Quantcast
Channel: ဧရာဝတီ
Viewing all articles
Browse latest Browse all 26733

ဝါးတွေနဲ့ ဆောက်ထားတဲ့ ဘာလီကျွန်းက Green Village

$
0
0

တချိန်တုန်းကတော့ လူတွေက ဝါးကို တန်ဖိုးမရှိတဲ့ အရာတခုလို သတ်မှတ် ထားခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ စမတ်ကျပြီး သက်သောင့်သက်သာဖြစ်ဖို့နဲ့ ရေရှည်တည်တံနိုင်မယ့် ဗိသုကာလက်ရာတွေမှာ ဝါးကို စီမံကိန်းတခုအနေနဲ့ ထည့်သွင်းအသုံးပြုလာကြပါတယ်။

ဒါကြောင့်လည်း ဗိသုကာ ကုမ္ပဏီတခုဖြစ်တဲ့ Ibuku က ဝါးနဲ့ပြုလုပ်ထားတဲ့ အဆောက်အဦတွေကို အံ့အားသင့်စရာ ကောင်းလောက်အောင် ဆောက်လုပ်ပြနေပြီး အဲဒီအိမ်တွေဟာ ကျွန်းသစ်နဲ့ ဆောက် ထားသလားလို့တောင် ထင်ရပါတယ်။ ဒါကြောင့်လည်း ဝါးရှိတဲ့ ဘယ်လိုဒေသတွေမှာမဆို ဒီလို လှပတဲ့ အဆောက်အဦတွေကို ဆောက်လာနိုင်ကြပါလိမ့်မယ်။

“ကျမတို့ကတော့ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေဘဲ ဒီလို အိမ်လေးတွေ ဆောက်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။ တကယ်တော့ ဝါးနဲ့ ဆောက်တဲ့ အိမ်တွေက ပိုပြီး နွေးပါတယ်။ ဒီလိုအဆောက်အဦတွေ များများ ဆောက်နိုင်ဖို့လည်း နေရာတွေ ရှာဖွေနေပါတယ်” လို့ Ibuku ကုမ္ပဏီကို တည်ထောင်သူ ဒါရိုက်တာ တယောက်ဖြစ်တဲ့ Elora Hardy က ပြောပါတယ်။

“တကယ်တော့ ကိုယ်ဘာလုပ်နိုင်သလဲ ဆိုတာကသာ အရေးကြီးတာပါ။ သဘာဝတရားက ကျမတို့ကို အကုန်ပေးထားပြီးသားပါ၊ တနေ့တော့ ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရမှာပါ” လို့လည်း သူမက ပြောပါသေးတယ်။

အရှေ့တောင်အာရှမှာလည်း Green Village ဆိုတဲ့ ရွာတရွာကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တည်ဆောက် ထားပါသေးတယ်။

Ayung မြစ်တလျှောက်မှာ တည်ဆောက်ထားတဲ့ ဒီရွာက ဂေဟစနစ်ကို ထိန်းသိမ်းထားတဲ့ ရွာတရွာပါ။ အဲဒီ အဆောက်အဦတွေဟာ ဝါးကိုသုံးပြီး တည်ဆောက်ထားတာဖြစ်သလို လှပတဲ့ သဘာဝ ရှုခင်းနဲ့ လိုက်ဖက်တဲ့ အိမ်ပုံစံတွေကို Ibuku က ဒီဇိုင်းထုတ်ပြီး ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီအိမ်တွေကိုတော့ ရိုးရာ လက်သမားပညာတွေကို သုံးပြီး တည်ဆောက်ထားတာဖြစ်သလို အရည်အသွေးမြင့်တဲ့ ဖွဲ့စည်းပုံတွေနဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

Ref : bbc & designboom

The post ဝါးတွေနဲ့ ဆောက်ထားတဲ့ ဘာလီကျွန်းက Green Village appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 26733

Trending Articles