Quantcast
Channel: ဧရာဝတီ
Viewing all articles
Browse latest Browse all 26733

ဂျပန်ဘုန်းကြီး ဖွင့်ထားတဲ့ တိုကျိုက အရက်ဘား

$
0
0

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ Vowz Bar ကို ဂျပန်ဘုန်းကြီးတပါးက ဖွင့်လှစ်ထားတာဖြစ်ပြီး အဲဒီဘားမှာဆိုရင် ဆုတောင်းခြင်းနဲ့ Cocktail သောက်တဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။ အဲဒီဘားကိုတော့ ၂၀၀၀ ပြည့်နှစ်လောက်တုန်းက ဂျပန်ဘုန်းကြီး ၂ ပါးက ဦးဆောင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ရည်မှန်းချက်ကတော့ ဗုဒ္ဓဘာသာကို လူ့အဖွဲ့အစည်းနဲ့ ပြန်လည် ဆက်သွယ်ပေးဖို့ ဖြစ်ပြီး ဒီနည်းလမ်းက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက လုပ်ခဲ့တဲ့ လမ်းစဉ်တရပ်လို့ သူတို့က ပြောပါတယ်။

လူတွေက ခက်ခဲတဲ့ အခြေအနေတွေကို အမြဲလိုလို ဖြတ်သန်းနေရလေ့ ရှိတဲ့အတွက် သူတို့ ဘားကို အချိန် ၁ နာရီလောက် ကော့တေး လာသောက်ဖို့ သူတို့က ဖိမန္တက ပြုထားပါတယ်။ သူတို့ ဆိုလိုရင်းကတော့ သူတို့ ဖျော်စပ်ထားတဲ့ ကော့တေးသောက်ရင်း ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဗုဒ္ဓသင်ကြားချက်တွေနဲ့အညီ အဖြေရှာကြဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဆိုင်ပိုင်ရှင်ကတော့ ဂျပန်ဘုန်းကြီး Jodo Shinshu ဆိုသူဖြစ်ပြီး အဲဒီနေရာကိုတော့ သန့်စင်သောနယ်မြေ (Pure Land) လို့ခေါ်ပြီး ဂျပန်မှာရှိသမျှ ဗုဒ္ဓဘာသာ ဂိုဏ်းတွေထဲမှာ အတွင်ကျယ်ဆုံးနဲ့ အကျယ်ပြန့်ဆုံး ဂိုဏ်းတဂိုဏ်းလည်း ဖြစ်ပါတယ်။

ဒီဂိုဏ်းကတော့ ဂျပန်မှာရှိတဲ့ ကျန်တဲ့ ဗုဒ္ဓဘာသာဂိုဏ်းတွေကိုလည်း ပူးပေါင်းပါဝင်ကြဖို့နိုးဆော်ထားပြီး အခုဆိုရင် Soto နဲ့ Shingon ဂိုဏ်းဘုန်းကြီးတွေက ဆိုင်မှာ ဝန်ထမ်းတွေအဖြစ် လုပ်ကိုင်လာကြပါတယ်။

တကယ်တော့ ဒီနေရာဟာ သာမန်ထက် သေးငယ်တဲ့ အရက်ဆိုင်လို နေရာမျိုးပါပဲ။ ဆိုင်ကို လာလေ့ရှိတဲ့ ဖောက်သည်တွေကတော့ သူတို့ရဲ့ ဒုက္ခတွေကို အရက်ဖျော်စပ်ပေးတဲ့ ဘုန်းကြီးဆီ ဖွင့်ချရုံပါပဲ။

ဒီနေရာမှာဆိုရင်တော့ အောက်ခြေဝန်ထမ်း ဘုန်းကြီးတွေကအစ ပျော်ပျော်ရွှင်ရွှင်ပါ။ ဘာလို့လဲဆိုတော့ ဖောက်သည်တွေကို သူတို့ရဲ့ မဟာအကြံဉာဏ်တွေ ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကသင်ကြားချက်ကတော့ ဒဏ္ဍာရီလာ ယုံတမ်းစကားတွေကို ဖယ်ရှားပြီး ဗုဒ္ဓရဲ့ သင်ကြားချက်တွေကို မျှဝေပေးနိုင်ဖို့ပါတဲ့။

Vowz ဘားရဲ့ဆရာသခင်ဖြစ်တဲ့ ဂျပန်ဘုန်းကြီး Jodo Shinshu ရဲ့ အလိုအရ ဆိုရင်တော့ ဗုဒ္ဓ ရဲ့ အဓိက သင်ကြားချက်ကတော့ ပျော်ရွှင်မှုကို ဘယ်လိုရယူကြမလဲ ဆိုတာသာဖြစ်ပြီး ပျော်ရွှင်မှုကို ရပြီးဆိုတော့မှ ဉာဏ်အလင်းပွင့်ရေးဆီ ရောက်နိုင်မယ်လို့ ဆိုပါတယ်။

ဂျပန်ဘုန်းကြီးတွေကတော့ စကားပြောနေရင်းလည်း ကော့တေးကို မရပ်မနား ဖျော်စပ်နေပါတယ်။ အဲဒီ ကော့တေးကိုတော့ ဂျပန်လို “Mugen Jigoku”လို့ ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ “မဆုံးနိုင်သောဒုက္ခများရဲ့ ငရဲ” လို့ အဓိပ္ပာယ်ရပါတယ်။ ။

Ref : theculturetrip

The post ဂျပန်ဘုန်းကြီး ဖွင့်ထားတဲ့ တိုကျိုက အရက်ဘား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 26733

Trending Articles