Quantcast
Channel: ဧရာဝတီ
Viewing all articles
Browse latest Browse all 26733

အလှအပအတွက် မန်ကျည်းသီးရဲ့ အသုံးဝင်တဲ့ နည်းလမ်းများ

$
0
0

ဖျော်ရည်အဖြစ်သာမက ဟင်းလျာတွေ ချက်ပြုတ်ရာမှာပါ အသုံးပြုကြတဲ့ မန်ကျည်းသီးဟာ အသားအရေ အလှအပအတွက်လည်း အလွန်အသုံးဝင်တဲ့ သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ ယနေ့ခေတ် အလှကုန်ပစ္စည်း အများစုမှာ မန်ကျည်းသီးကို ထည့်သွင်းပြုလုပ် လာကြပါတယ်။

ဒါကြောင့်မို့လို့ အလှအပအတွက် မန်ကျည်းသီးရဲ့ အသုံးဝင်တဲ့ နည်းလမ်းကောင်းတွေကို ဧရာဝတီစာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) ဝက်ခြံတွေကို ပျောက်ကင်းစေတယ်

မန်ကျည်းသီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေ ဓာတ်တွေဟာ ဝက်ခြံတွေကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ မန်ကျည်းသီးကို ခပ်ပျစ်ပျစ် အနေအထားရအောင် ရေနဲ့ ဖျော်စပ်ပြီး ဒိန်ချဉ် အနည်းငယ်နဲ့ ရောစပ်ကာ ဝက်ခြံဖြစ်ပေါ်နေတဲ့ အသားအရေပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်ခန့်ထားပြီးရင်တော့ ရေနဲ့ သေချာစွာ ပြန်လည် ဆေးကြောပေးပါ။

ဒီနည်းလမ်းအတိုင်း ပုံမှန်ပြုလုပ်သွားမယ်ဆိုရင်တော့ ဝက်ခြံတွေကို ချပ်ရပ်သွားစေမှာ ဖြစ်တဲ့အပြင် နောက်ထပ် ထပ်မံ မဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တယ်

မန်ကျည်းသီးအနှစ် အနည်းငယ်၊ ပျားရည်နဲ့ ဆားတို့ကို အချိုးကျ ရောစပ်ထားတဲ့ မန်ကျည်းသီး Scrub ဟာ ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အသားအရေကို ကြည်လင်ဖြူဝင်းလာစေနိုင်တာကြောင့် အခုနောက်ပိုင်းမှာဆိုရင် Scrub တွေထဲမှာ ရေပန်းစားတဲ့ Scrub တမျိုးပဲ ဖြစ်ပါတယ်။

(၃) အသားအရေကို ကြည်လင် ဖြူဝင်းစေတယ်

မန်ကျည်းသီးနဲ့ နနွင်းဟာ ရှေးယခင်တည်းက အမျိုးသမီးတွေ လက်စွဲ ပေါင်းတင်နည်း တမျိုးပဲ ဖြစ်ပါတယ်။ မန်ကျည်းသီး အနှစ် အနည်းငယ်နဲ့ နနွင်း လက်ဖက်ရည်ဇွန်း တဇွန်းတို့ကို ရောစပ်ကာ မျက်နှာ အသားအရေပေါ် လိမ်းကျံပေးပြီး အချိန် ၁၅ မိနစ်ခန့် ကြာရင်တော့ ရေနဲ့ ပြန်လည် ဆေးကြောပေးရမှာပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ မျက်နှာ အသားအရေ အရောင် မညီညာတာတွေနဲ့ မွဲခြောက်ခြောက်ဖြစ်နေတဲ့ အသားအရေအတွက် အကောင်းဆုံး နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

(၄) အရေးအကြောင်းတွေကို သက်သာစေတယ်

မန်ကျည်းသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျက်နှာပေါ်က အရေးအကြောင်းတွေကို သက်သာစေနိုင်တာကြောင့် မန်ကျည်းရည် အနည်းငယ်နဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းတို့ကို ရောစပ်ကာ မျက်နှာပေါင်းတင်ပေးနိုင်ပါတယ်။

Ref: www.humanheed.com

The post အလှအပအတွက် မန်ကျည်းသီးရဲ့ အသုံးဝင်တဲ့ နည်းလမ်းများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 26733

Trending Articles