည့်နေရာ ဒေသနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး သြဝါဒ ခံယူ၍ ဆုံးဖြတ်ခဲ့ခြင်းဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ပြောသည်။

ဒေါက်တာ မြင့်နိုင် က “သီတဂူဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး သြဝါဒ ခံယူခဲ့ပါတယ်၊ ထုလုပ်တဲ့သူတွေကလည်း ကျနော်တို့ကို လှူဒါန်းပေးပြီး ကြိုက်သလို လုပ်ပါလို့ ပြောတယ်၊ ဒီစည်တော်ကြီးက ကမ္ဘာမှာလည်း အကြီးဆုံး စည်တော်ကြီးဖြစ်တဲ့အပြင် သာသနာနဲ့ဆိုင်တဲ့ စည်တော်ကြီးမို့ သီတဂူ ဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ ဆိုတာကို သြဝါဒခံယူပြီးမှ အခုဆုံဖြတ်ခဲ့တာပါ” ဟု ပြောသည်။

အဆိုပါစည်တော်ကြီးထားရှိမည့် နေရာဒေသနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန် ရှိသူများသည် သီတဂူ ဆရာတော်ကြီးထံ ဩဝါဒခံယူခဲ့ပြီး ကောင်းမှုတော်စေတီတော်သို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့မိမြို့ဖ ဦးဇော်ဝင်း က “စစ်ကိုင်းမှာ ကမ္ဘာမှာ တတိယအကြီးဆုံး မင်းကွန်း ခေါင်းလောင်းရှိတယ်။ အခုကမ္ဘာ့ အကြီးဆုံး စည်တော် ရောက်ရှိလာတော့မယ်။ သာသနာထွန်းကားတဲ့ စစ်ကိုင်းမြို့ အတွက် ဂုဏ်ယူစရာ အကောင်းဆုံးတွေ တခုပြီးတခု ပေါ်လာတာပါ” ဟု ပြောသည်။

စည်တော်ကြီးကို အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာရှိ “ဆရာပွဲ” မြန်မာတူရိယာ အမျိုးမျိုး လုပ်ငန်းမှ ဦးကျော်ညွန့်နှင့် သားတပည့်များက ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က အလုံးစုံ ပြီးစီးခဲ့ခြင်းဟု သိရသည်။

စည်တော်ကြီး ပြီးစီးမှုအခြေအနေများကို ဒီဇင်ဘာလ ၂၅ ရက်နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင့်နှင့် အတူ တာဝန်ရှိသူများသွားရောက် လေ့လာကြည့် ရှု့ခဲ့ကြောင်း သိရသည်။

အဆိုပါစည်တော်ကြီးကို အင်းတော်သ ချိုင်းဖျက်ရာမှ ရရှိလာသည့် ကုက္ကိုလ်သားဖြင့် ထွင်းထုခဲ့ခြင်းဖြစ်ပြီး စည်တော်ကြီး၏ အရှည်မှာအလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မ၊ စည်တော်မျက်နှာဝ အကျယ် ၅၄ လက်မ ရှိကြောင်း သိရသည်။

စည်တော်ကြီးကို ထွင်းထုခဲ့သော ဦးကျော်ညွန့်က “သစ်လုံးတလုံးတည်းကနေ ထွင်းထုထားတဲ့ ဒီစည်တော်ကြီးရဲ့ မျက်နှာပြင် နှစ်ဖက်ကို ကြပ်ဖို့ သားရေရရှိရေး အခက်အခဲ ဖြစ်နေလို့ အပြီးသတ်ဖို့ ကြန့်ကြာခဲ့တာပါ။ ကမ္ဘာ့ အကြီးဆုံးလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ အခုဆိုရင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပါတယ်” ဟု ပြောသည်။

ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဖြစ်လာနိုင်သည့် စည်တော်ကြီးထွင်းထုသည့် ကုန်ကျစားရိတ်မှာ သိန်း ၇၀ ခန့်ကုန်ကျခဲ့ပြီး စည်တော် မျက်နှာပြင် အတွက် ကျွဲသားရေနှစ်ချပ်နှင့် စည်တော်စည်ကျစ်ကြိုး အတွက် နွားသားရေ ၁၈ ချပ် ကို အသုံးပြုထားကြောင်း ဆရာပွဲ မြန်မာတူရိယာ အမျိုးမျိုးလုပ်ငန်းမှ သိရသည်။

ထို့အပြင် စည်တော်အတွင်းပိုင်း၌ ဘုရားဟော တရားဒေသနာတော်နှင့် ဂါထာတော်များ၊ ဗာမဲ့ဆရာတော်၏ ဂါထာတော်နှင့် လောကီအစီအမံများ၊ စည်တော်အပြင်တွင် ဗုဒ္ဓဘုရားရှင်၏ ၁၀၈ ကွက်သော ခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေသည့်ပုံကို ထည့်သွင်း၍ ထုလုပ်ထားကြောင်း သိရသည်။

အဆိုပါစည်တော်ကြီးနှင့်ပက်သက်၍ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရက စည်တကာတို့ထက် လွန်ကဲသောစည်တော်ကြီး မဟာဘေရီ (သို့မဟုတ်) အဓိကဒုန္ဒုဘဟု အမည်သညာ ပေးထားကြောင်း သိရသည်။

“စည်တော်ကြီးက စည်တကာတို့ထက် လွန်ကဲသော, ကြီးမားသော စည်တော်ကြီးဖြစ်တယ်။ သို့ဖြစ်ခြင်းကြောင့် အဓိက စည်တော်ကြီးကို အဓိကမင်းတရားကြီး (သာလွန်မင်း) ၏ ကောင်းမှုတော် စေတီတော်ကြီးအား လှူဒါန်းရလျှင် အကြီးမြတ်ဆုံးသော ကုသိုလ်တော်ကြီး ဖြစ်ပါလိမ့်မယ်” ဟု သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ က မိန့်ကြားထားသည်။

ထို့အတူ “သာလွန်မင်းတရားကြီး၏ ကောင်းမှု အဓိကစေတီတော်ကြီးအနီးက သာလွန်မင်း တရားကြီး တာဝန် ပေးအပ်ထားခဲ့သော “စည်တီး ရွာသားတွေ စည်တော်ကြီးကို တီးခွင့်ရကြလျှင် တစ်ပြည်လုံး, တစ်ကမ္ဘာလုံး ဓမ္မစည်သံကြီး ခြိမ့်ခြိမ့်တီး သိမ့်သိမ့်ဟီးလိမ့်မည် ဖြစ်သတည်း” ဟု လည်း မိန့်ကြားသည်။

အင်းတော်မြို့တွင် ထုလုပ်ပြီးစီခဲ့သည့် ကမ္ဘာ့ အကြီးဆုံး စည်တော်ကြီးအား စစ်ကိုင်းမြို့၊ကောင်းမှုတော်စေတီတော်သို့ သယ်ဆောင်မှုကို လာမည့် တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ပြုလုပ်ရန် သတ်မှတ်ထားပြီး စည်တော်ကြီးအား ကောင်းမှုတော် စေတီတော် ရင်ပြင်ပေါ်တစ်နေရာ၌ မျှော်စင်တစ်ခုတည်ဆောက်၍ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်ကမ္ဘာ့အကြီးဆုံး စာရင်းဝင်နိုင်သည့် စည်တော်ကြီး ထွင်းထုမှု ပြီးစီး

The post မြန်မာ့ အကြီးဆုံး စည်တော်ကြီးကို ကောင်းမှုတော် စေတီတွင် တည်ထားမည် appeared first on ဧရာဝတီ.

အချစ်ရေးသတင်းတွေကို စိတ်မပူကြဖို့ အုပ်စိုးခန့် ပြော

$
0
0

ဆိုရှယ်မီဒီယာမှာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ဆယ်ကျော်သက် လူငယ် အဆိုတော် အုပ်စိုးခန့်က သရုပ်ဆောင် မိန်းကလေးတယောက်နဲ့ ချစ်သူဖြစ်နေတယ် ဆိုတဲ့ ကောလာဟလ သတင်းတွေအပေါ် စိတ်ပူနေကြတဲ့ ပရိသတ်တွေကို စိတ်မပူကြဖို့ အခုချိန်မှာ အလုပ်တွေသာ ခေါင်းထဲထည့်ထားကြောင်း ဧရာဝတီကို ပြောပါတယ်။

“ကျနော့်ကို ချစ်သူရနေပြီဆိုပြီး ပြောနေကြတယ်။ ဒါကတော့ ပြောကြမှာပါပဲ။ အနုပညာလောကထဲကို ခြေစုံပြစ်ဝင်ပြီ ဆိုကတည်းက ဒီသတင်းတွေကလည်း မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထွက်လာမှာပဲ။ အဲ့အတွက် ဘာမှ မပြောပါဘူး။ အေးအေးဆေးဆေးပဲ။ အလုပ်တခုပဲ ခေါင်းထဲ ထည့်ထားပါတယ်။ ကျနော် ဘာမှ မစဉ်စားပါဘူး”လို့ အုပ်စိုးခန့်က ပြောပါတယ်။

အုပ်စိုးခန့်ရဲ့ စိတ်ကူးထဲက ကြိုက်တဲ့ မိန်းကလေးပုံစံက ဘယ်လိုပုံစံလဲဆိုတဲ့ အမေးကိုလည်း အခုလိုပဲ ပြန်ဖြေပါတယ်။

“ကျနော်ကြိုက်တဲ့ ကောင်မလေးပုံစံက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကျနော့်ကို နားလည်မှုတွေ ပေးရမယ်။ ကျနော့်ကို အများကြီး ချစ်ပေးရမယ်။ ကျနော်ကြိုက်တဲ့ ကောင်မလေးက ဆံပင်ရှည်လေးဆိုရင် ကြိုက်တယ်။ ကျနော့်ကို စိတ်ပူပေးကြတဲ့အတွက် စိတ်မပူပါနဲ့။ ဂီတရယ်၊ မိဘရယ်၊ ကျနော့် ပရိသတ်တွေရယ်ပဲ ရှိပါတယ်။ ကျနော် လောလောဆယ် အလုပ်တွေပဲ ခေါင်းထဲ ထည့်ထားမှာမို့ စိတ်မပူကြပါနဲ့”လို့ အုပ်စိုးခန့်က ပြောပါတယ်။

အဆိုတော် အုပ်စိုးခန့်က ဒီလအတွင်း သူရဲ့ ပထမဦးဆုံး တကိုယ်တော်ခွေ “The Number One” တေးစီးရီးကိုလည်း ဖြန့်ချိလိုက်ပါတယ်။ ၃ နှစ်လောက် အချိန်ယူပြင်ဆင်ထားတဲ့ အခွေကို အများကြီး ကြိုးစားထားတယ်လို့ ဆိုပါတယ်။

“ကျနော့် ခွေနာမည်လေးကို The Number One လို့ ပေးထားပါတယ်။ ခွေနာမည် ပေးဖြစ်တာကတော့ ကျနော် အသက် ၁၆၊ ၁၇ မှာ ပထမဆုံးထွက်တဲ့ အခွေ ဖြစ်တဲ့အတွက် Number One ဆိုပြီးပေးဖြစ်ခဲ့ပါတယ်။ ဒီခွေကတော့ Top One ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးလည်း ပါပါတယ်။ ဒီခွေထဲမှာ သီချင်းက ၁၄ ပုဒ် ပါတယ်။ ရသမျိုးစုံပါအောင် ကြိုးစားထားပါတယ်”လို့ အုပ်စိုးခန့်က ဆိုပါတယ်။

“ကျနော် အခွေ မထွက်ခင်တုန်းကလည်း သီချင်းတွေ တင်ပေးပါတယ်။ Promotion ပွဲလည်း လုပ်မှာပါ။ ၂၀၁၉၊ ဇန်နဝါရီလ ၆ ရက်နေ့ Junction Square မှာ လုပ်မှာပါ။ ကျနော့် အခွေလေးကို ကြိုးစားထားပါတယ်။ ငွေရော၊ လူရော၊ အချိန်ရော အများကြီးရင်းပြီး ကြိုးစားထားပါတယ်။ ကြိုးစားရကျိုးနပ်အောင် အားပေးကြပါ”လို့ အုပ်စိုးခန့်က ပြောပါတယ်။

အဆိုတော် အုပ်စိုးခန့်ရဲ့ အခွေမထွက်ခင်က အွန်လိုင်းကနေ တင်ပေးခဲ့တဲ့ “ချစ်နေပြီ” သီချင်းကိုလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပြီး နောက်ပိုင်း အွန်လိုင်းကနေ Music Video တွေ တင်ပေးသွားမယ်လို့ သူကဆိုပါတယ်။

The post အချစ်ရေးသတင်းတွေကို စိတ်မပူကြဖို့ အုပ်စိုးခန့် ပြော appeared first on ဧရာဝတီ.

၂၀၁၇ မှ ၂၀၁၈ ခုနှစ်အတွင်း ကြွေလွင့်ခဲ့ကြတဲ့ အနုပညာရှင်များ

$
0
0

၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း ကွယ်လွန်ခဲ့တဲ့ အနုပညာရှင်များဟာ အသက်အရွယ်၊ ရောဂါဝေဒနာစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြွေလွင့်ခဲ့ကြရပါတယ်။ ဒါကြောင့် အဲဒီနှစ်တွေအတွင်း ကြွေလွင့်ခဲ့ကြတဲ့ အနုပညာရှင်များအကြောင်း အောက်မေ့ လွမ်းဆွတ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။

ခိုင်ထူး

“စစ်ကိုင်းလမ်း” ၊ “အဉ္ဇလီ” ၊ “ရွှေလည်တိုင်” စတဲ့ တေးသီချင်းများနဲ့ နာမည်ကြီးတဲ့ အဆိုတော် ခိုင်ထူးဟာ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့က ပန်ကရိယ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ အဆိုတော် ခိုင်ထူးကို ၁၉၅၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။

အဆိုတော် ခိုင်ထူးဟာ “တေးမြုံငှက်၊ အဉ္စလီ၊ သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်၊ မိုးရဲရင် ဆောင်းရဲရမယ်၊ မကျေနပ်ဘူး သိလား ၊ မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်၊ အစောဆုံးပြန်ခဲ့ နှင်းသက်သက်ဝေ၊ ရွှေလည်တိုင်၊ ထားရစ်ခက်နေခဲ့တော့မယ်၊ ၃၉ ၊ ကမ်းလက်သင့်ရာ၊ တွဲဖက်ချွေး ၊ အမုန်းဆုပန်မယ့် လူသား၊ ခိုင်ထူးရဲ့ ခိုင်ထူး၊ ရသ” စတဲ့ တေးသီချင်းခွေ များစွာ ထွက်ရှိခဲ့ပါတယ်။

ဦးရဲလွင်

“ပန်းရဲ့လမ်း”အဖွဲ့ ဦးဆောင်သူ၊ မဇ္ဈိမလှိုင်းရဲ့ ပဲကိုင်ရှင်တဦးလည်း ဖြစ်တဲ့ ဦးရဲလွင်ဟာ ဇူလိုင် ၁၀ ရက်နေ့က ရန်ကုန်ဆေးရုံ ကုတင် ၅၀၀ အသည်းကုသဆောင်မှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။ ဦးရဲလွင်ကို ၁၉၄၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၇၁ နှစ် အရွယ် ရှိပြီ ဖြစ်ပါတယ်။

ဦးရဲလွင်ဟာ ဒီမိုကရေစီ ခရီးကြမ်း တလျှောက်လုံး တေးဂီတနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့သူတဦး ဖြစ်ပြီး “ပန်းရဲ့လမ်း” ငြိမ်းချမ်းရေး တေးဂီတအဖွဲ့နဲ့ စစ်ဘေးသင့်ဒေသကပြည်သူတွေအတွက် သူ့ရဲ့အနုပညာနဲ့ အလှူခံရင်း ပရဟိအလုပ်တွေ ဆက်တိုက် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဦးရဲလွင်ဟာ ၁၉၈၄ ခုနှစ်မှာ အဆိုတော် ခင်မောင်တိုး၊ တေးရေး ကိုနေဝင်း၊ ကိုမောင်မောင်(အဉ္စလီ) တို့နဲ့အတူ မဇ္ဈိမလှိုင်း ဂီတအဖွဲ့မှာ ပါဝင်ခဲ့ပြီး ကိုယ်ပိုင် တေးသီချင်းများစွာ ဖန်တီး ရေးသားခဲ့သလို “ပန်းခရမ်းပြာ” သီချင်းဟာလည်း ၁၉၇ဝ၊ ၁၉၈ဝ ခုနှစ် ဝန်းကျင်မှာ လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။

သူဟာ ဘဝတလျှောက်လုံး သီချင်းပေါင်း အပုဒ် ၂၀၀ နီးပါးရေးသားခဲ့ပြီး သူကိုယ်တိုင်လည်းဆိုသလို ခင်မောင်တိုး၊ ခိုင်ထူး၊ ဂျေမောင်မောင်စတဲ့ အဆိုတော်များလည်း သီဆိုခဲ့ပါတယ်။ “ခွဲခွာခြင်းခဏ၊ ပန်းခရမ်းပြာ၊ နောက်ဆုံးအိပ်မက်၊ နဒီမင်္ဂလာ ၊ အချစ်စစ်ဆိုတာ၊ ကြင်နာသူရဲ့အဝေးဆီ ၊ မင်းသိပါတယ်” စတဲ့ သီချင်းများ ရေးသားခဲ့ပါတယ်။

ဦးရဲလွင်ဟာ ၂၀၁၂ ခုနှစ်မှာ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ငြိမ်းချမ်းရေး သီချင်းများ လိုက်လံသီဆိုကာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆော်ဩခဲ့တဲ့ ဂီတသမားတဦးလည်း ဖြစ်ပါတယ်။

မင်းသွေး

သရုပ်ဆောင် နေတိုးရဲ့ ညီအရင်း ဖြစ်သူ သရုပ်ဆောင် မင်းသွေးဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက ဘောလုံးကန်ရင်း နားချိန်မှာ ရေသောက်ရင်း ရုတ်တရက် အမောဖောက်ကာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ မင်းသွေးဟာ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ သူဟာ အနုပညာအလုပ် များစွာ လုပ်ကိုင်ခဲ့ပါတယ်။

မင်းသွေးရဲ့ နာမည်အရင်းက နေမင်းအောင်ဖြစ်ပြီး သရုပ်ဆောင်နေတိုးရဲ့ ညီအရင်း ဖြစ်ပါတယ်။ အနုပညာလောကထဲကို အစ်ကိုဖြစ်သူ နေတိုး အောင်မြင်ပြီးနောက်ပိုင်း ဝင်ရောက်ခဲ့တာ ဖြစ်ပေမယ့် မင်းသွေးက သူ့လိုင်းသူ ဖောက်ကာ အောင်မြင်အောင် ကြိုးစားခဲ့ပါတယ်။ အဆိုတော် ဖော်ကာ၊ ညီမင်းခိုင်တို့နဲ့လည်း ဂီတလှုပ်ရှားမှုများအတူ ပူးပေါင်းပြီး လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

မင်းသွေးက သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်းပါ ဝါသနာပါတဲ့အတွက် “ထိုးစစ်” ဆိုတဲ့ တကိုယ်တော် တေးစီးရီးကို ၂၀၁၇ ခုနှစ်အတွင်းက ထွက်ရှိခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရင်း အစ်ကိုဖြစ်သူနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ တွဲဖက် သရုပ်ဆောင်ခဲ့ပါတယ်။

မင်းသွေးဟာ ရခိုင် တိုင်းရင်းသားတဦးဖြစ်ပြီး ရခိုင်မှာ နယ်စပ်လုံခြုံရေးအတွက် ခြံစည်းရိုး ခတ်တာနဲ့ ပတ်သက်လို့လည်း ဖျော်ဖြေပွဲတွေလုပ်ပြီး အလှူငွေကောက်ခံကာ လှူဒါန်းခဲ့တဲ့ အနုပညာရှင်ပါ။ ၂၀၁၈ ခုနှစ်အတွင်း မင်းသွေး သရုပ်ဆောင်ထားတဲ့ “မုန်းစွဲ” နဲ့ “သတ်ကွင်း” စတဲ့ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသခဲ့ပါတယ်။

ကိုသားထွေး

“ပန်းရဲ့လမ်း” အဖွဲ့ရဲ့ Band Leader တဦးဖြစ်သူ ကိုသားထွေးဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့၊ အောင်ရတနာဆေးရုံမှာ ဆေးကုသမှု ခံယူရင်း ကွန်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကိုသားထွေးဟာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၅၆ နှစ်အရွယ် ရှိပြီလို့ သိရပါတယ်။

အဆိုတော် သားထွေးဟာ “လွတ်လပ်၊ ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဦးရဲလွင်နဲ့အတူ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တိုင်းရင်းသား စစ်ဘေးရှောင်ဒေသများအတွက် မြန်မာပြည်အနှံ့ ငြိမ်းချမ်းရေးသီချင်းများ သီဆိုကာ ရန်ပုံငွေရှာ ဖျော်ဖြေပေးခဲ့ပါတယ်။

ဦးခင်ဇော်

ဝါရင့် ဒါရိုက်တာကြီး ဦးခင်ဇော်ဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က ကွယ်လွန်ခဲ့ပြီး သူဟာ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင် ဖြစ်ပါတယ်။ ဦးခင်ဇော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ် အရွယ်ရှိပြီ ဖြစ်ပြီး ရုပ်ရှင်လောကအတွက် ဒါရိုက်တာကောင်း တယောက် ဆုံးရှုံးသွားတာကြောင့် အနုပညာလောကသားများအနေနဲ့ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

ဒါရိုက်တာ ဦးခင်ဇော်ဟာ “ကေသီပန်” ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပဲ့ကိုင်ရှင် တဦးဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများဟာ အောင်မြင်မှုများရရှိခဲ့သလို ပရိသတ်များကလည်း နှစ်သက်စွာ အားပေးခဲ့ကြပါတယ်။

လားရှိုးသိန်းအောင်

စတူဒီယို ခေတ်ဦး အဆိုတော်ကြီး လားရှိုးသိန်းအောင်ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့မှာ ဒေသစံတော်ချိန် ည ၂ နာရီခွဲ အချိန်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ကို ၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၇၂ နှစ် အရွယ်ရှိပြီ ဖြစ်ပါတယ်။

အဆိုတော် ဂျင်မီဂျက်(ခေါ်) လားရှိုးသိန်းအောင်ဟာ ၁၉၇၂ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လက်မခံနိုင်ဘဲ စွန့်စားလိုတဲ့ ဝါသနာအတွက် တောခိုသွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများလုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တဦးနှင့် အိမ်ထောင်ကျကာ သမီးတယောက်၊ သား ၂ ယောက် ရရှိခဲ့ပါတယ်။

လားရှိုးသိန်းအောင်ဟာ ”နှုတ်မဆက်နဲ့ ငိုချင်တယ်”၊ “မုန်းမုန်းမေ့မေ့” ၊ ”စက်ခေါင်းအမှတ် ၀၀၉” စတဲ့ တေးသီချင်းများစွာနဲ့ နာမည်ကြီးပြီး သူ့ရဲ့ ကိုယ်ပိုင် သီချင်းတွေဟာ တခေတ်တခါမှာ အောင်မြင်ခဲ့ရုံသာမက ဒီနေ့ခေတ်မှာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျနေဆဲပါ။ လားရှိုးသိန်းအောင် ကွယ်လွန်မှုဟာ ဂီတလောကအတွက် နှမြောတသဖွယ် ဆုံးရှုံးမှုတခုပါပဲ။

The post ၂၀၁၇ မှ ၂၀၁၈ ခုနှစ်အတွင်း ကြွေလွင့်ခဲ့ကြတဲ့ အနုပညာရှင်များ appeared first on ဧရာဝတီ.

ပင်နီဝတ်ပြီးတော့ စစ်အာဏာရှင်ကို ထိုင်ကန်တော့တာ ကန့်ကွက်ပါတယ်

$
0
0

မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းမှတ်အဖြစ် မြန်မာနိုင်ငံစာရေးဆရာများအသင်းမှ ကြီးမှူးပြီး သက်ကြီး စာပေရှင်ကြီးများကို ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနား ကန်တော့ခံ ပုဂ္ဂိုလ်များထဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ပါဝင်နေမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်နေလျှက်ရှိသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ကန်တော့ခဲ့သည်။

နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဦးခင်ညွှန့်အား ထိုပွဲသို့ ဖိတ်ကြားခဲ့သော မြန်မာနိုင်ငံ စာရေးဆရာများ အသင်းမှာလည်း ဝေဖန်မှုခံနေရသလို ကိုယ်တိုင် တက်ရောက် ကန်တော့ခဲ့သော ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာလည်း အပြင်းအထန် ဝေဖန်ခံနေရသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး စာပေပညာရှင်များနှင့် ဥပဒေ ပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အချို့ ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြပေးလိုက်ပါသည်။

စာရေးဆရာ ချစ်ဦးညို

ဒီကိစ္စကျနော်သီးခြားတော့ မှတ်ချက်မပေးလိုတော့ဘူး၊ ကျနော်မနေ့က ဖေ့ဘုတ်မှာ ပို့စ်တခုတင်လိုက်တယ်၊ “ ညီလေး ဆရာမင်းလူရေ ကန်တော့ပွဲတဲ့ ပြောစရာစကားလုံးတောင် ရှာမတွေ့တော့ပါဘူးကွယ်” အဲ့ဒါကို သေချာစဉ်းစားပြီး ခံစားကြည့်လိုက်ရင် ကျနော့်သဘောထားက အဲ့ဒါပါပဲ။ မင်းလူဆိုတာဘာလဲ လူတွေသိပါတယ်။ “ဘာတွေဖြစ်နေကြပြီလဲ” ဆိုတဲ့ ကဗျာတပုဒ်နဲ့ ထောင် ၇ နှစ်ကျခဲ့ရတဲ့ ဆရာတယောက်ဖြစ်ပါတယ်။

ဆရာတင်မိုးတို့၊ ဆရာမြသန်းတင့်တို့၊ ဆရာမောင်သော်ကတို့၊ ဆရာဝင်းတင်တို့ အစရှိတဲ့ လူကြီးတွေကို ဥပမာမပေးတော့ ပါဘူး၊ လူငယ်တယောက်ဖြစ်တဲ့ မင်းလူကိုပဲ တိုင်တည်ပြီးတော့ တမ်းတတာပေါ့၊ ကန်တော့ပွဲနဲ့ပတ်သက်ပြီး ပြောစရာစကားလုံးတောင် ရှာမတွေ့တော့ပါဘူး။

ကျနော်က စာရေးဆရာအသင်းမှာ ရိုးရိုးသာမာန်အသင်းဝင်ပဲ၊ ၂၀၀၉ ခုနှစ်လောက်ကတည်းက ဝင်ထားတာ ကြာပြီ။ နိုင်ငံခြားသွားဖို့ ပတ်စပို့လျှောက်တော့ မဝင်မနေရသဘောကြောင့် ဝင်လိုက်ကြတာ၊ အသင်းဝင်ဆိုပေမယ့် အသင်းနဲ့ကျနော်နဲ့ တော်တော် ကင်းကွာပါတယ်၊ စည်းဝေးတွေ၊ ညီလာခံတွေ တခုမှ မပတ်သက်ခဲ့ဘူး၊ အဲ့တော့ ထွက်စာတင်တယ်ဆိုတာလဲ မဟုတ်ဘူး၊ တင်စရာမှ မလိုတာ။ အစကတည်းက ထဲထဲဝင်ဝင်မှ မရှိခဲ့တာလေ။

စာရေးဆရာ အသိုင်းအဝိုင်းကို ဘယ်လောက်အထိ ရိုက်ခတ်သွားလဲဆိုတော့ “စာရေးအသင်း” တောင်ပြန်လည် ဖွဲ့စည်းရမလို ဖြစ်နေပြီ။ လက်ရှိအမှုဆောင်များနဲ့က အဆင်ပြေကြတော့မယ်မထင်ဘူး။ တချို့ကလဲ နှစ်ခြမ်းကွဲသွားတယ်လို့ ပြောကြတယ်၊ လက်ရှိအသင်းမှာ ပါဝင်လုပ်နေတဲ့သူတွေနဲ့ အဲ့လိုမဟုတ်တဲ့သူတွေပေါ့။

ကျနော်ပြောချင်တာက နှစ်ခြမ်းကွဲရအောင် ဘယ်တုန်းကရော တခုတည်းစည်းစည်းလုံးလုံး ရှိခဲ့ဖူးလို့လဲ စာရေးဆရာအသင်းက။ အစကတည်းက သီးခြားစီနဲ့ သိပ်ထွေးထွေးမရှိခဲ့ပါဘူး။ အခုထွက်တဲ့သူတွေကလည်း သူ့သဘောနဲ့သူ ထွက်ကြပေါ့ဗျာ၊ သို့သော်လည်း ဒီဂရက် ဒီနေရာတင်မပြီးသေးဘူး၊ ဘယ်လိုဆက်ဖြစ်မလဲ ကျနော်လဲမသိဘူး၊ ဆက်စောင့်ကြည့်ရမှာပဲ။

စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)

ကျနော့်သဘောထားကတော့ ရှင်းတယ်၊ ဗိုလ်ခင်ညွန့်လိုလူမျိုးက စာရေးဆရာလဲမဟုတ်ဘူး၊ နောက်တချက်က ကန့်တော့ခံ ထိုက်တဲ့သူလဲ မဟုတ်ဘူး၊ အဲ့အတွက် ဒီလိုလုပ်ရပ်ကို လုံးဝသဘောမတူဘူး၊ အဲ့ဒါပါပဲ။ စာရေးဆရာ အသင်းကနေလဲ ကျနော်နှုတ်ထွက်လိုက်ပါပြီး၊ ထွက်ရတဲ့အကြောင်း အရင်းတွေကိုတော့ ကျနော်ဘာမှမပြောချင်ပါဘူး၊ နှုတ်ထွက်ကြောင်း စာထဲမှာလဲ ကျနော့်ဆန္ဒအရ နှုတ်ထွက်တယ်လို့ပဲ ရေးထားလိုက်ပါတယ်။ ဒီလုပ်ရပ်က စာရေးဆရာတွေအပေါ် စာပေလောက အပေါ် ဘယ်လောက်အထိ ထိခိုက်ရိုက်ခတ်လဲဆိုတာတော့ အခုအားလုံးတွေ့နေကြတဲ့ အတိုင်းပဲလေ။ အဲ့လောက်အထိကို ရိုက်ခတ်တာလို့ပဲ ပြောရမှာပေါ့။

ဆရာမ ဒေါ်သန်းမြင့်အောင် (ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်)

ကန်တော့တာကလဲ ကန်တော့လို့ရပါတယ်။ ကျမက စာရေးဆရာ အသင်းဝင်တော့ မဟုတ်ပေမယ့် အသင်းမှာရှိတဲ့ စာရေးဆရာတွေ အများကြီးရဲ့ သဘောနဲ့မဟုတ်ဘဲ တဦးတယောက်၊ တစုတဖွဲ့ရဲ့ သဘောနဲ့ လုပ်တယ်ဆိုရင် ကန်တော့ခံကြတဲ့ စာပေပညာရှင်တွေရော၊ ကန်တော့ရတဲ့ စာရေးဆရာတွေ စာပေဝါသနာရှင်တွေ၊ တာဝန်ရှိတဲ့ ဝန်ကြီးချုပ်တို့ မြို့တော့ဝန်တို့ကိုပါ အားလုံးကိုအကြပ်အတည်းတွေ့အောင် လုပ်လိုက်တာပါပဲ။

မိမိကျေးဇူးရှင်မို့ ကျေးဇူးရှိရင် အိမ်တိုင်ရွာရောက် သွားကန်တော့ကြပါ၊ ဘယ်သူမှအပြစ်မတင်ပါဘူး။ တာဝန်ခံပြီး လုပ်တဲ့သူတွေအနေနဲ့ အများရဲ့ဆန္ဒကို လေးစားသင့်တယ်၊ အခြေအနေအချိန်အခါကိုလဲ ကြည့်သင့်တယ်။

စာရေးဆရာ ထက်မြက်

မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ ဥက္ကဋ္ဌ

ဗိုလ်ခင်ညွှန့်ဟာ ရက်ရက်စက်စက် ဘာတွေလုပ်ခဲ့သလဲဆိုရင် ဆရာတို့ကိုယ်၌က ဒါတွေ ခံခဲ့ရတာပေါ့ နောက်ဆုံး ဗိုလ်ခင်ညွှန့် အာဏာမစွန့်ခင်အထိ နှိပ်စက်သတ်ပြီးသွေးသံတရဲရဲနဲ့ဖြစ်ခဲ့တာပဲ။ ၈၈ အရေးတော်ပေါ်ကြီးမှာ NLD မှာပါတဲ့ ဦးမောင်ကို ကိုစစ်ထောက်လမ်းရေး စစ်ကြောရေး စခန်းမှာ စစ်ဆေးရင်းနဲ့ သေဆုံးသွားခဲ့တယ်။ နောက် ၈ လေးလုံး အရေးတော်ပုံကြီးနဲ့အတူ ပေါ်ထွက်လာတဲ့ အရေးတော်ပုံကြီးမှာ ပါဝင်ပတ်သက်တဲ့ ဗမာပြည် ကွန်မြစ်နစ် ပါတီက ခေါင်းဆောင် တယောက်ဖြစ်တဲ့ မန္တလေးက ဦးမောင်ကိုဆိုတဲ့ ပုဂ္ဂိုလ်ဟာ အဖမ်းခံရတယ်။ ပြီးတော့ စစ်ကြောတယ်။ နောက်ဆုံး ဦးမောင်ကိုကို သူတို့ အသက်ထွက်တဲ့ အထိ စစ်လိုက်ကြတယ်။

ဦးမောင်ကို မန္တလေး စစ်ကြောရေး စခန်းမှာ သေဆုံးသွားခဲ့တာ သမိုင်းမှာ တကယ် ဖြစ်ခဲ့တယ်။ ဗိုလ်ခင်ညွန့် အဲဒီတုန်းက စစ်ထောက်လှမ်းရေး ရဲ့ အကြီးအကဲပဲ။ နောက်တော့ ထောင်ထဲမှာ ဆရာမောင်သော်က၊ ဆရာမုံရွာ တင်ရွှေ၊ ကိုစိန်ဝင်း ရန်ကြီးအောင် စိန်ဝင်းလို့ ခေါ်တယ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်၊ ကိုတင်မောင်ဝင်း၊ ကိုညိုဝင်း၊ ဦးစိုးဝင်း စတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဲဒီ NLD ခေါင်းဆောင်တွေဟာ အကျဉ်းထောင်ထဲမှာတင် ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်။ အမျိုးသားရင်ကြားစေ့ရေးလို့ ပြောနေတဲ့ NLD ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်တွေကို ပြောလိုက်ချင်တာက အဲဒီလို သွေးစွန်းသွားတာတွေကို မမေ့ကြပါနဲ့ ကိုဖြိုးမင်းသိန်းတို့လို့ ထောင်ထဲ ရောက်ခဲ့တဲ့ သူတွေကလည်း အဲဒါတွေကို မေ့ပြီး ဗိုလ်ခင်ညွန့် ထိုင်ကန်တော့ နေတဲ့အဖြစ်မျိုးတွေကလည်း ရှက်စရာ အလွန်ကောင်းတယ်လို့ မြင်တယ်။

ဗိုလ်ခင်ညွန့်ကို စာရေးဆရာ စာပေပညာရှင် အဖြစ်နဲ့ စာရေးဆရာ အသင်းကြီးက ကန်တော့ကြတယ် ဥက္ကဋ္ဌ စာရေးဆရာ မနုဿကျော်ဝင်း ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေက ဦးဆောင်ပြီးတော့ ကန်တော့ကြတယ်။ အဲဒီတော့ ဗိုလ်ခင်ညွန့်က စာရေးဆရာ ဖြစ်ပြီလား။ စာအုပ်လေး ၁ အုပ်၊ ၂ အုပ်၊ ၃ အုပ် ရေးရင်ရော စာရေးဆရာ ဖြစ်သွားပြီလား။ စာပေပညာရှင်ဆိုတာက လွယ်လွယ်ကူကူနဲ့ စာပေ ပညာရှင်လို့ ပြောလို့ရတာမဟုတ်ဘူး။ ဆရာတို့တောင် ကိုယ့်ကိုယ်ကို စာပေပညာရှင်လို့ မသတ်မှတ်နိုင်သေးပါဘူး။ နှစ်ပေါင်း ၄၀၊ ၅၀ စာရေးခဲ့တာပါ။ အဲဒီလို စာပေပညာရှင်လို့ ကန်တော့ကြတာ ဘာရည်ရွယ်ချက်နဲ့ ကန်တော့ကြတာလဲ။ အဲဒီလိုလုပ်တဲ့ အခါမှာ ဗိုလ်ခင်ညွန့်က ကန်တော့ခံဖို့ တက်လာတာထက် အဲဒီ ကန်တော့ခံဖို့အတွက် ဖိတ်ခေါ်တဲ့သူတွေ၊ ရွေးချယ်တဲ့ သူတွေမှာ တာဝန်ပိုမရှိပေဘူးလား။

ဒီကိစ္စကို သူတို့ သမိုင်းမှာပါ တာဝန်ယူရလိမ့်မယ်။ စာရေးဆရာ အသင်းကြီးမှာ ရှိတဲ့စာရေး ဆရာတွေကလည်း မောင်စိန်ဝင်း ပုတီးကုန်းတို့လို ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ဖို့ စွန့်ခွာဖို့ကောင်းတယ်လို့ ပြောချင်ပါတယ်။ ရုပ်ဆိုးအကျဉ်းတန်လှတဲ့ စာဆိုတဲ့နေရဲ့ ဂုဏ်ပုဒ်ကို ဖျက်ဆီးလိုက်တဲ့၊ သွေးစွန်းနေတဲ့ လက်ရှိတဲ့သူတွေကို ထိုင်ကန်တော့ ရာတယ်ဆိုတာ အလွန်ရှက်စရာ ကောင်းလှတယ်လို့ပဲ ပြောချင်ပါတယ်။ ကျားသေကို အသက်သွင်းတာမျိုး ကျဆုံးသွားတဲ့ ပြည်သူတွေရဲ့ ချဉ်ဖတ်တွေကို နေရာပြန်ပေးတာမျိုးတွေကို မလုပ်ကြပါနဲ့။ စာပေသမားတွေက ရိုးသားဖြောင့်မတ်တဲ့ ရဲရင့်တဲ့ အမှန်တရား ဘက်မှာ ရှိတဲ့သူတွေ ဖြစ်ပါစေလို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

စာရေးဆရာ ညီပုလေး

ကျနော်ကတော့ အဲဒီပွဲကို သပိတ်မှောက်ပြီးထားသွားတဲ့သူတွေ၊ စာရေးဆရာအသင်းက ထွက်တဲ့သူတွေ မှန်တယ်လို့ ယုံကြည်တယ်၊ ကျနော့်အနေနဲ့ကတော့ သူ့ကို (ဦးခင်ညွန့်) စာရေးဆရာလို့ မသတ်မှတ်နိုင်ပါဘူး၊ ဒီလောက်ပဲပြောချင်ပါတယ်။

ကဗျာဆရာ ဦးကိုလေး (အင်းဝဂုဏ်ရည်)

တောင်အာဖရိကက နယ်ဆင်မင်ဒဲလားပြောခဲ့တာကို ကျနော်အရမ်းကြိုက်ပါတယ်၊ Forgive , but not forget ဒါပါပဲ၊ ခွင့်လွှတ်ပါတယ်တဲ့၊ သူ့ထောင်ချတာတွေ ဘာတွေကို အကုန်လုံး ခွင့်လွှတ်ပါတယ်၊ ဒါပေမယ့် မေ့လို့မရဘူးတဲ့၊ ဆိုတော့ ဒီလိုပွဲမျိုးကို နောက်ထပ်ဆက်တက်မှာကို ကြောက်တာကိုးဗျ၊ ကျနော်တို့ကလည်း အခုအချိန်မှာ အမျိုးသားညီညွှတ်ရေး ပြန် လည်တည် ဆောက်နေတဲ့အချိန်၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေတဲ့အချိန်၊ ဒီမိုကရေစီနိုင်ငံတော်သစ် တည် ဆောက်နေတဲ့ အချိန်မှာ အာဃာတနဲ့လုပ်လို့မရဘူးဆိုတာ သိပါတယ်၊ သို့သော် သူ့အနေနဲ့ စစ်မဟာဗျူဟာလေ့လာရေးမှာ သွား အကန်တော့ခံ၊ ထောက်လှမ်းရေးပညာနဲ့ ပက်သက်ပြီး သွားအကန်တော့ခံပါ၊ ကျနော်တို့ ဘာမှ ကန့်ကွက်စရာအ ကြောင်းမရှိဘူး၊ သူနဲ့မဆိုင်တဲ့နေရာ ရောက်လာလို့ ထ ကန့်ကွက်တာပါ ဒါပါပဲ။

အာဃာတကြောင့်လည်း မဟုတ်ဘူး၊ ရန်ငြိုး ထားလို့လည်း မဟုတ်ဘူး၊ အဲဒီတော့ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ သူလား (သို့မဟုတ်) မြန်မာနိုင်ငံစာရေးဆရာ အသင်းက ဥက္ကဋ္ဌနဲ့ အမှုဆောင်တွေလား၊ သူတို့ တခုခုတော့ ဖြေရှင်းသင့်တယ်၊ နောက်ပြီး အခုဖြစ်ရပ်က နိုင်ငံရေးထိုးကွက်လား၊ သူတို့ ဇာတ်ရုပ်တွေက အများကြီးရှိတာ လိုအပ်လာရင် ထုတ်ထုတ်သုံးတယ်၊ ဘုန်းကြီးသုံးလိုက်၊ မော်ဒယ်ကောင်မလေးသုံးလိုက် ဟိုဟာ ဖော်ပြလိုက်၊ ဒီဟာဖော်ပြလိုက်နဲ့ ဒါတွေဟာ အင်္ဂလိပ်နည်းတွေပါ၊ အင်္ဂလိပ်က ဂဠုံဆရာစံ လယ်သမားကြီးသူပုန်ထ နေတော့ မြန်မာတပြည်လုံးထောက်ခံမှာဆိုးလို့ မော်လဝီနဲ့ယောဂီကျမ်းဆိုတာ ဦးရွှေဖီရဲ့ ဘယ်တုန်းက ရေးထားမှန်း မသိတဲ့ စာအုပ်ကြီးကို ဖုန်ခါပြီးတော့ ရန်တိုက်ပေးတာ၊ ကုလား-ဗမာအဓိကရုန်းဆိုပြီး လမ်းလွှဲပစ်တာ၊ ဒီနည်းက အင်္ဂလိပ်နည်းပါ ကျနော်တို့က ရိုးနေပါပြီ၊ အခုက ဘာအကွက်ကို ရွှေ့တာတုန်းဆိုတာကို မကျေနပ်ကြတာပါ၊

စာရေးဆရာ သိုက်ထွန်းသက်

ကန့်ကွက်တယ်၊ ကန့်ကွက်တယ်ဆိုတာက စာအုပ် လေး၊ ငါးအုပ်ရေးထားပြီး စာရေးဆရာမစစ်လို့ ပြောတာမဟုတ်ဘူး၊ သူ့အနေနဲ့ ရသမြောက်တဲ့စာတွေပဲ ရေးခဲ့စေဦးတော့ သူက ပြည်သူကို ဒုက္ခပေး၊ သတ်ခဲ့တဲ့သူဖြစ်နေတယ်၊ တချိန်က ဖိနှိပ်မှုယန္တရားကြီးကို ဦးဆောင်ပြီးလုပ်ခဲ့တဲ့သူဖြစ်တာကြောင့်မို့ သူ့ကို ကန်တော့ခံစာရင်းထဲမှာ မထည့်ထိုက်ဘူး၊ ဦးဖြိုးမင်းသိန်းနဲ့ ပက်သက်ပြီးတော့ ဂျင်းထည့်ခံရတယ်လို့ ပြောကြတယ်၊ ရုတ်တရက်ဖြစ်ခဲ့တယ်လို့လည်း ပြောကြတယ်၊ ပွဲ ရောက်မှ သိတယ်လို့လည်း ပြောကြတယ်၊ အဲဒီအထိတော့ လက်ခံတယ်၊ ဒါပေမယ့် ရင်ကြားစေ့ပြီး ခွင့်လွှတ်တဲ့အနေနဲ့ဆို ရင်တော့ လက်ခံလို့မရဘူး၊ ဘာကြောင့်လဲဆိုရင် သူက ပင်နီဝတ်ထားတယ်လေ၊ ဦးဖြိုးမင်းသိန်း မဟုတ်ဘူးလေ၊ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်လေ၊ NLD ရဲ့ ပင်နီဝတ်စုံနဲ့ ထိုင်ကန်တော့တယ်ဆိုတာက ပါတီကိုရော ပြည်သူကိုရော အလေးမမူရာ ရောက်တယ်၊

နောက်ပြီး ဒုတိယကမ္ဘာစစ်က မတရားမှုတွေကို ကျုးလွန်ခဲ့တဲ့ ဖက်ဆစ်ဝါဒမှာ ဂျပန်ကအစ ပြည်သူကို တောင်းပန်ရတယ်၊ ကျုးကျော်ခဲ့ကြတဲ့ သက်ဆိုင်ရာနိုင်ငံတွေကိုလည်း သွားပြီး တောင်းပန်ကြရတယ်၊ အဲဒီလို ဝန်ချတောင်းပန်တာတွေ လုပ်ပြီး တော့မှပဲ တဦးချင်းသော်လည်းကောင်း နိုင်ငံအလိုက်သော်လည်းကောင်း ခွင့်လွှတ်ကြရတာမျိုးပါ၊ သူတို့က အဲဒီလို တောင်း ပန်းတာမျိုးမရှိခဲ့တော့ သူ့အနေနဲ့ ဒီနေရာ ကန်တော့ခံလို့မရဘူး၊ ကန်တော့လည်း မခံထိုက်ဘူးလို့ ပြောချင်တယ်၊

ပြီးတော့ စာပေနဲ့ပက်သက်လို့ စာရေးဆရာတွေကို နိုင်ငံတော်အတိုင်ပင်ခံက လေးစားပြတယ်၊ အခုက မင်းတို့လေးစားပြပါ တယ်ဆိုတဲ့ စာရေးဆရာတွေက နောက်ဆုံးတော့လည်း မင်းတို့ ရွံမုန်းပါတယ်ဆိုတဲ့ စစ်အာဏာရှင်ဆိုတဲ့ လူကို ထိုင်ကန် တော့ရတာ ပါပဲကွာဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သက်သက်မဲ့ လုပ်ပြလိုက်တယ်လို့ ထင်တာပဲ၊ အဲဒါကြောင့် စာရေးအသင်းကို လည်း ကန့်ကွက်တယ်၊ စီစဉ်သူတွေကိုလည်း ကန့်ကွက်တယ်၊ ကန်တော့ခံတဲ့သူကိုလည်း ကန့်ကွက်တယ်၊ ပင်နီဝတ်ပြီးတော့ စစ်အာဏာရှင်ကို ထိုင်ကန်တော့တာကိုလည်း ကန့်ကွက်ပါတယ်၊ အခုဖြစ်ရပ်က နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ စာရေးဆရာတွေ အကုန်လုံးကို စော်ကားလိုက်တာပဲလို့ မြင်ပါတယ်၊

တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်

တော်ရုံတန်ရုံ လူကတော့ ခွင့်လွတ်လို့ ရပါတယ်။ ဗုဒ္ဓဘာသာလည်း ဖြစ်တယ်။ အသက်ကြီးပြီ ၇၀ ကျော်ပြီ။ ဒါပေမယ့်လည်း ဆရာ ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသား ၅ ကြိမ် ခံခဲ့ရတယ်။ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး ၊ နိုင်ငံတကာ သိက္ခာ ပြည်သူတွေ အပေါ်မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ အပေါ်မှာ ဒီမိုကရေစီနဲ့ ပတ်သက်လို့ အဖျက်ဆီးဆုံးပေါ့နော်။ တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးတဲ့ လူတယောက် ဖြစ်တယ်။

၂၀၀၈ အခြေခံ ဥပဒေနဲ့ တားထားလို့ နောက်ကြောင်းပြန် အရေးမယူရလို့ ဆိုလို့သာ မဟုတ်ရင် သူဟာ ခုံရုံး ဖွဲ့ပြီးတော့ သူ့ကို ပြင်းထန် တဲ့ နှစ် ၁၀၀ ၊ ၁၂၀ တို့ ချပြစ်ရမယ့် လူမျိုး ဖြစ်တယ်။ ဒီလို သမိုင်းမှာ အလွန် ဆိုးတဲ့ နိုင်ငံတော်ကို ဖျက်ဆီးခဲ့တဲ့ လူတယောက်ကို ဒီလို စင်မြင့်ပေါ်မှာ တင်ပေးတဲ့ ဟာမှာ အဲ့ဒီလာတဲ့ သူတွေကိုသာ ရှုံ့ချ ရုံသာမကဘူး။ အဲ့ဒီတင်ပေးတဲ့ သူတွေကိုပါ သမိုင်းတရားခံ အဖြစ်နဲ့ ဆရာတို့က ရှုတ်ချတယ်။ အဲ့ဒါကိုတော့ အတိအလင်း ကြေညာတယ်။

သူရဲ့ လာရာဗီဇ ကိုက သိပ်မကောင်းဘူး။ သူက ဟိုပြောင်း၊ ဒီပြောင်းပြောင်းလာတဲ့ လူတယောက်ဖြစ်တယ်။ ဦးဝင်းထိန်ကို တက်ပြီးတော့မှ သူက ဒီဟာကို တက်လာတာလေ။ သူက လာရာလမ်းကိုက သိပ်မူမမှန်ဘူးပေါ့။ အဲ့ဒီမူ မမှန်တဲ့ သူယောက်က အဲ့လို ဖင်မှန်း ခေါင်းမှန်း မသိပဲနဲ့ အဲ့လိုမျိုးပေါ့။ ဒါ မဆက်ဆံရမယ့်လူမျိုးလား၊ အပြစ်ပေးရမယ့် လူလား ။ သမိုင်းရဲ့ တရားခံလား ဆိုတာ မသိဘူးဆိုတာကတော့ အတော့်ကို ဝမ်းနည်းတယ်။ ဒါနဲ့ ပတ်သက်လို့ သူ့ကိုလည်း ရှုတ်ချတယ်။

ဒေါ်ဖြူဖြူသင်း

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

နိုင်ငံထဲမှာ ရှိနေတဲ့ ပြည်သူ လူထုတွေကို ကောင်းမွန်တဲ့ စာကောင်းပေကောင်းတွေကို ရှေ့ကနေ ပေးခဲ့တယ်လို့ ပြောလို့ ရတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောလို့ ရတာပေါ့။ စာပေ ပညာရှင်ဆိုတာက ကျမတို့ ရင်ထဲ မှာ ရှိနေတာ။ နိုင်ငံရေး လုပ်နေတဲ့ သူတွေရော ၊ တိုင်းပြည်မှာ ရှိနေတဲ့ ပြည်သူလူထု အားလုံးကရော သူတို့ ရဲ့ စာပေတွေကို ဖတ်ပြီးတော့မှ ၊ ပညာ ရှင်တွေရဲ့ စာပေတွေကို ဖတ်ပြီးတော့မှ ဖြေရှင်းကြတယ်။ အတွေ့ အကြုံတွေ ဖလှယ် ကျတယ်။ အဲ့လို ပုံစံ သွားခဲ့ကျတာလေ။

ပြောရရင် အဲ့ဒါနဲ့လည်း မကိုက်ညီဘူး။ သူက ဘယ်သူ့ကို အကျိုးပြုခဲ့သလဲ ။ ဘာတွေ အကျိုးပြုတဲ့ စာတွေ ရေးခဲ့သလဲ ။ ဒါတွေ ကျမတို့က သုံးသပ်ရမယ်လေ။ အဲ့လိုမျိုးလည်း မတွေ့ခဲ့ရဘူး။ အဲ့ဒီနေရာမှာ ထိုင်တယ်ဆိုတည်းကိုက ပညာရှင်တွေကို စော်ကားလိုက်သလိုမျိုးဆိုတဲ့ဟာ ခံစာလိုက်ရတယ်ပေါ့နော်။

နောက်တချက်က ဝန်ကြီးချုပ်ပေါ့။ သူကိုယ်တိုင်လည်း နိုင်ကျဉ်း ဖြစ်နေတယ်။ ဒါတွေ အကုန်လုံးလည်း ခံစာခဲ့ရတယ်ပေါ့။ ကျမတို့ ဘဝတွေရော၊ အသက်တွေရော အကုန်လုံး ရင်းခဲ့ရတာ။ တယောက်ထဲ မဟုတ်ပါဘူး။ ဒီမိုကရေစီ အရေး အတွက်ကို အများကြီး စွန့်လွှတ်ခဲ့ကြတယ်။

ကျမတို့ ရှေ့ဆက်သွား တဲ့နေရာမှာ ဒီတိုင်းပြည်ကောင်းဘို့ ပြည်သူလူထုကောင်းဖို့ အတွက်ကို အားလုံးက ရှေးရှု့ပြီးတော့ ပူးပေါင်းကြတယ်။ ဆောင်ရွက်ကြတယ်။ ဒါက တမျိုး ။ တချို့ ကိစ္စရပ်တွေမှာ ဒီတိုင်း ပြီးလို့ မရတဲ့ ကိစ္စရပ်တွေ ရှိတယ်။ အဲ့လို ပြီးလို့ မရတဲ့ ကိစ္စရပ်တွေ က တစုံတခု ဘာမှ မပြောမဆို ဘူးပဲနဲ့ ကိုယ် အပြစ် ကျူးလွန်ထားရင် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်က အပြစ်ကျူးလွန်ပြီးပြီ ဆိုရင် ဒီအပြစ်နဲ့ ထိုက်တန်တာကို ခံစားရတယ်။ ပြည်သူလူထုနဲ့ ကြည့်မယ်ဆိုရင် တရားဥပဒေ ရှိတယ်။ ဒီလူဟာ အပြစ်ကျူးလွန်ရင် တရားဥပဒေရဲ့ အပြစ်ပေးတာ ခံရတယ်။

သူက ဒီလိုလည်း ခံစားခဲ့ရတာတွေ မရှိတဲ့ အပြင် ကိုယ်လုပ်ခဲ့တာ တခု အတွက်ကို ခံစားခဲ့ရတဲ့ ဘဝတွေ၊ အသက်တွေကိုတော့ သူ အနေနဲ့ ပေါ့ တစုံတခု ဘာများ တောင်းပန်ခဲ့ဘူးသလဲ။ ဘာတွေများ မှားတယ်ဆိုတာ ပြောခဲ့ဘူးသလဲ ။ ဒါတွေ ကြည့်ရမယ်။ အဲ့ဒီမှာလည်း ဘာမှမရှိဘူး။ ကိုယ်မှားတယ်ဆိုတာကို ကိုယ်တောင်းပန်ရမယ်။ အဲ့လိုလည်း မရှိတဲ့ အတွက် အဲ့ဒီ ကိစ္စကတော့ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ပဲ မြင်ပါတယ်။

ကဗျာဆရာ ထွဏ်းသွေးအိမ်

ကဗျာဆရာ ထွဏ်းသွေးအိမ် တယောက်ထဲရဲ့ အမြင်ကိုပြောရမယ်ဆိုရင် အခုဖြစ်စဉ်ကို အပြင်းအထန်ရှုတ်ချပါတယ်၊ ဘာဖြစ် လို့လဲဆိုတော့ ဦးခင်ညွန့်က စာရေးဆရာတွေ၊ ကဗျာဆရာတွေကို ထောင်ထဲထည့်ခဲ့တယ်၊ အမှောင်လောကထဲကို အကုန် လုံးရောက်အောင် သွင်းခဲ့တဲ့သူတယောက်ဖြစ်တယ်၊ နောက်ပြီးတော့ သူ့မှာ စာပေနဲ့ပက်သက်ပြီး ဘာသမိုင်းကြောင်းမှ မရှိ ဘဲနဲ့ ရုတ်ချည်း ကန်တော့ခံ စင်ပေါ်မှာ ရောက်လာတဲ့ကိစ္စကြီးမှာ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါတယ်၊ ဒါကိုလည်း လုံး၀ သဘောမတူပါဘူး။

ဦးဖြိုးမင်းသိန်း ကန်တော့ရတဲ့အနေအထား၊ သူတွေ့ဆုံခြင်းအနေအထားက ဘာမှန်းမသိပေမယ့် ဝန်ကြီးချုပ် တယောက် အနေနဲ့ကတော့ သူ့ခေါင်းထဲမှာ ရှိသင့်တယ်လေ၊ ဒီလူနဲ့တွေ့ပြီး ဒီလိုပုံတွေတက်လာရင် ဒါမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ တွေးသင့်တယ်၊ နောက်ဆုံး သူ့အမျိုးသမီးကတောင် သူနဲ့ဦးခင်ညွန့်နဲ့တွေ့နေတဲ့အချိန်မှာ ဒါမျိုးကို လက်မခံနိုင်ပါဘူးဆိုတဲ့ အနေအထား တခုကို သူ့အမျိုးသမီးက ပို့စ်တခုတင်လိုက်တယ်လေ။ ဒီတော့ အခုဖြစ်ရပ်ကြောင့် စိုးရိမ်မှုရှိတာတော့အမှန်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဦးခင်ညွန့်က အင်မတန်မှ ကြောက်စရာကောင်းတဲ့သူ တယောက်ဖြစ်နေ တာကြောင့်ပါ၊ သူက စာပေနဲ့ပက်သက်ပြီး ပြန်နင်းဝင်လာရင်လည်း လက်ခံနိုင်စရာအကြောင်း လုံးဝမရှိဘူး၊ အဲဒီအတွက် ကဗျာဆရာဖြစ်တဲ့ ထွဏ်သွေးအိမ်တယောက်ထဲရဲ့သဘောထားကတော့ လုံးဝကို ပြင်းထန်စွာ ရှုတ်ချပါတယ်၊ ကန့်ကွက်ပါ တယ်၊

 

စာရေးဆရာမ ချောအိမာန်

ဒီကိစ္စက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ၊ ကျန်တာတွေမပြောတော့ဘူးဗျာ၊ စာရေးဆရာအနေနဲ့ကို လက်မခံ နိုင်တာ၊ ဒီလိုလက်မခံနိုင်တဲ့ အတွက် ကန်တော့ခံထဲထည့်တာကို မကျေနပ်ဘူး၊ ဖိတ်ကြားတဲ့သူတွေရဲ့ သတ်မှတ်ချက်နဲ့ ဘယ်လိုပဲ ညီညီ၊ စာအုပ် ၄ အုပ်ပဲထုတ်ထုတ်၊ အုပ် ၄၀ ပဲထုတ်ထုတ် နိုင်ငံသားတွေအားလုံးကို ဒုက္ခပေးခဲ့ပြီး အမည်းစက်တွေ ဖြစ်ခဲ့တဲ့ လူတယောက်ကို ကျနော်တို့က စာရေးဆရာအဖြစ် မသတ်မှတ်ဘူးဆိုတော့ ဒီလိုနေရာကို မပေးချင်ပါဘူး၊ လက်မခံ နိုင်ပါဘူး၊

ဦးဖြိုးမင်းသိန်းအနေနဲ့ ဒီကိစ္စကို ရှင်းထားတယ်ဆိုပေမယ့် အားလုံးရဲ့စိတ်ခံစားချက်တွေက ရှင်းရှင်းပြောရမယ်ဆိုရင် ပြည်ဖုံး ကားတော့ ဘယ်သူမှ မချနိုင်ဘူးလေ၊ လက်တ့ုံပြန်ဆိုရင်တောင် ပြန်ချင်တဲ့စိတ်ဓာတ်တွေ အကုန်လုံးမှာ ရှိနေတယ်၊ အဲဒီလို ထိုင်ကန်တော့ရလောက်အောင်အထိ သူ့အပေါ်မှာ မေတ္တာတရားမပွားပေးနိုင်ဘူးလေ၊ အခုလိုဖြစ်ခဲ့တဲ့အပေါ်မှာတော့ ဦးဖြိုး မင်းသိန်းကိုယ်စား ပြည်သူတွေက ယူကြုံးမရ ခံပြင်းစိတ်တွေ ဖြစ်နေကြရတယ်။

ကျနော်တို့ကတော့ မမေ့နိုင်တဲ့အတွက် လက်ခံလို့မရဘူးဖြစ်နေတယ်၊ အခုက မြုပ်နေတဲ့သူက ပြန်ပြန်ပြီးပေါ်လာတာကိုက စဉ်းစားတွေးတောစရာတွေ ဖြစ်တယ်၊ အခုလို ပြန်ပြန်ပေါ်လာတာကိုက ပြည်သူတွေကို စိတ်အနှောက် အယှက်ကြီး ဖြစ်စေတာပေါ့၊ နောက်တခုက အလကားနေရင်း သွေးကွဲစေတယ်၊ အမြင်တွေ ကွဲလွဲစေတယ်၊ အဓိကအားဖြင့် ကျနော်တို့ စာရေးဆရာဆိုတာက လုပ်ချင်တိုင်းလုပ်လို့ ရတာမဟုတ်ဘူး၊ စာရေးဆရာဆိုတာ စာဖတ်သူက အသိအမှတ်ပြုတာပါ၊ အသင်းဝင်ကတ်နဲ့လည်း မဆိုင်ဘူး၊ ဘယ်အရာ နဲ့မှလည်း မဆိုင်ပါဘူး၊ အဲဒီတော့ စာရေးဆရာအသင်းဘက်က သတ်မှတ်ပြီးလုပ်တဲ့ကိစ္စကို အဆင်လည်းမပြေဘူး၊ လက် သင့်လည်းမခံနိုင်ပါဘူး၊ စာရေးဆရာလို့လည်း အသိအမှတ်မပြုနိုင်ပါဘူး၊

 

တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်

မြန်မာနိုင်ငံ စာရေးဆရာ အသင်း ရဲ့ သက်ကြီး ပူဇော်ပွဲမှာ သက်ကြီး စာရေး ဆရာကြီး အဖြစ်နဲ့ အဖိတ်ခံ ၊ ကန်တော့ခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် အဲ့ဒါနဲ့ ပတ်သက်လို့ ၂ ချက် ပထမ အချက်က သူဟာ စာရေးဆရာ မဟုတ်ဘူးဆိုတာ တချက်၊ သက်ကြီး ရွယ်ကြီး စာရေး ဆရာကန်တော့တယ်လို့ ပြောတာကိုး။ အဲ့ဒေါ့ ပထမ အချက်က စာရေး ဆရာ မဟုတ်ဘူး။ အဲ့ဒီတည်းက သွားပြီပေါ့။ ဗိုလ်ချုပ် ခင်ညွှန့် ဘာရေး ခဲ့ဘူး သလဲဆိုတော့ ခုနက ကာတွန်းတွေမှာ ရေးခဲ့သလိုပေါ့။ ဘယ်သူ့ဖမ်းစေ၊ ဘယ်ဝါ့ ဖမ်းစေတို့ အဲ့တာမျိုး စာတွေပဲ အများစု ညွှန်ကြားခဲ့တာ ရှိတယ်။ စာ နဲ့ ပေနဲ့ သတ်မှတ်ရလောက်အောင် ဆိုရင် သူနာမည့် တပ်ပြီးတော့ စာအုပ် ၂ အုပ်လောက်ကို သူ့ အတွေ့ အကြုံ ဆိုပြီး ရေးတယ်။
ပြန်ဖတ်ကြည့်တယ်။ စာအုပ်မမည်ဘူးဗျ။ နိုင်ငံခြားမှာလည်း ရှိပါတယ်။ တစုံ တရာ အတွေ့ အကြုံ ရှိတဲ့ သူတွေ ကနေပြီးတော့ နောက်ကနေရေးပေးတာပေါ့နော့။ အဲ့ဒီလို Content Writer ရေးတယ်လို့ပဲ သိထားတယ်။ အဲ့တော့ သန့်သန့်စင်စင်နဲ့ ဒီစာအုပ်ကြီးကလည်း ထွက်လာတာ မဟုတ်ဘူး။

စာရေးဆရာဆိုတာ စာအုပ် တအုပ်ရေးတာနဲ့ စာရေး ဆရာ ဖြစ်တာ မဟုတ်ပါဘူး။ အဲ့တော့ သူ့ကို စာရေးဆရာလို့ မသတ်မှတ်ဘူး။ နောက်တချက်က သက်ကြီး ဝါကြီး ကန်တော့ ခံရလောက်တယ်ဆိုရင် သူက အသက်ကြီးတိုင်းလည်း အချိန်မစီးဘူးဗျ။ အဲ့တော့ အသက်ကြီးတိုင်း ထိုင်ကန်တော့ ရမယ်ဆိုတော့ မဟုတ်ဘူးနဲ့ တူတယ်။ သူ့ကို ၈၀ ပြည့်ပြီလား ဆိုတော့လည်း အသက်ဆိုတဲ့ သတ်မှတ်ချက်ကိုပဲ ဒွိဟ တွေ

ဖြစ်နေကြတယ်။ အသက်ကြီးတိုင်းလည်း ဝါမကြီးပေါ့နော့ အဲ့တော့ စာရေးဆရာ ဝါကလည်း ဘာမှမရှိဘူး။ ၂ နှစ်လောက်ပဲ ရှိမှာပေါ့။ အဲ့အချက် ၂ ချက်အရ စာရေး ဆရာလည်း မဟုတ်ဘူး။ အသက်ကလည်း ပြည့်တယ် မပြည့်ဘူးဆိုတာ သံသယ ဖြစ်နေတယ်။ ဝါ အရလည်း မရှိဘူး။ နောက်တခုက တော့ ကန်တော့ရလောက်အောင် ဝါမရှိဘူး။ အဆင့် မရှိဘူးလို့ ကျနော်ကတော့ မြင်ပါတယ်။

 

ဦးတင်သစ်

ပုဗ္ပသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ဒီပွဲမှာ အဓိက အငြင်းပွားမှု ဖြစ်သွားတာက ရန်ကုန်တိုင်း ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့် တယ်ဆိုတဲ့ ကိစ္စ အဲ့တာက အဓိက အငြင်းပွားစရာ ကိစ္စပါ။ စာပေ အသင်း အဖွဲ့က သူတို့ နှစ်လိုတဲ့ ပုဂ္ဂိုလ်ကို အသိပညာ ရှင် သတ်မှတ်တယ်ဆိုတာ သူတို့ ကိစ္စ ပါ။

အဓိက ပြဿနာက နိုင်ငံရေးတာဝန် အထူး သဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတာဝန်မှာ ရှိတဲ့ ဝန်ကြီးချုပ် တဦးက တက်ရောက် ချီးမြင့်တယ်ဆိုတာက အငြင်းပွားစရာ ဖြစ်သွားတာပေါ့။ ဒီပွဲကို အပူဇော်ခံထဲမှာ ဒီပုဂ္ဂိုလ် ပါတယ်ဆိုတာ သိသိနဲ့ ပဲ တက်ခဲ့တာလား၊ မသိလို့ တက်ခဲ့တာလားတော့ မပြောတတ်ဘူး။ သိတယ်ဆိုရင်တော့ မတက်သင့်တဲ့ ကိစ္စလို့ပဲ ကျနော်ကတော့ ပြောရမှာ ဖြစ်ပါတယ်။

The post ပင်နီဝတ်ပြီးတော့ စစ်အာဏာရှင်ကို ထိုင်ကန်တော့တာ ကန့်ကွက်ပါတယ် appeared first on ဧရာဝတီ.

သဘာဝ အလှတွေကို ထိန်းသိမ်းဖို့ လိုတယ်

$
0
0

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းရှိ တောင်တန်း ကုန်းမြင့်များကြားမှ ဒေသတခုဖြစ်သည့် ကယား ပြည်နယ်သည် လွတ် လပ်ရေး ရပြီးနောက် ပြည်တွင်း စစ်မီးနှင့် အတူ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အဘက်ဘက်မှ နိမ့်ကျ ခဲ့သော ပြည်နယ် တခုဖြစ်သည်။

သို့သော်လည်း ထိုပြည်နယ်၏ မြို့ငယ်လေး တခုကပင် ကမ္ဘာသိ စာအုပ်တအုပ်ကို ဖန်တီး ပုံဖော်မည့်သူ တဦးကို မွေး ထုတ်ပေးလာခဲ့သည်။

ထိုသူသည် ပါစကယ်ခူးသွယ် (Pascal Khoo Thwe ) ပင် ဖြစ်ပါသည်။

စာရေးဆရာ ပါစကယ်ခူးသွယ်သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည် နယ်စပ်မှ ဖယ်ခုံမြို့နယ်သား ဖြစ်ပြီး လည်ပင်း၌ ကြေးကွင်းများစွာ စွပ်ထားတတ်သည့် ဓလေ့ကြောင့် ကမ္ဘာကျော်သည့် ကယန်း (ပဒေါင်) တိုင်းရင်းသား တဦး လည်း ဖြစ်သည်။

ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ပြီးနောက် ဒေသခံ အာဏာပိုင်များနှင့် ပဋိပက္ခ ဖြစ်ကာ ထိုင်း- မြန်မာ နယ်စပ် တွင် တော်လှန်ရေး ကျောင်းသား အဖြစ် နေထိုင် လှုပ်ရှားခဲ့သူလည်း ဖြစ်သည်။

ထို့နောက် အင်္ဂလန်နိုင်ငံသို့ ရောက်ရှိပြီး ကိန်းဘရစ်ချ် တက္ကသိုလ်တွင် ပညာသင်၍ ဘွဲ့ရယူနိုင်ခဲ့သူ ဖြစ်သည်။

ပါစကယ်ခူးသွယ်သည် From The Land of Green Ghosts (A Burmese Odyssey) စာအုပ်ကို ရေးသား ထုတ်ဝေ ခဲ့လေသည်။

ထိုစာအုပ်တွင် သူ့ အကြောင်း၊ သူ့ဇာတိ ကယားပြည်နယ် အကြောင်း၊ လူမျိုးစု သမိုင်း တို့ကို သာမက မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်၊ လူမှုရေး အခြေအနေ တို့ကိုပါ ရောမွှေ ရေးသားထားသည်။

ခေတ်သစ် မြန်မာနိုင်ငံ၏ ကြောက်မက်ဖွယ်ရာ အတိတ်သမိုင်း၏ အမှောင်ခြမ်းများ၊ ရှေးဟောင်း လူမျိုးစုများ၏ ဓလေ့ ထုံးစံများ၊ ယုံကြည်မှုများ၊ ပြည်တွင်း စစ်မီးတောက်များကို သရုပ်ပါပါဖြင့် ဖော်ပြထားသည့် ထိုစာအုပ်သည် ၂၀၀၂ ခုနှစ် တွင် တောင်အာရှ၏ အကောင်းဆုံး စာပေဆုကို ရရှိခဲ့ပြီး ယနေ့ အချိန်တွင် ကမ္ဘာတဝန်း ဘာသာစကား အမျိုးမျိုး သို့ ပြန်ဆိုပြီး ထုတ်ဝေ ဖြန့်ချိခဲ့သည့် စာအုပ်တအုပ် ဖြစ်သည်။

ပါစကယ်ခူးသွယ် ရေးသားသော From The Land of Green Ghosts (A Burmese Odyssey) စာအုပ် (ဓာတ်ပုံ – ထက်ဝေ/ဧရာဝတီ)

ယင်းစာအုပ်အား “အိုဘယ့် အစိမ်းတို့မြေ” အမည်နှင့် စာရေးဆရာ သင့်လူ က မြန်မာ ဘာသာသို့ ပြန်ဆိုခဲ့သည်။

ထိုစာအုပ်ကို ရေးသားခဲ့သည့် စာရေးဆရာ ပါစကယ်ခူးသွယ်သည် ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တဖက် တလမ်းမှ အထောက်အကူ ပြုနိုင်ရန် ကြိုးပမ်းလျက် ရှိနေသည်။

ကယားပြည်နယ်တွင် အားလုံး ပါဝင်သည့် ခရီးသွား လုပ် ငန်း ဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းလျက် ရှိသည့် နိုင်ငံတကာ ကုန်သွယ်မှု စင်တာ (ITC) တွင် ကယားပြည်နယ် ဆိုင်ရာ အကြံပေး အနေနှင့် တာဝန် ထမ်းဆောင်လျက် ရှိသည်။

သို့ဖြစ်ရာ ကယား ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကယားပြည်နယ်၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက် သည့် ပါစကယ်ခူးသွယ်၏ ထင်မြင် ယူဆချက်များကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်း ထားပါသည်။

မေး။  ။ အခု ကယားပြည်နယ်မှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT)ဆိုပြီး လုပ်နေတာက ဘယ်အချိန်လောက် က စခဲ့လဲ။

ဖြေ။  ။ ကယားပြည်နယ် CBT က ၂၀၁၄ မှာ စတင်ခဲ့တယ်။ စီမံကိန်းက ၃ နှစ်ပေါ့။ ၃ နှစ်မှာ ငွေရေးကြေးရေး ထောက်ပံ့ ပေးတာကတော့ နယ်သာလန် အစိုးရ ဖြစ်တယ်။ လုပ်ပေးတဲ့ လုပ်ငန်းတွေကတော့ အောက်ခြေမှာ ဆိုရင် ကျေးရွာတွေမှာ ခရီးသွား လုပ်ငန်းကို အခြေခံ သင်တန်းတွေ ပေးတယ်။

ဧည့်လမ်းညွှန်၊ ဟိုတယ်တွေ၊ ခရီးသွား ကုမ္ပဏီတွေကို ချိတ်ဆက်ပေးတယ်။ အခြား ဝန်ဆောင်မှု လုပ်ငန်းနဲ့ ပတ်သက် ရင် အစားအသောက်မှာ ဆိုလည်း သန့်ရှင်းရေး၊ လက်ဆောင် ပစ္စည်းတွေ ကုန်ပစ္စည်းတွေကို အရည်အသွေး ကောင်း အောင် လည်း သင်တန်းပေးတယ်။

မြန်မာနိုင်ငံက ခရီးသွား ကုမ္ပဏီကြီးတွေကို အပြည်ပြည် ဆိုင်ရာ ကုမ္ပဏီကြီးတွေနဲ့ သွားချိတ်ပေးတယ်။ အဓိက ချိတ် ပေး တာကတော့ လန်ဒန်ရယ်၊ ဘာလင်ရယ် အဲဒီမှာ ချိတ်တယ်။ ကယားပြည်နယ် စီမံကိန်းကတော့ ၃ နှစ် ပြီးသွားပြီ။ တနင်္သာ ရီမှာ ဆက်နေတယ်။ ဒါပေမယ့် တနင်္သာရီမှာ လုပ်နေတုန်းလည်း ကယားမှာ ဆက်ပြီး ပံ့ပိုးပေးမယ်။

အရေးကြီးတာက ဘာလို့လဲဆိုတော့ ခရီးသွား လုပ်ငန်းကို သင်တန်းပေးပြီးတာနဲ့ ပြီးတာမဟုတ်ဘူး။ တည်တံ့ ခိုင်မြဲ ရေး အတွက် ကျနော်တို့က ဆက်ပြီး နည်းလမ်းပိုင်း ဆိုင်ရာတွေ အကူအညီပေးရမယ်။ အထူးသဖြင့် တိုးချဲ့ချင်တဲ့ ရွာတွေကို လည်း ထပ်ပြီးတော့ ဖြည့်ပေးမယ်။ နောက်ရှိပြီးသား ရွာတွေကိုလည်း စီမံ ခန့်ခွဲရေး ဆိုင်ရာ သင်တန်းတွေ ဆက်လုပ်ပေး ပါတယ်။

မေး။  ။ ကယားပြည်နယ်ရဲ့ ခရီးသွား ကဏ္ဍက အရင်နှစ်တွေနဲ့ ယှဉ်ရင် ဘာတွေ တိုးတက် ပြောင်းလဲမှုရှိလဲ။

ဖြေ။  ။ အရင်တုန်းကတော့ ပန်ပက်လောက်ပဲ ခရီးသည်တွေ လာကြတာ များတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကြေး ပတ် ကယန်းတွေ ရှိတဲ့အတွက်ကြောင့်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ရွာသားတွေ အကျိုးခံစားခွင့် မရှိခဲ့ဘူး။ ဓာတ်ပုံ ရိုက်ပြီး ထွက်သွားကြတယ်။ ဓာတ်ပုံရိုက်ခံရတဲ့ သူလောက်ပဲ နည်းနည်းပါးပါး ရကြတယ်။

အခု ITC က ကျေးရွာ အခြေပြု ခရီး သွား လုပ်ငန်းလုပ်တဲ့ အခါကျတော့ ရွာသားတွေ ကိုယ်တိုင် ပါဝင် လှုပ်ရှားနိုင် တယ်။ လမ်းညွှန် အဖြစ် ပြပေးနိုင်တယ်။ နောက် ထမင်း၊ ဟင်း နေ့လယ်စာတွေ ချက်ပေးနိုင်တယ်။ အခြားဝန်ဆောင်မှု ဖြစ်တဲ့ လက်ဆောင် ပစ္စည်းတွေလည်း ရောင်းနိုင်တယ်။ တိုက်ရိုက် အကျိုးတွေ ရှိသလို သွယ်ဝိုက်တဲ့ အကျိုးလည်း ရှိတယ်။

မေး။  ။ သွယ်ဝိုက်တဲ့ အကျိုးဆိုတာက ဘယ်လို အရာတွေကို ပြောတာလဲရှင့်။

ဖြေ။  ။ ရွာသားတွေ အတွက် ကောင်းတာက ကိုယ့်ရဲ့ ယုံကြည်မှု၊ ယဉ်ကျေးမှုတွေကို ထုတ်ဖော်ခွင့်ရတယ်။ အဲဒီလို ထုတ် ဖော်ခွင့်ရတာက သူတို့ အတွက် အကျိုးအမြတ် အများကြီး ရှိတယ်။ အဲဒါကတော့ အသပြာ အရေအတွက်နဲ့ ပြော လို့ မရ ဘူး။ ကျနော်တို့ ယဉ်ကျေးမှုက ပျောက်ကွယ်ခါနီး ပုံစံမျိုး ဖြစ်တဲ့ အချိန်မှာ ဒီလိုလုပ်ချင်းအားဖြင့် လူငယ် တွေလည်း သဘော ပေါက်လာတယ်။ နိုင်ငံခြားသားတွေလည်း ကျနော်တို့ကို ပိုပြီး ကူညီနိုင်တယ် ပိုပြီးမှ စာနာပေးနိုင် တဲ့ သဘောရှိပါ တယ်။

မေး။  ။ ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံမှာ ခရီးသွား လုပ်ငန်း တိုးတက်လာဖို့ အတွက် ဘာတွေကို ထိန်းသိမ်း ဖို့ လိုမလဲ။

ဖြေ။  ။ ရှိတာတော့ အများကြီးပဲ။ အထူးသဖြင့် ကျနော်တို့မှာ သဘာဝ အလှတွေကို ထိန်းသိမ်းဖို့ လိုတယ်။ အမှိုက် သရိုက်တွေကို ထိန်းသိမ်းဖို့ လိုတယ်။ သစ်ပင်တို့ တောကောင်တို့ကိုလည်း ထိန်းသိမ်းဖို့ လိုတယ်။ အရေးကြီးဆုံး ကတော့ ရိုးရာ ယဉ်ကျေးမှုတွေ မပပျောက်ဖို့ လိုတယ်။ ဒါတွေက ဆက်လုပ်နိုင်ပေမယ့် ဒီနေ့လုပ် ဒီနေ့ ဖြစ်တဲ့ဟာမျိုး တော့ မဟုတ်ဘူး။ တဖြည်းဖြည်းချင်း လုပ်မှ ဆက်ဖြစ်လာမယ့် သဘော ရှိပါတယ်။

မေး။  ။ အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံက ခရီးသွား ကဏ္ဍမှာ နောက်ကျ ကျန်နေတယ်ပေါ့ နော်။ ဒီလို နောက်ကျနေတာရဲ့ အဓိက အချက်က ဘာလို့ ထင်လဲရှင့်။

ဖြေ။  ။ နောက်ကျ ကျန်ခဲ့တာကတော့ အစိုးရကြောင့်ပဲ။ အရင် အစိုးရကလည်း သေချာ မလုပ်ဘူး။ ဒီအစိုးရကလည်း သေ ချာ မလုပ်နိုင်ဘူး။ ဒါကတော့ အရှင်းဆုံးပဲ။ ကျနော် အမှန်အတိုင်း ပြောတယ်။ ပေါ်လစီ အရ ရှိပေမယ့် ဘယ်သူမှ လက် တွေ့လုပ်မပေးနိုင်ဘူး။ အရင် အစိုးရလည်း မလုပ်ပေးနိုင်ဘူး။ ဒီအစိုးရလည်း ကြိုးစားပေမယ့် မလုပ်ပေးနိုင်ဘူး။ အဓိကက စနစ်ကြောင့်ပါ။

ဒီကဏ္ဍမှာတော့ ပြည်သူ လူထုကို အပြစ်တင်လို့မရဘူး။ ခရီးသွား လုပ်ငန်းမှာ တကယ်အလုပ် ဖြစ်မှာတွေကို လုပ်နိုင် တဲ့ သူကို ပေးလုပ်။ ဥပမာ ကျွန်းတွေ ရှိတယ်။ ခရီးသွား လုပ်ငန်း ရှိတယ်။ အဲဒါတွေကို အစိုးရ ပိုင်မြေ၊ တပ်ပိုင်မြေတွေ လုပ် ပစ်လိုက်တော့ သူများတွေ လုပ်စားလို့ မရဘူး။ ခွင့်ပြုချက် ဆိုလည်း ဟိုနားပိတ် ဒီနားပိတ်။ ကျနော် ပြောချင်တာ က အဲဒါမျိုး။

မေး။  ။ အခု ကယားမှာ ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်း လုပ်လိုက်တဲ့ ကျေးရွာတွေက သိသိသာသာ ဖွံ့ဖြိုးလာ သ လား။

ဖြေ။  ။ ဖွံ့ဖြိုးမှုက အဲဒီလောက်ထိ မသိသာဘူး။ သူတို့ရဲ့ လိုအပ်မှုတွေက ငွေရေးကြေးရေးထက် စနစ်က ညီညီမျှမျှ တက် လာနိုင်ဖို့ လိုတယ်။ ဥပမာ ပညာရေးပိုင်းမှာက မမီသေးတဲ့ အခါကျတော့ ပစ္စည်းတွေ ဘယ်လောက် ချပေးပေး သေချာ မသုံးနိုင်တာမျိုးတွေ ရှိတာပေါ့။ တိုးတော့ တိုးတက်တယ်၊ လမ်းတွေ ကောင်းလာတယ်၊ မီးတွေ ရလာတယ်၊ ကျန်းမာရေး အခြေအနေအရ ပိုကောင်းလာတယ်။

မေး။  ။ ရပ်ရွာ အခြေပြုခရီးသွား လုပ်ငန်း လုပ်တဲ့အခါမှာ အဓိက အခက်အခဲက ဘာတွေဖြစ်မလဲ။

ဖြေ။  ။ အဓိကကတော့ နည်းစနစ်ပဲ။ နည်းစနစ် ဆိုတာက နှစ်ဖက်စလုံး လိုတယ်။ တဖက်မှာလည်း ဧည့်သည်တွေ လာ နိုင်အောင် စီမံခန့်ခွဲ ပေးတဲ့ နေရာမှာ လိုမယ်။ ရွာသားတွေလည်း အတွေ့အကြုံ မရှိတဲ့ အခါကျတော့ သူတို့ သဘော ပေါက် နားလည်လာအောင် သူတို့ ယဉ်ကျေးမှုလည်း မထိအောင် လုပ်နိုင်တယ် ဆိုတာကို သူတို့ ယုံကြည်မှု ရှိလာအောင် လုပ်တဲ့ နေရာမှာ အခက်ဆုံးပဲ။

မေး။  ။ ကယားမှာ ခရီးသွားတွေ အများဆုံး သွားကြတာ ဘယ်နေရာတွေလဲ။

ဖြေ ။   ။ ပြည်ပ ကတော့ ပန်ပက်နဲ့ တနီးလာလဲ၊ ပြည်တွင်းရော ပြည်ပရော ဆိုရင် ပန်ပက်၊ တနီးလာလဲ၊ ကြပ်ဂူ၊ ထေးခို၊ ထီးဆဲခါး အဲဒီနေရာတွေ၊ ခွင့်ပြုချက် ရတဲ့နေရာတွေက အသွားများတယ်။ ကယားပြည်နယ် တောင်ပိုင်း မှာ လည်း ရှိတယ်။ ဒါပေမယ့် အခြေအနေအရ ခွင့်ပြုချက် မပေးတာလည်း ရှိတယ်။

မေး။  ။ ခွင့်ပြုချက်သာ ပေးလိုက်မယ် ဆိုရင် ခရီးသွား ကဏ္ဍမှာ ဒီထက် ပိုပြီးတော့ တိုးတက်လာမယ်လို့ ထင်သလား ရှင့်။

ဖြေ ။   ။ ခရီးသွားတွေ များတော့ များလာနိုင်တယ်။ တဖက်မှာ စိတ်ပူရမှာက ပြည်တွင်း ခရီးသွားတွေက အမှိုက်တွေ တ အားချတယ်။ ဒေသခံတွေ မထိန်းနိုင် သရွေ့တော့ မဖွင့်ပေးတာ ပိုကောင်းတယ်။ အချို့နေရာတွေက တအား သန့်ပြန့် တဲ့ နေရာတွေ ရှိတယ်။

အဲဒီလို နေရာတွေကို ဖွင့်ချပေးလိုက်မယ် ဆိုရင် တချို့လူတွေက ဘီယာတွေ၊ ပလတ်စတစ် ဘူးခွံတွေ သယ်လာပြီး တော့ မှ သောက်ပြီး ပစ်ချတာမျိုးတွေလည်း မဖြစ်စေချင်ဘူး။ အဲဒါကြောင့်မို့လို့ ခွင့်ပြုချက် ပေးတဲ့နေရာတွေမှာလည်း ဒေသခံတွေ ထိန်းချုပ်နိုင်မှ ဖြစ်မှာ။ မဟုတ်ရင် သူတို့အတွက် မတရားဘူး။ ကိုယ့်ဆီလာပြီး အမှိုက်ချ သလိုမျိုး ဖြစ်သွား တယ်။

မေး။  ။ ရိုးရာ ဓလေ့တွေကရော မှေးမှိန် ပျောက်ကွယ်နေတဲ့ အခြေအနေမျိုး ရှိနေသလားရှင့်။

ဖြေ။  ။ မှေးမှိန်လာတယ် ဆိုတာ မရှိပါဘူး။ မမြင်ရတာဘဲ ရှိတယ်။ ရိုးရာတွေက ထိန်းသိမ်းနေကြတယ်။ အဓိက ကတော့ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုကို အင်အား ကြီးကြီးနဲ့ ဖိနှိပ်တာတို့ လုပ်ရင်တော့ ပျက်နိုင်တယ်။ ဒါပေမယ့် သူတို့ ကတော့ ရိုးရာကို ထိန်းသိမ်းနေကြတယ်။

မေး။  ။ ဖွံ့ဖြိုး တိုးတက်လာတာနဲ့ အမျှ ရိုးရာ ယဉ်ကျေးမှုတွေ ပျောက်ကွယ်လာမှာကိုလည်း စိုးရိမ်ကြတယ်ပေါ့နော်။ ဒီလို မဖြစ်အောင်ကရော ဘယ်လို ထိန်းသိမ်းသင့်လဲ။

ဖြေ။  ။ ဟိုလို ဖြစ်သင့်တယ် ဒီလို ဖြစ်သင့်တယ် ဆိုတာထက် ပြည်သူ လူထုအများစုရဲ့ သဘောတူညီချက်နဲ့ သူတို့ ဘာသာ သူတို့ လုပ်ပါလိမ့်မယ်။ အဓိကကတော့ အစိုးရ ဝင်ရောက် စွက်ဖက်တာ မလုပ်ရင် ပိုကောင်းတယ်။ ဥပမာ သစ် တောတို့ လှပတဲ့နေရာတို့ပေါ့။ ဒါပေမယ့် အခြား အင်အားကြီးတဲ့သူက ဆွယ်ပြီး သယံဇာတ အရင်းအမြစ်ကို အသုံးချတာ မျိုးက အဆိုးဆုံးပါပဲ။ ။

The post သဘာဝ အလှတွေကို ထိန်းသိမ်းဖို့ လိုတယ် appeared first on ဧရာဝတီ.


ဦးနု၊ နီရိုးဘုရင် နဲ့ ပါလီမန် ဒီမိုကရေစီ

$
0
0

ပထမ ပါတီစုံ ဒီမိုကရေစီ ခေတ်ကို ပါလီမန် ဒီမိုကရေစီ ခေတ်လို့လည်း ခေါ်ကြပါတယ်။

၁၉၄၈ ကနေ ၁၉၅၀၊ ၁၀နှစ် အတွင်း ပြည်တွင်း စစ်ကြီးကလည်း ခြိမ့်ခြိမ့်သဲ၊ သူပုန်နဲ့ အစိုးရတိုက်နေတဲ့ သေနတ်သံ မကြားရတဲ့ နေရာ မရှိသလောက်ပဲ ဖြစ်တယ်။ ပြည်သူလူထုကတော့ စစ်ဘေးဒဏ်သင့်ပြီး ဒုက္ခခါးစည်း ခံနေရတဲ့ အချိန် ပဲ။

ဝန်ကြီးချုပ် ဦးနုဟာ သြဇာအရှိန်အဝါ ကြီးသထက်ကြီးလာပြီး ဘုရားဒါယကာ ဖြစ်လိုက်တဲ့အခါ ဗုဒ္ဓ ဘာသာဝင်တွေနဲ့ ကျေးလက်နေ လူထုကို ကောင်းကောင်း စည်းရုံး နိုင်ခဲ့တယ်။

၁၉၄၈ ခုနှစ် ဦးနုရဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့မှာ ပါဝင်လာတဲ့ ဖဆပလ ဝန်ကြီးဟောင်း ဦးထွန်းဖေက ၁၉၅၃ ခုနှစ်မှာ ဖဆပလ ထဲက ထွက်ပြီး ဦးနုကို ကောင်းကောင်း ဝေဖန်ပါတော့တယ်။

ဦးနုရဲ့ တဗိုလ်တမင်းဝါဒ၊ ရဲဘော်ရဲဘက် စိတ်ဓာတ်လည်းမရှိ၊ သူပြောသမျှနာခံရမယ် ဆိုတဲ့စိတ်နဲ့ ဖဆပလကို ကြိုးကိုင် ထင်တိုင်း လုပ်ခဲ့တဲ့အကြောင်း သူက ၁၉၅၃ ခုနှစ်မှာ အစိုးရအဖွဲ့မှ ဘာကြောင့်ကျနော် နုတ်ထွက်ရသလဲ ဆိုတဲ့ စာအုပ်ကို ရေးပါတယ်။

နောက် ၁၉၆၂ ခုနှစ် ကျတော့ သူထုတ်ဝေတဲ့ ထွန်းနေ့စဉ် သတင်းစာမှာ အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံး ရသလဲ ဆိုတဲ့ စာအုပ်ကို ထပ်ရေးပါတယ်။

ပါတီထဲမှာဖြစ်ဖြစ်၊ အစိုးရ အဖွဲ့ထဲမှာဖြစ်ဖြစ် တဦးတယောက်က သြဇာထူထောင်ပြီး ငါသိငါတတ်၊ ငါပဲ ခေါင်းဆောင် နိုင်စွမ်း ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးအမြင်နဲ့ ခေါင်းဆောင်လုပ်လာရင် ကျဆုံးတတ်တယ် ဆိုတာကို ဦးထွန်းဖေ က ရေး ထား တာ အလွန် သင်ခန်းစာ ယူစရာ ကောင်းပါတယ်။ အဲဒီအကြောင်းကို စာဖတ်သူတွေ သိပြီးဖတ်ပြီး ကြလိမ့်မယ် လို့ ထင်ပါတယ်။

ဒါပေမယ့် ယခ ုဒုတိယ ပါတီစုံ ဒီမိုကရေစီ ခေတ်မှာ တူညီနေတာတွေနဲ့ ရွေးကောက်ပွဲ မဲဆွယ်တုန်းက တမျိုး၊ အာဏာ ရ လာတဲ့ အခါ ထင်တိုင်းကြဲပြီး ပြည်သူကို မျက်ကွယ်ပြုနေတာ တမျိုး၊ စစ်အာဏာရှင်ခေတ်နဲ့ မတိမ်းမယိမ်း စာနယ်ဇင်း သမားတွေကို ဖိနှိပ်ပြီး လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာ တမျိုးနဲ့ ဆင်ခြင်မိရင်း ဦးထွန်းဖေရဲ့ ရေးသား ချက်တွေကို တင်ပြ လိုက်ရပါတယ်။

“ဝန်ကြီးချုပ်သည် သူ၏ ဦးနှောက်လှိုင်း၊ ကွန့်မြူးသည့်အခါ ဧရာမ စေတနာကြီးကိုပြကာ ဗလငါးတန် တိုးမြှင့်ရေး အကြောင်း ကို အာပေါင်အာရင်း သန်သန်နှင့် အခါမရွေး၊ နေရာမရွေး ကြွေးကြော်လျက်ပင် ရှိနေပါသည်။

သူ ကြွေးကြော်သောနေရာ၏ ပတ်ဝန်းကျင်တလျှောက်ပင်လျှင် လူပြန်ပေးတွေထနေခြင်း၊ မော်တော် သင်္ဘောများကို လူဆိုးနှင့်သူပုန်များက မြစ်ဝကျွန်းပေါ် မြစ်ကြောင်းတလျှေက်တွင် ရံဖန်ရံခါအပိုင်စီးနေခြင်း၊ မီးရထားလမ်းများကို ဖျက် ဆီး၊ ဗုံးနှင့်ဖောက်ကာ ခရီးသည်တို့၏ လက်ဝတ်လက်စားများ လုယူနေခြင်း၊ သန်းပေါင်းများစွာ တန်သော လူတို့ ၏ အသက်နှင့် ပစ္စည်းအိုးအိမ်များကို မီးနတ်ကြီးအား ပူဇော်ပသနေခြင်း၊ (မီးလောင်ခြင်းကား တားနိုင်၏။) ရန်ကုန် တွင် ဖဆပလ စံပြ ရပ်ကွက်သစ်ကဲ့သို့ နေရာများတွင် စံပြမီးများ လောင်နေခြင်း၊ အိပ်ဆောင် လူဆိုးသူခိုးတို့၏ အသိုက် များကို ရန်ကုန်နေပြည်တော်တဝိုက် လက်ပိုက် ကြည့်ရှုနေကြရခြင်း၊ မြို့နယ်များတွင် သူပုန်ကတမျိုး၊ ပြောက်ကျား က တဖုံ အုပ်စိုးနေသော အိပ်ဆောင် ကျေးရွာများနှင့် ပြွမ်းတီးနေခြင်း၊ ပြည်ထောင်စု အစိုးရ ဋ္ဌာန အချင်းချင်း မုန်းတီး သော စိတ်မျိုးကို တမင်သက်သက် ဖန်တီးပေးခြင်း၊ ရာဇဝင်နှင့် ကပ်ပြီးပါလာသော “ရာဇာတောဝါ” တည်း ဟူသော အစိုးရ မုန်းတီးရေးကို ပပျောက်အောင် ကျနော်တို့ အပူတပြင်း ကြိုးစားနေစဉ် “ဘဝရှင်မင်းတရားကြီး၏” တတိယ ပါတီ က နိုင်ငံတော် မုန်းတီးရေးကို ဖန်တီးပေးခြင်းတို့သည်ကား ဝန်ကြီးချုပ်၏ မျက်စိ အောက်တွင် ဖြစ်ပေါ်နေသော အခြင်းအရာများပင် ဖြစ်ပါသည်။

ထိုသို့ ဖြစ်ပျက်နေသည်ကို သိပါလျက်နှင့် သူသည် ဒီမိုကရေစီ အရောင်ပြကာ သက်ဦးဆံပိုင် ဘုရင်စနစ်ဘက်သို့ သူ၏ တတိယ ပါတီနှင့် တပါတည်းရွေ့လျား နေပါပြီ။

စိတ်ကူးချိုချို စာပေက ပြန်လည် ထုတ်ဝေသော ဖဆပလ ဝန်ကြီးဟောင်း ဦးထွန်းဖေ ရေးသားသည့် အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ စာအုပ်

ရောမမြို့ကြီး မီးဟုန်းဟုန်း တောက်လောင်နေသည့် အခါ နီရိုး ဘုရင်မင်းမြတ်သည် တယော ထိုးနိုင်ရက်ပေတကား ဟူသာ ဆိုထိုက်လှပေတော့သည်။

တနည်းအားဖြင့် ဖော်ပြရသော် ရန်ကုန်မြို့တွင် မီးတွေလောင်စဉ်က ပြသခဲ့ဖူးသော “ကိုးဗားဒစ်(စ်)” ရုပ်ရှင်ဝတ္ထု ရေးသူ ၏ သုံးနှုန်းသော စကားများ အရ “တေးဂီတ တပုဒ်ရေးရန် ဉာဏ်ကလေး တခု ရစေတော့ ဆိုပြီးလျှင် ရောမ မြို့ကြီး မီးလောင်နေသည်ကို နီရိုးဘုရင်သည် ကြည့်ရက်ပေတကား” ဟုသာ ဆိုအပ်လှ ပေတော့သည်။

သူသည် ထို့သို့ ဗလငါးတန်မြှင့်တင်ရေး အတွက် ရုပ်ပျက်ဆင်းပျက်လောက်အောင် အကြွေးကြော်ဆုံး အချိန်အခါတွင် အကျင့်ယုတ်ဆုံး အမျိုးမျိုးနှင့် ကြုံနေသဖြင့် အော်ဟစ်နေနိုင်သူကိုပင် သနားမိပါသည်။

သို့သော် မည်ရွေ့မည်မျှပင် စေတနာ ကောင်းသည်ဟု ဆိုကာ နောက်ပိုင်းကိုပြန်ပြီး မကြည့်တော့ဘဲ ကြွားရက်သော် လည်း လူတွေ ၏ အတိမ်အနက် နှိုက်ပုံ၊ ယူဆပုံကို ကျနော်သည် သူနှင့်သဘောထား မတူနိုင်ပါ။

တိုင်းသစ်ပြည်သစ် ထူထောင်လျှင် ပတ်ဝန်းကျင် တလျှောက်တွင် အစိုးရကို လူမထင်သဖြင့် စော်ကားသည်ဟု ဆိုအပ် သော ပြည်ထောင်စု နယ်နိမိတ်တလျှောက် မြေပေါ်မြေအောက် လူဆိုးများကို ကလနား မသတ်နိုင်သမျှ ကာလပတ် လုံး နေပြည်တော်နှင့် အခြားမြို့များ၏ ပတ်ဝန်းကျင်တွင် “စိတ်ကူး ဗိမာန်ကြီး” ဘယ်နည်းနှင့်မျှ မဆောက်နိုင်၊ လုပ်ကိုင် သမျှ အချည်းနှီး ဖြစ်မည်ကား မလွှဲဧကန် ဖြစ်ပါသည်။

ဝန်ကြီးချုပ်သည် သူ့ဆင်ကြီးကို သူ ငါးနှစ်ကျော် ခြေက်နှစ် နီးပါး စီးလာရာ ဘာမဆို ကလနား မသတ်တတ်သည်မှာ ထင်ရှား နေပါပြီ။ သူ၏ဒဏ်ကို ငါတို့ အလူးအလှိမ့် ခံကြရတော့မှာပဲဟု အားလုံး တွေးတော ပူပန်ကြပေပြီ။ တောင်သူ လယ်သမား တို့သည် သူ၏ဒဏ်ကို ရှိခိုးပြီး ခံနေကြရချေပြီ။

မည်သူတို့မည်သို့ပင် ပြောဆိုစေကာမူ တိုင်းပြည်မှာ တိုးတက်တန်သရွေ့ တိုးတက်နေသည့် အခိုက်အခါမျိုးတွင် အခွင့် ကောင်း ယူကာ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေးကိုသာ ဖိပြီး လုပ်သင့်ပါသည်။ သူ မလုပ်တတ်ပါ။ သူသည် သူနှင့်တကွ အခြား ခယ ဝပ်တွားသူတွေ ဘုန်းတော်ကြီးဖို့ အလုပ်တွေကို လုပ်ဖို့ မသင့်၊ တိုင်းပြည်က ကြည်ညိုခြင်းသည် “ဘုန်း” အစစ်ဖြစ်သည်ကို သူ မသိရှာပေ။ သူသည် ငြိမ်ဝပ်ပိပြားရေးကို ဦးစား မပေးတတ်ကြောင်းမှာ ထင်ရှားနေပါပြီ။

ဝန်ကြီးချုပ် နာမည်ကိုယူကာ ဘုရားဆုပန် မင်းယောကျာ်း အဖြစ် ကမ္ဘာအေးစေတီတွင် နောက်ပါ အခြွေအရံနှင့် သာသနာ လုပ်ငန်းဘက်သို့ အလေးတင်းပြီး လုပ်နေပါသည်။ သာသနာရေးကို ဝေဖန်သောသူကို အရူးဟု လက်ညှိုး ထိုးတတ်သော ပညာကို သူ အလွတ်ကျက်ထားပါသည်။ တကယ်မဂ်ဖိုလ်ကိုလိုလျှင် ဝန်ကြီးချုပ် ရာထူးမှချက်ချင်း “နုတ်ထွက်သင့် ပေပြီ” လက်တဖက်တွင် နိုင်ငံရေး အာဏာကို ကိုင်ပြီး အခြားတဖက်တွင် လောကုတ္တရာရေးတွင် သုံးစား နေရက်ခြင်းကား ဗလငါးတန် ခြတက်ခြင်းပင် ဖြစ်ပါသည်။

ယနေ့ ကျနော်တို့နှင့် ပက်ပင်းပါ ရင်ဆိုင်နေကြသော ကမ္ဘာ့အရေးအရဆိုလျှင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် ကမ္ဘာပေါ်ရှိ အင်အားစုများ ပဋိပက္ခဖြစ်သည့်အခါ ကျနော်တို့ နိုင်ငံ တနိုင်ငံသည် နောက်ဆုံးတွင် အဖတ်တင်နိုင်ရန် ရွယ်ကိုးပြီး စစ်သား စုဆောင်းရန်၊ ကုန်ထွက်လုပ်ငန်း တိုးတက်ရေးကို ရှေးရှု “ဦးစားပေးကာ” လုပ်ကိုင်ရသောအခါ သို့ ရောက်နေပါပြီ။ လက်နက်စုခြင်းသည် ထာဝရငရဲဟုများ ဆိုမည်လားဟု တိုင်းပြည်က တထိတ်ထိတ် ဖြစ်နေကြပါ သည်။

သူသည်တကယ် ငြိမ်းချမ်းရေးကြီး ရနေဘိသည့်အလား၊ သူ့အကြိုက် စိတ်ကူးလုံး ကလေးတွေနှင့် ချိန်ခွင် တဖက် စောင်းကြီး ပြုရက်သောအခြေသို့ ရောက်နေသည်ကို မြင်ကြရပါပြီ။ မျက်စိ ဒေါက်ထောက် ကြည့်ကြစေလိုပါသည်။

ဝန်ချုပ်ရာထူးမှ နုတ်ထွက်ပါရစေဟု သုံးကြိမ်သုံးဖန် ဖဆပလ အမှုဆောင်များသို့ တောင်းပန်ရာ မထွက်ပါနှင့်ဟု တောင်းပန် သူများတွင် ကျနော် တဦး ပါဝင်ခဲ့ပါသည်။

မနုတ်ထွက်ပါနှင့်ဟု တောင်းပန်လေလေ၊ သူ၏ ဘဝရှင်မင်းတရားကြီး စိတ်ဓာတ် တင်းမာ လေလေဖြစ်ပါသည်။ ထိုသို့ ဆိုရခြင်းသည် အထင်လွဲခြင်းပင်လော၊ အထင်တည့်ခြင်းပင်လော တိုင်းပြည်က ဆုံးဖြတ်ရန် တင်ပြလိုပါသည်။

ဝန်ကြီးချုပ်သည် သူနှင့်ပလဲနံပ သင့်သူကိုသာ အစိုးရအတွင်း ထားလိုပါသည်။ ဖုတ်သက်ဝန်ကြီးကို အမြဲချင်ခြင်း တပ် လေ့ ရှိပါသည်။ တိုင်းပြည် ကောင်းစားရေးထက် ကိုကြီးနု မျက်နှာတော် ညိုမည်ကို ပိုပြီး ကြောက်သော သူကိုသာ လို ကြောင်းကို အမြဲ သူသည် ပြသလျက်ရှိပါသည် ဘဝရှင်မင်းတရားကြီး ဖြစ်လျှင် ထိုအပြုအမှုများမှာ မှန်ပါသည်။

ဒီမိုကရေစီ ဝန်ကြီးချုပ် ဆိုလျှင် သူသည် မှားနေကြောင်း ထင်ရှားစေရန် ပြသရခြင်း ဖြစ်ပါသည်။

သူ၏ သူငယ်ချင်းခေါက်ခေါက် ဖြစ်သော မစ္စတာ အမ်အေရာရှစ်ကို ဝန်ကြီးအဖွဲ့သို့ သူသွင်းရန် ကြံစည်စဉ် သူငယ်ချင်း အတွက် ဒေါနှင့်မောနှင့် ကာကွယ်ခဲ့ပါသည်။ ထိုအခါက အိန္ဒိယ သံအမတ်၏ ညီအရင်းကို ကက်ဘိနက်ထဲသို့ သွင်း ခြင်းကား မသင့်၊ သို့သော် ယနေ့မှာမူ အိန္ဒိယ သံအမတ်ကြီး ဒေါက်တာ ရော့ဖ် ဂျပန်ပြည်သို့ ပြောင်းသွားသဖြင့် လက်ခံ ထိုက်သော အခြေအနေသို့ ရောက်နေပါပြီ။

အလောင်းဘုရား မုဆိုးဘိုရွာက ထသည့်နေ့ကစပြီး ယနေ့အထိ ကိုယ့်ဖွားဖက်တော် ရဲဘော်ရဲဘက်ကိုမှ လူထင်သော ခေါင်းဆောင်များတွင် ယနေ့ဝန်ကြီးချုပ်သည် နံပါတ်တစ်ပင် ဖြစ်ပါသည်။ ရှေးက နယ်ချဲ့အင်္ဂလိပ်တို့သည် ရန်ကုန် လှေသင်း နှင့် ဂျင်မခါနာ ကလပ်မှနေ အုပ်ချုပ်သကဲ့သို့ ဝန်ကြီးချုပ်သည် ယနေ့ သူ့လူ ဖွားဖက်တော်များ၊ ဝသကာယများ၊ သူ၏ အဆဲခံများနှင့် တဖက်တွင်တိုင်ပင်ပြီး တဖက်တွင် သာသနာ့ရိပ်သာမှ အုပ်ချုပ်နေပါသည်။ ဖဆပလ အမှုဆောင်သည် ဇာတိမျှသာ တည်ရှိနေပါသည်။ ဖဆပလ သည် အုတ်နံရံ ပန်းချီကားကြီး ပမာသာ တည်ရှိ နေ၏၊ ငြင်းရဲကြ၏ လော”….။

အဲဒီလို ဝန်ကြီးချုပ် ဦးနု အပေါ်ရော၊ ဖဆပလ အဖွဲ့ကြီးရဲ့လုပ်ရပ်တွေအပေါ်ရော ဦးထွန်းဖေ က အကွက်ကျကျနဲ့ ရေး သား ထားတာကို ဖတ်ရပါတယ်။

ပထမ ပါလီမန်စနစ် ကာလတုန်းက လွှတ်တော်ဟာ ပြည်သူတွေ စိတ်ဝင်စားစရာ အကောင်းဆုံး နိုင်ငံရေး ကြွေးကြော် သံ တွေ ဖြစ်နေတယ်။ ဘတ်ဂျက် ဆွေးနွေးကြပြီဆိုရင် အတိုက်အခံတွေက အထူးသဖြင့် ကာကွယ်ရေး အသုံးစရိတ် ကို ဆွေးနွေးကြတာဟာ အလွန် နားထောင်လို့ ကောင်းပါတယ်။

သန့်ရှင်း ဖဆပလရော၊ တည်မြဲ ဖဆပလရော၊ ပမညတတွေရော လွှတ်တော်ထဲမှာ စည်ကားနေတာကြောင့် မြန်မာ နိုင်ငံ ရဲ့ လွှတ်တော်သမိုင်းမှာ အဲဒီကာလဟာ ပါလီမန်ထဲ ဒီမိုကရေစီ အထွန်းကားဆုံး ကာလလို့ ပြောနိုင်ပါတယ်။ ရေဒီယိုထဲကနေ လွှတ်တော်တွင်း ဆွေးနွေးတာတွေကို ပြည်သူက အားတက်သရော နားထောင်ကြတယ်။

ဝန်ကြီးချုပ် ဦးနု ရှင်းလင်းပုံတွေ၊ အတိုက်အခံ ပမညတတွေ၊ ဝိဒူရ သခင်ချစ်မောင် တို့၊ ဗိုလ်မြသွေးတို့ ပြောဆိုတာ တွေ၊ ဦးကျော်ငြိမ်း တို့၊ ဦးဘဆွေတို့၊ သခင်သာခင် တို့ရဲ့ ထောက်ပြ ဝေဖန်တာတွေဟာလည်း နိုင်ငံရေး သင်တန်း ကျောင်းမှာ ပို့ချချက်တွေကို နားထောင်ရသလို မှတ်သားဖို့လည်း ကောင်းလှတယ်။

ဒီကနေ့ လွှတ်တော်မှာ အဲဒီတုန်းက ပုံစံကို အတုယူကြရင် ကောင်းပါတယ်။ အဲဒီတုန်းက လွှတ်တော် အမတ်တွေဟာ ဝမ်းစာပြည့်ပြီးသား၊ နိုင်ငံရေး အတွေ့အကြုံ၊ လေ့လာမှုတွေရှိပြီးသား ဖြစ်တော့ နိုင်ငံကို တကယ်ပဲ ပြင်နိုင်၊ ခေါင်းဆောင် နိုင်တဲ့ သူတွေဖြစ်တာကြောင့် ပထမ ပါလီမန် ဒီမိုကရေစီ ခေတ်ဟာ အဆိုးရော အကောင်းပါ ရောနေ တယ်လို့ သုံးသပ်ရပါလိမ့်မယ်။ ။

စာရေးသူ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

The post ဦးနု၊ နီရိုးဘုရင် နဲ့ ပါလီမန် ဒီမိုကရေစီ appeared first on ဧရာဝတီ.

Running Man မှာ ဆုံတွေ့ခဲ့ပြီး ချစ်သူတွေ ဖြစ်သွားကြတဲ့ လီဂွမ်ဆူနဲ့ လီဆူဘင်း

$
0
0

၂၀၁၈ ကုန်ခါနီး တရက်အလို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ထွက်ရှိလာတဲ့ စိတ်ဝင်စားစရာ သတင်းကောင်းလေး ရှိပါတယ်။ အာရှပရိသတ်တွေက “Asia Prince” လို့ ချစ်စနိုးခေါ်ကြတဲ့ Running Man အဖွဲ့ဝင် လီဂွမ်ဆူရဲ့ Dating သတင်းပါ။ လီဂွမ်ဆူဟာ မင်းသမီး လီဆူဘင်းနဲ့ ချစ်သူတွေဖြစ်နေကြောင်းကို ယနေ့၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အေဂျင်စီတွေကတဆင့် အတည်ပြုပေးလိုက်ပါပြီ။

လီဂွမ်ဆူရဲ့ အေဂျင်စီ King Kong က “မင်းသား လီဂွမ်ဆူနဲ့ မင်းသမီး လီဆူဘင်းတို့ ချစ်သူတွေဖြစ်တာ ၅ လ လောက် ရှိပါပြီ။ ၂၀၁၆ ခုနှစ် Running Man အစီအစဉ်မှာ တွေ့ဆုံခဲ့ပြီး ရင်းနှီးသွားကာ အခုလို ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ နှစ်ယောက်လုံးကလည်း ချစ်သူတွေ ဖြစ်တဲ့အကြောင်းကို ရင်းနှီးတဲ့ မိတ်ဆွေ အသိုင်းအဝိုင်းတွေကို ပြောပြထားပါတယ်။ သူငယ်ချင်းတွေကိုလည်း ချစ်သူစုံတွဲအဖြစ် တရားဝင် မိတ်ဆက်ပေးထားပါတယ်”လို့ အတည် ပြုပြောကြားခဲ့ပါတယ်။

မင်းသမီး လီဆူဘင်း ၂၀၁၆ ခုနှစ်မှာ Running Man အစီအစဉ်ကို ပါဝင်ခဲ့တုန်းက လီကွမ်ဆူကို စိတ်ဝင်စားတဲ့ အကြောင်း ပြောပြခဲ့ဖူးပါတယ်။ “သူ ကျမကို ကတောက်ကဆ ပြန်လုပ်တဲ့ အပြုအမူလေးက သဘောကျစရာပါ။ ကျမတို့နှစ်ယောက် လိုက်ဖက်မှုရှိတယ်လို့လည်း ထင်တယ်” လို့ ပြောခဲ့ဖူးပါတယ်။

လီဂွမ်ဆူကလည်း လီဆူဘင်းက လိုက်ဖက်မှုရှိတယ်လို့ ပြောလိုက်တဲ့စကားကို အတည်ပေါက်နဲ့ “ကျနော် လီဆူဘင်းနဲ့ တွဲဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်တပတ်မှာ ကျနော်တို့ နှစ်ယောက် လက်ထပ်မယ့်သတင်းကို ကြေညာသွားပါ့မယ်”လို့ ၂၀၁၆ Running Man အစီအစဉ်မှာ ဆိုခဲ့ဖူးပါတယ်။

၂၀၁၆ Running Man အစီအစဉ်အပြီးမှာ လီဂွမ်ဆူနဲ့ လီဆူဘင်းတို့ သူငယ်ချင်းအဖြစ် ရင်းနှီးသွားခဲ့ပြီး လွန်ခဲ့တဲ့ ၅ လလောက်ကစလို့ ချစ်သူအဆင့် ရောက်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ရဲ့ သတင်းကို မီဒီယာတွေ ပရိသတ်ရှေ့ ချမပြခင်ကတည်းက ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ကြပြီး တွဲခဲ့တယ်လို့ သိရပါတယ်။

သူငယ်ချင်းတွေနဲ့ တွေ့ဆုံ စားသောက်ကြတဲ့အခါ စုံတွဲတက်လေ့ရှိပြီး လီဂွမ်ဆူက လီဆူဘင်းနဲ့ ချစ်သူတွေ ဖြစ်နေတဲ့အကြောင်းကို ပရိသတ်ရှေ့ ချပြမှာပါလို့ မကြာခဏပြောတဲ့အကြောင်း သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက တဆင့် သိရပါတယ်။

Ref: Soompi

The post Running Man မှာ ဆုံတွေ့ခဲ့ပြီး ချစ်သူတွေ ဖြစ်သွားကြတဲ့ လီဂွမ်ဆူနဲ့ လီဆူဘင်း appeared first on ဧရာဝတီ.

New Year မှာ သင့်ကို ပိုလှပြီး ထင်းနေစေမယ့် ဖက်ရှင်များ

$
0
0

ဒီနေ့ဟာ ၂၀၁၈ ရဲ့နောက်ဆုံး နေ့တနေ့လည်း ဖြစ်ပါတယ်။ New Year အတွက် အိမ်မှာပဲ အနားယူ မုန့်လုပ်စားမယ့်သူတွေ ရှိကြသလို ညဘက် သူငယ်ချင်းတွေနဲ့ Night Out ထွက်ရင်း ပျော်ပါးကြမယ့်သူတွေလည်း ရှိမှာပါ။ ညဘက်မှာ ပွဲလမ်းသဘင်သွားဖို့အတွက် အမိုက်စား ဝတ်နိုင်မယ့် ဖက်ရှင်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Jumpsuit

Jumpsuit တွေက သင့်ကို လုံလုံခြုံခြုံနဲ့ လှပစေပါတယ်။ ညဘက်မှာ ထင်းနေဖို့အတွက်ဆိုရင်တော့ Evelyn Velvet tie-front jumpsuit, Full sleeve metallic jumpsuit , Festive jumpsuit စသဖြင့် ရှာဝတ်နိုင်ပါတယ်။ ညဘက်မှာ အပြင်ထွက်ဖို့အတွက် ပြောင်ပြောင်လက်လက် jumpsuit တွေက ပိုအဆင်ပြေစေပါတယ်။

(၂) Turtle neck နှင့်မီနီစကတ်

ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုပိုစေတဲ့ ဝတ်စုံတစ်စုံလည်း ဖြစ်ပါတယ်။ သင့်ကို ရိုင်းလည်း မရိုင်းစေဘဲ လှပနေတဲ့ အမျိုးသမီးပုံစံဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။

(၃) တောက်ပြောင်တဲ့ Mini Dress

ပွဲတက်ဂါဝန်ကြီးတွေလို မဟုတ်ဘဲ ဂါဝန်အတိုလေးတွေက သင့်ကို ဆွဲဆောင်မှု ပိုစေပါတယ်။

(၄) Polished suit

ပေါလစ်ရှ် တိုက်ထားသလို ပြောင်လက်နေတဲ့ ဝတ်စုံအပြည့်က မိန်းမသိပ်မဆန်ချင်တဲ့ သူတွေ ဝတ်လို့ရပါတယ်။ ခပ်ချေချေ ဒီဇိုင်းပုံဖော်ချင်သူတွေ အကြိုက်တွေ့စေမှာပါ။

(၅) ပိုးသားဂါဝန်

ကိုယ်လုံးလှသူလေးတွေအတွက် အလိုက်ဖက်ဆုံး ဝတ်စုံတစုံ ဖြစ်တဲ့အပြင် ဂန္ထဝင်ဆန်တဲ့အလှကို ပုံပေါ်စေမှာပါ။

(၆) သိုးမွှေးဂျက်ကတ်

ရန်ကုန်မှာတော့ သိပ်မပူလို့ သိုးမွှေးဝတ်ဖို့ မလိုလောက်ပေမယ့် နယ်ဘက်ကို ရောက်နေတာမျိုး (သို့မဟုတ်) ဖက်ရှင်ကျချင်တယ်ဆိုရင် ဝတ်ဆင်သင့်တဲ့ အထည်ပါ။ သိုးမွှေးကုတ်က သင့်ကိုပိုပြီး စမတ်ကျတဲ့ လူကုံထံအသွင် ဖန်တီးပေးမှာပါ။

Ref : www.glamour.com

The post New Year မှာ သင့်ကို ပိုလှပြီး ထင်းနေစေမယ့် ဖက်ရှင်များ appeared first on ဧရာဝတီ.

ပုဏ္ဏားကျွန်း ဒေသခံ မြို တိုင်းရင်းသား တဦး မိုင်းထိ

$
0
0

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျေးရွာအုပ်စု၊ လိပ်ဖားကျေးရွာခံ အသက် ၁၆ နှစ်အရွယ် မြိုတိုင်းရင်းသား ကိုမင်းမင်း ဆိုသူမှာ မြေမြှုပ်မိုင်းနင်းမိ၍ ပေါက်ကွဲကာ ဒဏ်ရာများ ရရှိသွားကြောင်း သတင်းရရှိသည်။

အစ်ကိုဖြစ်သူ ကိုကျော်သိန်းနှင့် ကိုမင်းမင်းတို့သည် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျေးရွာအတွင်း စားနိပ် ရိက္ခများ ပြတ်တောက်သွား၍ ကျောက်တော်မြို့နယ် ဘက်သို့ ဈေးဝယ်ရန် တောလမ်းအတိုင်း ဖြတ်ကျော်လာစဉ် လမ်းတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

ကိုကျော်သိန်း က “ကျနော်တို့ ဈေးဝယ်ဖို့ လာကြတဲ့ အခါ မင်းမင်းက ကျနော့်ရှေ့က သွားတယ်။ အဲဒီလို သွားကြတဲ့ အခါ ကျနော့် ရှေ့ကပဲ ဂျိမ်းဆို အသံကြားတော့ မင်းမင်းက လဲကျသွားတယ်။ ကျနော်ကလည်း ခေါင်းငုံ့ပြီး ကျောက်လုံး ကွယ်ပြီး နေရာယူလိုက်တယ်။ ကျနော့် မျက်ခုံးနားမှာ လည်း နည်းနည်း လာမှန်တာ ရှိတယ်။ ကျနော့်ညီကို သွားကြည့်တော့ မင်းမင်းက သွေးတွေ အရမ်းထွက်ပြီး သတိလစ်နေတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။

သွေးထက်ဒဏ်ရာများပြားသည့်အတွက် အစ်ကိုဖြစ်သူ ကိုကျော်သိန်းသည် ရွာကို ပြန်မလှည့်တော့ပဲ အနီးဆုံး ကျေးရွာ တရွာ ဖြစ်သည့် ကျောက်တော်မြို့နယ်ထဲက ခမောင်းကျေးရွာသို့ ညီဖြစ်သူ မင်းမင်းကို ကျောပိုးကာ လမ်းလျှောက်လာခဲ့ကြောင်း သိရသည်။

“မိုင်းက မြေထဲမှာ သဲဖုံးပြီး မြုပ်ထားတာပါ ။ မိုင်းပေါက်တဲ့နေရာမှာ ဘောစိတွေနဲ့ ဖိုင်ဘာ အစအနတွေ တွေ့ခဲ့တယ်။ ဒီလို လမ်းမ ထက်မှာ ဘယ်သူဆို ဒီလို လုပ်ငန်းစဉ်ကို လုပ်ဖို့ မသင့်ဘူး” ဟု ကိုကျော်သိန်း က ဆက်လက်ပြောသည်။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးသီဟဇော် က “ ဖြစ်တာက လိပ်ဖားကျေးရွာနဲ့ ကျောက်တော်မြို့နယ် ခမောင်းကျေးရွာ နဲ့ကြား တောထဲမှာဖြစ်တာ။ သူတို့ ညီကိုယ်နှစ်ယောက်က ကျောက်တော်မြို့နယ် ကန်စောက် ရွာကိုလာတာ။ စားသောက်စရာ  ဆားတို့ ဆီတို့ ငါးပိတွေ လာဝယ်တာလို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ မိုင်းထိသွားသည့် အတွက်  ကိုမင်းမင်းအား ကျောက်တော်မြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသမှု ခံယူနေရကြောင်း သိရသည်။

“ကျနော်တို့မနေ့က သွားခေါ်ပြီးတော့ ဆေးရုံတင်ထားပါတယ်။ ညာဘက်လက်ဖျံမှာ တချက်ထိတယ်။ နောက်တစ်ခါ ဘယ်ဘက်လက်ဖမိုး နောက်တခုညာဘက်ကခြေ ဒဏ်ရတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ အပေါ်ယံအရေပြားထိတာ အဲဒါပါပဲ” ဟု ဦးသီဟဇော် က ပြောသည်။

ကိုမင်းမင်း ကျန်မာရေးကိစ္စနှင့် ပတ်သက်ပြီး ကျော်တော်မြို့ ပေါ် လူမှုအရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးထားကြောင်းလည်း ကျောက်တော် လူမှုအဖွဲ့အစည်းမှ  ကိုဇော်ဝင်းက ပြောသည်။

ယိုးချောင်းဖျားဒေသတွင် နေထိုင်သော ရခိုင် ၊ မြို ၊ခမီ တိုင်းရင်းသားကျေးရွာအား တပ်မတော်က ရိက္ခဆန်များ တင်ပို့မှုကို ပိတ်ပင်ထားသဖြင့်  ရိက္ခာ ပြတ်လတ်လာမှုများ ဖြစ်ပေါ်ကာ ၎င်းကျေးရွာသားများမှာ အိုးအိမ်များကို စွန့်ခွာကာ ရန်ကုန် – စစ်တွေ ကားလမ်းမ အနီး တွင်တည်ရှိသည့် ဝါးတောင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင် လာကြကြောင်းလည်း သိရသည်။

ကျောက်တော်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် က “ နှစ်ဘက် တိုက်ပွဲ ဖြစ်ကြတဲ့ အခါမှာ ကျနော်တို့ကတော့ အပြစ်မဲ့ ပြည်သူတွေက မနစ်နာစေချင်ဘူး။ မဆုံးရှုံးနေချင်ဘူး ။ ဒီလောက်ဝေးလံ ခေါင်ဖျားပြီး ဆက်သွယ်ရေး ခက်ခဲ့တဲ့နေရာ တခုမှာ ပြည်သူတွေက ကိုယ်ဟာ ကိုယ် ထမင်း ကို ရိုးရိုးသားသား နဲ့ လုပ်ကိုင်စားသောက်ပြီး ရုန်းကန်နေရတဲ့ အချိန်မှာ အပြစ်မဲ့ ပြည်သူ တွေက ဒီလို မိုင်းထိတယ်။ တခြား အခက်အခဲ့ကြုံရတယ် ။ စစ်ဘေးရှောင်ပြီး ထွက်ပြေးရတယ် ဒီလို ပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေကို ကျနော်တို့ကတော့ မလိုလားဘူး ။ နှစ်ဘက် အဖွဲ့အစည်း တွေကလည်း အတတ်နိုင်ဆုံး ပြည်သူတွေ မထိခိုက်အောင်တော့ လုပ်ဆောင်သွားဖို့ လိုအပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒေသခံများကတော့ ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုမျိုး ယခင်ကမရှိခဲ့ဟုဆိုသည်။

AA သည် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ လိုင်ဇာမြို့တွင် ရခိုင်လူငယ် ၂၀ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ မြို့များ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်- အိန္ဒိယနိုင်ငံ နယ်စပ်များတွင် ဝင်ရောက် လှုပ်ရှား လာသဖြင့် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

တပ်မတော်နှင့် AA သည် နိုဝင်ဘာ ၃၀ မှ စ၍ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်နှင့် ဘူးသီး တောင် မြို့နယ် တို့တွင် စစ်ရေး တင်းမာမှုများ ဖြစ်ပွားလျက် ရှိပြီး ဒေသခံ ၁ ထောင်ခန့် ရပ်ရွာများမှ ထွက်ပြေးကာ စစ် ဘေးရှောင် ဒုက္ခသည်များ အဖြစ် လုံခြုံရာ၌ ခိုလှုံနေရဆဲ ဖြစ်သည်။

The post ပုဏ္ဏားကျွန်း ဒေသခံ မြို တိုင်းရင်းသား တဦး မိုင်းထိ appeared first on ဧရာဝတီ.

မတူတဲ့ ရသ နှစ်ခုခံစားရမယ့် “Badhaai Ho”နဲ့ “Departures”

$
0
0

ဒီနေ့မှာ အိမ်တွင်းပုန်း လုပ်မယ့်သူတွေအတွက် အပျင်းပြေစေမယ့်အပြင် ကြည့်လိုက်တာနဲ့ တန်တယ်ဆိုတဲ့ ခံစားချက်မျိုးရစေတဲ့ ဇာတ်ကား ၂ ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အတော်လေး ဇာတ်အိမ်ကောင်းပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားတွေဆိုလည်း မမှားပါဘူး။ သေချာတာကတော့ ကြည့်ရင်းနဲ့ ပျင်းတယ်ဆိုတဲ့ ခံစားချက်ကို မေ့သွားစေမှာပါ။

(၁) Badhaai Ho

ပထမဇာတ်ကားက ဘောလိဝုဒ်ကား Badhaai Ho ပါ။ “Badhaai Ho” ရဲ့အဓိပ္ပာယ်က “ဂုဏ်ယူပါတယ်”တဲ့။ ဒီကားထွက်လာတဲ့အချိန်မှာပဲ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေနဲ့အတူ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Highest-grossing Bollywood Films of 2018 မှာ စာရင်းဝင်ခဲ့ပါတယ်။ ပေါ့ပေ့ါပါးပါး မိသားစု ဟာသကားလေးပါ။

ဇာတ်လမ်းအကျဉ်းကတော့ အသက် ၂၅ နှစ်အရွယ နာခူလ်ဆိုတဲ့ ကောင်လေးဟာ သာမန် အလယ်အလတ်တန်းစား မိသားစုထဲက သားတယောက်ပါ။ ပြီးတော့ အတည်တကျ အလုပ်နဲ့ ချစ်သူ တယောက် ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် နေရာတကာ ပွဲခံတတ်တဲ့ အဘွားကလည်း သူတို့ မိသားစုနဲ့အတူ နေထိုင်ပါတယ်။ အဘွားအိုက ဒီဇာတ်လမ်းမှာ စာရေးသူ သဘောအကျဆုံးသူပါ။

တနေ့ သူတို့အိမ်ကို ဧည့်သည် သေးသေးလေးတယောက် ရောက်လာတော့မယ် (နာခူလ့် အမေက ကိုယ်ဝန်ရနေပြီ) ဆိုတဲ့ စကားကြောင့် နာခူလ်တယောက် အရှက်ကြီး ရှက်နေပါတယ်။ အသက်ကြီးမှ ကလေးမွေးတဲ့ မိဘကြောင့် ရှက်နေတဲ့ နာခူလ် ဘာတွေ ဆက်ဖြစ်မလဲ သိချင်ရင် ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ IMDb Rating (8.2) ရှိတာကြောင့် ဇာတ်ကားကောင်း တကား ဖြစ်တယ်ဆိုတာ အသေအချာပါပဲ။

(၂) Departures

ကဲ ရယ်ပြီးရင်တော့ သင့်ကိုအတွေးတခု ထည့်ပေးမယ့် ဂျပန် ဇာတ်ကားကောင်း တကား “Departures” အကြောင်းပြောပြချင်ပါတယ်။ ထွက်ခွာသူတွေကို ပို့ဆောင်ပေးရတာဟာ လွယ်ကူတဲ့ အလုပ်မျိုးတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်းက Daigo ဟာ Cello တီးခတ်တဲ့သူအဖြစ် အသက်မွေးချင်သူ တယောက်ပါ။

တနေ့ သူဈေးကြီးပေးဝယ်ထားတဲ့ Cello အကြွေး မကျေခင်မှာဘဲ သူတို့တီးဝိုင်း ဖျက်သိမ်းလိုက်တဲ့အခါ မွေးရပ်မြေကိုပြန်ပြီး အသက်မွေးဝမ်းကြောင်းအတွက် အလုပ်တခု ရှာဖို့ဖြစ်လာပါတယ်။ သူရှာလိုက်တဲ့ အလုပ်က အင်မတန် မွန်မြတ်တဲ့ အလုပ်တခုဖြစ်ပြီး တော်ရုံသူတွေ မလုပ်ဆောင်နိုင်ဘူးဆိုတာ သူသဘောပေါက်လာတဲ့အခါ…။

ဒီဇာတ်ကားဟာ ဆူညံတဲ့ ဂီတသံတွေ မပါဘဲ အေးအေးငြိမ့်ငြိမ့်နဲ့ သင့်ကို ဇာတ်ကားထဲဆွဲခေါ်သွားမှာပါ။ ဒါ့အပြင် ဇာတ်ဝင်ခန်း တခုမှာတော့ ၅ မိနစ် နောက်ကျလို့ ကာစတမ်မာကို တောင်းပန်တဲ့ အခန်းမျိုးက ဂျပန်တွေ ဘယ်လောက်တောင် အချိန်တန်ဖိုးထားလဲ ဆိုတာပါ တွေးမိပါသေးတယ်။ ပြီးတော့ သူတို့အလုပ်ကို ပစ်စလက်ခတ်မလုပ်ဘူးဆိုတာမျိုးကို သေချာကြည့်ရင် သဘောပေါက်မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်တုန်းက Academy Award For Best Foreign Language Film ရရှိထားသလို ဂျပန်နိုင်ငံမှာလည်း ဆုတွေများစွာ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဇာတ်ကားကောင်း တကားပါ။ IMDb Rating (8.1) ရှိတာကြောင့် ထပ်ညွှန်းဖို့ မလိုလောက်အောင် ကောင်းတယ်ဆိုတာ အသေချာပါပဲ။

ကဲ ပိတ်ရက်မှာ နားနားနေနေ အိမ်မှာနေသူတွေအတွက် ဒီဇာတ်ကားကောင်း ၂ ကားနဲ့ တနေ့တာကို ဖြတ်သန်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

The post မတူတဲ့ ရသ နှစ်ခုခံစားရမယ့် “Badhaai Ho” နဲ့ “Departures” appeared first on ဧရာဝတီ.

Viewing all 26733 articles
Browse latest View live